ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၉၄

17.03.2021

ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အချိန်၊ နေရာ သို့မဟုတ် မြေမျက်နှာသွင်ပြင်အားဖြင့် ကန့်သတ်ထားခြင်းမရှိဖြစ်ပြီး ဖန်ဆင်းရှင်၏ သြဇာအာဏာသည် တိုင်းတာ၍မရနိုင်ပေ

ကမ္ဘာဦးကျမ်း ၂၂:၁၇-၁၈ ကို ကြည့်ကြစို့။ ယေဟောဝါ ဘုရားသခင်က အာဗြဟံကိုပြောသည့် နောက်ထပ် ကျမ်းပိုဒ်တစ်ခုဖြစ်သည်။ “ကောင်းကြီးမင်္ဂလာဖြင့် သင့်ကို ငါကောင်းကြီးပေးမည်၊ တိုးပွားများပြားခြင်း၌ သင်၏ အမျိုးအနွယ်ကို မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါတိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ သင်သည် ငါ၏စကားသံကို နာခံသောကြောင့် ဖြစ်သည်။” ယေဟောဝါ ဘုရားသခင်က အာဗြဟံကို အကြိမ်ပေါင်းများစွာ သူ၏ သားသမီးများက ပွားများလာအောင် ကောင်းချီးချပေးခဲ့သည်။ မည်သည့်အတိုင်းအတာအထိ ပွားများစေခဲ့သနည်း။

ကျမ်းပိုဒ်တွင်ပြောထားသည့် အတိုင်းအတာအထိဖြစ်သည်။ “မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း” တစ်နည်းအားဖြင့် ဘုရားသခင်သည် အာဗြဟံ၏ သားသမီးများကို မိုးကောင်းကင်က ကြယ်များကဲ့သို့ပေါများပြီး ပင်လယ်ကမ်းခြေက သဲများကဲ့သို့ များပြားအောင် ချပေးသနားရန် ဆန္ဒရှိခဲ့သည်။ ဘုရားသခင်သည် နိမိတ်ပုံကို အသုံးပြုပြီး စကားပြောသည်။ ဤနိမိတ်ပုံမှတစ်ဆင့် ဘုရားသခင်သည် အာဗြဟံကို မျိုးဆက် တစ်ယောက်၊ နှစ်ယောက် သို့မဟုတ် ထောင်ပေါင်းများစွာတင်မကဘဲ လူမျိုးစုများ အများကြီးဖြစ်သည့်အထိ လုံလောက်အောင် မရေမတွက်နိုင်သည့် ပမာဏကို ချပေးသနားသည်ဆိုခြင်းကို မြင်ရန် မခက်ခဲပေ။ ဘုရားသခင်သည် အာဗြဟံက လူမျိုးစုအများအပြား၏ ဖခင်ဖြစ်လိမ့်မည်ဟု သူ့ကို ကတိပေးခဲ့သည့်အတွက်ဖြစ်သည်။ ထိုအရေအတွက်ကို လူက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သလော၊ ဘုရားသခင်က ဆုံးဖြတ်ခဲ့ခြင်းလော။ လူသားက သူ့တွင် မျိုးဆက်မည်မျှရှိမည်ဆိုသည်ကို ထိန်းချုပ်၍ရသလော။ သူ့အပေါ်တွင် မူတည်သလော။ “မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း” ဆိုသကဲ့သို့ များရန်မဆိုနှင့် နည်းနည်းပါးပါးရှိမရှိပင်လျှင် လူသားအပေါ်တွင် မူတည်ခြင်း မရှိပေ။ သူတို့၏ သားသမီးများ ကြယ်များကဲ့သို့ များပြားရန်ဆိုသည်ကို မည်သူက မလိုချင်ဘဲနေမည်နည်း။ အကြောင်းအပေါင်းမသင့်၍ အကြောင်းကိစ္စများက သင်ဖြစ်ချင်သကဲ့သို့ အမြဲတမ်း မဖြစ်ပေ။ လူသားက မည်မျှကျွမ်းကျင်ပါစေ၊ တတ်စွမ်းပါစေ၊ သူ့အပေါ်တွင် မမူတည်ပေ။ ဘုရားသခင် ချမှတ်ဆုံးဖြတ်ထားသည့်အရာ၏ အပြင်ဘက်တွင် မည်သူမျှ မရပ်တည်နိုင်ပေ။ သူက သင့်ကို မည်မျှပင် ခွင့်ပြုသည်ဖြစ်စေ ထိုပမာဏမှာ သင်ရရှိမည့်အရာသာဖြစ်သည်။ ဘုရားသခင်က သင့်ကို အနည်းငယ်ပေးလျှင် သင်သည် မည်သည့်အခါမျှ အများကြီးရမည် မဟုတ်ပေ။ ဘုရားသခင်က သင့်ကို အများကြီးပေးလျှင် သင်မည်မျှရှိသည် ဆိုသည့်အပေါ်တွင် မကျေမနပ်ဖြစ်နေလည်း အလကားပင်ဖြစ်သည်။ ဤသို့ဖြစ်သည် မဟုတ်လော။ ဤအရာအားလုံးက ဘုရားသခင်အပေါ်မူတည်သည်။ လူသားပေါ် မမူတည်ပေ။ လူသားကို ဘုရားသခင်က အုပ်စိုးသည်။ မည်သူမျှ မလွတ်ကင်းပေ။

“သင်၏ အမျိုးအနွယ်ကို ငါတိုးပွားများပြားစေမည်” ဟု ဘုရားသခင်ပြောသည့်အခါတွင် ဤသည်မှာ သက်တံ ပဋိညာဉ်ကဲ့သို့ ဘုရားသခင်က အာဗြဟံနှင့် ထူထောင်ခဲ့သည့် ပဋိညာဉ်တစ်ခုဖြစ်သည်။ ဤပဋိညာဉ်သည် ထာဝရပြည့်စုံနေမည်ဖြစ်ပြီး အာဗြဟံအပေါ် ဘုရားသခင်ပြုခဲ့သည့် ကတိလည်းဖြစ်သည်။ ဤကတိကို မှန်ကန်လာစေရန် ဘုရားသခင်သာလျှင် ပြုခွင့်ရှိပြီး တတ်စွမ်းနိုင်သည်။ လူသားက ယင်းကို ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ၊ လူသားက ထိုအရာကို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ၊ လူသားက မည်သို့ မြင်သည်ဖြစ်စေ၊ မည်သို့ စဉ်းစားသည်ဖြစ်စေ၊ ဤအရာအားလုံးသည် ဘုရားသခင်ပြောကြားသည့် နှုတ်ကပတ်တော်တို့နှင့်အညီ အသေးစိတ်အထိ ပြီးပြည့်စုံမည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် လူ၏အလိုဆန္ဒ သို့မဟုတ် အယူအဆများ ပြောင်းလဲမှုကြောင့် ပြောင်းလဲသွားမည်မဟုတ်ပေ။ မည်သည့်ပုဂ္ဂိုလ်၊ အရာဝတ္ထု သို့မဟုတ် ပစ္စည်းပြောင်းလဲမှုကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့သည် ပြောင်းလဲမည်မဟုတ်ပေ။ အရာအားလုံးက ပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားနိုင်သည်၊ သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့က ထာဝရ ကျန်ရှိနေမည်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေနှင့် အရာအားလုံး ပျောက်ကွယ်သွားသည့်နေ့က ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ အားလုံး ပြီးပြည့်စုံသည့်နေ့ဖြစ်သည်။ သူသည် ဖန်ဆင်းရှင်ဖြစ်ပြီး ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့် ဖန်ဆင်းရှင်၏ တန်ခိုးကို ပိုင်ဆိုင်ကာ သူသည် အရာအားလုံးနှင့် သက်ရှိအားလုံးကို ထိန်းချုပ်သည့်အတွက်ကြောင့် ဖြစ်သည်။ သူသည် ဘာမျှမရှိသည့်အရာမှ တစ်ခုခုရှိလာအောင် သို့မဟုတ် တစ်ခုခုမှ ဘာမျှမရှိခြင်းဖြစ်သွားအောင် လုပ်နိုင်စွမ်းရှိသည်။ ရှင်သန်ခြင်းမှ သေဆုံးခြင်းအထိ အရာအားလုံး၏ ပြောင်းလဲခြင်းကို သူထိန်းချုပ်သည်။ ထို့ကြောင့် ဘုရားသခင်အတွက် လူတစ်ယောက်၏မျိုးနွယ်ကို ပွားများစေခြင်းလောက် ရိုးရှင်းသည့်အရာမရှိပေ။ ဤသည်မှာ လူသားအတွက်မူ ဆန်းပြားသည့် ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ကဲ့သို့ပင်ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်အတွက်မူ သူလုပ်ဆောင်ရန် ဆုံးဖြတ်ထားသည့်အရာ၊ ကတိပေးထားသည့်အရာသည် စိတ်ကူးယဉ်မဟုတ်သကဲ့သို့ ဒဏ္ဍာရီပုံပြင်လည်း မဟုတ်ပေ။ အမှန်တကယ်တွင် ဤသည်မှာ ဘုရားသခင် မြင်ပြီးသား အရာတစ်ခုဖြစ်ပြီး သေချာပေါက် ပြီးပြည့်စုံမည့် အရာတစ်ခု ဖြစ်သည်။ သင်တို့ ဤအရာကို သဘောပေါက်သလော။ အာဗြဟံ၏ မျိုးဆက်များက များပြားခဲ့သည်ဆိုသည်ကို ဤအချက်များက သက်သေပြသလော။ မည်မျှအထိ များပြားသနည်း။ “မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း” ဟူ၍ ဘုရားသခင်ပြောခဲ့သလောက် များပြားသလော။ သူတို့သည် နိုင်ငံအားလုံး၊ ဒေသအားလုံးကိုဖြတ်ပြီး ကမ္ဘာပေါ်က နေရာတိုင်းကို ပျံ့နှံ့သလော။ ဤအချက်ကို မည်သည့်အရာက ပြည့်စုံစေခဲ့သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ သြဇာအာဏာအားဖြင့် ပြီးမြောက်ခဲ့ခြင်းလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ ပြောကြားပြီးနောက် နှစ်ရာပေါင်း၊ ထောင်ပေါင်းအချို့အကြာထိ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့က ဆက်လက်ပြည့်စုံလျက်ရှိပြီး အမှန်တရားများအဖြစ် အမြဲတစေ ဖြစ်လာခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ အစွမ်း၊ ဘုရားသခင်၏ သြဇာအာဏာ၏ သက်သေဖြစ်သည်။ အစအဦးတွင် ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါ ဘုရားသခင်က “အလင်းဖြစ်စေ”ဟု ပြောသည့်အခါ အလင်းဖြစ်လာခဲ့သည်။ ယင်းမှာ အလွန်လျင်မြန်စွာ ဖြစ်ခဲ့ပြီး အချိန်တိုအတွင်းတွင် ပြီးမြောက်ခဲ့သည်။ အထမြောက်မှုနှင့် ပြီးမြောက်မှုတို့အတွက် ကြန့်ကြာခြင်း အလျဉ်းမရှိခဲ့ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့၏ သက်ရောက်မှုသည် ချက်ချင်းပင်ဖြစ်ပေါ်ခဲ့သည်။ နှစ်ခုလုံးက ဘုရားသခင်၏ သြဇာအာဏာ၏ ပြသချက်များဖြစ်သည်။ သို့ရာတွင် ဘုရားသခင်က အာဗြဟံကို ကောင်းချီးပေးခဲ့သည့်အခါ သူ့သြဇာအာဏာ၏ အနှစ်သာရ၏ အခြားတစ်ဘက်ကို လူသားကို မြင်စေခဲ့သည်။ ဖန်ဆင်းရှင်၏ တိုင်းတာ၍မရသည့် သြဇာအာဏာကို လူသားကို မြင်စေလိမ့်မည်။ ထို့အပြင် ဖန်ဆင်းရှင်၏ သြဇာအာဏာ၏ ပိုပြီးစစ်မှန်သည့်၊ ပိုပြီး မြင်သာသည့်ဘက်ကို လူသားကို မြင်စေလိမ့်မည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ပြောကြားလိုက်သည်နှင့် ဘုရားသခင်၏ သြဇာအာဏာသည် ဤအလုပ်ကို အုပ်ချုပ်ပြီး ဘုရားသခင်၏ နှုတ်မှ ကတိပေးခဲ့သည့်အချက်သည် တဖြည်းဖြည်းနှင့် လက်တွေ့အရှိတရား ဖြစ်လာသည်။ အရာအားလုံးကြားတွင် နွေဦးရောက်လာချိန်တွင် မြက်ပင်များ စိမ်းလန်းလာသကဲ့သို့၊ ပန်းများ ဖူးပွင့်လာသကဲ့သို့၊ သစ်ပင်မှ အဖူးလေးများ ထွက်လာသကဲ့သို့၊ ငှက်များ သီချင်းစတင် သီဆိုသကဲ့သို့၊ ငန်းများ ပြန်လာသကဲ့သို့၊ ကွင်းပြင်တွင် လူများနှင့် ပြည့်လာသကဲ့သို့ အရာရာတိုင်းတွင် ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာသည်။ ရောက်ရှိလာသည့် နွေဦးနှင့်အတူ အရာအားလုံးသည် နုပျိုဆန်းသစ်လာသည်၊ ဤသည်မှာ ဖန်ဆင်းရှင်၏ ထူးခြားဆန်းကြယ်သည့် လုပ်ဆောင်ချက်ဖြစ်သည်။ ဘုရားသခင်က သူ၏ကတိများကို ပြီးမြောက်စေသည့်အခါတွင် ကောင်းကင်နှင့် ကမ္ဘာမြေကြီးပေါ်က အရာအားလုံးသည် ဘုရားသခင်၏ အတွေးနှင့်အညီ ပြောင်းလဲပြီး အသစ်ဖြစ်ကြသည်။ မည်သည့်အရာမျှ မကင်းလွတ်ပေ။ ဘုရားသခင်၏နှုတ်မှ သံန္နိဌာန် သို့မဟုတ် ကတိတစ်ခု မိန့်မြွက်လိုက်သည့်အခါတွင် အရာအားလုံးက ပြီးပြည့်စုံလာပြီး သူတို့၏ ပြီးပြည့်စုံမှုအတွက် ကိုင်တွယ်ပြုပြင်ခြင်း ခံကြရသည်။ ဖန်ဆင်းခံအားလုံးသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် စီမံညွှန်ကြားခံရပြီး သူတို့နှင့်သက်ဆိုင်သည့် တာဝန်များကို လုပ်ဆောင်ကြသည်။ သူတို့နှင့် သက်ဆိုင်သည့် လှုပ်ရှားလည်ပတ်မှုများ ပြုလုပ်ကြသည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ သြဇာအာဏာ ထင်ရှားပြသခြင်းဖြစ်သည်။ ဤအရာတွင် သင်အဘယ်အရာကို မြင်သနည်း။ ဘုရားသခင်၏ သြဇာအာဏာကို သင်မည်သို့ သိသနည်း။ ဘုရားသခင်၏ သြဇာအာဏာတွင် အတိုင်းအတာတစ်ခု ရှိသလော။ အချိန်အကန့်အသတ် ရှိသလော။ အမြင့်တစ်ခုခု သို့မဟုတ် အလျားတစ်ခုခုအဖြစ် ပြောဆိုနိုင်သလော။ အရွယ်အစား သို့မဟုတ် အားအင်တစ်ခုခုအဖြစ် ပြောဆိုနိုင်သလော။ လူသား၏ အတိုင်းအတာနှင့် တိုင်းတာ၍ရသလော။ ဘုရားသခင်၏ သြဇာအာဏာက ပွင့်လိုက်၊ ပိတ်လိုက်မဖြစ်ပေ။ ပေါ်လာလိုက်၊ ပျောက်သွားလိုက် မဖြစ်ပေ။ သူ၏ သြဇာအာဏာက မည်မျှကြီးမြတ်သည်ကို တိုင်းတာနိုင်သူ မည်သူမျှမရှိပေ။ ဘုရားသခင်က လူတစ်ယောက်ကို ကောင်းချီးပေးသည့်အခါတွင် အချိန်မည်မျှ ကုန်သွားသည်ဖြစ်စေ ကောင်းချီးသည် ဆက်လက်ဖြစ်ပေါ်နေပြီး သူ၏ ဆက်လက်ဖြစ်ပေါ်နေမှုသည် ဘုရားသခင်၏ တိုင်းတာ၍မရသည့် သြဇာအာဏာကို သက်သေခံပြီး ဖန်ဆင်းရှင်၏ ဖယ်ရှင်းပစ်၍မရသည့် အသက်စွမ်းအားများ တစ်ခါပြီးတစ်ခါ ပြန်လည်ပေါ်ပေါက်လာခြင်းကို လူသားတို့ကို မြင်စေမည်။ သူ့သြဇာအာဏာ၏ ပြသမှုတစ်ခုစီတိုင်းသည် သူ့နှုတ်မှ နှုတ်ကပတ်တော်များကို ပြည့်စုံစွာ ဖော်ထုတ်ပြသခြင်းဖြစ်ပြီး အရာအားလုံးနှင့် လူသားအပေါ်ကို ဖော်ထုတ်ပြသသည်။ ထို့အပြင် သူ၏သြဇာအာဏာနှင့်ပြီးမြောက်သည့် အရာတိုင်းသည် နှိုင်းယှဉ်၍မရအောင် သာလွန်ပြီး အကြွင်းမဲ့ အပြစ်အနာအဆာ ကင်းမဲ့သည်။ သူ၏အတွေးများ၊ နှုတ်ကပတ်တော်များ၊ သြဇာအာဏာများနှင့် သူပြီးမြောက်စေခဲ့သည့် လုပ်ဆောင်မှုအားလုံးသည် နှိုင်းယှဉ်၍ မရလောက်အောင် လှပသည့် ပုံသဏ္ဌာန်ဖြစ်ပြီး ဖန်ဆင်းခံများအတွက်၊ လူသားမျိုးနွယ်၏ ဘာသာစကားသည် ဤထူးခြားမှုနှင့် တန်ဖိုးကို ရှင်းလင်းဖော်ပြရန် မတတ်နိုင်ပေ။ ဘုရားသခင်က လူတစ်ယောက်ကို ကတိတစ်ခု ပေးလိုက်သည့်အခါ သူတို့ မည်သည့်နေရာတွင်နေသည်ဖြစ်စေ၊ သို့မဟုတ် သူတို့အဘယ်အရာကို လုပ်သည်ဖြစ်စေ၊ ယခင်က သူတို့၏နောက်ကြောင်း သို့မဟုတ် သူတို့ကတိလက်ခံရရှိပြီးနောက်တွင် မည်သို့ပင်ဖြစ်ပါစေ၊ သို့မဟုတ် သူတို့နေထိုင်သည့် ပတ်ဝန်းကျင်တွင် မည်မျှပင် ဆိုးသွမ်းသူများဖြစ်ခဲ့ပါစေ၊ ဤအရာအားလုံးကို ဘုရားသခင်သည် သူ၏လက်ဖမိုးကဲ့သို့ပင် ရင်းနှီးသိရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ပြောပြီးနောက် အချိန်မည်မျှပင် ကြာသွားသည်ဖြစ်စေ၊ သူ့အတွက်မူ အခုလေးတင် မိန့်မြွက်ခဲ့သကဲ့သို့ဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်က လူသားများအပေါ် သူပြုလုပ်ခဲ့သည့် ကတိတိုင်းကို သတိပြုနိုင်ပြီး ထိန်းချုပ်နိုင်ကာ သိမြင်နိုင်သည့် တန်ခိုးနှင့် ထိုကဲ့သို့သော သြဇာအာဏာရှိပြီး ကတိက အဘယ်အရာပင်ဖြစ်ပါစေ၊ ပြီးမြောက်ရန် မည်မျှကြာသည်ဖြစ်ပါစေ၊ ထို့အပြင် သူ၏ပြီးမြောက်မှု ဖြစ်စေသည့် နယ်ပယ်က မည်မျှပင် ကျယ်ပြန့်ပါစေ— ဥပမာ အချိန်၊ မြေမျက်နှာသွင်ပြင်၊ လူမျိုး စသဖြင့်— ဤကတိသည် ပြီးမြောက်ပြီး မှန်ကန်လာလိမ့်မည်။ ထို့အပြင် ကတိ၏ ပြီးမြောက်မှုနှင့် မှန်ကန်မှုတွင် သူ့အတွက် အားစိုက်ရန် နည်းနည်းမျှ လိုအပ်မည် မဟုတ်ပေ။ ဤသည်က အဘယ်အရာကို သက်သေပြနေသနည်း။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ကျယ်ပြန့်မှုက စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တစ်ခုလုံးကို ထိန်းချုပ်ရန် လုံလောက်သည်ကို သက်သေပြနေသည်။ ဘုရားသခင်က