ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၆၂

05.03.2021

လူသားတို့ကို ဖန်ဆင်းသည့်အချိန်ကတည်းက ဘုရားသခင်၏ အတွေးများ၊ စိတ်ကူးများနှင့် လှုပ်ရှားမှုတိုင်းကို ငါတို့သည် ယနေ့ အရင် အနှစ်ချုပ်ကြပြီး ကမ္ဘာကိုဖန်ဆင်းခြင်းမှ ကျေးဇူးတော်ခေတ် တရားဝင် စတင်ခြင်းအထိ သူဆောင်ရွက်ခဲ့သည့်အလုပ်များကို ကြည့်မည်ဖြစ်သည်။ ထို့နောက် ဘုရားသခင်၏ မည်သည့်အတွေးများနှင့် စိတ်ကူးများကို လူသားတို့ မသိရှိသနည်းဆိုသည်ကို ငါတို့ ရှာဖွေသိရှိနိုင်ပြီး ထိုနေရာမှစကာ စီမံခန့်ခွဲမှုအတွက် ဘုရားသခင်စီမံမှု၏ အစီအစဉ်ကို ငါတို့ ရှင်းလင်းအောင်ပြုလုပ်နိုင်ပြီး ဘုရားသခင်က သူ၏စီမံခန့်ခွဲမှုအလုပ်ကို ဖန်ဆင်းခဲ့သော အကြောင်းအရာ၊ ယင်း၏ အရင်းအမြစ်နှင့် ဖွံ့ဖြိုးတိုးတက်ခြင်းဖြစ်စဉ်ကို သေချာစွာ နားလည်နိုင်ပြီး သူ၏စီမံခန့်ခွဲမှုအလုပ်မှတဆင့် မည်သည့်ရလဒ်များကို သူရရှိလိုသည်ဆိုသည်ကို၊ တစ်နည်းအားဖြင့် သူ၏စီမံခန့်ခွဲမှုအလုပ်၏ အဓိကအချက်နှင့် ရည်ရွယ်ချက်များကိုလည်း သေချာစွာ နားလည်နိုင်သည်။ ဤအရာများကိုနားလည်ရန်၊ လူသားတို့မရှိခဲ့သော၊ ဝေးကွာသော၊ တည်ငြိမ်ပြီး တိတ်ဆိတ်သောအချိန်ကို ငါတို့ ပြန်သွားရန်လိုသည်။

ဘုရားသခင်က သူ့အိပ်ယာမှ ထလာသည့်အချိန်တွင် သူပထမဆုံး စဉ်းစားသောအရာက ဤသို့ဖြစ်သည်၊ သူနှင့်အတူနေထိုင်ရန်လူတစ်ယောက်၊ သူ၏ အမြဲတမ်းအဖော်ဖြစ်သော သက်ရှိလူစစ်မှန်သော သက်ရှိလူပုဂ္ဂိုလ်တစ်ယောက်ကို ဖန်ဆင်းရန်ဖြစ်သည်။ ဤလူသည် သူ့ကို နားထောင်နိုင်ပြီး ဘုရားသခင်က သူ့ကို ယုံကြည်စိတ်ချနိုင်ပြီး သူနှင့်စကား ပြောဆိုနိုင်သည်။ ထို့နောက်တွင် ပထမဆုံးအကြိမ် ဘုရားသခင်သည် မြေမှုန့်လက်တစ်ဆုပ်စာကိုယူပြီး သူစိတ်ကူးထားသည့်အတိုင်း ပထမဆုံးသော သက်ရှိလူသားတစ်ယောက်ကို ဖန်ဆင်းရန် အသုံးပြုလိုက်သည်၊ ထို့နောက်တွင် ဤသက်ရှိဖန်ဆင်းခံကို အာဒံဟူသော အမည်တစ်ခု ပေးလိုက်သည်။ အသက်ရှင်ပြီး အသက်ရှူသော ဤလူကို ဘုရားသခင်ရပြီးသည်နှင့် သူမည်သို့ ခံစားခဲ့ရသနည်း။ ပထမဆုံးအကြိမ် ချစ်ခင်သူတစ်ယောက်၊ အဖော်တစ်ယောက်ရှိခြင်း၏ ပျော်ရွှင်မှုကို သူခံစားခဲ့ရသည်။ ဖခင်ဖြစ်ရခြင်း၏ တာဝန်ဝတ္တရားနှင့် ၎င်းနှင့်အတူပါလာသော စိုးရိမ်မှုလည်း ခံစားခဲ့ရသည်။ အသက်ရှင်ပြီး အသက်ရှူသွင်းသော ဤလူသည် ဘုရားသခင်ကို ပျော်ရွှင်ခြင်းနှင့် ဝမ်းမြောက်မှုကို ယူလာပေးခဲ့သည်၊ သူသည် ပထမဆုံးအကြိမ် စိတ်သက်သာရာရမှုကို ခံစားခဲ့ရသည်။ ဤသည်မှာ သူ၏အတွေးများ၊ သို့မဟုတ် နှုတ်ကပတ်တော်များနှင့်ပင် ပြီးမြောက်စေခြင်းမဟုတ်ဘဲ သူ၏ကိုယ်ပိုင် လက်နှစ်ဘက်နှင့် ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့သော ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာဖြစ်သည်။ ဤသက်ရှိအမျိုးအစား၊ ကိုယ်ခန္ဓာပုံသဏ္ဌာန်နှင့်၊ အသွေးအသားနှင့်ပြုလုပ်ထားသော၊ ဘုရားသခင်နှင့် စကားပြောနိုင်သော အသက်ရှင်သော၊ အသက်ရှူသော လူတစ်ယောက်သည် ဘုရားသခင်ရှေ့၌ ရပ်သောအခါတွင် ဘုရားသခင်သည် သူယခင်က တစ်ခါမျှ မခံစားရဖူးသည့် ဝမ်းမြောက်မှုမျိုးကို တွေ့ကြုံခံစားခဲ့ရသည်။ သူ၏တာဝန်ဝတ္တရားတို့ကို အမှန်တကယ် ခံစားခဲ့ရပြီး ဤသက်ရှိသည် သူ၏နှလုံးသားကို ဆောင့်ဆွဲလိုက်ရုံမျှမကဘဲ သူ၏သေးငယ်သော လှုပ်ရှားမှုတိုင်းက သူ့ကို ထိတွေ့ခံစားစေပြီး သူ၏နှလုံးသားကို နွေးထွေးစေခဲ့သည်။ ထို့ကြောင့် ဤသက်ရှိသည် ဘုရားသခင်၏ရှေ့၌ ရပ်သောအခါတွင် ဤကဲ့သို့သောလူများ ထပ်မံရရှိအောင်လုပ်ရန် အတွေးကို ပထမဆုံးအကြိမ် သူရသွားသည်။ ဤသည်မှာ ဘုရားသခင်ဖြစ်ပေါ်ခဲ့သည့် ပထမဆုံးအတွေးနှင့် စတင်လာသည့် ဖြစ်ရပ်များပင်ဖြစ်သည်။ ဘုရားသခင်အတွက် ဤဖြစ်ရပ်အားလုံးသည် ပထမဆုံးအကြိမ်ဖြစ်ပေါ်ခြင်းပင်ဖြစ်သည်၊ သို့သော်လည်း ဤပထမဆုံးဖြစ်ရပ်များ၌ ထိုစဉ်က ဝမ်းမြောက်ခြင်း၊ တာဝန်ဝတ္တရား၊ စိုးရိမ်မှုများ စသဖြင့် သူမည်သို့ ခံစားနေခဲ့ရပါစေ၊ သူ့အတွက် ၎င်းတို့ကို ဝေမျှစရာ တစ်ယောက်မျှ မရှိခဲ့ချေ။ ထိုအချိန်မှစပြီး သူယခင်က တစ်ခါမျှ မခံစားခဲ့ဖူးသော အထီးကျန်ခြင်းနှင့် ဝမ်းနည်းခြင်းတို့ကို ဘုရားသခင်သည် အမှန်တကယ် ခံစားလိုက်ရသည်။ လူသားတို့သည် သူ၏ချစ်ခြင်းမေတ္တာနှင့် စိုးရိမ်မှု၊ သို့မဟုတ် လူသားမျိုးနွယ်အတွက် သူ၏ရည်ရွယ်ချက်တို့ကို လက်မခံနိုင်၊ သို့မဟုတ် နားလည်သဘောမပေါက်နိုင်ဟု သူခံစားခဲ့ရသည်၊ ထို့ကြောင့် သူ့နှလုံးသားတွင် ဝမ်းနည်းမှုနှင့် နာကျင်မှုကို ခံစားရဆဲပင်ဖြစ်သည်။ လူသားအတွက် ဤအရာများကို သူလုပ်ဆောင်ပေးခဲ့သော်လည်း လူသားသည် ၎င်းကို သတိမပြုမိဘဲ နားမလည်ခဲ့ချေ။ ပျော်ရွှင်ခြင်းကလွဲပြီး လူသားက သူ့ထံယူလာပေးသော ဝမ်းမြောက်မှုနှင့် စိတ်သက်သာရာရမှုသည် သူတို့နှင့်အတူ သူ၏ပထမဆုံးသော ဝမ်းနည်းခြင်းနှင့် အထီးကျန်ခြင်းခံစားမှုတို့ကို လျင်မြန်စွာ ယူလာသည်။ ၎င်းတို့သည် ယင်းအချိန်က ဘုရားသခင်၏ စိတ်ကူးများနှင့် ခံစားချက်များဖြစ်သည်။ ဘုရားသခင်က ဤအရာအားလုံးကို လုပ်ဆောင်နေခဲ့စဉ်တွင် သူ့နှလုံးသားဝယ် ဝမ်းမြောက်ခြင်းမှ ဝမ်းနည်းခြင်း၊ ဝမ်းနည်းခြင်းမှ နာကျင်ခြင်းဆီသို့ ပြောင်းလဲသွားပြီး အားလုံးက စိုးရိမ်သောကများနှင့် ရောထွေးနေခဲ့သည်။ သူလုပ်လိုခဲ့သည်က ဤလူကို၊ ဤလူသားမျိုးနွယ်ကို သူ့နှလုံးသားထဲတွင် ရှိသည့်အရာကို သိစေရန်နှင့် သူ၏ရည်ရွယ်ချက်များကို သာ၍လျင်မြန်စွာ နားလည်စေရန်ပင် ဖြစ်သည်။ သို့ဆိုလျှင် ထိုသူတို့သည် သူ၏နောက်လိုက်များဖြစ်လာနိုင်ပြီး သူနှင့် လိုက်ဖက်ညီလာနိုင်သည်။ သူတို့သည် ဘုရားသခင်စကားပြောခြင်းကို နားထောင်ပြီး ဘာမှမပြောဘဲနှင့် နေမည် မဟုတ်တော့ချေ၊ ဘုရားသခင်ကို သူ၏အလုပ်တွင် မည်ကဲ့သို့ ပူးပေါင်းပါဝင်ရမည်ကို မသိခြင်း ဖြစ်မည် မဟုတ်တော့ချေ၊ ဤအချက်များ အားလုံးထက်ပို၍ပင် ဘုရားသခင်၏ သတ်မှတ်ချက်များကို စိတ်ဝင်စားမှုမရှိသောသူများ ဖြစ်မည် မဟုတ်တော့ချေ။ ဘုရားသခင် ပြီးဆုံးအောင်လုပ်ဆောင်ခဲ့သော ဤပထမဆုံးအရာများသည် အလွန်အဓိပ္ပာယ်ရှိပြီး သူ၏စီမံခန့်ခွဲမှု အစီအစဉ့်အတွက်နှင့် ယနေ့လူသားမျိုးနွယ်အတွက် ကြီးမားသော တန်ဖိုးရှိသည်။

အရာအားလုံးနှင့် လူသားတို့ကို ဖန်ဆင်းပြီးနောက်တွင် ဘုရားသခင်သည် အနားမယူခဲ့ပေ။ သူ၏စီမံခန့်ခွဲမှုကို လုပ်ဆောင်ရန် သူမစောင့်နိုင်ခဲ့သကဲ့သို့ လူသားမျိုးနွယ်တို့ထဲတွင် သူအလွန်ချစ်သော လူတို့ကို ရရှိရန်ကိုလည်း သူမစောင့်နိုင်ခဲ့ပေ။

နောက်တစ်ခု၊ ဘုရားသခင်သည် လူသားတို့ကို ဖန်ဆင်းပြီး မကြာခင်တွင် တစ်ကမ္ဘာလုံး၌ ရေလွှမ်းမိုးမှုကြီးဖြစ်ပေါ်စေခြင်းကို သမ္မာကျမ်းစာမှ ငါတို့တွေ့ရသည်။ ရေလွှမ်းမိုးခြင်း မှတ်တမ်းထဲတွင် နောဧအကြောင်းကို ပြောထားသည်။ ဘုရားသခင်၏ အလုပ်တစ်ခုကို ပြီးမြောက်စေရန် သူနှင့်အတူ အလုပ်လုပ်ရန်အတွက် ဘုရားသခင်၏ခေါ်ခြင်းကို ခံရသော ပထမဆုံးလူက နောဧဟု ဆိုနိုင်သည်။ ဟုတ်ပါသည်။ ဤသည်က သူ၏အမိန့်နှင့်အညီ ကမ္ဘာပေါ်တွင် လူတစ်ယောက်ကို တစ်စုံတစ်ခုလုပ်ရန် ဘုရားသခင်ခေါ်ခဲ့သော ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ နောဧက သင်္ဘောကြီးကို ဆောက်လုပ်ပြီးသည်နှင့် ဘုရားသခင်သည် ကမ္ဘာမြေကြီးကို ပထမဆုံးအကြိမ် ရေလွှမ်းမိုးခဲ့သည်။ ဘုရားသခင်က ကမ္ဘာမြေကြီးကို ပထမဆုံးအကြိမ် ရေလွှမ်းမိုးခြင်းနှင့် ဖျက်ဆီးခဲ့သောအခါတွင် လူသားတို့အပေါ် ရွံရှာလွန်းခြင်းကို ခံစားရခြင်းသည် သူတို့ကို ဖန်ဆင်းပြီးကတည်းကဆိုလျှင် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ ရေလွှမ်းမိုးခြင်းအားဖြင့် ဤလူသားမျိုးနွယ်ကို ဖျက်ဆီးရန်ဖြစ်သော နာကျင်ဖွယ်ကောင်းသည့် ဆုံးဖြတ်ချက်ကို ပြုလုပ်ရန် ဘုရားသခင်ကို ဖိအားပေးခဲ့သည့်အရာက ဤအရာပင်ဖြစ်သည်။ ရေလွှမ်းမိုးခြင်းက ကမ္ဘာမြေကြီးကို ဖျက်ဆီးပြီးသောနောက်တွင် ဘုရားသခင်သည် ဤကဲ့သို့နောက်တစ်ကြိမ် ဘယ်တော့မျှထပ်မလုပ်တော့ဟုဆိုသော သူ၏ ပထမဆုံး ပဋိညာဉ်ကို လူသားနှင့် ပြုလုပ်ခဲ့သည်။ ဤပဋိညာဉ်၏ သင်္ကေတက သက်တံပင်ဖြစ်သည်။ ၎င်းသည် လူသားမျိုးနွယ်နှင့် ဘုရားသခင်၏ ပထမဆုံး ပဋိညာဉ်ဖြစ်သည်။ ထို့ကြောင့် သက်တံသည် ဘုရားသခင်က ပေးအပ်သော ပဋိညာဉ်၏ ပထမဆုံး သင်္ကေတဖြစ်သည်။ ဤသက်တံသည် အမှန်တကယ် တည်ရှိသော ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုဖြစ်သည်။ ဘုရားသခင် ဆုံးရှုံးခဲ့သော ယခင်က လူသားမျိုးနွယ်အတွက် ဝမ်းနည်းခြင်းကို သူ့အား မကြာခဏ ခံစားရစေမှုမှာ ဤသက်တံ၏ တည်ရှိမှုပင်ဖြစ်ပြီး သူတို့အပေါ်တွင် ဘာဖြစ်ခဲ့သည်ဆိုခြင်းနှင့်ပတ်သက်ပြီး သူ့အတွက် အမြဲတမ်း သတိပေးနေသောအရာဖြစ်သည်။ ဘုရားသခင်က သူ၏ ခြေလှမ်းကို နှောင့်နှေးသွားစေမည် မဟုတ်ပေ။ သူ၏စီမံခန့်ခွဲမှုနောက်တစ်ဆင့်သို့ တက်ရန် သူမစောင့်နိုင်ပေ။ နောက်ပိုင်းတွင် ဣသရေလနိုင်ငံတစ်လျှောက် သူ၏အလုပ်အတွက် သူ၏ ပထမဆုံးရွေးချယ်မှုအနေနှင့် အာဗြဟံကို ဘုရားသခင် ရွေးချယ်ခဲ့သည်။ ဤကဲ့သို့ သင့်တော်သောလူမျိုးကို ဘုရားသခင်ရွေးချယ်ခြင်းကလည်း ဤသည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ ဤလူသားမှတဆင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်သော သူ၏အလုပ်ကို စတင်လုပ်ဆောင်ရန်၊ ဤလူသား၏ နောက်မျိုးဆက်တို့ထဲတွင် သူ၏အလုပ်ကို ဆက်လက်ပြုလုပ်ရန် ဘုရားသခင် စိတ်ပိုင်းဖြတ်ခဲ့သည်။ ၎င်းသည် ဘုရားသခင်က အာဗြဟံအပေါ် လုပ်ဆောင်ခဲ့သောအရာဖြစ်ကြောင်းကို သမ္မာကျမ်းစာတွင် ငါတို့မြင်နိုင်သည်။ ထို့နောက်တွင် ဘုရားသခင်က ဣသရေလနိုင်ငံကို ပထမဆုံး ရွေးကောက်ခဲ့သော နယ်မြေအဖြစ် ပြုလုပ်ခဲ့ပြီး ဣသရေလလူမျိုးတို့ဖြစ်သော သူ၏ ရွေးချယ်ထားသောသူတို့မှတစ်ဆင့် ပညတ်တော်ခေတ်တွင် သူ၏လုပ်ဆောင်မှုကို စတင်ခဲ့သည်။ ထို့နောက် ပထမဆုံးအကြိမ် ဘုရားသခင်သည် လူသားမျိုးနွယ် လိုက်နာသင့်သော တိကျပြတ်သားသော စည်းမျဉ်းနှင့် ပညတ်တော်တို့ကို ဣသရေလလူမျိုးတို့အတွက် ထောက်ပံ့ပေးခဲ့ပြီး သူတို့ကို အသေးစိတ် ရှင်းပြခဲ့သည်။ လူသားတို့ ယဇ်ပူဇော်ခြင်းကို မည်ကဲ့သို့ပြုလုပ်သင့်သည်၊ သူတို့ မည်ကဲ့သို့နေထိုင်သင့်သည်၊ သူတို့ ဘာလုပ်သင့်သည်၊ ဘာမလုပ်သင့် စသည်နှင့်၊ မည်သည့်ပွဲတော်များနှင့် မည်သည့်နေ့တို့ကို