ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၈၂

လူတို့သည် ကောင်းစွာပြုမူနိုင်ကြသော်လည်း ယင်းမှာ ၎င်းတို့၌ သမ္မာတရား ရှိသည်ဟု ကျိန်းသေပေါက် ဆိုလိုခြင်း မဟုတ်ပေ။ စိတ်အားသန်မှုရှိခြင်းသည် ၎င်းတို့ကို သြဝါဒနှင့် စည်းမျဉ်းများကို လိုက်နာကာ လိုက်လျှောက်နိုင်စေရုံသာ ဖြစ်သည်၊ သမ္မာတရား မရှိသောသူများသည် အခြေအမြစ်ရှိသော ပြဿနာများကို ဖြေရှင်းရန် မဖြစ်နိုင်ကြသကဲ့သို့၊ အယူဝါဒက သမ္မာတရား၏ နေရာကိုမယူနိုင်ပေ။ မိမိတို့၏ စိတ်သဘောထားများ၌ ပြောင်းလဲခြင်းကို တွေ့ကြုံပြီးသော လူများမှာ ကွဲပြားသည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်ကြပြီး၊ ၎င်းတို့သည် ကိစ္စအားလုံးကို သိမြင်တတ်ကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်နှင့် အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ သမ္မာတရား အခြေခံသဘောတရားများနှင့်အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်နှင့် ဘုရားသခင် ကျေနပ်စေရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်တို့ကို သိကြပြီး ၎င်းတို့ ထုတ်ဖော်ပြသော ဖောက်ပြန်ပျက်စီးခြင်း သဘာဝကို နားလည်ကြသည်။ ၎င်းတို့၏ အတွေးအခေါ်များနှင့် အယူအဆများ ထုတ်ဖော်ခြင်းခံရသောအခါ ၎င်းတို့သည် သိမြင်နိုင်ပြီး လူ့ဇာတိကို စွန့်ပယ်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ စိတ်သဘောထား အပြောင်းအလဲတစ်ခုကို ဖော်ပြပုံပင် ဖြစ်သည်။ စိတ်သဘောထား၌ အပြောင်းအလဲတစ်ခုကို ကြုံရပြီးဖြစ်သည့် လူများနှင့်ပတ်သက်သည့် အဓိကအရာမှာ ၎င်းတို့သည် သမ္မာတရားကို ရှင်းရှင်းလင်းလင်း နားလည်လာကြပြီး၊ အမှုအရာများကို လုပ်ဆောင်သည့်အခါ၊ ၎င်းတို့သည် သမ္မာတရားကို အတော်အတန် တိကျမှန်ကန်မှုဖြင့် လက်တွေ့လုပ်ဆောင်ကြပြီး ဖောက်ပြန်ပျက်စီးခြင်းကို မကြာခဏ ထုတ်ဖော်မပြကြချေ။ ယေဘုယျအားဖြင့်၊ မိမိတို့၏စိတ်သဘောထားများ ပြောင်းလဲပြီးသော သူများသည် အထူးသဖြင့် ယုတ္တိတန်ပြီး ထိုးထွင်းသိမြင်တတ်သည်ဟု ထင်ရကာ၊ သမ္မာတရားကို ၎င်းတို့ သိနားလည်ခြင်းကြောင့်၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခြင်း သို့မဟုတ် မာနထောင်လွှားခြင်းတို့ကို များစွာ ထုတ်ဖော်မပြကြချေ။ ၎င်းတို့သည် ၎င်းတို့အထဲတွင် ထုတ်ဖော်ထားသော ဖောက်ပြန်ပျက်စီးမှုများစွာကို ရိပ်မိကာ သိမြင်နိုင်ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် မာနထောင်လွှားလာခြင်း မဖြစ်ပေါ်စေကြပေ။ လူသား၏ နေရာမှာ မည်သည့်အရာ ဖြစ်ကြောင်း၊ ကျိုးကြောင်းဆီလျော်စွာ မည်ကဲ့သို့ ပြုမူပုံ၊ မည်ကဲ့သို့ တာဝန်သိတတ်ပုံ၊ မည်သည့် အရာကို ပြောရမည်နှင့် မပြောရမည်ကို သာမက၊ မည်သူ့ကို မည်သည့် အရာကို ပြောရပြီး မည်သည့်အရာကို လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ ၎င်းတို့၌ ချင့်ချိန်တတ်သော နားလည်သဘောပေါက်မှု