စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက် - အခန်း (၆)

လူတို့သည် ဘုရားသခင်၏ မိန့်မြွက်ချက်များကို ဖတ်ရှုချိန်တွင် ကြက်သေသေသွားကြပြီး၊ ဘုရားသခင်သည် ဝိညာဉ်လောကတွင် ကြီးမားသော လုပ်ဆောင်ချက်တစ်ခု၊ လူသား မတတ်စွမ်းနိုင်သကဲ့သို့ ဘုရားသခင်ကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ပြီးမြောက်ရမည့် အရာတစ်ခုကို ဆောင်ရွက်ပြီး ဖြစ်သည်ဟု ၎င်းတို့ တွေးကြလေသည်။ ထို့ကြောင့် ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် သည်းခံခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်များ နောက်တစ်ကြိမ် ပြောဆိုလေသည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဝိရောဓိ ဖြစ်သွားကြသည်- “ဘုရားသခင်သည် သနားကရုဏာနှင့် မေတ္တာကျေးဇူးတော် ရှိသည့် ဘုရားသခင်တစ်ပါး မဟုတ်ပါ။ သူသည် လူသားကို ဒဏ်သာခတ်သည့် ဘုရားသခင် တစ်ပါး ဖြစ်သည်။ သူသည် ကျွန်ုပ်တို့အပေါ် အဘယ်ကြောင့် သည်းခံနေသနည်း။ ဘုရားသခင်သည် နောက်တစ်ဖန် နည်းစနစ် ပြောင်းလဲပြီး ဖြစ်နိုင်မည်လော။” ဤအယူအဆ၊ ဤအတွေးများသည် ၎င်းတို့၏စိတ်နှလုံးများထဲသို့ ဝင်ရောက်သည့်အချိန်တွင် ၎င်းတို့သည် အစွမ်းကုန် ယင်းကို ဆန့်ကျင်ရုန်းကန်ကြသည်။ သို့သော်ငြားလည်း ဘုရားသခင်၏အမှုသည် အချိန်ကာလတစ်ချို့ကြာ ရှေ့ဆက်သည့်နောက်တွင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် အသင်းတော်ထဲတွင် ကြီးမားသော အလုပ်ကို လုပ်ဆောင်ပြီး၊ အယောက်တိုင်းသည် ၎င်းတို့၏ လုပ်ငန်းဆောင်တာကို စတင် ထမ်းဆောင်ကြသည်၊ ဘုရားသခင် ပြောဆိုကာ လုပ်ဆောင်သည့်အရာ၌ မည်သည့် အပြစ်အနာအဆာကိုမျှ မည်သူမျှ မတွေ့မြင်ကြသည့်အတွက်၊ လူသားအားလုံးသည် ဘုရားသခင်၏ နည်းစနစ်ထဲသို့ ဝင်ရောက်ကြလေသည်။ ဘုရားသခင်၏ နောက်အဆင့်က မည်သည့်အရာ အတိအကျ ဖြစ်မည် ဆိုသည်အတွက်မူ၊ မည်သူမျှ အရိပ်အမြွက် ရေးရေးမျှ မသိကြချေ။ ဘုရားသခင်က၊ “ကောင်းကင်အောက်ရှိသူအားလုံးတွင် မည်သူသည် ငါ၏ လက်တွင် မရှိသနည်း။ ငါ၏လမ်းပြမှုနောက်လိုက်၍ မည်သူ မပြုမူသနည်း။” ဟု ပြောဆိုပြီးသည့်အတိုင်း ဖြစ်သည်။ သို့သော် ငါသည် သင်တို့ကို အကြံဉာဏ်အချို့ ပေး၏- သင်တို့အဖို့ မရှင်းလင်းသော ကိစ္စရပ်များတွင် သင်တို့ထဲမှ မည်သူမျှ မည်သည့်အရာကိုမျှ မပြောဆိုရ သို့မဟုတ် မလုပ်ဆောင်ရ။ သင်၏ စိတ်အားထက်သန်မှုကို လျော့စေဖို့ ဤအရာကို ငါ ပြောသည် မဟုတ်ဘဲ၊ သင်၏ လုပ်ရပ်များတွင် ဘုရားသခင်၏လမ်းပြမှုနောက် သင့်ကို လိုက်ခွင့်ပေးရန် ဖြစ်သည်။ “အပြစ်အနာအဆာများ” အကြောင်း ငါ၏ ဖော်ပြပြောဆိုခြင်းအတွက် သင်သည် မည်သည့်အကြောင်းနှင့်မျှ စိတ်မပျက် အားမလျော့သင့်ပေ သို့မဟုတ် သံသယဝင် မလာသင့်ပေ။ ငါ၏ရည်မှန်းချက်မှာ အဓိကအားဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို အာရုံစိုက်ဖို့ သင်တို့ကို သတိပေးရန် ဖြစ်သည်။ လူတို့သည် “လူများအားလုံးသည် ငါ၏ မျက်မှောက်၌ ငါ့အား စိတ်ကျေနပ်စေနိုင်ရန်အလို့ငှာ ဝိညာဉ်တော် အရေးကိစ္စများကို ထိုးထွင်းသိမြင်လော့၊ ငါ၏နှုတ်ကပတ်တော်များကို အာရုံစိုက်လော့၊ ပြီးလျှင် ငါ၏ဝိညာဉ်တော်နှင့် ငါ၏ဖြစ်ခြင်း၊ ငါ၏နှုတ်ကပတ်တော်နှင့် ငါ၏ဖြစ်ခြင်းတို့ကို ခွဲခြမ်း၍ မရနိုင်သည့် တစ်လုံးတစ်ဝတည်းအဖြစ် အမှန်တကယ် သဘောထားနိုင်စွမ်းရှိလော့၊” ဟု ဆိုသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသောအခါတွင်၊ တစ်ဖန် ကြက်သေသေသွားကြသည်။ ယမန်နေ့တွင် ၎င်းတို့သည် သတိပေးခြင်း နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ သည်းခံခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်များကို ဖတ်ရှုနေခဲ့ကြသည်- သို့သော် ယနေ့တွင် ဘုရားသခင်သည် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို ရုတ်တရက် ပြောဆိုနေလေသည်။ မည်သည့်အရာ ဖြစ်နေပါသနည်း။ ဘုရားသခင်သည် သူ စကားပြောသည့် နည်းစနစ်ကို အဘယ်ကြောင့် ပြောင်းလဲမြဲ ပြောင်းလဲနေပါသနည်း။ ဤအရာအားလုံးကို အဘယ်ကြောင့် ခွဲခြမ်း၍ မရနိုင်သော အရာတစ်ခုတည်းအဖြစ် သဘောထား ရမည်နည်း။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လက်တွေ့မကျသောကြောင့် ဖြစ်နိုင်သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာ၍ သေချာစွာ ဖတ်ရှုပြီးသည့်နောက်တွင်၊ ဘုရားသခင်၏ လူ့ဇာတိနှင့် ဝိညာဉ်တို့ကို ခွဲခြားခံရသည့်အချိန်တွင်၊ လူ့ဇာတိသည် သွေးသားဆိုင်ရာ ပင်ကိုအရည်အချင်းများဖြင့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တစ်ခု- လမ်းလျှောက်နေသော အလောင်းကောင်ဟု လူတို့ ရည်ညွှန်းကြသည့်အရာ- ဖြစ်လာသည်ကို တွေ့ရပေသည်။ လူ့ဇာတိခံ ဇာတိခန္ဓာသည် ဝိညာဉ်တော်မှ လာပေသည်။ သူသည် ဝိညာဉ်တော်၏ ပြယုဂ်၊ နှုတ်ကပတ်တော် လူ့ဇာတိခံယူခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်ကိုယ်တော်တိုင် လူ့ဇာတိ၌ အသက်ရှင်ပေသည်။ ယင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို သူ၏ ဖြစ်တည်ခြင်းမှ ခွဲခြားခြင်းနှင့် ဆိုင်သည့် တည်ကြည်လေးနက်မှု ဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ သူ့ကို “လူသား” ဟုခေါ်သော်လည်း၊ သူသည် လူသားမျိုးနွယ်နှင့် မသက်ဆိုင်ပေ။ သူသည် လူသား၏ ပင်ကို အရည်အချင်းများ မရှိပေ။ သူသည် ဘုရားသခင်က ကိုယ်တိုင် ယူတင်ဝတ်ဆင်သော ဖြစ်တည်မှု၊ ဘုရားသခင် လက်ခံသော ဖြစ်တည်မှု ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်၏ဝိညာဉ်တော်ကို သရုပ်ထင်စေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူ့ဇာတိ၌ တိုက်ရိုက် ထုတ်ဖော်ပြထားသည်- ထို့အပြင် ယင်းက ဘုရားသခင်သည် လူ့ဇာတိ၌ အသက်ရှင်ပြီး၊ ပို၍ လက်တွေ့ကျသော ဘုရားသခင် ဖြစ်သည်ကို ပြသပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ တည်ရှိခြင်းကို သက်သေပြပြီး၊ ဘုရားသခင်အပေါ် လူသား၏ ပုန်ကန်ခြင်းခေတ်ကို အဆုံးသတ်စေလေသည်။ ဘုရားသခင်ကို သိကျွမ်းခြင်း လမ်းကြောင်းကို လူတို့အား ပြောပြပြီးသည့်နောက်၊ ဘုရားသခင်သည် ကိစ္စရပ်၏ အခြားတစ်ဖက်ကို လှည့်ရင်း အကြောင်းအရာကို နောက်တစ်ဖန် ပြောင်းလဲလေသည်။

“လူသားအလယ် ချိုမြိန်မှု နှင့် ခါးသီးမှုတို့ကို မြည်းစမ်းရင်း၊ ငါသည် ခြေချစရာ အားလုံးအပေါ် ခြေချပြီးဖြစ်သည်၊ ကျယ်ပြောသော စကြဝဠာ တစ်ခွင်လုံးကို ငါသည် ကြည့်ခဲ့၊ ပြီးလျှင် လူတို့အကြား ငါ လျှောက်ခဲ့ပြီးဖြစ်သည်။” ရိုးရှင်းသော်လည်း၊ ဤနှုတ်ကပတ်တော်များကို လူသားမျိုးနွယ်က အလွယ်တကူ နားမလည်ပေ။ အကြောင်းအရာ ပြောင်းလဲပြီးဖြစ်သော်လည်း၊ အနှစ်သာရအားဖြင့် ယင်းမှာ တူညီဆဲ ဖြစ်သည်- ယင်းက လူတို့ကို လူ့ဇာတိခံ ဘုရားသခင်ကို သိစေနိုင်ဆဲ ဖြစ်သည်။ ဘုရားသခင်က လူသားအလယ် ချိုမြိန်မှု နှင့် ခါးသီးမှုတို့ကို မြည်းစမ်းပြီး ဖြစ်သည်ဟု အဘယ်ကြောင့် ဆိုသနည်း။ လူတို့အကြား ငါလျှောက်ခဲ့ပြီး ဖြစ်သည်ဟု အဘယ်ကြောင့် သူဆိုသနည်း။ ဘုရားသခင်သည် ဝိညာဉ်ဖြစ်ပြီး၊ သူသည် လူ့ဇာတိခံ ဖြစ်တည်မှုလည်း ဖြစ်သည်။ လူ့ဇာတိခံ ဖြစ်တည်မှု၏ အကန့်အသတ်များဖြင့် နှောင်ဖွဲ့ခြင်း မခံရသော ဝိညာဉ်တော်သည် ခြေချစရာ အားလုံးအပေါ် ခြေချနိုင်ပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်က စကြဝဠာတစ်ခွင်လုံးကို ပြည့်စေကြောင်း၊ ကမ္ဘာမြေကြီးကို ဝင်ရိုးစွန်းတစ်ခုမှ တစ်ခုသို့ လွှမ်းခြုံကြောင်း၊ ဘုရားသခင်၏ လက်တော်က မစီစဉ်ထားသော အရာတစ်ခုမျှ မရှိကြောင်းနှင့် ဘုရားသခင်၏ ခြေရာကို