သူတို့ကျင်းပသင့်သည် စသည်တို့နှင့်၊ သူတို့လုပ်ဆောင်သောအရာရာတိုင်းတွင် လိုက်နာရမည့် နိယာမတို့အတွက် အသေးစိတ်၊ စံသတ်မှတ်ထားသော စည်းမျဉ်းတို့ကို လူသားတို့အတွက် ဘုရားသခင် ပေးအပ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။ လူသားတို့၏ ဘဝအတွက် အသေးစိတ်၊ စံသတ်မှတ်ထားသော ဤကဲ့သို့ စည်းမျဉ်းစည်းကမ်းများကို ဘုရားသခင်က လူသားမျိုးနွယ်ကို ပေးအပ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။

“ပထမဆုံးအကြိမ်” ဟုငါပြောသောအခါ၌ ဤကဲ့သို့အလုပ်မျိုးကို ဘုရားသခင်က ယခင်က တစ်ခါမျှမလုပ်ဖူးခဲ့ဟု ဆိုလိုခြင်းဖြစ်သည်။ ယခင်က မရှိခဲ့သော အရာတစ်ခုဖြစ်ပြီး ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး သူသည် သတ္တဝါပေါင်းစုံနှင့် သက်ရှိပေါင်းစုံကို ဖန်ဆင်းခဲ့သော်လည်း ဤကဲ့သို့အလုပ်မျိုးကို သူတစ်ကြိမ်တစ်ခါမျှ မလုပ်ရသေးချေ။ ဤအလုပ်များအားလုံးတွင် လူသားအပေါ် ဘုရားသခင်၏ စီမံခန့်ခွဲမှု ပါဝင်သည်။ အားလုံးက လူသားတို့နှင့် လူသားတို့ကို သူ၏ကယ်တင်ခြင်း၊ စီမံခန့်ခွဲမှုတို့နှင့် ဆက်စပ်သည်။ အာဗြဟံပြီးနောက်တွင် ဘုရားသခင်သည် နောက်ထပ် ပထမဆုံးအကြိမ် ရွေးချယ်မှုတစ်ခုလုပ်ခဲ့သည်။ ဘုရားသခင်ကို ကြောက်ရွံ့ရင်း၊ မကောင်းမှုကို ရှောင်ကြဉ်ရင်းနှင့် ဘုရားသခင်အတွက် သက်သေခံရင်းနှင့် စာတန်၏ ဖြားယောင်းသွေးဆောင်ခြင်းတို့ကို ခံနိုင်ရည်ရှိသောသူဖြစ်ပြီး ပညတ်တော်၏အောက်တွင်ရှိသောသူတစ်ယောက်ဖြစ်ရန် ယောဘကို သူရွေးချယ်ခဲ့သည်။ ၎င်းသည်လည်း လူတစ်ယောက်ကို ဖြားယောင်းရန် ဘုရားသခင်က စာတန်ကို ခွင့်ပြုခဲ့သော ပထမဆုံးအကြိမ်ပင်ဖြစ်ပြီး စာတန်နှင့် အလောင်းအစားပြုခဲ့သော ပထမဆုံးအကြိမ်လည်းဖြစ်သည်။ နောက်ဆုံးတွင် ပထမဆုံးအကြိမ်ပင် ဘုရားသခင်သည် စာတန်ကို ရင်ဆိုင်ရင်းနှင့် သူ့အတွက် သက်သေအဖြစ် ရပ်တည်နိုင်စွမ်းရှိသောသူ၊ စာတန်ကို သေသေချာချာ အရှက်ရစေပြီး သူ့အတွက် သက်သေကို ခံနိုင်သောသူတစ်ယောက်ကို ရရှိခဲ့သည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သောအချိန်ကတည်းက ဤလူသည် သူ့အတွက် သက်သေခံနိုင်စွမ်းရှိသော၊ သူရရှိခဲ့သော ပထမဆုံးလူဖြစ်သည်။ ဤလူသားကို သူရရှိပြီးသည်နှင့် သူ၏နောက်လာမည့် ရွေးချယ်မှုနှင့် သူလုပ်ဆောင်မည့်နေရာကို ပြင်ဆင်ရင်း သူ၏စီမံခန့်ခွဲမှုကို ဆက်လုပ်ရန်နှင့် သူ့အလုပ် နောက်တစ်ဆင့်ကို လှမ်းရန် ဘုရားသခင်သည် စိတ်အားထက်သန်နေခဲ့သည်။

ဤအရာအားလုံးတို့အကြောင်းကို ဆွေးနွေးပြီးနောက်တွင် ဘုရားသခင်၏အလိုတော်ကို သင်တို့ အမှန်တကယ် နားလည်ကြပါ၏လော။ ဘုရားသခင်သည် ဤလူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း ဖြစ်ရပ်၊ လူသားတို့ကို ကယ်တင်ခြင်းဖြစ်ရပ်ကို အရာအားလုံးထက် ပို၍အရေးကြီးသကဲ့သို့ ရှုမြင်သည်။ ဤအရာတို့ကို သူ၏စိတ်နှင့် လုပ်ဆောင်ရုံတင် မဟုတ်ဘဲ သူ၏နှုတ်ကပတ်တော်များနှင့်သာ လုပ်ဆောင်ခြင်းလည်း မဟုတ်ချေ၊ သူသည် ၎င်းတို့ကို အထူးသဖြင့် ပေါ့ပေါ့တန်တန် လုပ်ခြင်းမဟုတ်ပေ၊ ဤအရာအားလုံးကို အစီအစဉ်၊ ပန်းတိုင်၊ စံသတ်မှတ်ချက်များ၊ သူ၏အလိုတော် စသည့်အရာတို့နှင့် လုပ်ဆောင်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သော ဤအလုပ်သည် ဘုရားသခင်နှင့် လူသားနှစ်ဦးစလုံးတို့အတွက် အလွန်တရာ အရေးပါ၏ဆိုသည်မှာ ရှင်းလင်းသည်။ အလုပ်က မည်မျှပင် ခက်ခဲပါစေ၊ အတားအဆီးတို့က မည်မျှပင်ကြီးမားပါစေ၊ လူသားတို့က မည်မျှပင်အားနည်းပါစေ၊ သို့မဟုတ် လူသားမျိုးနွယ်၏ ပုန်ကန်ခြင်းက မည်မျှပင် နက်ရှိုင်းပါစေ၊ ဤအရာများထဲက မည်သည့်အရာမျှ ဘုရားသခင်အတွက် မခက်ခဲချေ။ ဘုရားသခင်သည် သူ၏ ပင်ပန်းတကြီးလုပ်ရသော အားထုတ်မှုကို အသုံးချရင်း၊ သူကိုယ်တိုင် ဆောင်ရွက်လိုသော အလုပ်တို့ကို စီမံခန့်ခွဲရင်းနှင့် အလုပ်ရှုပ်နေသည်။ သူသည် အရာအားလုံးကိုလည်း စီစဉ်နေပြီး သူပြီးဆုံးအောင်လုပ်လိုသော အလုပ်တို့နှင့် လူသားအားလုံးကို အုပ်ချုပ်နေသည်၊ ဤအရာများထဲက မည်သည့်အရာမျှ ယခင်က မလုပ်ခဲ့ဖူးချေ။ ဘုရားသခင်က ဤနည်းလမ်းတို့ကို အသုံးပြုလျက် ကြီးမားသော စီမံခန့်ခွဲမှုအစီအစဉ်နှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအတွက် ကြီးမားသော ပေးဆပ်မှုကို ပြုလုပ်ခဲ့ခြင်းက ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ ဘုရားသခင်က ဤအလုပ်တို့ကို ဆောင်ရွက်နေခိုက်တွင် သူသည် ထိမ်ချန်ထားခြင်းမရှိဘဲ သူ၏အလုပ်ကြိုးစားအားထုတ်မှု၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်း၊ သူ၏အသိဉာဏ်ပညာနှင့် အနန္တတန်ခိုး၊ သူ့စိတ်သဘောထား၏ လက္ခဏာသွင်ပြင်တိုင်းကို လူသားမျိုးနွယ်တို့အား အနည်းငယ်ချင်းစီ ဖော်ပြကာ ထုတ်ပြန်ပေးနေသည်။ ယခင်က တစ်ကြိမ်တစ်ခါမျှ မလုပ်ဖူးသည့်အတိုင်း သူသည် ဤအရာအားလုံးကို ထုတ်ပြန်ကာ ဖော်ပြသည်။ ထို့ကြောင့် စကြဝဠာတစ်ခုလုံးတွင် ဘုရားသခင်က စီမံရန်နှင့် ကယ်တင်ရန် ရည်ရွယ်ထားသော လူတို့မှလွဲပြီး သူနှင့် ဤကဲ့သို့ ရင်းနှီးသည့်ဆက်ဆံရေးရှိသော၊ ဘုရားသခင်နှင့် အလွန်နီးကပ်သော