စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက် - အခန်း (၁၀)

အသင်းတော်အား တည်ဆောက်သည့် ကာလအတောအတွင်း ဘုရားသခင်သည် နိုင်ငံတော်အား တည်ဆောက်ခြင်းအကြောင်းကို ဖော်ပြပြောဆိုခြင်း မရှိသလောက်ပင် ဖြစ်သည်။ သူဖော်ပြပြောဆိုသည့် အချိန်တွင်ပင်လျှင် သူသည် အသင်းတော်အား တည်ဆောက်သည့် အချိန်၏ အသုံးအနှုန်းဖြင့်သာ ဖော်ပြပြောဆိုခဲ့သည်။ နိုင်ငံတော်ခေတ် ရောက်လာသည်နှင့် ဘုရားသခင်သည် အသင်းတော် တည်ဆောက်သည့်အချိန်၏ အချို့သော သက်ဆိုင်သည့်အရာများနှင့် နည်းလမ်းများကို ကလောင်တစ်ချက်ဖြင့် ရေးခြစ်လိုက်ပြီး ယင်းအရာနှင့် ပတ်သက်၍ စကားတစ်လုံးမျှ နောက်တစ်ဖန် မပြောတော့ချေ။ ဤသည်မှာ အစဉ်သစ်လွင်၍ မည်သည့်အခါမျှ ဟောင်းနွမ်းခြင်း မရှိသော “ဘုရားသခင် ကိုယ်တော်တိုင်” ၏ အခြေခံကျသည့် အဓိပ္ပာယ် အတိအကျဖြစ်သည်။ အတိတ်ကာလတွင် လုပ်ဆောင်ပြီးစီးခဲ့သော အရာများ သည်လည်း၊ ယင်းတို့သည် ပြီးဆုံးသွားသော ခေတ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေသရွေ့၊ ဘုရားသခင်သည် ယင်းသို့သော အရာများကို ခရစ်တော် မတိုင်မီ အချိန်ကာလက ဖြစ်ပျက်သော အရာများအဖြစ် အုပ်စုဖွဲ့သည်။ မျက်မှောက်နေ့ရက်ကိုမူ ခရစ်တော်ပြီးနောက် အချိန်ကာလဟု သိမှတ်ကြသည်။ ယင်းနှင့်စပ်လျဉ်း၍ အသင်းတော်အား တည်ဆောက်ခြင်းကို နိုင်ငံတော်အား တည်ဆောက်ခြင်းအတွက် မလွဲမရှောင်သာ အလျင်ကျသည့် အရာတစ်ခုအဖြစ် ယူဆ၍ ရသည်။ ယင်းသည် ဘုရားသခင်အတွက် သူ၏ပိုင်သအုပ်စိုးမှု တန်ခိုးကို နိုင်ငံတော်ထဲတွင် ဆွဲကိုင်ဝင့်နိုင်ရန် အခြေခံအုတ်မြစ်ကို ချပေးခဲ့သည်။ ယနေ့ အသင်းတော်အား တည်ဆောက်ခြင်း အလုပ်သည် ကမ္ဘာပေါ်ရှိ ဘုရားသခင့်အမှု၏ အဓိက ဗဟိုအချက်အချာဖြစ်သည့် နိုင်ငံတော်အား တည်ဆောက်ခြင်း၏ အပျံသင်စငှက်ငယ်မျှသာ ဖြစ်သည်။ ဘုရားသခင်သည် သူ့အမှု၏ အသေးစိတ် အချက်အလက်များ အားလုံးကို အသင်းတော်အား တည်ဆောက်ခြင်း အလုပ်ပြီးဆုံးခြင်းမရှိမီ ပြင်ဆင်ခဲ့ပြီး၊ အချိန်ကျသောအခါ သူသည် သူ၏ အမှုအပေါ် တည့်မတ်လေသည်။ ဤသို့နှင့် ဘုရားသခင်သည် ဤနည်းအတိုင်း “နိုင်ငံတော်ခေတ်သည် စင်စစ်မူကား အတိတ်က အချိန်ကာလများနှင့် ကွဲပြားခြားနားသည်။ ယင်းသည် လူသားမှ မည်သို့လုပ်ဆောင်သည်နှင့် မသက်ဆိုင်ပေ၊ ယင်းအစား ငါသည် ငါ၏အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရန် ကမ္ဘာမြေကြီးပေါ်သို့ ကြွဆင်းလာခဲ့ပြီဖြစ်ပြီး၊ ယင်းကို လူသတ္တဝါများက စိတ်မကူးနိုင်သကဲ့သို့ လုပ်ဆောင်၍လည်း မရနိုင်ပေ။” ဟုပြောခဲ့သည်။ ဧကန်အမှန်ပင် ဤအလုပ်ကို ဘုရားသခင်မှ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရမည်ဖြစ်သည်။ မည်သည့် လူသားကမျှ ယင်းသို့သော အလုပ်ကို တတ်နိုင်စွမ်းမရှိ၊ သူတို့သည် ယင်းအတွက် အဆင့်မီခြင်း မရှိကြချေ။ ဘုရားသခင်မှလွဲ၍ လူသားတို့အကြားတွင် မည်သူသည် ယင်းသို့သော ကြီးမြတ်သည့်အလုပ်ကို ဆောင်ရွက်နိုင်မည်နည်း။ အခြား မည်သူသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို သေလုမြောပါးထိတိုင် “ညှဉ်းဆဲခြင်း” ငှာ တတ်စွမ်းနိုင်သနည်း။ လူသားတို့သည် ယင်းသို့သော အလုပ်ကို စီစဉ်ခြင်းငှာ တတ်ကောင်း တတ်နိုင်ပါသလော။ အဘယ်ကြောင့် ဘုရားသခင်သည် “ငါသည် ငါ၏အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရန် ကမ္ဘာမြေကြီးပေါ်သို့ ကြွဆင်းလာခဲ့ပြီဖြစ်သည်” ဟု ပြောရသနည်း။ ဘုရားသခင်၏ ဝိညာဉ်တော်သည် အာကာသတစ်ခုလုံးမှ အမှန်တကယ် ပျောက်ကွယ်သွားနိုင်သလော။ “ငါသည် ငါ၏အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရန် ကမ္ဘာမြေကြီး ပေါ်သို့ ကြွဆင်းလာခဲ့ပြီဖြစ်သည်” ဟူသည့်စာကြောင်းသည်” ဘုရားသခင်၏ ဝိညာဉ်တော်သည် အလုပ်ကို လုပ်ဆောင်ရန် ဇာတိပကတိထဲတွင် လူ့ဇာတိခံယူတော်မူသည်ဟူသည့် အချက်နှင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသားမျိုးနွယ်မှတစ်ဆင့် ရှင်းလင်း ပြတ်သားစွာ လုပ်ဆောင်လျက် ရှိသည်ဟူသည့် အချက်နှစ်ခုစလုံးကို ညွှန်းဆိုခြင်းဖြစ်သည်။ သူ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခြင်းအားဖြင့် ဘုရားသခင်သည် များစွာသော လူတို့ကို ဘုရားသခင် ကိုယ်တော်တိုင်အား သူတို့၏ ပကတိမျက်လုံးများဖြင့် တွေ့မြင်ခွင့်ကိုပေးသည်၊ ယင်းသို့အားဖြင့် သူတို့၏ စိတ်ဝိညာဉ်များထဲတွင် ဂရုတစိုက် ရှာဖွေရန် မလိုအပ်ဘဲရှိမည် ဖြစ်သည်။ ထို့အပြင် ယင်းသည် လူသားအားလုံးကို ဝိညာဉ်တော်၏ လုပ်ဆောင်ချက်များအား သူတို့၏ ကိုယ်ပိုင်မျက်လုံးများဖြင့် တွေ့မြင်ခွင့်ကို ပေးပြီး ဘုရားသခင်၏ ဇာတိခန္ဓာနှင့် လူသား၏ ဇာတိခန္ဓာအကြားတွင် ပဓာနကျသော ကွဲပြားခြားနားချက် တစ်ခုရှိသည်ကို လူတို့အား ပြသလေသည်။ တစ်ချိန်တည်းတွင် အာကာသတစ်ခုလုံးနှင့် စကြဝဠာ လောကကြီး အနှံ့အပြားတွင် ဘုရားသခင်၏ ဝိညာဉ်တော်သည် အလုပ်လုပ်လျက်ပင် ရှိသေးသည်။ ဉာဏ်အလင်းရသော ထိုသူများ အားလုံးတို့သည် ဘုရားသခင်၏ အမည်နာမကို လက်ခံပြီး၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် မည်သို့ အလုပ်လုပ်သည်ကို တွေ့မြင်သဖြင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်၍ သာ၍ပင် အကျွမ်းဝင်လာကြလေသည်။ ထိုနည်းဖြင့် ဘုရားသခင်၏ ဘုရားသဘောသဘာဝသာ တိုက်ရိုက်အလုပ်လုပ်မည် ဆိုပါက ဆိုလိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် တားဆီးနှောင့်ယှက်ခံရခြင်း စိုးစဉ်းမျှ မရှိဘဲနှင့် အလုပ်လုပ်နိုင်မည် ဆိုပါက လူသားသည် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်နှင့် သိကျွမ်းလာမည် ဖြစ်သည်။ ဤသည်မှာ နိုင်ငံတော်တည်ဆောက်ခြင်း၏အနှစ်သာရပင် ဖြစ်သည်။

ဘုရားသခင်သည် ဘယ်နှစ်ကြိမ်တိုင် ဇာတိခန္ဓာ၌ လူ့ဇာတိ ခံယူတော်မူသနည်း။ အကြိမ်ရေအချို့ ဖြစ်နိုင်သလော။ အဘယ်ကြောင့် ဘုရားသခင်သည် ကြိမ်ဖန်များစွာပင် “ငါသည် တစ်ချိန်က လူ့လောကသို့ ကြွဆင်း လာခဲ့ပြီး ငါ့လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းခြင်း မရှိဘဲ သူတို့၏ ဆင်းရဲဒုက္ခကို လေ့လာ၍ တွေ့ကြုံခံစားခဲ့သည်” ဟု မှတ်ချက် ချခဲ့သနည်း။ ယင်းသည် ဘုရားသခင်မှာ အကြိမ်ရေအချို့တိုင် လူ့ဇာတိ ခံယူခဲ့သော်လည်း လူသားမှ တစ်ခါမျှ သိရှိမှု မရှိခြင်းများလော။ ဤမိန့်ဆိုချက်မှာ ယင်းအရာကို ဆိုလိုခြင်း မဟုတ်ပါ။ ဘုရားသခင်သည် ပထမအကြိမ် လူ့ဇာတိခံယူခဲ့စဉ် သူ၏ ရည်မှန်းချက်မှာ အမှန်တွင်မူ လူသားမှ သူ့အား သိရန်မဟုတ်ပေ။ ယင်းအစား သူသည် သူ၏အလုပ်ကို ဆောင်ရွက်ခဲ့ပြီး မည်သူမျှ သတိမမူ မိလိုက်ဘဲနှင့်၊ သို့မဟုတ် သူ့အား သိခြင်းငှာ အခွင့်အလမ်းပင် မရလိုက်ဘဲနှင့် သူသည် ပျောက်ကွယ်သွားခဲ့သည်။ သူသည် လူသားမှ သူ့အား အပြည့်အဝသိရန် ခွင့်မပြုခဲ့ဘဲ လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကိုလည်း လုံးလုံးလျားလျား ပိုင်ဆိုင်ခြင်း မရှိခဲ့ချေ။ ထို့ကြောင့် သူ့အား ပြည့်ဝစွာ လူ့ဇာတိခံယူခဲ့သည်ဟု ပြော၍ မရနိုင်ပေ။ ပထမအကြိမ် လူ့ဇာတိခံယူခြင်းတွင် သူသည် ယင်းအလုပ်ကို ဆောင်ရွက်ရန် အပြစ်နှင့်ပြည့်သော သဘာဝနှင့် ကင်းစင်သည့် အသွေးအသား ခန္ဓာကိုယ်ကိုသာ အသုံးပြုခဲ့သည်။ အလုပ်မှာ ပြီးဆုံးသွားပြီးဖြစ်၍ ဆက်လက်၍ ဖော်ပြရန် မလိုအပ်ပါ။ ခေတ်ကာလများ တစ်လျှောက်တွင် ဘုရားသခင်မှ အသုံးပြုခြင်း ခံရသော ထိုလူများအတွက်မူ ယင်းသို့သော သာဓကများကို “လူ့ဇာတိခံယူခြင်း” ဟု ခေါ်ဆိုရန် သာ၍ပင် မထိုက်တန်ပေ။ ယနေ့တွင် သာမန်လူ့သဘာဝ၏ ပုံကိုဆောင်ကာ အတွင်းပိုင်း ပြီးပြည့်စုံသော ဘုရားသဘောသဘာဝရှိသည့်၊ ထိုသူ၏ ရည်မှန်းချက်မှာ သူ့အား သိရှိခြင်းငှာ လူသားများကို အခွင့်ပေးရန်ဖြစ်သည့် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်ကိုသာ “လူ့ဇာတိခံယူခြင်း” ဟု အပြည့်အဝ ခေါ်ဆိုနိုင်ပေသည်။ ဤလောကထဲသို့ ဘုရားသခင်၏ ပထမအကြိမ် အလည်အပတ် ကြွလာခြင်း၏ အဓိပ္ပာယ်တွင် ယနေ့၌ လူ့ဇာတိခံယူခြင်းဟု ခေါ်ဆိုသောအရာ၏ အရေးပါမှု၏ကဏ္ဍတစ်ရပ်သာ ပါဝင်သည်၊ ဤအလည်အပတ်ကြွလာခြင်းသည် ယခုတွင် လူ့ဇာတိခံယူခြင်းဟု ခေါ်ဆိုသောအရာ၏ ပြည့်ဝသော အဓိပ္ပာယ်ကို မည်သည့်နည်းနှင့်မျှ ပိုင်ဆိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့်ပင် ဘုရားသခင်က “လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းခြင်း မရှိဘဲ” ဟု ပြောခဲ့ခြင်း ဖြစ်သည်။ “လူသား၏ ဆင်းရဲ ဒုက္ခကို လေ့လာ၍ တွေ့ကြုံခံစားခဲ့သည်” ဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် လူ့ဇာတိ ခံယူခြင်း နှစ်ကြိမ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ ဤသို့နှင့် ဘုရားသခင်မှ “နိုင်ငံတော် တည်ဆောက်ခြင်းသည် စတင်ပြီးသွားသောအခါ ငါခံယူသော ဇာတိပကတိသည် အမှုတော်ကို တရားဝင် စတင်ထမ်းဆောင်သည်။ ဆိုလိုသည်မှာ နိုင်ငံတော်၏ ရှင်ဘုရင်သည် သူ၏အုပ်ချုပ်မှုအာဏာကို တရားဝင် ယူတင်ခြင်းဖြစ်သည်” ဟု ပြောခဲ့သည်။ အသင်းတော် တည်ဆောက်ခြင်းသည် ဘုရားသခင်၏ အမည်နာမကို သက်သေခံခြင်းတစ်ခု ဖြစ်သော်ငြားလည်း၊ အမှုမှာမူ ယခုထိတိုင် တရားဝင် စတင်ခဲ့ခြင်း မရှိသေး၊ ယနေ့ကာလကိုသာ နိုင်ငံတော်တည်ဆောက်ခြင်းဟူ၍ ပြောဆိုနိုင်သည်။ ယခင်က လုပ်ဆောင် ပြီးစီးခဲ့သော အရာများ အားလုံးသည် နမူနာမျှသာဖြစ်ပြီး စစ်မှန်သော အမှုအရာ မဟုတ်ခဲ့ချေ။ နိုင်ငံတော်သည် ဝင်ရောက်ခြင်း ခံယူပြီးဖြစ်သည်ဟု ပြောခဲ့သော်လည်း ယင်းအထဲတွင် မည်သည့် အမှုကိုမျှ ယခုတိုင် မလုပ်ရသေးချေ။ ယနေ့ကာလတွင်သာ ယင်းအမှုသည် ဘုရားသခင်၏ ဘုရားသဘော သဘာဝအတွင်း လုပ်ဆောင်ပြီးစီးပြီး၊ ဘုရားသခင်သည် သူ၏ အမှုကို တရားဝင် စတင်ပြီး ဖြစ်သောကြောင့် လူသားသည် နောက်ဆုံးတွင် နိုင်ငံတော်ထဲသို့ ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် “လူ့လောကထဲသို့ နိုင်ငံတော်၏ သက်ဆင်းမှုသည် စကားလုံးများနှင့် အသွင်အပြင်များ၏ အရေးအရာမျှသာ ဖြစ်ရန်ဝေးစွ၊ အမှန်ကျသော လက်တွေ့သဘော တစ်ခုဖြစ်သည် ဆိုခြင်းမှာ ထင်ရှား မြင်သာသည်၊ ဤသည်မှာ 'ကျင့်ဆောင်ခြင်း၏ လက်တွေ့သဘော' အဓိပ္ပာယ်၏ ကဏ္ဍတစ်ခုဖြစ်သည်။” ဤကောက်နှုတ် ဖော်ပြချက်သည် အထက်မှ အသေးစိတ် ရှင်းလင်းချက်၏ လျော်ကန်သော အနှစ်ချုပ်ပင် ဖြစ်သည်။ ဤ ဖော်ပြချက်ကို ထောက်ပံ့ပေးရင်း ဘုရားသခင်သည် လူသားမျိုးနွယ်၏ ယေဘုယျ အခြေအနေကို သိသာ ထင်ရှားစေရန် ဆက်လက် လုပ်ဆောင်ပြီး လူသားအား အစဉ်တစိုက် အလုပ်ရှုပ်သော အခြေအနေသို့ ကျရောက်စေသည်။ “လောကကြီး အနှံ့အပြားတွင် လူသားမျိုးနွယ် အားလုံးသည် ငါ၏ ချစ်ခြင်းမေတ္တာ၊ ငါ၏ ကရုဏာအတွင်း၌ တည်ရှိကြပြီး၊ လူသားမျိုးနွယ်အားလုံးသည် ငါ၏ တရားစီရင်မှု အောက်တွင်လည်း တည်ရှိ ကြကာ၊ ထိုနည်းတူစွာပင် ငါ၏ စမ်းသပ်မှု အောက်တွင်လည်း တည်ရှိကြသည်။” လူသား၏ အသက်တာသည် ဘုရားသခင်မှ နေရာချထားသည့် အချို့သော နိယာမများ စည်းမျဉ်းများနှင့်အညီ အုပ်ချုပ်ခြင်း ခံရသည်။ ဤနိယာမများနှင့် စည်းမျဉ်းများသည် အောက်ပါအတိုင်း ဖြစ်သည်- ပျော်ရွှင်ခြင်း၏ အချိန်များ၊ မချင့်မရဲဖြစ်ခြင်း၏ အခိုက်အတန့်များ အပြင် ကြံ့ကြံ့ခံရမည့် အခက်အခဲများ၏ စစ်ဆေးခြင်း၏ အချိန်များလည်း ရှိပေလိမ့်မည်။ ထို့ကြောင့် မည်သည့် လူသားကမျှ ပျော်ရွှင်ခြင်း သက်သက်သာသာ ရှိသော အသက်တာ သို့မဟုတ် ဆင်းရဲဒုက္ခ သက်သက်သာသာရှိသော အသက်တာကို ရှင်သန်ရလိမ့်မည် မဟုတ်ပေ။ အသက်တာတိုင်းတွင် ၎င်း၏ အတက်နှင့် အကျတို့ ရှိပေမည်။ ခပ်သိမ်းသော လူသားမျိုးနွယ်တစ်ခုလုံး၌ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကရုဏာသာ ထင်ပေါ်သည် မဟုတ်ဘဲ သူ၏ တရားစီရင်ခြင်းနှင့် သူ၏ စိတ်နေသဘောထား တစ်ရပ်လုံးသည်လည်း ထင်ပေါ်၏။ ယင်းကို ဤသို့လျှင် ပြော၍ရသည်― လူသားများ အားလုံးသည် ဘုရားသခင်၏ စမ်းသပ်မှုတစ်လျှောက် ရှင်သန်ကြသည် မဟုတ်သလော။ ဤအပြောကျယ်သော လောကကြီး တစ်လျှောက်တွင် လူသားမျိုးနွယ် အားလုံးသည် မိမိတို့၏ လမ်းခရီးကို ရှာဖွေခြင်း၏ အလုပ်၌ မနားမနေ အားထုတ်ကြသည်။ သူတို့သည် မည်သည့်အခန်းကဏ္ဍ၌ ပါဝင်သည်ကို သေချာခြင်း မရှိဘဲ အချို့ဆိုလျှင် သူတို့၏ကံကြမ္မာအတွက်နှင့် မိမိတို့၏အသက်တာများကို ပျက်စီးစေကြသည် သို့မဟုတ် အဆုံးခံကြသည်။ ယောဘပင်လျှင် စည်းမျဉ်းမှ လွတ်ကင်းခြင်း မရှိပါ― ဘုရားသခင်၏ စမ်းသပ်မှုတစ်လျှောက် နေထိုင်ရှင်သန်နေရင်းနှင့် သူသည်လည်းပဲ သူ၏ကိုယ်ပိုင်လမ်းခရီးကို ဖွေရှာရန် လုပ်ဆောင်ခဲ့သည်။ မည်သည့် လူသားကမျှ ဘုရားသခင်၏ စမ်းသပ်မှုများ တစ်လျှောက် မြဲမြံစွာ ရပ်တည်ခြင်းငှာ မတတ်စွမ်းနိုင်။ လူသား၏ လောဘ သို့မဟုတ် သူ၏ လူသား သဘာဝကြောင့် မည်သူကမျှ မိမိ၏ လက်ရှိ အခြေအနေကို အလုံးစုံ စိတ်ကျေနပ်ခြင်း မရှိကြဘဲ မည်သူကမျှ စမ်းသပ်မှုများတစ်လျှောက် မြဲမြံစွာ ရပ်တည်နိုင်မည် မဟုတ်ပေ။ လူသားခပ်သိမ်းသည် ဘုရားသခင်၏ တရားစီရင်မှုအောက်တွင် လဲပြိုကျရစမြဲပင်။ အကယ်၍ ဘုရားသခင်သည် လူသားနှင့် ပတ်သက်၍ လွန်စွာပင် အလေးအနက်ထားဆဲ ဖြစ်မည်ဆိုပါက၊ အကယ်၍ သူသည် ယင်းကဲ့သို့ တိကျတင်းကျပ်သော လူသားထံမှ တောင်းဆိုချက်များကို ကိုင်စွဲထားဆဲ ဖြစ်မည်ဆိုပါက ယင်းမှာ ဘုရားသခင်မှ “လူသားမျိုးနွယ်စု တစ်ရပ်လုံးသည် ငါ၏ တောက်လောင်သော စူးစိုက်ကြည့်ခြင်း အောက်တွင် ပြိုလဲကျပေလိမ့်မည်” ဟူ၍ ပြောခဲ့သည့် အတိုင်းပင် ဖြစ်ပေလိမ့်မည်။

