စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက် - အခန်း (၂၄) နှင့် (၂၅)

သေချာ ဖတ်ရှုခြင်းမရှိဘဲနှင့်၊ ဤနှစ်ရက်၏ မိန့်မြွက်ချက်များတွင် တစ်ခုတစ်လေကို သတိပြုမိရန် မဖြစ်နိုင်ပေ။ အမှန်တွင်၊ ယင်းတို့ကို တစ်နေ့တည်းတွင် ပြောဆိုပြီးဖြစ်သင့်သော်လည်း၊ ဘုရားသခင်သည် ယင်းတို့ကို နှစ်ရက်ခွဲလိုက်၏။ ဆိုလိုသည်မှာ၊ ဤနှစ်ရက်၏ မိန့်မြွက်ချက်များသည် တစ်ခုတည်းကို ပုံဖော်သော်လည်း၊ ယင်းတို့ကို လူတို့ လက်ခံရန်အတွက် သာ၍ လွယ်ကူစေရန်၊ ဘုရားသခင်သည် လူတို့အား အသက်ရှုခွင့်ပေးရန် ယင်းတို့ကို နှစ်ရက်ခွဲခဲ့ပေသည်။ ယင်းမှာ လူသားအတွက် ဘုရားသခင်၏ စာနာထောက်ထားမှုဖြစ်၏။ ဘုရားသခင်၏အမှုအားလုံးတွင်၊ လူအားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင် နေရာတွင် ၎င်းတို့၏ လုပ်ငန်းဆောင်တာနှင့် တာဝန်ကို ထမ်းဆောင်ကြ၏။ ပူးပေါင်းလုပ်ဆောင်သူမှာ ကောင်းကင်တမန်တစ်ပါး၏ ဝိညာဉ်ရှိသည့် လူများသာ မဟုတ်ပေ။ စာတန်၏ ဝိညာဉ်များအားလုံးက လုပ်ဆောင်ကြသည်နှင့်အမျှ၊ နတ်ဆိုး၏ ဝိညာဉ်ရှိသောသူများကလည်း “ပူးပေါင်းလုပ်ဆောင်ကြ၏”။ ဘုရားသခင်၏ မိန့်မြွက်ချက်များတွင် ဘုရားသခင်၏ အလိုနှင့် လူသားအပေါ် သူ၏သတ်မှတ်ချက်များကို တွေ့ရ၏။ “ငါ၏ပြစ်တင်ဆုံးမမှုသည် လူအားလုံးအပေါ်သို့ ကျရောက်သော်လည်း ယင်းသည် လူအားလုံးမှ ဝေးကွာလျက်လည်း ရှိနေပေသည်။ လူတိုင်း၏ဘဝတစ်ခုလုံးသည် ငါ့အပေါ် ချစ်ခြင်းမေတ္တာနှင့် မုန်းတီးမှုတို့ဖြင့် ပြည့်နေကြ၏” ဟူသော နှုတ်ကပတ်တော်များသည် ဘုရားသခင်က သူနှင့်ပတ်သက်သည့် အသိပညာကို ရရှိဖို့ ဖြစ်စေလျက်၊ လူအပေါင်းတို့ကို ခြိမ်းခြောက်ရန် ပြစ်တင်ဆုံးမခြင်းအား အသုံးပြုသည်ကို ပြသပေသည်။ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ကောင်းကင်တမန်တို့၏ အားနည်းခြင်းတို့ကြောင့် ဘုရားသခင်သည် လူတို့အား ပြစ်တင်ဆုံးမရန် နှုတ်ကပတ်တော်များကိုသာ အသုံးပြုပြီး၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို အသုံးမပြုပေ။ ဖန်ဆင်းခြင်း အချိန်ကတည်းမှ ယနေ့ထိတိုင်၊ ဤသည်မှာ ကောင်းကင်တမန်များနှင့် လူအားလုံးနှင့် စပ်လျဉ်း၍၊ ဘုရားသခင့်အမှု၏ အခြေခံသဘောတရားဖြစ်သည်။ ကောင်းကင်တမန်တို့သည် ဘုရားသခင်နှင့် သက်ဆိုင်သောကြောင့်၊ တစ်နေ့တွင် ၎င်းတို့သည် ဘုရားသခင့်နိုင်ငံတော်၏ နိုင်ငံသားများ ဧကန်မုချ ဖြစ်လာကြမည်ဖြစ်ပြီး၊ ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုကိုခံရပေလိမ့်မည်။ ထိုအတောအတွင်းတွင်၊ အခြားသူအားလုံးသည်လည်း အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်။ စာတန်၏ အမျိုးမျိုးသော ဆိုးယုတ်သည့် ဝိညာဉ်အားလုံးသည် ပြစ်တင်ဆုံးမခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ ဝိညာဉ်မဲ့သူအားလုံးသည် ဘုရားသခင်၏သားများနှင့် လူတို့၏ အုပ်စိုးခြင်းကို ခံကြရလိမ့်မည်။ ယင်းမှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က၊ “ငါ၏နေ့ရက် ရောက်ရှိခြင်းသည် လူသား၏သေဆုံးခြင်း အခိုက်အတန့် အမှန်တကယ် ဖြစ်သလော။ ငါ၏နိုင်ငံတော် ဖြစ်ပေါ်ချိန်တွင် ငါသည် လူသားအား အမှန်တကယ် ဖျက်ဆီးနိုင်မည်လော” ဟု တစ်ချိန်က ပြောခဲ့ခြင်းဖြစ်သည်။ ဤသည်တို့မှာ ရိုးရှင်းသည့် မေးခွန်းနှစ်ခုဖြစ်သော်လည်း၊ ယင်းတို့သည် လူသားမျိုးနွယ်အားလုံး၏ ခရီးပန်းတိုင်အတွက် ဘုရားသခင်၏ အစီအစဉ်များ ဖြစ်ကြ၏။ ဘုရားသခင် ရောက်ရှိသည့်အခါ၊ ယင်းသည် “စကြဝဠာ တစ်ဝန်းလုံးရှိ လူတို့သည် လက်ဝါးကားတိုင်တွင် ဇောက်ထိုး သံမှိုရိုက်နှက်ခံရ” သည့်အချိန် ဖြစ်၏။ ဤသည်မှာ လူအားလုံးအား ဘုရားသခင်၏ တည်ရှိခြင်းကို သိရှိစေရန် ပြစ်တင်ဆုံးမမှုကို အသုံးပြုလျက် လူအားလုံးထံ ဘုရားသခင် ပေါ်လာခြင်း၏ ရည်ရွယ်ချက်ဖြစ်၏။ မြေကြီးပေါ်သို့ ဘုရားသခင် ဆင်းသက်သည့် အချိန်သည် နောက်ဆုံးသောခေတ်၊ ကမ္ဘာမြေပေါ်ရှိ နိုင်ငံများက ၎င်းတို့၏ ထိန်း၍မရဆုံးအခြေအနေတွင် ရှိကြသည့်အချိန် ဖြစ်သောကြောင့်၊ ဘုရားသခင်က၊ “ငါသည် ကမ္ဘာမြေကြီးပေါ်သို့ ဆင်းသက်လာသည့်အခါ၊ ယင်းသည် အမှောင်ထုဖြင့် ဖုံးအုပ်နေကာ လူသားသည် ‘အိပ်မောကျ’ နေ၏” ဟု ပြောခြင်းဖြစ်၏။ ထိုသို့ဖြင့်၊ ယနေ့တွင် လူ့ဇာတိခံ ဘုရားသခင်ကို သိနိုင်စွမ်းရှိသူ လက်တစ်ဆုပ်သာ ရှိပြီး၊ မရှိသလောက် ဖြစ်၏။ ယခုသည် နောက်ဆုံးသောခေတ်ဖြစ်သောကြောင့်၊ လက်တွေ့ကျသော ဘုရားသခင်ကို မည်သူမျှ အမှန်တကယ် မသိရှိဖူးကြသကဲ့သို့၊ လူတို့သည် ဘုရားသခင်နှင့်ပတ်သက်သည့် အပေါ်ယံ အသိတစ်ခုသာ ရှိကြလေသည်။ လူတို့သည် နာကျင်ဖွယ်ရာ စစ်ဆေးခြင်းအလယ်တွင် အသက်ရှင်ကြသည်မှာ ဤအရာကြောင့် ဖြစ်သည်။ လူတို့သည် စစ်ဆေးခြင်းကို စွန့်ခွာချိန်၊ ယင်းသည် ၎င်းတို့ ပြစ်တင်ဆုံးမခံရဖို့ စတင်ချိန်လည်း ဖြစ်ကာ၊ ယင်းသည် လူအားလုံးက သူ့အား ကိုယ်တိုင်ကိုယ်ကျ ရှုမြင်ကြရန်အလို့ငှာ၊ ဘုရားသခင်သည် လူအားလုံးထံ ပေါ်ထွန်းသော အချိန်လည်း ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်ကြောင့်၊ လူတို့သည် ဘေးဒုက္ခထဲသို့ ကျရောက်ကာ မိမိတို့ကိုယ်ကိုယ် မလွတ်မြောက်စေနိုင်ကြချေ- ဤသည်မှာ အဆင်းနီသောနဂါးကြီးအား ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းဖြစ်ပြီး၊ သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့် ဖြစ်၏။ နွေဦး၏ နွေးထွေးမှုရောက်ရှိကာ ပန်းများ ပွင့်လန်းချိန်၊ ကောင်းကင်အောက်ရှိ အရာအားလုံးသည် အစိမ်းရောင်ဖြင့် ဖုံးလွှမ်းခံရကာ မြေကြီးပေါ်ရှိ အရာခပ်သိမ်း နေရာတကျရှိသည့်အချိန်တွင်၊ လူအားလုံးနှင့် အရာခပ်သိမ်းတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းထဲသို့ တဖြည်းဖြည်း ဝင်ရောက်ကြမည်ဖြစ်ပြီး ထိုအချိန်တွင် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏အမှုအားလုံး အဆုံးသတ်လိမ့်မည်။ ဘုရားသခင်၏ ကြီးမြတ်သော အမှုသည် ပြီးမြောက်ပြီးဖြစ်လိမ့်မည် ဖြစ်သည့်အတွက်၊ ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် အမှုပြုတော့မည်မဟုတ်၊ သို့မဟုတ် အသက်ရှင်တော့မည် မဟုတ်ပေ။ လူတို့သည် ဤတိုတောင်းသော အချိန်အတွက်၊ ၎င်းတို့၏ဇာတိပကတိကို မေ့ထားနိုင်စွမ်း မရှိသလော။ မည်သည့်အရာများက လူသားနှင့် ဘုရားသခင်ကြားက ချစ်ခြင်းမေတ္တာကို ခွဲခြမ်းနိုင်သနည်း။ လူသားနှင့် ဘုရားသခင်ကြားက ချစ်ခြင်းမေတ္တာကို မည်သူသည် တခြားစီ ဆွဲဖြဲနိုင်သနည်း။ မိဘများ၊ ခင်ပွန်းများ၊ ညီအစ်မများ၊ ဇနီးများ သို့မဟုတ် နာကျင်ဖွယ်ရာ စစ်ဆေးမှုလော။ လူသားတွင်းရှိ ဘုရားသခင်၏ပုံရိပ်ကို အသိစိတ် ခံစားချက်များက ဖယ်ရှားပစ်နိုင်သလော။ လူတို့ အချင်းချင်းအပေါ် ကျေးဇူးတင်ရှိမှုနှင့် လုပ်ရပ်များသည် ၎င်းတို့ကိုယ်တိုင်၏ လုပ်ဆောင်ချက်လော။ ၎င်းတို့ကို လူသားက ပြုပြင်နိုင်သလော။ မည်သူသည် မိမိကိုယ်ကိုယ် ကာကွယ်နိုင်သနည်း။ လူတို့သည် မိမိတို့ကိုယ်ကိုယ် ထောက်ပံ့ပေးနိုင်သလော။ ဘဝတွင် သန်မာသူများမှာ အဘယ်သူများဖြစ်သနည်း။ မည်သူသည် ငါ့ကို စွန့်ခွာပြီး၊ မိမိတို့ဘာသာ အသက်ရှင်နိုင်သနည်း။ အဖန်တလဲလဲ၊ ဘုရားသခင်သည် လူအားလုံးအား မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခြင်းအမှုကို ဆောင်ရွက်ရန် အဘယ်ကြောင့် တောင်းဆိုသနည်း။ အဘယ်ကြောင့်၊ ဘုရားသခင်က၊ “မည်သူ၏အခက်အခဲကို ၎င်းတို့ကိုယ်တိုင်၏ လက်များဖြင့် စီစဉ်ထားပြီးလေပြီနည်း” ဟု ဆိုသနည်း။

လက်ရှိအချိန်တွင်၊ စကြဝဠာတစ်ဝန်းလုံးတွင် အမှောင်ညရှိပြီး၊ လူတို့သည် ထုံထိုင်းကာ နုံအနေကြသော်လည်း၊ နာရီလက်တံတို့သည် အစဉ် ရှေ့သို့ တချက်ချက်မြည်နေသည်၊ မိနစ်နှင့်စက္ကန့်တို့ မရပ်တန့်သကဲ့သို့၊ ကမ္ဘာမြေ၊ လနှင့် နေတို့၏ လည်ပတ်မှုများသည် တိုး၍ မြန်လာကြ၏။ ၎င်းတို့၏ ခံစားချက်များတွင်၊ လူတို့သည် နေ့ရက်က အလှမ်းမဝေးတော့ဟု ယုံကြည်ကြသည်။ ယင်းမှာ ၎င်းတို့၏ နောက်ဆုံးနေ့ရက်သည် ၎င်းတို့၏ မျက်စိရှေ့တွင် ရှိသည့်အလား ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ သေဆုံးခြင်းတွင် ရည်ရွယ်ချက်တစ်ခု အထမြောက်စေရန်အလို့ငှာ၊ ၎င်းတို့ကိုယ်တိုင်၏ သေဆုံးချိန်အတွက် အရာရာကို မရပ်မနား ပြင်ဆင်ကြ၏။ သို့မဟုတ်ပါက ၎င်းတို့သည် အချည်းနှီး အသက်ရှင်ကြပြီး ဖြစ်ပေမည်။ ယင်းမှာ နောင်တရစရာ ဖြစ်မည် မဟုတ်လော။ ဘုရားသခင်သည် လောကကို အမြစ်ဖြတ်သုတ်သင်သည့်အခါ၊သူသည် နိုင်ငံတို့၏ ပြည်တွင်းရေး အပြောင်းအလဲများဖြင့် စတင်၏၊ ယင်းမှ အာဏာသိမ်းမှုများ ဖြစ်ပွားပေသည်။ ထိုသို့ဖြင့်၊ ဘုရားသခင်သည် စကြဝဠာတစ်ဝန်းလုံးတွင် လူတို့၏အစေခံမှုကို ဆော်သြစည်းရုံးသည်။ အဆင်းနီသောနဂါးကြီး ရစ်ခွေ လှဲလျောင်းရာ မြေသည် သက်သေ သာဓကနှင့် ထင်ရှားစေသော နယ်မြေဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အတွင်းတွင် ယင်းသည် အစိတ်စိတ်အမြွှာမြွှာ ကွဲလေသည်၊ ယင်း၏ ပြည်တွင်းရေးရာများ ပရမ်းပတာဖြစ်ခြင်းထဲသို့ ရောက်ရှိသွားသည်၊ အယောက်တိုင်းက၊ လကမ္ဘာသို့ ထွက်ပြေးရန် ပြင်ဆင်လျက်၊ မိမိကိုယ်ကိုယ် ခုခံကာကွယ်ရေးအမှုကို လုပ်ဆောင်ကြ၏— သို့ရာတွင် ၎င်းတို့သည် ဘုရားသခင့်လက်၏ အုပ်စိုးမှုကို မည်သို့လွတ်မြောက်နိုင်မည်နည်း။ လူတို့သည် “၎င်းတို့ကိုယ်တိုင်၏ ခါးသီးသောခွက်မှ သောက်”ကြမည်ဟု ဘုရားသခင် ပြောထားသည့်အတိုင်းသာ ဖြစ်သည်။ ပြည်တွင်း ပဋိပက္ခဖြစ်ချိန်သည် ဘုရားသခင် ကမ္ဘာမြေကြီးမှ ထွက်ခွာချိန် အတိအကျဖြစ်သည်။ ဘုရားသခင်သည် အဆင်းနီသောနဂါးကြီး၏နိုင်ငံတွင် ဆက်နေလိမ့်မည် မဟုတ်သကဲ့သို့၊ ကမ္ဘာမြေကြီးပေါ်ရှိ သူ၏အမှုကို ချက်ချင်း အဆုံးသတ်လိမ့်မည်။ ယင်းမှာ အချိန်သည် ကုန်လွန်ပြီး၊ သိပ်မကျန်တော့ဟု ပြောနိုင်၏။ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ သဘောသွားမှ၊ ဘုရားသခင်သည် စကြဝဠာတစ်ဝန်းလုံးရှိ အားလုံး၏ ခရီးပန်းတိုင်နှင့် သက်ဆိုင်၍ ပြောဆိုနှင့်ပြီးဖြစ်သကဲ့သို့၊ သူသည် ကျန်သည့်အပိုင်းအတွက် အခြားဘာမျှ ပြောစရာမရှိသည်ကို တွေ့နိုင်၏။ ဤသည်မှာ လူသားထံ ဘုရားသခင် ထုတ်ဖော်ပြသည့်အရာဖြစ်သည်။ ဘုရားသခင်က၊ “ငါ၏ အမြင်တွင် လူသားသည် အရာခပ်သိမ်း၏ အုပ်စိုးသူဖြစ်၏။ ငါသည် သူ့အား မြေကြီးပေါ်ရှိ အရာခပ်သိမ်း- တောင်များပေါ်ရှိမြက်များ၊ တောများအလယ်ရှိ တိရစ္ဆာန်များနှင့် ရေထဲရှိငါးများ- ကို စီမံခန့်ခွဲခွင့်ပေးရင်း၊ နည်းပါးသည့် ဩဇာအာဏာ ပမာဏကို သူ့အား ငါမပေးလေပြီ” ဟုပြောသည်မှာ လူသားကို ဖန်ဆင်းရာတွင် ဘုရားသခင်၏ ရည်မှန်းချက်ကြောင့် ဖြစ်သည်။ ဘုရားသခင်သည် လူသားကို ဖန်ဆင်းခဲ့ချိန်တွင်၊ လူသားသည် အရာခပ်သိမ်း၏ ဆရာသခင်ဖြစ်မည်ဟု သူ ကြိုတင်ခွဲခန့်မှတ်သားထားခဲ့၏— သို့ရာတွင် လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရသောကြောင့်၊ သူ၏ဆန္ဒရှိသည့်အတိုင်း အသက်မရှင်နိုင်ပေ။ ဤအရာက “(လူသား၏) အသက်တာတစ်ခုလုံးသည် မချိတင်ကဲ ဝေဒနာနှင့် ဟိုသည် ပြေးလွှားသည့်၊ အနှစ်သာရကင်းမဲ့ခြင်းသို့ အပျော်အပါး ဖြည့်စွက်သည့် အသက်တာတစ်ခု ဖြစ်သည်” ဟူသည့် ရလဒ်နှင့်အတူ လူတို့သည် သားရဲများနှင့် မခြားသကဲ့သို့၊ တောင်များသည် မြစ်များနှင့် ရောနှောသွားပြီးဖြစ်သည့်၊ ယနေ့လောကသို့ ဆိုက်ရောက်စေပြီး ဖြစ်သည်။ လူသား၏ဘဝအဖို့ အဓိပ္ပာယ်မရှိသောကြောင့်၊ ပြီးလျှင် ဤသည်မှာ လူသားကို ဖန်ဆင်းရာတွင် ဘုရားသခင်၏ရည်မှန်းချက် မဟုတ်သောကြောင့်၊ ကမ္ဘာလောကတစ်ခုလုံးသည် နောက်ကျိလာပြီး ဖြစ်သည်။ ဘုရားသခင်သည် စကြဝဠာတစ်ခုလုံးအား အစီအစဉ်တကျ ထားရှိသည့်အခါ၊ လူအားလုံးသည် လူ့ဘဝကို တွေ့ကြုံခံစားဖို့ တရားဝင် စတင်မည်ဖြစ်ပြီး၊ ထိုအခါမှသာ ၎င်းတို့၏ဘဝသည် အဓိပ္ပာယ်စတင်ရှိလာလိမ့်မည်။ လူတို့သည် ဘုရားသခင်မှ ၎င်းတို့အား ပေးထားသည့် သြဇာအာဏာကို စတင်အသုံးပြုကြလိမ့်မည်ဖြစ်ပြီး၊ အရာခပ်သိမ်းရှေ့တွင် ၎င်းတို့၏သခင်အဖြစ် တရားဝင် ထွက်ပေါ်လိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် မြေကြီးပေါ်တွင် ဘုရားသခင်၏လမ်းပြမှုကို လက်ခံကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို မနာခံဘဲ ရှိလိမ့်မည်မဟုတ်တော့ဘဲ၊ ထိုအစား၊ ဘုရားသခင်အား နာခံကြလိမ့်မည်။ သို့ရာတွင် ယနေ့လူတို့သည် ယင်းနှင့် များစွာ အလှမ်းဝေး၏။ ၎င်းတို့သည် လုပ်ဆောင်ဖူးသမျှမှာ ဘုရားသခင်မှတစ်ဆင့် “အဓမ္မနည်းဖြင့် ငွေရှာခြင်း” ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်က၊ “လူသားအပေါ် ငါပြုသည့် အမှုသည် ၎င်းအဖို့ လုံးဝအကျိုးမရှိလေသလော” ဆိုသကဲ့သို့သော မေးခွန်းတသီတတန်း မေး၏။ ဘုရားသခင်သည် ဤမေးခွန်းများကို မမေးခဲ့ပါက၊ မည်သည့်အရာမျှ ဖြစ်ပျက်လိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ထိုသို့သောအရာများကို သူမေးသည့်အခါ၊ ၎င်းတို့၏ အသိစိတ်များတွင် ကျေးဇူးကြွေးတင်ရှိခြင်း ရှိနေကာ၊ ၎င်းတို့သည် ဘုရားသခင်အတွက် စစ်စစ် မဟုတ်ဘဲ ၎င်းတို့ကိုယ်တိုင်အတွက်သာ ဖြစ်သည့်အတွက်၊ လူအချို့သည် မြဲမြံစွာ မရပ်တည်နိုင်ကြပေ။ အရာရာ၏ အလုံးစုံသည် အနှစ်သာရကင်းမဲ့၏၊ သို့ဖြစ်၍၊ ဤလူတို့နှင့် “ဘာသာတရားတိုင်း၊ လူမှုအဖွဲ့အစည်း နယ်ပယ်တိုင်း၊ တိုင်းနိုင်ငံတိုင်းနှင့် ဂိုဏ်းဂဏတိုင်း၏ လူများအားလုံးသည် ကမ္ဘာမြေကြီးပေါ်ရှိ အနှစ်သာရကင်းမဲ့မှုကို သိကြကာ၊ ၎င်းတို့အားလုံးသည် ငါ့ကိုရှာဖွေပြီး၊ ငါ၏ ပြန်လာခြင်းကို စောင့်ဆိုင်းကြ၏။” ဘုရားသခင်က အနှစ်သာရကင်းမဲ့သည့် ခေတ်ဟောင်းကို အဆုံးသတ်ရန်အလို့ငှာ၊ ဘုရားသခင်၏ ပြန်လာခြင်းကို လူအားလုံး တမ်းတကြသော်လည်း၊ ဘေးဒုက္ခထဲသို့ ကျရောက်မည်ကိုလည်း ၎င်းတို့ စိုးရိမ်ကြ၏။ ဘာသာရေးလောက တစ်ရပ်လုံးသည် လူသူကင်းမဲ့လျက် ကျန်ရစ်ကာ၊ အားလုံး၏ မသိကျိုးကျွန်ပြုခြင်း ခံရလိမ့်မည်။ ၎င်းတို့သည် လက်တွေ့အရှိတရားကင်းမဲ့ပြီး၊ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်မှုသည် မရေရာသကဲ့သို့ စိတ်ကူးသက်သက် ဖြစ်သည်ကို ၎င်းတို့ နားလည်ကြလိမ့်မည်။ လူမှုအသိုင်းအဝိုင်း နယ်ပယ်တိုင်းမှ လူတို့သည်လည်း လူစုကွဲသွားကြမည်ဖြစ်ပြီး၊ တိုင်းနိုင်ငံတိုင်းနှင့် ဂိုဏ်းဂဏတိုင်းသည် ဝရုန်းသုန်းကား အခြေအနေထဲသို့ စတင်ကျရောက်ကြလိမ့်မည်။ အချုပ်အားဖြင့်၊ အရာခပ်သိမ်း၏ ပုံမှန်ဖြစ်မှုသည် တစ်စစီ ပြိုကွဲမည်၊ အားလုံးသည် ၎င်း၏ပုံမှန်အခြေအနေ ပျောက်ဆုံးလိမ့်မည်၊ ထို့ကြောင့် လူတို့သည်လည်း ၎င်းတို့၏စစ်မှန်သော စရိုက်များကို ထုတ်ဖော်ပြကြလိမ့်မည်။ ထို့ကြောင့်၊ ဘုရားသခင်က “ငါသည် လူသားအား ကြိမ်ဖန်များစွာ အော်ခေါ်ခဲ့သော်လည်း တစ်ဦးတစ်လေက သနားကရုဏာ ခံစားဖူးသလော။ တစ်ဦးတစ်လေသည် လူ့သဘာဝတွင် အသက်ရှင်ဖူးသလော။ လူသားသည် ဇာတိပကတိ၌ အသက်ရှင်ကောင်း အသက်ရှင်နိုင်သော်လည်း၊ သူသည် လူ့သဘာဝ မရှိပေ။ သူသည် တိရစ္ဆာန်တိုင်းပြည်တွင် မွေးဖွားခဲ့လေသလော” ဟု ပြောခြင်းဖြစ်သည်။ လူသားအလယ်တွင် အပြောင်းအလဲသည်လည်း ဖြစ်ပေါ်နေပြီး၊ ဤအပြောင်းအလဲကြောင့်၊ အသီးသီးသည် အမျိုးအစားအလိုက် ခွဲခြားခံရ၏။ ဤသည်မှာ နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ အမှု ဖြစ်ပြီး၊ ဤသည်မှာ နောက်ဆုံးသောကာလ၏ အမှုက စွမ်းဆောင်ရရှိမည့် အကျိုးတရား ဖြစ်သည်။ ဘုရားသခင်သည် လူသား၏အနှစ်သာရနှင့်သက်ဆိုင်၍ သာ၍ရှင်းလင်းစွာ ပြောဆိုပြီး၊ ထို့ကြောင့် သူ့အမှု၏အဆုံးသည် သာ၍နီးကပ်လာသည့်အပြင် ဘုရားသခင်သည် လူတို့ထံမှ သာ၍ ကွယ်ဝှက်သည်ကို သက်သေပြ၏၊ ယင်းက ၎င်းတို့အား သာ၍ အနေရခက်စေခဲ့သည်။ လူတို့သည် ဘုရားသခင်၏အလိုကို လိုက်နာမှုနည်းလေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုကို အာရုံစိုက်မှု နည်းလေလေဖြစ်၏၊ ဤအရာက ၎င်းတို့အား နှောင့်ယှက်မှုမှ တားဆီး၏၊ ထို့ကြောင့် ဘုရားသခင်သည် မည်သူမျှ အာရုံစိုက်မနေသည့်အချိန်တွင်၊ သူရည်ရွယ်သည့်အမှုကို ပြုလေ၏။ ဤသည်မှာ ခေတ်ကာလများတစ်လျှောက် ဘုရားသခင့်အမှု၏ အခြေခံသဘောတရားတစ်ရပ် ဖြစ်၏။ သူသည် လူတို့၏အားနည်းချက်များအပေါ် စာနာထောက်ထားမှု နည်းလေလေ၊ ထိုသို့ဖြင့် ဘုရား၏ ဘုရားသဘာဝက ပိုမိုပေါ်လွင်ထင်ရှားလေလေ ဖြစ်သည်မှာ သိသာပြီး၊ ထို့ကြောင့် ဘုရားသခင်၏နေ့ရက်သည် သာ၍နီးကပ်လာလေလေ ဖြစ်၏။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။