ဖန်ဆင်းခံ တစ်ခုမျှ မရှိခဲ့ချေ။ သူ့နှလုံးသားထဲတွင် သူစီမံခန့်ခွဲပြီး ကယ်တင်လိုသော လူသားမျိုးနွယ်သည် အရေးကြီးဆုံးဖြစ်ပြီး၊ သူသည် ဤလူသားမျိုးနွယ်ကို အရာအားလုံးထက် တန်ဖိုးထားသည်၊ သူတို့အတွက် ကြီးမားသောအဖိုးအခကို ပေးဆပ်ခဲ့သော်လည်း၊ သူတို့ကြောင့် သူသည် အဆက်မပြတ်နာကျင်ရပြီး မနာခံခြင်းတို့ကို ခံရသော်လည်း၊ သူတို့ကို လုံးဝ မစွန့်လွှတ်ဘဲ၊ ညည်းတွားခြင်း၊ သို့မဟုတ် နောင်တရခြင်းအလျဉ်းမရှိဘဲ သူ၏အလုပ်ကိုသာ မမောမပန်းဘဲ ဆက်လက်လုပ်ဆောင်သည်။ ယင်းသည် အနှေးနှင့်အမြန် လူသားတို့သည် တစ်နေ့၌ သူ၏ခေါ်ဆောင်ခြင်းတွင် နိုးထလာပြီး သူ၏နှုတ်ကပတ်တော်တို့အားဖြင့် တို့ထိခံစားရမည်၊ သူသည် ဖန်ဆင်းခြင်း၏ အရှင်သခင် ဖြစ်ကြောင်းကို သိမြင်ပြီး သူ့ထံပါးသို့ ပြန်လာမည်ဆိုသည်ကို သိခြင်းကြောင့်ဖြစ်သည်။

ယနေ့ ဤအရာအားလုံးကို ကြားနာပြီးနောက်တွင် ဘုရားသခင်လုပ်ဆောင်သောအရာအားလုံးက အလွန်တရာ ပုံမှန်ပင်ဖြစ်သည်ဟု သင်တို့ ခံစားရလိမ့်မည်။ လူသားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တို့နှင့် သူ၏လုပ်ဆောင်မှုတို့မှတဆင့် သူတို့အတွက် ဘုရားသခင်၏ အလိုတော်တချို့ကို အမြဲတစေခံစားရသည်ဟု ထင်ရသည်။ သို့သော်လည်း သူတို့၏ခံစားချက်များ၊ သို့မဟုတ် သူတို့၏အသိပညာနှင့် ဘုရားသခင်တွေးတောနေသောအရာကြားတွင် အမြဲလိုလို ဝေးကွာမှုတချို့ရှိနေသည်။ ထို့ကြောင့် ဘုရားသခင်က လူသားမျိုးနွယ်ကို ဘာကြောင့် ဖန်ဆင်းခဲ့သည်၊ သူမျှော်လင့်ထားသည့် လူတို့ကို ရရှိစေလိုသော သူ့ဆန္ဒ၏ နောက်ခံအကြောင်းရင်း စသည်တို့နှင့်ပတ်သက်ပြီး လူသားအားလုံးနှင့် ဆွေးနွေးပြောဆိုရန်လိုအပ်သည်ဟု ငါထင်သည်။ ၎င်းကို လူတိုင်းနှင့် ဝေမျှရန်မှာ အလွန်အရေးကြီးသည်။ သို့မှသာ လူတိုင်းသည် သူတို့၏နှလုံးသားထဲတွင် ရှင်းလင်းနေမည်ဖြစ်သည်။ ဘုရားသခင်၏အတွေးနှင့် စိတ်ကူးတိုင်း၊ သူ့အလုပ်၏ အဆင့်တိုင်းနှင့် အချိန်ကာလတိုင်းသည် သူ၏စီမံခန့်ခွဲမှုအလုပ်နှင့် နီးကပ်စွာ ဆက်နွှယ်ပြီး ဆက်စပ်နေသောကြောင့်၊ ဘုရားသခင်၏ အတွေးများ၊ စိတ်ကူးများ၊ သူ့အလုပ်၏အဆင့်တိုင်းတွင် သူ၏အလိုတော်တို့ကို သင်နားလည်သောအခါတွင်၊ သူ၏စီမံခန့်ခွဲမှုအစီအစဉ်လုပ်ဆောင်မှု၏ အရင်းအမြစ်ကို နားလည်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ ဘုရားသခင်အပေါ် သင်၏နားလည်မှုကို ပိုမိုနက်ရှိုင်းစေမှုက ဤအခြေခံအုတ်မြစ်ပေါ်မှာပင်ဖြစ်သည်။ ငါယခင်ကပြောခဲ့သည့်အတိုင်း ဘုရားသခင်က ကမ္ဘာကို