ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “လူ့ဇာတိခံယူသော ဘုရားသခင်ကို သိပုံသိနည်း” | ကောက်နုတ်ချက် ၅၇၉

ဘုရားသခင်ကို သိခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သူ၏ ဝမ်းမြောက်ခြင်း၊ ဒေါသ၊ ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို သဘောပေါက်နိုင်ခြင်းအား ဆိုလိုသည်၊ ဤသည်မှာ ဘုရားသခင်ကို သိခြင်းဖြစ်၏။ သင်သည် သူ့ကို မြင်တွေ့ခဲ့ပြီဟု အခိုင်အမာဆိုသည့်တိုင် သူ၏ ဝမ်းမြောက်ခြင်း၊ ဒေါသ၊ ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကို သင်နားမလည်သကဲ့သို့၊ သူ၏ စိတ်သဘောထားကို သင်နားမလည်ပေ။ သင်သည် သူ၏ဖြောင့်မတ်ခြင်းကို နားမလည်သကဲ့သို့၊ သူ၏ကရုဏာစိတ် ရှိခြင်းကို နားမလည်သည်သာမက၊ သူနှစ်သက်သည့် အရာ၊ သို့မဟုတ် သူစက်ဆုပ်ရွံရှာသည့်အရာကိုလည်း သင်မသိပေ။ ဤသည်မှာ ဘုရားသခင်ကိုသိခြင်း မဟုတ်ပေ။ ထို့ကြောင့် လူတစ်ချို့တို့က ဘုရားသခင်နောက်ကို လိုက်နိုင်ကြသော်လည်း၊ ဘုရားသခင်ကို သူတို့ သေချာပေါက် အမှန်တကယ် ယုံကြည်နိုင်စွမ်းမရှိကြချေ။ ဤနေရာ၌ ခြားနားမှု ရှိပေသည်။ ဘုရားသခင်ကိုသင်သိပါက၊ သူ့ကိုနားလည်ပြီး သူ၏အလိုတော်အချို့ကို နားလည်နိုင်ပါက၊ သင်သည် သူ့အား စစ်မှန်စွာယုံကြည်ခြင်း၊ သူ့အား စစ်မှန်စွာနာခံခြင်း၊ သူ့အား စစ်မှန်စွာချစ်ခြင်းနှင့် စစ်မှန်စွာကိုးကွယ်ခြင်းတို့ ပြုလုပ်နိုင်မည် ဖြစ်သည်။ ဤအရာများကို သင်နားမလည်ပါက သင်သည် အသာပြေးပြီး အလိုက်သင့်သွားနေသည့် နောက်လိုက် တစ်ဦးသာဖြစ်၏။ ယင်းကို စစ်မှန်သော ကျိုးနွံနာခံခြင်း၊ သို့မဟုတ် စစ်မှန်သော ကိုးကွယ်ခြင်းဟု မခေါ်ဆိုနိုင်ပေ။ စစ်မှန်သော ကိုးကွယ်ခြင်း မည်သို့ဖြစ်ပေါ်လာသနည်း။ ခြွင်းချက်မရှိ၊ ဘုရားသခင်ကို စစ်မှန်စွာသိသူအားလုံးသည် သူ့ကို မြင်သည့်အခါတိုင်းတွင် ကိုးကွယ်ကာ ကြည်ညိုကြ၏။ ၎င်းတို့အားလုံးသည် သူ့ကို ဦးညွှတ်ကာ ကိုးကွယ်ဖို့ လှုံ့ဆော်ခံရကြ၏။ လတ်တလောတွင်၊ လူ့ဇာတိခံ ဘုရားသခင် အမှုပြုနေစဉ်တွင် သူ၏ စိတ်သဘောထားနှင့် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို လူတို့ သာ၍နားလည်လေလေ၊ ၎င်းတို့သည် ဤအရာများကို သာ၍တန်ဖိုးထားလေလေ ဖြစ်ပြီး၊ သူ့ကို သာ၍ချစ်ကြောက်ရိုသေလေလေ ဖြစ်လိမ့်မည်။ ယေဘုယျအားဖြင့် လူတို့သည် သိနားလည်မှု သာ၍နည်းလေ၊ သာ၍ဂရုမပြုလေဖြစ်ပြီး၊ ထို့ကြောင့် ဘုရားသခင်ကို လူသားကဲ့သို့ ၎င်းတို့ ဆက်ဆံကြလေသည်။ လူတို့သည် ဘုရားသခင်ကို အမှန်တကယ်သိရှိကာ မြင်ခဲ့ကြပါက၊ ၎င်းတို့သည် ကြောက်ရွံ့ခြင်းဖြင့် တုန်လှုပ်ခဲ့ကြလိမ့်မည်။ “ငါ့နောက်ကြွလာသောသူသည် ငါ့ထက် တတ်စွမ်းနိုင်၏။ ထိုသူ၏ခြေနင်းတော်ကိုမျှဆောင်ခြင်းငှာ ငါမထိုက်။” ယောဟန်သည် ဤအရာကို အဘယ်ကြောင့်ဆိုခဲ့သနည်း။ စိတ်ထဲတွင် အလွန် နက်နဲသော သိနားလည်မှု သူ မရှိခဲ့သော်လည်း၊ ဘုရားသခင်သည် အံ့ဖွယ်ကောင်းသည်ကို သူသိခဲ့၏။ ယနေ့ခေတ် လူမည်မျှသည် ဘုရားသခင်ကို ကြည်ညိုကြောက်ရွံ့နိုင်စွမ်း ရှိသနည်း။ သူ၏ စိတ်သဘောထားကို ၎င်းတို့ မသိပါက၊ သူ့ကို မည်သို့ ကြောက်ရွံ့နိုင်သနည်း။ လူတို့သည် ဘုရားသခင် အမှန်တကယ် ကိုးကွယ်နိုင်ဖို့ မဆိုထားနှင့်၊ ခရစ်တော်၏ အနှစ်သာရကို ၎င်းတို့ မသိသကဲ့သို့၊ ဘုရားသခင်၏ စိတ်သဘောထားကိုလည်း နားမလည်ကြပေ။ ၎င်းတို့သည် ခရစ်တော်၏ သာမန်နှင့် ပုံမှန်အပြင်ပန်းသဏ္ဌာန်ကိုသာ မြင်သော်လည်း၊ သူ၏အနှစ်သာရကို မသိပါက၊ သူတို့သည် ခရစ်တော်အား သာမန်လူသားတစ်ဦးအဖြစ်သာ ဆက်ဆံရန် ၎င်းတို့အတွက် လွယ်ကူ၏။ ထိုသူတို့သည် သူ့အပေါ် မရိုသေသောသဘောထား ခံယူကောင်းခံယူနိုင်သည်၊ ပြီးလျှင်သူ့ကို လိမ်လည်လှည့်စားနိုင်သည်၊ သူ့ကို ခုခံနိုင်သည်၊ သူ့ကို မနာခံဘဲနေနိုင်ပြီး၊ သူ့အပေါ် တရားစီရင်ချက် ချမှတ်နိုင်သည်။ ၎င်းတို့အနေဖြင့် မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူနိုင်ပြီး သူ၏နှုတ်ကပတ်တော်များကို အလေးအနက် ထားကောင်း ထားနိုင်မည်မဟုတ်။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့် အယူအဆများ၊ ရှုတ်ချမှုများနှင့် ပြစ်မှားစော်ကားမှုတို့ကိုပင် ဖြစ်ပေါ်စေနိုင်၏။ ဤပြဿနာများကို ဖြေရှင်းရန်၊ ခရစ်တော်၏ အနှစ်သာရနှင့် ဘုရားသဘောသဘာဝတို့ကို သိရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုသိခြင်း၏ အဓိကလက္ခဏာဖြစ်၏၊ ထိုအရာသည် လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်သည့် အယောက်တိုင်းက ဝင်ရောက်၍ ရရှိရမည့်အရာဖြစ်၏။

ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ မှ

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ- အခန်း ၅၆” | ကောက်နုတ်ချက် ၂၃၃

မကောင်းမှုပြုသောသူများ၊ တန်ခိုးအာဏာ စွဲကိုင်သော သူများနှင့် ဘုရားသခင်၏သားများကို နှိပ်စက်ညှဉ်းပန်းသော သူများအား အပြစ်ပေးဖို့ ငါ စတင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၁)” | ကောက်နုတ်ချက် ၁၆၈

ဣဇာက်သည် အာဗြဟံမှ မွေးဖွားလာသကဲ့သို့ ယောဟန်သည်လည်း ကတိတော်အားဖြင့် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ သူသည် ယေရှုအတွက် လမ်းခင်းပေးခဲ့ပြီး...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” | ကောက်နုတ်ချက် ၅၁၆

သင်၏ ကျရှုံးခြင်း၊ အားနည်းခြင်းနှင့်ဆိုင်သော အတွေ့အကြုံများစွာနှင့် သင်၏ အပျက်သဘောဆောင်သော အချိန်များအားလုံးကို ဘုရားသခင်၏ စမ်းသပ်မှုများ...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်အား အမှန်တကယ်ချစ်သောသူများသည် ဘုရားသခင်၏ လက်တွေ့ကျခြင်းကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည်” | ကောက်နုတ်ချက် ၄၉၁

ဘုရားသခင်၏လူ့ဇာတိခံယူသောအချိန်အတွင်း လူများထံမှ သူလိုအပ်သော နာခံခြင်းသည် လူတို့စိတ်ကူးယဉ်သောအရာဖြစ်သည့် စီရင်ဆုံးဖြတ်ခြင်း သို့မဟုတ်...