အလင်းကိုပြုလုပ်ခဲ့သည်။ သို့ရာတွင် ဤသည်မှာ ဘုရားသခင်က အလင်းကိုသာ စီမံသည် သို့မဟုတ် သူက ရေကိုဖန်ဆင်းခဲ့သည့်အတွက် ရေကိုသာ စီမံခန့်ခွဲသည်၊ အခြားအရာများက ဘုရားသခင်နှင့် မသက်ဆိုင်ဟု အဓိပ္ပာယ်မရပေ။ ဤသည်မှာ နားလည်မှုလွဲခြင်းပင် မဟုတ်လော။ အာဗြဟံအပေါ် ဘုရားသခင်၏ ကောင်းချီးပေးခြင်းက နှစ်ပေါင်းရာပေါင်းများစွာကြာပြီးသည့်နောက်တွင် လူသား၏ မှတ်ဉာဏ်ထဲ၌ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသော်လည်း ဘုရားသခင်အတွက်မူ ဤကတိသည် ယခင်အတိုင်းပင် ဖြစ်သည်။ ပြီးမြောက်မှု ဖြစ်စဉ်တွင်သာရှိနေပြီး မည်သည့်အခါမျှ မရပ်တန့်ပေ။ ဘုရားသခင်က သူ၏ သြဇာအာဏာကို မည်သို့အသုံးချသည်၊ အရာအားလုံးကို မည်သို့ ကိုင်တွယ် စီမံသည်ဆိုခြင်းနှင့် ဤအတောအတွင်း၌ ဘုရားသခင်၏ ဖန်ဆင်းခံအရာများအားလုံးအကြားတွင် အံ့သြဖွယ်အကြောင်းအရာများ မည်မျှဖြစ်ပျက်ခဲ့သည် ဆိုခြင်းကို လူသားသည် တစ်ခါမျှ မသိဖူး၊ မကြားဖူးပေ။ သို့ရာတွင် ဘုရားသခင်၏ သြဇာအာဏာ၏ ပြသမှုနှင့် သူ၏လုပ်ဆောင်ချက်များကို ဖွင့်ပြမှုတို့၏ အံ့သြစရာတစ်ခုချင်းစီတိုင်းကို လက်ဆင့်ကမ်းပြောကြားပြီး၊ အရာအားလုံးကြားတွင် ချီးမြှောက်ခြင်းခံခဲ့ရသည်၊ အားလုံးသည် ထင်ရှားစွာပြသခဲ့ကြပြီး ဖန်ဆင်းရှင်၏ ထူးခြားဆန်းကြယ်သည့် လုပ်ဆောင်ချက်များကို ပြောဆိုခဲ့ကြသည်။ အရာအားလုံးအပေါ်တွင် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်သည့် အကြောင်းအရာတစ်ခုစီတိုင်းကို အရာအားလုံးမှ ထာဝရကြွေးကြော်လိမ့်မည်။ ဘုရားသခင် အရာအားလုံးကို အုပ်စိုးသည့် သြဇာအာဏာနှင့် ဘုရားသခင်၏ တန်ခိုးသည် ဘုရားသခင်မှာ နေရာတိုင်း အချိန်တိုင်းတွင် တည်ရှိနေသည်ကိုပြသည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးတို့ နေရာအနှံ့ရှိခြင်းကို သင်တွေ့မြင်ပြီးသည့်အခါတွင် ဘုရားသခင်သည် နေရာတိုင်းနှင့် အချိန်တိုင်းတွင် တည်ရှိနေသည်ကို သင်တွေ့မြင်ရမည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးသည် အချိန်၊ မြေမျက်နှာသွင်ပြင်၊ နေရာ သို့မဟုတ် မည်သည့်လူပုဂ္ဂိုလ်၊ ပစ္စည်း သို့မဟုတ် အရာဝတ္ထု၏ ကန့်သတ်ခြင်းကိုမျှ မခံရပေ။ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုး၏ ကျယ်ပြန့်မှုသည် လူတို့ တွေးတောကြံဆခြင်းထက် သာလွန်သည်။ ဤသည်မှာ လူတို့ ဉာဏ်မမီနိုင်သည့်အရာ၊ လူသားတို့ စဉ်းစား၍ မရသည့်အရာ၊ လူသားတို့ မည်သည့်အခါမျှ အလုံးစုံ မသိနိုင်သည့်အရာဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။