တွေ့နိုင်သည့်နေရာ မည်သည့်နေရာမျှ မရှိကြာင်းကို ပြသလျက်၊ ဝိညာဉ်တော်က ကျယ်ပြောသော စကြဝဠာတစ်ခွင်လုံးကို ကြည့်နိုင်ပေသည်။ ဝိညာဉ်တော်သည် လူ့ဇာတိခံလာပြီးဖြစ်ကာ လူသားအဖြစ် မွေးဖွားပြီးဖြစ်သော်လည်း၊ ဝိညာဉ်တော်၏ တည်ရှိခြင်းက လူသား လိုအပ်ချက်များ အားလုံးကို မငြင်းဆိုပေ။ ပုံမှန်ကဲ့သို့ ဘုရားသခင်၏ ဖြစ်တည်ခြင်းက အစာစားသည်၊ မိမိကိုယ်ကိုယ် ဝတ်ဆင်သည်၊ အိပ်စက်ပြီး နေထိုင်ကာ ပုံမှန်အနေဖြင့် လူတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်လေသည်။ သို့သော် သူ၏ အတွင်းအနှစ်သာရ ကွဲပြားသောကြောင့်၊ သူသည် ပြောဆိုထားသည့် “လူသား”နှင့် မတူပေ။ သူသည် လူသားမျိုးနွယ် အလယ်တွင် ဒုက္ခဆင်းရဲ ခံရသော်လည်း၊ ဤဆင်းရဲဒုက္ခကြောင့် သူသည် ဝိညာဉ်တော်ကို မစွန့်ပစ်ပေ။ သူသည် ကောင်းချီးခံစား ရသော်လည်း၊ ဤကောင်းချီးမင်္ဂလာကြောင့် ဝိညာဉ်တော်ကို သူ မမေ့လျော့ပေ။ ဝိညာဉ်တော်နှင့် ဖြစ်တည်မှုတို့သည် တိတ်တဆိတ် အတိုင်အဖောက်ညီစွာဖြင့် အမှု ပြုကြသည်။ ဖြစ်တည်မှုသည် ဝိညာဉ်တော်၏ ပြယုဂ် ဖြစ်သည့်အတွက်၊ သူသည် ဝိညာဉ်တော်၊ ပုံသဏ္ဌာန်ရှိသည့် ဝိညာဉ်တော်မှ လာသည့်အတွက်၊ ဝိညာဉ်တော်နှင့် ဖြစ်တည်မှုတို့ကို ခွဲ၍ မရနိုင်သကဲ့သို့၊ ၎င်းတို့သည် မည်သည့်အခါမျှ အခွဲမခံရဖူးပေ။ ထို့ကြောင့် လူ့ဇာတိ၌ရှိသည့် ဝိညာဉ်တော်အတွက် ထူးကဲ သာလွန်ခြင်းမှာ မဖြစ်နိုင်ပေ။ ဆိုလိုသည်မှာ ဝိညာဉ်တော်သည် သဘာဝလွန် အမှုအရာများကို ပြုနိုင်စွမ်းမရှိပေ၊ ယင်းမှာ ဝိညာဉ်တော်သည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှ ထွက်ခွာ၍ မရနိုင်ဟု ဆိုရပေမည်။ အကယ်၍ သူ အသွေးအသား ခန္ဓာကိုယ်မှ ထွက်ခွာခဲ့ပါက၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် အဓိပ္ပာယ် အားလုံး ဆုံးရှုံးပေမည်။ ဝိညာဉ်တော်ကို ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၌ အပြည့်အဝ ထုတ်ဖော်ပြသည့်အခါမှသာ၊ လူသားသည် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင်ကို သိရှိနိုင်ပြီး၊ ထိုအခါမှသာ ဘုရားသခင်၏အလိုကို စွမ်းဆောင် ရရှိပေလိမ့်မည်။ လူသားထံ ဝိညာဉ်တော်နှင့် လူ့ဇာတိကို သီးခြား မိတ်ဆက် ပြီးသည့်နောက်တွင်သာ၊ ဘုရားသခင်သည် လူသား၏ မျက်ကန်းဖြစ်ခြင်းနှင့် မနာခံမှုကို ထောက်ပြပေသည်- “လူသားသည် ငါ့ကို မည်သည့်အခါမျှ အမှန်တကယ် မသိကျွမ်းခဲ့ပေ၊ ငါ၏ လှည့်လည်သွားလာခြင်းများ အတောအတွင်းတွင် မည်သည့်အခါမျှ ငါ့ကို