ရှိနိုင်ကြသည်။ ဤသည်မှာ ဤကဲ့သို့သော လူများသည် အတော်အတန် ယုတ္တိတန်သည်ဟု ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ မိမိတို့၏ စိတ်သဘောထားများ၌ ပြောင်းလဲခြင်း ကြုံပြီးသောသူများသည် လူသား ပုံသဏ္ဌာန်ကို အမှန်တကယ် အသက်ရှင်နေထိုင်ပြီး သမ္မာတရားကို ပိုင်ဆိုင်ကြလေသည်။ ၎င်းတို့သည် အမြဲတစေ သမ္မာတရားနှင့်အညီ အမှုအရာများကို ပြောဆိုနိုင်ပြီး၊ မြင်တွေ့နိုင်သည်၊ ပြီးလျှင် ၎င်းတို့ လုပ်သမျှအရာအားလုံးတွင် ၎င်းတို့သည် ကိုယ်ကျင့်တရားကောင်းကြသည်။ ၎င်းတို့သည် အခြားသူများ၊ အကြောင်းအရာများ၊ အမှုအရာများ၏ လွှမ်းမိုးမှုကို ခံရခြင်း မရှိကြပေ၊ ၎င်းတို့အားလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင် အမြင်ရှုထောင့်များ ရှိကြပြီး၊ သမ္မာတရား အခြေခံသဘောတရားများကို ထိန်းသိမ်းနိုင်ကြသည်။ ၎င်းတို့၏ စိတ်သဘောထားများမှာ အတော်အတန် တည်ငြိမ်ကြသည်၊ ၎င်းတို့သည် အခုတစ်မျိုး တော်ကြာတစ်မျိုး မလုပ်ကြဘဲ၊ ၎င်းတို့၏ အခြေအနေများက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ ဘုရားသခင်၏ စိတ်ကျေနပ်ခြင်းအဖို့ မည်ကဲ့သို့ ပြုမူရမည်ကို သိနားလည်ကြသည်။ မိမိတို့၏ စိတ်သဘောထားများ အမှန်တကယ် ပြောင်းလဲပြီးသော သူများသည် အပေါ်ယံအဆင့်တစ်ခုတွင် ၎င်းတို့ကိုယ်ကိုယ် အခြေအနေ ကောင်းပုံရစေရန် မည်သည့်အရာများကို လုပ်မည့်အပေါ် အာရုံမပြုပေ၊ ၎င်းတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် မည်သည့်အရာ လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ အတွင်း ရှင်းလင်းမှု ရရှိကြပြီးဖြစ်သည်။ ထို့ကြောင့် အပြင်ပန်းတွင် ၎င်းတို့သည် အလွန် စိတ်အားထက်သန်ပုံ မရနိုင်သော်လည်း သို့မဟုတ် အလွန်ကြီးမားသော အရာတစ်ခုတလေကို လုပ်ဆောင်ပြီးပုံ မရနိုင်သော်လည်း၊ ၎င်းတို့ လုပ်သောအရာမှန်သမျှမှာ အဓိပ္ပာယ်ရှိသည်၊ တန်ဖိုးရှိပြီး လက်တွေ့ဆန်သောရလဒ်များ ဖြစ်ထွန်းလေသည်။ စိတ်သဘောထား ပြောင်းလဲပြီးသောသူများ၌ သမ္မာတရား အမြောက်အမြား ရှိသည်မှာ သေချာပြီး၊ အမှုအရာများအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်များနှင့် ၎င်းတို့၏ ကိုယ်ကျင့်တရားကောင်းသော လုပ်ဆောင်ချက်များဖြင့် ဤအရာကို အတည်ပြုနိုင်ပါသည်။ သမ္မာတရား မပိုင်ဆိုင်သောသူများသည် စိတ်သဘောထား၌ မည်သည့် ပြောင်းလဲမှုမျှ လုံးဝ စွမ်းဆောင်မရရှိသေးပေ။ စိတ်သဘောထားပြောင်းလဲခြင်း ဟူသည်မှာ ရင့်ကျက်ပြီး အတွေ့အကြုံရှိသော လူ့သဘာဝရှိခြင်းကို ဆိုလိုခြင်းမဟုတ်ပေ။ ယင်းမှာ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာနှင့် သမ္မာတရားနှင့်ဆိုင်သည့် သိနားလည်ခြင်းကို ရရှိခြင်း၏ အကျိုးဆက်အနေဖြင့် လူတစ်ဦး၏ သဘာဝအတွင်းရှိ ဆိုးယုတ်သော အဆိပ်အတောက်အချို့ ပြောင်းလဲသော ဖြစ်ရပ်များကို အဓိကအားဖြင့် ရည်ညွှန်းသည်။ ဆိုလိုသည်မှာ ထိုဆိုးယုတ်သော အဆိပ်အတောက်များမှာ သန့်စင်ခြင်းကို ခံရပြီး၊ ဘုရားသခင် ဖော်ပြသော သမ္မာတရားသည် ထိုသို့သော လူတို့အတွင်း၌ အမြစ်တွယ်ကာ ၎င်းတို့၏ အသက်ဖြစ်လာပြီး၊ ၎င်းတို့၏ ဖြစ်တည်ခြင်း၏ တကယ့် အခြေခံအုတ်မြစ် ဖြစ်လာခြင်း ဖြစ်သည်။ ထိုသို့ဖြင့် ၎င်းတို့သည် အသစ်သောလူများ ဖြစ်လာကြပြီး၊ ထိုသို့ဖြင့် စိတ်သဘောထား အသွင်ပြောင်းလဲခြင်းကို တွေ့ကြုံကြလေသည်။ စိတ်သဘောထား၌ အသွင်ပြောင်းလဲခြင်း ဆိုသည်မှာ လူတို့၏ အပြင်ပန်း စိတ်သဘောထား ယခင်ကထက် ပို၍ အောက်ကျို့တတ်ခြင်း၊ ၎င်းတို့သည် မာနထောင်လွှား ခဲ့ဖူးကြသော်လည်း၊ ယခုအခါ အကျိုးသင့်အကြောင်းသင့် ဆက်ဆံပြောဆိုနိုင်သည် သို့မဟုတ် ၎င်းတို့သည် မည်သူ့ကိုမျှ နားထောင်ခဲ့ခြင်း မရှိသော်လည်း၊ ယခုအခါ အခြားသူများကို နားထောင်နိုင်ခြင်းစသည်တို့ကို မဆိုလိုပေ၊ ဤ အပြင်ပန်း အပြောင်းအလဲများကို စိတ်သဘောထား အပြောင်းအလဲများဟု မဆိုနိုင်ပေ။ စိတ်သဘောထားထဲက အသွင်ပြောင်းလဲမှုများတွင် ထိုသို့သော အခြေအနေများနှင့် ဖော်ပြချက်များ ပါဝင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ အရေးအပါဆုံးသော ပါဝင်သည့်အရာမှာ အတွင်းကျကျ ၎င်းတို့၏အသက်တာ ပြောင်းလဲပြီးခြင်း ဖြစ်သည်။ ဘုရားသခင် ဖော်ပြသော သမ္မာတရားသည် ၎င်းတို့၏အသက် ဖြစ်လာ၍ အတွင်းမှ စာတန်နှင့်ဆိုင်သော အဆိပ်အတောက်များ ဖယ်ရှင်းခြင်း ခံရပြီး၊ ၎င်းတို့၏ ရှုထောင့်အမြင်များ လုံးလုံးလျားလျား ပြောင်းလဲပြီးဖြစ်ကာ ၎င်းထဲမှ တစ်ခုမျှ လောကအရာနှင့် မကိုက်ညီပေ။ ဤလူများသည် အဆင်းနီသောနဂါးကြီး၏ အကြံအစည်များနှင့် အဆိပ်အတောက်များကို ၎င်းတို့ ဖြစ်သည့်အတိုင်း ရှင်းလင်းစွာ မြင်နိုင်ကြသည်၊ ၎င်းတို့သည် ဘဝ၏ စစ်မှန်သောအနှစ်သာရကို နားလည်သဘောပေါက်ခဲ့ကြပြီး ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ ဘဝတန်ဖိုးများ ပြောင်းလဲကြပြီး ဖြစ်ကာ၊ ဤသည်မှာ အခြေခံအကျဆုံး အသွင်ပြောင်းလဲခြင်းမျိုး ဖြစ်သည့်အပြင်၊ စိတ်သဘောထား၌ ပြောင်းလဲခြင်း၏ အနှစ်သာရ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၀၆

လွန်ခဲ့သော ခေတ်နှစ်ခေတ်၏ အလုပ်အဆင့်တစ်ဆင့်ကို ဣသရေလပြည်၌ ဆောင်ရွက်ခဲ့ပြီးဖြစ်၍ ကျန်တစ်ဆင့်ကို ယုဒပြည်တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၁၈

ယောနဝတ္ထု ၄ သို့သော် ယင်းက ယောနကို အလွန့်အလွန်ဒေါသထွက်စေပြီး သူသည် အလွန်စိတ်ဆိုးလေသည်။ ထို့နောက် အို ယေဟောဝါ၊ ကိုယ်တော့်ကို အကျွန်ုပ်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၄၀

သမ္မာကျမ်းစာထဲမှ ယောဘအပေါ် ဘုရားသခင် စုံစမ်းခြင်းများ ယောဘ ၁:၁ ယောဘ အမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၉၆

ဝိညာဉ်ရေးရာ အသက်တာ ဆိုသည်မှာ မည်ကဲ့သို့သော အသက်တာ ဖြစ်သနည်း။ ဝိညာဉ်ရေးရာ အသက်တာ ဆိုသည်မှာ သင်၏စိတ်နှလုံးသည် ဘုရားသခင်ဘက်သို့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။