ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ပန်းတိုင်များနှင့် အဆုံးသတ်များ | ကောက်နုတ်ချက် ၆၀၈

12.10.2020

ငါသည် သင်တို့ကို များစွာသော သတိပေးချက်များ ပေးပြီးဖြစ်သကဲ့သို့၊ သင်တို့ကို သိမ်းပိုက်ဖို့ ရည်ရွယ်လျက် များစွာသော သမ္မာတရားများကို သင်တို့အပေါ် ငါအပ်နှင်းပြီး ဖြစ်သည်။ ယခုတွင်၊ သင်တို့အားလုံးသည် အတိတ်က ကြွယ်ဝခဲ့သည်ထက် သိသိသာသာ သာ၍ ကြွယ်ဝသည်ဟု ခံစားရသည်၊ လူတစ်ဦး မည်သို့ဖြစ်သင့်သည်နှင့်သက်ဆိုင်သော အခြေခံသဘောတရားများစွာ နားလည်လာကြပြီးဖြစ်ကာ သစ္စာရှိသော သူတို့ ရှိသင့်သည့် သာမန်အသိစိတ် များစွာကို ပိုင်ဆိုင်လာကြပြီး ဖြစ်သည်။ ဤအရာအားလုံးသည် နှစ်ပေါင်းများစွာ တစ်လျှောက် သင်တို့ ရိတ်သိမ်းလာခဲ့သည့် အကျိုး ဖြစ်သည်။ ငါသည် သင်တို့၏အောင်မြင်မှုများကို မငြင်းသော်လည်း၊ သင်တို့ထဲတွင် သန့်ရှင်းသူ တစ်ဦးမျှ မရှိသည့်အတွက်၊ ဤနှစ်များစွာအတွင်း သင်တို့အနေဖြင့် ငါ့အပေါ် သင်တို့၏မြောက်မြားလှသည့် မနာခံခြင်းများနှင့် ပုန်ကန်ခြင်းများ တို့ကိုလည်း ငါ မငြင်းဟု တကယ်ကိုပွင့်လင်းစွာ ငါပြောရပေမည်။ သင်တို့သည် ခြွင်းချက်မရှိ၊ စာတန်၏ ဖျက်ဆီးခြင်း ခံရပြီးဖြစ်သည့် လူများ ဖြစ်သည်။ သင်တို့သည် ခရစ်တော်၏ ရန်သူများ ဖြစ်ကြ၏။ ယနေ့ထိ၊ သင်တို့၏ လွန်ကျူးခြင်းအပြစ်များနှင့် မနာခံမှုများသည် ရေတွက်ဖို့ များပြားလွန်းလှ၏၊ ထို့ကြောင့် ငါသည် သင်တို့အား မိမိဘာသာ စဉ်ဆက်မပြတ် အဖန်ဖန်ထပ်ပြောနေသည်ကို ထူးဆန်းသည်ဟု မယူဆနိုင်ပေ။ ငါသည် ဤပုံစံဖြင့် သင်တို့နှင့်အတူ အတူတည်ရှိရန် ဆန္ဒမရှိပေ- သို့သော် သင်တို့၏ အနာဂတ်များအတွက်၊ သင်တို့၏ ခရီးပန်းတိုင်များအတွက်၊ ယခု ဤနေရာတွင် ငါပြောနှင့်ပြီးသည့်အရာကို နောက်တစ်ဖန် ငါထပ်ပြောမည်။ သင်တို့သည် ငါ့ကို ခွင့်လွှတ်နားလည်သည့်အပြင်၊ ငါ၏ မိန့်မြွက်ချက်တိုင်းကို ယုံကြည်နိုင်ပြီး ငါ၏နှုတ်ကပတ်တော်များ၏ နက်ရှိုင်းသော သွယ်ဝိုက်သည့် အနက်အဓိပ္ပာယ်များကို ကောက်ချက် ချနိုင်မည်ဟု မျှော်လင့်သည်။ ငါ၏ နှုတ်ကပတ်တော်များကို သင် ဆန္ဒရှိသည်အတိုင်း ရွေးချယ်ပြီး သဘောရှိ ဘေးသို့ပစ်လိုက်ဖို့ နေနေသာသာ၊ ငါပြောသည့်အရာကို သံသယမရှိနှင့်။ ဤသည်မှာ ငါ သည်းမခံနိုင်စရာ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များကို မဝေဖန်နှင့်၊ ပြီးလျှင် ငါ၏ နှုတ်ကပတ်တော်များကို သာ၍ပင် ပေါ့ပေါ့တန်တန် သဘောမထားနှင့်၊ သို့မဟုတ် ငါသည်သင်တို့အား အစဉ် သွေးဆောင်နေသည်ဟု မပြောနှင့်၊ သို့မဟုတ် သာ၍ဆိုးသည်မှာ သင်တို့အား ငါပြောပြီးသော အရာသည် တိကျမှန်ကန်မှု မရှိဟု မပြောနှင့်။ ဤအရာများသည်လည်း ငါသည်းမခံနိုင်စရာ ဖြစ်၏။ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို ဘယ်သောအခါမျှ လက်သင့်မခံသကဲ့သို့ ငါ့ကို လျစ်လျူရှုရင်း၊ ငါနှင့် ငါပြောသောအရာကို အလွန့်အလွန် သံသယဖြင့် ဆက်ဆံသောကြောင့်၊ သင်တို့အသီးသီးကို လုံးဝ လေးနက်မှုဖြင့် ငါ ပြောသည်မှာ- ငါပြောသော အရာကို အတွေးအခေါ်နှင့် မချိတ်ဆက်နှင့်၊ ငါ၏ နှုတ်ကပတ်တော်များကို ဆရာယောင်တို့၏ အလိမ်အညာများနှင့် မချိတ်ဆက်နှင့်။ ငါ၏ နှုတ်ကပတ်တော်များကို အထင်သေးခြင်းဖြင့် သာ၍ပင် မတုံ့ပြန်သင့်ပေ။ သင်တို့ကို ငါ မည်သည့်အရာပြောနေသည်ကို အနာဂတ်တွင် မည်သူမျှ သင်တို့ကို ပြောပြကောင်း ပြောပြနိုင်မည်မဟုတ်၊ သို့မဟုတ် သင်တို့ကို အလွန်ညှာတာစိတ်ရှိစွာ ပြောဆိုမည်မဟုတ် သို့မဟုတ် ထို့ထက်မက သာ၍ပင် စိတ်ရှည်စွာနှင့် သင်တို့ကို ဤအချက်များတစ်ခုပြီးတစ်ခု ရှင်းပြမည်မဟုတ်။ သင်တို့သည် လာမည့်နေ့ရက်များ၌ အချိန်အခါကောင်းများကို ပြန်လည်အမှတ်ရရင်း၊ သို့မဟုတ် ကျယ်လောင်စွာ ရှိုက်ငိုရင်း၊ သို့မဟုတ် နာကျင်မှုဖြင့် ညည်းတွားရင်း ကုန်ဆုံးရလိမ့်မည်၊ သို့မဟုတ် သင်တို့သည် သမ္မာတရား သို့မဟုတ် အသက်၏ ထောက်ပံ့မှု စိုးစဉ်းမျှ မရှိဘဲ အမှောင်ညများတစ်လျှောက် အသက်ရှင်နေရလိမ့်မည် သို့မဟုတ် သင်သည် မျှော်လင့်ချက်မဲ့စွာ စောင့်ဆိုင်းရုံ စောင့်ဆိုင်းနေရလိမ့်မည် သို့မဟုတ် သင်တို့ ဆင်ခြင်တုံတရားအားလုံး ဆုံးရှုံးသည်ထိ အင်မတန် ခါးသီးသော နောင်တဖြင့် နေထိုင်နေရလိမ့်မည်...။ သင်တို့ထဲမှ မည်သူမျှနီးပါး ဤဖြစ်နိုင်ချေများကို မလွတ်မြောက်နိုင်ကြချေ။ အဘယ့်ကြောင့်ဆိုသော် သင်တို့ထဲမှ မည်သူမျှ ဘုရားသခင်ကို သင်တို့ အမှန်တကယ် ကိုးကွယ်သည့် ရိပ်မြုံကို နေရာမယူကြဘဲ၊ အသက်နှင့် သမ္မာတရားတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့် အရာများစွာနှင့် အမှန်တွင် ယင်းအရာများနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် အရာများကို သင်တို့၏ ယုံကြည်ချက်များထဲသို့၊ စိတ်များထဲသို့၊ ဝိညာဉ်များထဲသို့၊ ခန္ဓာကိုယ်များထဲသို့ ရောထွေးမိရင်း၊ လိင်ကိစ္စတွင် ကိုယ်ကျင့်သိက္ခာမဲ့မှုနှင့် မကောင်းမှု လောကထဲတွင် မိမိတို့ကိုယ်ကိုယ် မြှုပ်နှံကြလေသည်။ ထို့ကြောင့် သင်တို့အတွက် ငါမျှော်လင့်သည့် အရာမှာ သင်တို့သည် အလင်း၏ လမ်းကြောင်းသို့ ဆောင်ယူခြင်းခံရနိုင်ဖို့ ဖြစ်သည်။ ငါ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ သင်တို့သည် မိမိတို့ကိုယ်ကိုယ် စောင့်ရှောက်နိုင်စွမ်းရှိလာဖို့၊ မိမိတို့ကိုယ်ကိုယ် ဂရုစိုက်နိုင်စွမ်းရှိလာဖို့နှင့်၊ သင်တို့၏ အပြုအမူနှင့် ဒုစရိုက်အပြစ်များကို စိတ်မဝင်စားခြင်းဖြင့် ကြည့်ရှုစဉ်၊ သင်တို့၏ ခရီးပန်းတိုင်အပေါ် အလွန်တရာ အလေးအနက် ထားခြင်း မရှိရန် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။