ဖန်ဆင်းသောအခါတွင် သူပြုလုပ်သောအရာတိုင်းက ယခုအချိန်တွင် လူတို့အတွက် သတင်းအချက်အလက်တချို့မျှသာဖြစ်ပြီး သမ္မာတရားနောက်ကိုလိုက်ခြင်းနှင့် မသက်ဆိုင်သကဲ့သို့ ဖြစ်နေသော်လည်း သင်၏အတွေ့အကြုံလမ်းကြောင်းတစ်လျှောက်တွင် ၎င်းသည် သတင်းအချက်အလက် အစိတ်အပိုင်းလေးများကဲ့သို့ အလွန်ရိုးရှင်းသော အရာတစ်ခုဖြစ်သည်၊ သို့မဟုတ် နက်နဲသောအရာအချို့တို့ကဲ့သို့ အလွန်ရိုးရှင်းသောအရာတစ်ခုဖြစ်သည်ဟု သင်မထင်မှတ်သောအချိန်ကို ရောက်လာလိမ့်မည်။ သင့်ဘဝကို ရှေ့ဆက်ရင်းနှင့် သင့်နှလုံးသား၌ ဘုရားသခင်၏နေရာ အနည်းငယ်ရှိလာသောအခါ၊ သို့မဟုတ် သူ့အလိုတော်ကို ပို၍ သေချာစွာ၊ နက်နက်နဲနဲ နားလည်လာသောအခါ၊ ယနေ့ ငါပြောသောစကားတို့၏ အရေးကြီးမှုနှင့် လိုအပ်မှုတို့ကို သင်အမှန်တကယ် နားလည်လာလိမ့်မည်။ အဘယ်အတိုင်းအတာအထိ သင်တို့လက်ခံထားသည်ဆိုခြင်းက အရေးမကြီးချေ။ ဤအရာတို့ကို သင်တို့ နားလည်ပြီး သိရှိရန်သာ လိုအပ်သည်။ ဘုရားသခင်က တစ်စုံတစ်ခုကို လုပ်ဆောင်သောအခါတွင်၊ သူ့အလုပ်ကို သူလုပ်သောအခါတွင်၊ သူ၏စိတ်ကူးနှင့်၊ သို့မဟုတ် သူ၏ကိုယ်ပိုင်လက်များနှင့်ဖြစ်စေ၊ သူလုပ်သည့်အလုပ်သည် ပထမဆုံးအကြိမ်ဖြစ်ပါစေ၊ နောက်ဆုံးအကြိမ်ဖြစ်ပါစေ၊ နောက်ဆုံး၌ ဘုရားသခင်ထံတွင် အစီအစဉ်တစ်ခုရှိသည်။ သူလုပ်သမျှအရာတိုင်းတွင် သူ၏ရည်ရွယ်ချက်နှင့် သူ၏ အတွေးတို့ ရှိသည်။ ၎င်းရည်ရွယ်ချက်တို့နှင့် အတွေးတို့က ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုသည်။ ဤအရာတို့က သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ဖော်ပြသည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းဆိုသော ဤနှစ်ခုကို တစ်ယောက်ချင်းစီတိုင်းက နားလည်ရမည်။ သူ၏စိတ်သဘောထားနှင့်အတူ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို လူတစ်ယောက်က နားလည်လိုက်သည်နှင့် ဘုရားသခင်က သူ၏လုပ်ငန်းဆောင်တာတို့ကို ဘာကြောင့် လုပ်ဆောင်သည်၊ သူ့ပြောစကားတို့ကို ဘာကြောင့်ပြောသည်ဆိုခြင်းကို သူတို့ တဖြည်းဖြည်းနှင့် နားလည်လာနိုင်သည်။ ထိုမှတဆင့် ဘုရားသခင်၏နောက်ကိုလိုက်ရန်၊ သမ္မာတရားနောက်ကိုလိုက်ရန်၊ စိတ်သဘောထား ပြောင်းလဲခြင်းနောက်ကိုလိုက်ရန် ယုံကြည်ခြင်းတို့ကို သူတို့ ပိုမိုရရှိနိုင်သည်။ ဆိုလိုသည်မှာ ဘုရားသခင်အပေါ် လူသား၏ နားလည်ခြင်းနှင့် ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းက ခွဲခြား၍မရပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။