နိုင်ငံတော်အား ဆောက်လုပ်ခြင်းသည် တရားဝင်စတင်ပြီး ဖြစ်သော်ငြားလည်း နိုင်ငံတော်အား ဂုဏ်ပြုခြင်းသည် ယခုတိုင် တရားဝင် ထွက်ပေါ်လာရန် လိုသေးသည်၊ ယခုတွင်မူ ယင်းသည် ဖြစ်လာမည့် အရာအတွက် ပရောဖက်ပြုချက် တစ်ခုသာ ဖြစ်သည်။ လူသားများ အားလုံးသည်စုံလင်ခြင်း ခံရပြီး ကမ္ဘာကြီး၏ တိုင်းနိုင်ငံများ အားလုံးသည် ခရစ်တော်၏ နိုင်ငံတော် ဖြစ်လာသောအခါ ယင်းသည် မိုးချုန်းသံ ခုနှစ်ချက် မြည်ဟီးချိန် ဖြစ်လိမ့်မည်။ လက်ရှိနေ့ရက်သည် ယင်းအဆင့်၏ လားရာဘက်သို့ ဦးတည်နေသော ခြေလှမ်းကျဲ တစ်ခု ဖြစ်သည်၊ လာမည့်အချိန်၌ ညွှန်ကြားချက်ကို စေလွှတ်လိုက်ပြီး ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်― မဝေးတော့သည့် အနာဂတ်တွင် ယင်းသည် အကောင်အထည်ဖော်ခြင်း ခံရလိမ့်မည်။ သို့ရာတွင် ဘုရားသခင်သည် သူပြောကြားခဲ့ပြီးသော အရာအားလုံးကို လုပ်ဆောင် ပြီးမြောက်ပြီး ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာကြီး၏ တိုင်းနိုင်ငံများသည် မြင့်မားသော ဒီရေ နီးလာသည် နှင့် အညီ ဖိမ့်ဖိမ့်တုန်နေသော သဲပေါ်မှ ရဲတိုက်များသာ ဖြစ်ကြသည်မှာ ရှင်းလင်းသည်။ နောက်ဆုံးသော ကာလသည် ကျရောက်အံ့ဆဲဆဲရှိပြီး အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အောက်တွင် လဲပြိုကျလိမ့်မည်။ ဘုရားသခင်၏ အစီအစဉ် သည် အောင်မြင်စွာ ဆောင်ရွက်ခြင်း ခံရကြောင်း သေချာစေရန် ကောင်းကင်ဘုံ၏ ကောင်းကင်တမန်များသည် ကမ္ဘာပေါ်သို့ ကြွဆင်းလာပြီး ဘုရားသခင် စိတ်ကျေနပ်စေရန် ၎င်းတို့၏ အစွမ်းကုန် လုပ်ဆောင်လျက်ရှိသည်။ လူ့ဇာတိခံယူသော ဘုရားသခင် ကိုယ်တော်တိုင်သည် ရန်သူနှင့် စစ်ဆင်နွှဲရန် စစ်မြေပြင်သို့ တပ်ဖြန့်ထား၏။ လူ့ဇာတိခံယူခြင်း ပေါ်လာသည့် နေရာတိုင်းတွင် ရန်သူသည် ယင်းနေရာမှ ဖျက်ဆီးခံရသည်။ တရုတ်ပြည်သည် ဦးစွာ သုတ်သင်ချေမှုန်းခြင်း ခံရမည် ဖြစ်ပြီး၊ ဘုရားသခင်၏ လက်တော်အားဖြင့် မွှေနှောက်ဖျက်ဆီးခြင်းကို ခံရမည်။ ဘုရားသခင်သည် တရုတ် ပြည်အား လုံးဝ သက်ညှာပေးမည်မဟုတ်။ အဆင်းနီသော နဂါးကြီး၏ အဆင့်ဆင့် ပြိုလဲမှုသက်သေကို လူတို့၏ ဆက်လက်ရင့်ကျက်လာမှု၌ တွေ့မြင်နိုင်သည်။ ဤသည်ကို မည်သူမဆို သိသာစွာပင် မြင်တွေ့ နိုင်သည်။ လူတို့၏ ရင့်ကျက်မှုသည် ရန်သူ၏ ကျရှုံးခြင်း လက္ခဏာဖြစ်သည်။ ဤသည်က “စစ်ဆင်နွှဲသည်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုကြောင်း ရှင်းပြချက် အရိပ်အမြွက်မျှ ဖြစ်သည်။ ဤအကြောင်းကြောင့်၊ ဘုရားသခင်သည် ဖြစ်ရပ်အတော်များများတွင် အယူအဆများ၏ အခြေအနေကို ပြုပြင်ရန်၊ လူသားများ၏ စိတ်နှလုံးများအထဲ၌ ရှိသော အဆင်းနီသည့် နဂါးကြီး၏ အကျည်းတန်မှုကို ဖြေဖျောက်ရန် ဘုရားသခင်အတွက် လှပသော သက်သေများ ခံကြရန် လူတို့ကို သတိပေးခဲ့သည်။ ဘုရားသခင်သည် လူသား၏ ယုံကြည်ခြင်းကို သက်ဝင်လှုပ်ရှားလာစေရန် ထိုကဲ့သို့သော သတိပေးချက်များကို အသုံးပြုသည်၊ ယင်းသို့ လုပ်ဆောင်ခြင်းဖြင့် သူ၏ အမှု ၌ အောင်မြင်မှုများကို ရရှိသည်။ ဤအတွက်ကြောင့်ပင် ဘုရားသခင်မှ “လူသားသည် အဘယ်အရာကို တတ်စွမ်းနိုင်သနည်း။ ငါကိုယ်တိုင်ပင် ယင်းအရာကို လုပ်ဆောင်သည် မဟုတ်လော” ဟု ပြောခဲ့ခြင်း ဖြစ်သည်။ လူသားမျိုးနွယ် အားလုံးသည် ထိုနည်းနှင်နှင်ပင် ဖြစ်ကြသည်။ သူတို့သည် မတတ်စွမ်းနိုင်ရုံသာမက လွယ်ကူစွာနှင့် အားလျော့တတ်ပြီး စိတ်လည်းပျက်တတ်ကြသည်။ ဤအကြောင်းကြောင့်ပင် သူတို့သည် ဘုရားသခင်အား သိခြင်းငှာ မတတ်စွမ်းနိုင်ကြ။ ဘုရားသခင်သည် လူသား၏ ယုံကြည်ခြင်းကို ရှင်သန်စေရုံသာမက၊ သူသည် လူသားအား လျှို့ဝှက်စွာ ခွန်အားနှင့်လည်း အစဉ်တစိုက် ပြည့်ဝစေသည်။

ထို့နောက် ဘုရားသခင်သည် စကြဝဠာတစ်ဝှမ်းလုံးကို စတင်၍ ပြောကြားသည်။ ဘုရားသခင်သည် သူ၏အမှုကို တရုတ်ပြည်တွင် စတင်ခဲ့သည်သာမက စကြဝဠာအနှံ့အပြားတွင် သူသည် ယနေ့ကာလ၏ အသစ်သောအမှုကို စတင်၍ လုပ်ဆောင်လေသည်။ အမှု၏ ဤအဆင့်တွင် ဘုရားသခင်သည် သူ့အား သစ္စာဖောက်ခဲ့သော လူသားမျိုးနွယ်အားလုံး သူ၏ပလ္လင်ရှေ့မှောက်၌ ဆက်ကပ်အပ်နှံခြင်းဖြင့် ဦးညွှတ်ခြင်းငှာ တစ်ဖန် ပြန်လာကြရန်အတွက် စကြဝဠာအနှံ့အပြားရှိ သူ၏ လုပ်ဆောင်ချက်များ အားလုံးကို ထုတ်ဖော်လိုသည့်အတွက်ကြောင့် ဘုရားသခင်၏ တရားစီရင်မှု အတွင်းတွင် ဘုရားသခင်၏ သနားကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့ ရှိနေသေးသည်။ ဘုရားသခင်သည် လူသားများကို ထိတ်လန့်တုန်လှုပ်မှု ခံစားစေရန် ကမ္ဘာတစ်လွှားမှ လက်ရှိ အဖြစ်အပျက်များကို အခွင့်အလမ်းများအဖြစ် အသုံးပြုပြီး သူတို့အနေဖြင့် ဘုရားသခင်၏ရှေ့မှောက်၌နေဖို့ ပြန်လည်စီးဆင်းနိုင်ရန်အလို့ငှာ ဘုရားသခင်ကို ဖွေရှာရန် သူတို့အား လှုံ့ဆော်လေသည်။ ထို့ကြောင့် ဘုရားသခင်သည် “ဤသည်မှာ ငါ အလုပ်လုပ်သော နည်းလမ်းများထဲမှ တစ်ခုဖြစ်ပြီး လူသားအား ကယ်တင်ခြင်း၏ လုပ်ဆောင်မှုတစ်ခု ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိဘဲ ငါမှ သူ့အား ကမ်းလှမ်းသည့်အရာမှာ ချစ်ခြင်းမေတ္တာ တစ်မျိုးပင် ဖြစ်နေပါသေးသည်” ဟု ပြောခြင်းဖြစ်သည်။ ဘုရားသခင်သည် စူးရှပြီး သူမတူဖြစ်၍ အားမစိုက်ရသော တိကျမှန်ကန်မှုနှင့် လူသား၏ စစ်မှန်သော သဘာဝကို ထုတ်ဖော်သည်။ ဤအရာသည် လူသားကို ရှက်ကြောက်ခြင်းနှင့် သူ၏မျက်နှာကို ဝှက်ထားစေပြီး အဆုံးတိုင်အောင် အရှက်တကွဲ အကျိုးနည်းဖြစ်စေသည်။ ဘုရားသခင် စကားပြောသည့် အချိန်တိုင်းတွင် သူသည် လူသားများ၏ ရှက်ဖွယ်ကောင်းသော ဆောင်ရွက်ချက်၏ အချို့သောကဏ္ဍကို တစ်နည်းနည်းဖြင့် အမြဲပင် ထောက်ပြရန် စီမံသည်။ ထိုသို့အားဖြင့် လူသားသည် အဆင်ပြေနေသည့် အချိန်တွင် မိမိကိုယ်မိမိ သိရှိခြင်းငှာ မေ့လျော့မသွားစေရန်နှင့် မိမိကိုယ်မိမိ သိခြင်းအား ဟောင်းနွမ်းသော တာဝန်တစ်ခုဟူ၍ တွေးထင်ခြင်း မပြုစေရန် ဖြစ်သည်။ လူသား၏ သဘာဝကို သိခြင်းဖြင့် ဘုရားသခင်သည် လူ၏ ချွတ်ယွင်းချက်များကို အခိုက်အတန့်မျှသာ မထောက်ပြဘဲ ရှိမည်ဆိုပါက လူသားသည် အကျင့်ပျက်၍ ထောင်လွှားလာနိုင်သည်။ ထို့ကြောင့် ယနေ့တွင် ဘုရားသခင်မှ “လူသားမျိုးနွယ်— သူတို့အပေါ် ငါအပ်နှင်းခဲ့သော အမည်နာမများကို တန်ဖိုးထားရန်ဝေးစွ၊ ထိုသူတို့အထဲမှ များစွာတို့သည် ‘အစေခံသူများ’ ဟူသော ဂုဏ်ပုဒ်ကြောင့် သူတို့၏ နှလုံးသားများထဲ၌ မကျေချမ်းမှုများကို သိုထားကြပြီး၊ များစွာတို့သည် ‘ငါ၏လူများ’ ဟူသော ဂုဏ်ပုဒ်ကြောင့် သူတို့၏ နှလုံးသားများထဲ၌ ငါ့အတွက် ချစ်ခြင်းမေတ္တာ ပေါက်ဖွားစေကြလေပြီ။ ငါ့အား လှည့်ဖြားရန် မကြိုးစားကြနှင့်၊ ငါ၏မျက်လုံးများသည် အရာအားလုံးကို မြင်တွေ့၍ ထွင်းဖောက်သည်” ဟု ပြောခြင်းဖြစ်သည်။ လူသားသည် ဤမိန့်ဆိုချက်ကို တွေ့မြင်သည်နှင့် တစ်ပြိုင်နက် သူသည် ရုတ်ခြည်းပင် မသက်မသာဖြစ်မှုကို ခံစားရသည်။ သူ၏ အတိတ်က လုပ်ရပ်များသည် အလွန်ပင် မရင့်ကျက်ခဲ့ကြောင်း ခံစားရသည်။ ဘုရားသခင်အား ပုန်ကန်ပြစ်မှားသော ကောက်ကျစ်စဉ်းလဲမှုမျိုး ဖြစ်သည်။ သူသည် မကြာသေးမီက ဘုရားသခင်အား စိတ်ကျေနပ်စေရန် ဆန္ဒရှိခဲ့သည်၊ သို့သော် သူသည် အလွန်တရာမှ ဆန္ဒရှိနေသော်ငြားလည်း သူ့တွင် စွမ်းအား ချို့တဲ့နေပြီး မည်သည့်အရာကို လုပ်ဆောင်သင့်သည်ကို မသိချေ။ မရည်ရွယ်ပါဘဲနှင့် သူသည် အသစ်ပြုပြင်သော စိတ်ပိုင်းဖြတ်မှုနှင့် ပြည့်သည်။ ဤသည်မှာ တစ်ယောက်သောသူသည် အဆင်ပြေနေချိန်တွင် ဤစကားလုံးများအား ဖတ်ရှုခြင်း၏ အကျိုးသက်ရောက်မှု ဖြစ်သည်။

အခြားတစ်ဖက်တွင် ဘုရားသခင်သည် စာတန်မှာ အဆုံးစွန်တိုင်အောင် ရူးနှမ်းသောသူ ဖြစ်သည်ဟု ပြောသည်၊ ထိုစဉ် အခြားတစ်ဖက်တွင်မူ လူသားများ အများစုသည် သူတို့၏ ဟောင်းနွမ်းသော သဘာဝကို ပြောင်းလဲခြင်း မရှိကြဟု သူပြောသည်။ ဤအရာကို ကြည့်ခြင်းဖြင့် စာတန်၏ လုပ်ရပ်များသည် လူသားမှ တစ်ဆင့် သိသာထင်ရှားသည်မှာ ရှင်းလင်းပေသည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားအား စာတန်၏ ဝါးမြိုခြင်းကို ခံရမည်စိုး၍ အကျင့် မပျက်ရန် မကြာခဏ သတိပေးသည်။ ဤသည်မှာ အချို့သော လူသားများသည် ပုန်ကန်ကြလိမ့်မည် ဆိုခြင်းအား ပရောဖက်ပြုနေခြင်းသာ မဟုတ်ဘဲ၊ ယင်းမှာ အတိတ်ကို အလျင်အမြန် ဘေးဖယ်ထားပြီး မျက်မှောက်နေ့ရက်နှင့် သက်ဆိုင်သောအရာကို ဖွေရှာကြရန် လူသားများ အားလုံးကို သတိပေးရန်အလို့ငှာ ထွက်ပေါ်လာနေသော သတိပေးခေါင်းလောင်းလည်း ဖြစ်သည်။ မည်သည့် လူသားကမျှ မာရ်နတ်တို့၏ ပိုင်စိုးမှု သို့မဟုတ် နတ်ဆိုးများ၏ အနိုင်ယူမှုကို ခံရရန် ဆန္ဒမရှိကြပေ၊ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သူတို့အတွက် သာ၍ပင် သတိပေးချက်နှင့် တိုက်တွန်းဆုံးမချက် ဖြစ်လေသည်။ သို့သော်လည်း လူအများစုသည် ဘုရားသခင်၏ နောက်ဆုံးစကား ခပ်သိမ်းကို လွန်စွာ အရေးကြီးသည်ဟု ယူမှတ်ကြရင်း အလွန်ပင် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ရာဖက်သို့ ရွေ့နေကြသောအခါ၊ တစ်ဖန် ဘုရားသခင်သည် “လူအများစုသည် သူတို့မျက်စိအရသာခံနိုင်ရန်အတွက် သာ၍များသော နက်နဲဆန်းကြယ်မှုများကို ထုတ်ဖော်ရန်အတွက် ငါ့အား စောင့်မျှော်နေကြသည်။ သို့သော်လည်း သင်သည် ကောင်းကင်ဘုံ၏ နက်နဲဆန်းကြယ်မှုများအားလုံးကို နားလည်လာသည်ဆိုလျှင် သင်သည် ထိုအသိပညာနှင့် အဘယ်အရာကို ပြုနိုင်မည်နည်း။ ယင်းသည် ငါ့အတွက် သင်၏ချစ်ခြင်းကို တိုးလာစေလိမ့်မည်လော။ ယင်းသည် ငါ့အတွက် သင်၏ချစ်ခြင်းကို နှိုးဆွပေးလိမ့်မည်လော” ဟူ၍ ပြောလေသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဘုရားသခင်အား သိရန် နှင့် ဘုရားသခင်အား ချစ်ရန်အတွက် အသုံးမပြုဘဲ သူ၏ “ဘဏ္ဍာသိုက်” သိုထားရာများကို တိုးလာစေရန်သာ အသုံးပြုသည်မှာ ရှင်းလင်းသည်။ ထို့ကြောင့် လူသား၏ အစွန်းရောက်မှုကို ဖော်ပြရန် ဘုရားသခင်၏ “သူတို့ မျက်စိအရသာ ခံနိုင်ရန်” ဟူသည့် စကားစုကို အသုံးပြုခြင်းမှာ လူသား၏ ဘုရားသခင်အား ချစ်ခြင်းသည် မည်သို့လျှင် အလုံးစုံ သန့်စင်ခြင်း မရှိသေးကြောင်းကို ထင်ဟပ်စေသည်။ အကယ်၍ ဘုရားသခင်သည် နက်နဲဆန်းကြယ်မှုများကို မဖော်ပြခဲ့ပါက လူသားသည် သူ၏ နှုတ်ကပတ်တော်များအပေါ် သိပ်အရေးတကြီး ထားကြလိမ့်မည် မဟုတ်ဘဲ ယင်းအရာတို့ကို မြင်းကျောပေါ်တွင် ဒုန်းစိုင်း၍ စီးနေစဉ် ပန်းများအား နှစ်လိုစွာ ရှုစားသည့်အလား ရိပ်ခနဲအကြည့်တစ်ချက်၊ ဖျတ်ခနဲ အကြည့်တစ်ချက်သာ ပေးပေလိမ့်မည်။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် ဆင်ခြင်သုံးသပ်ရန်နှင့် ချင့်ချိန်တွေးဆရန် အချိန် ယူကြလိမ့်မည် မဟုတ်။ လူအများစုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဧကန်အမှန် ချစ်ခင်မြတ်နိုးခြင်း မရှိကြချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် သူတို့သည် ရှည်ရှည်ဝေးဝေး မလုပ်ဆောင်ဘဲ၊ ထိုအစား ယင်းအရာများကို ဝတ်ကျတမ်းကျေ သာမန်ကာလျှံကာသာ ဖတ်ကြသည်။ အဘယ်ကြောင့် ဘုရားသခင်သည် အတိတ်အချိန်ထက် ကွဲပြားခြားနားသော နည်းလမ်းဖြင့် ယခုတွင် ပြောဆိုရသနည်း။ သာဓကအနေနှင့် “ငါသည် လူများကို ဤအမှတ်တံဆိပ်များနှင့် ပေါ့ပေါ့တန်တန် မည်သည့်အခါမျှ သရဖူ ဆောင်းပေးလိမ့်မည်မဟုတ်” အထဲမှ “သရဖူဆောင်းသည်”၊ “ငါ၏နှုတ်ကပတ်တော်များနှင့် ပြုလုပ်ထားသော အသန့်စင်ဆုံးသော ရွှေစင်ကို မိမိကိုယ်တိုင်ထဲသို့ လက်ခံနိုင်သောသူ တစ်စုံတစ်ယောက် ရှိသလော” အထဲမှ “အသန့်စင်ဆုံးသော ရွှေစင်”၊ ဘုရားသခင်၏ ယခင်က ဖော်ပြချက်ဖြစ်သည့် “စာတန်၏ မည်သည့် ခြယ်လှယ်ခံရခြင်းကိုမျှ ဖြတ်သန်း၍ မသွားဘဲ” အထဲမှ “ခြယ်လှယ်ခံရခြင်း” နှင့် အခြားသော ထိုကဲ့သို့ စကားစုများ ဖြစ်ကြသည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဤနည်းလမ်းဖြင့် ပြောဆိုသည်ကို လူသားတို့ နားမလည်ကြပေ။ သူသည် အဘယ်ကြောင့် ထိုသို့ ဟာသဆန်ပြီး ရယ်မောဖွယ်ရာဖြစ်ကာ စိတ်ဆွပေးသော နည်းဟန်နှင့် ပြောဆိုသည်ကို သူတို့သည် သဘောမပေါက်ကြ။ ဤသည်မှာ ဘုရားသခင် ပြောဆိုချက်၏ ရည်ရွယ်ချက် သရုပ်သကန် အတိအကျပင် ဖြစ်သည်။ အစအဦးကတည်းမှစ၍ ယခုအထိ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည် သဘောပေါက်ခြင်းငှာ အစဉ် အမြဲ မတတ်စွမ်းနိုင်ခဲ့ဘဲ ယင်းအရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဧကန်ပင် အတော်လေးနက်၍ ပြင်းထန်သည့်အလား ထင်ရပေသည်။ ဟာသဉာဉ် အရိပ်အခြေမျှကို ပေါင်းထည့်ပေးခြင်းဖြင့်― ဟိုဟိုသည်သည်အရွှန်းဖောက်ခြင်း အနည်းငယ်ကို ပေါင်းထည့်ပေးခြင်းဖြင့်― သူသည် သူ၏နှုတ်ကပတ်တော်နှင့် သူတို့အား စိတ်လက်ပေါ့ပါးသွားစေနိုင်ပြီး လူသားအား သူတို့၏ ကြွက်သားများကို အတော်အတန် ပြေလျော့စေသည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်သည် သာ၍ပင် ကြီးမြတ်သော အကျိုးသက်ရောက်မှုကို ရရှိနိုင်ပြီး လူသားအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်အား တွေးတောဆင်ခြင်ရန် ဆွဲဆောင်လေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။