အလေးထားခြင်းလည်း မရှိခဲ့ပေ။” တစ်ဖက်တွင်၊ ဘုရားသခင်က သူသည် လူတို့မြင်စေရန် သဘာဝလွန် ဖြစ်သည့်အရာ မည်သည့်အရာကိုမျှ လုံးဝ လုပ်ဆောင်ခြင်းမရှိဘဲ၊ လောကကြီး အသွေးအသား ခန္ဓာကိုယ်ထဲတွင် တိတ်တဆိတ် သူ ကွယ်ဝှက်သည်ကို ပြောနေခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင်၊ လူသားက သူ့ကို မသိဟု သူ ညည်းညူသည်။ ဤတွင် ရှေ့နောက်မညီခြင်း မရှိပေ။ အမှန်တွင် အသေးစိတ်ရှုထောင့်မှ၊ ဘုရားသခင်သည် သူ၏ရည်မှန်းချက်များကို ဤနှစ်ဖက်မှ စွမ်းဆောင်ရရှိသည်ကို မြင်ရန် မခက်ပေ။ အကယ်၍ ဘုရားသခင်သည် သဘာဝလွန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပြသခဲ့မည်ဆိုပါက၊ သူသည် ကြီးမားသောအမှုကို လက်ခံဆောင်ရွက်ဖို့ မလိုအပ်ပေ။ သူ၏ ကိုယ်ပိုင်နှုတ်ဖြင့်၊ သူသည် လူတို့ကို သေခြင်းသို့ သက်သက် ကျိန်ဆဲမည် ဖြစ်ပြီး၊ ၎င်းတို့ ချက်ချင်း သေဆုံးမည် ဖြစ်ကာ၊ ထိုသို့ဖြင့် လူအားလုံးသည် လက်ခံယုံကြည်ကြမည် ဖြစ်သည်- သို့သော် ဤအရာက လူ့ဇာတိ ခံယူခြင်း၌ ဘုရားသခင်၏ ရည်မှန်းချက်ကို စွမ်းဆောင်မရရှိပေ။ အကယ်၍ ဘုရားသခင်သည် ထိုသို့ အမှန်တကယ် ဆောင်ရွက်ခဲ့မည်ဆိုပါက၊ လူတို့သည် သူ၏ တည်ရှိခြင်းကို မည်သည့်အခါမျှ သတိရှိရှိ လက်ခံယုံကြည်နိုင်ကြမည် မဟုတ်ပေ၊ ၎င်းတို့သည် စစ်မှန်သော ယုံကြည်ခြင်း ရှိနိုင်စွမ်း မရှိကြသည့်အပြင်၊ နတ်ဆိုးကို ဘုရားသခင်နှင့် မှားကြမည် ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ၊ လူတို့သည် ဘုရားသခင်၏စိတ်သဘောထားကို မည်သည့်အခါမျှ သိရှိနိုင်ကြမည် မဟုတ်- ပြီးလျှင် ဤသည်မှာ ဘုရားသခင်၏ လူ့ဇာတိ၌ ဖြစ်တည်ခြင်း၏ အရေးပါမှုနှင့်ဆိုင်သော ရှုထောင့်တစ်ခု ဖြစ်သည် မဟုတ်လော။ အကယ်၍ လူတို့သည် ဘုရားသခင်ကို သိနိုင်စွမ်း မရှိခဲ့ကြပါက၊ ထိုမရေရာသည့် ဘုရားသခင်၊ ထိုသဘာဝလွန် ဘုရားသခင်သည် လူသားအလယ် မည်သည့်အခါတွင်မျှ ဩဇာလွှမ်းမိုးမည် မဟုတ်ပေ။ ဤအရာတွင်၊ လူတို့သည် ၎င်းတို့၏ အယူအဆများကို စိတ်စွဲမည် မဟုတ်လော။ သာ၍ ရှင်းလင်းစွာ ပြောရမည်ဆိုပါက၊ ဩဇာလွှမ်းမိုးသည်မှာ စာတန်၊ နတ်ဆိုး ဖြစ်မည် မဟုတ်လော။ “တန်ခိုးအာဏာကို ငါပြန်ယူသည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုများစွာ ရှိသည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။” ဘုရားသခင် လူ့ဇာတိခံယူသည့် အခိုက်အတန့်သည် တန်ခိုးအာဏာကို သူပြန်ယူသော အခိုက်အတန့် ဖြစ်ပြီး၊ ယင်းသည် သူ၏ ဘုရားသဘောသဘာဝက ဆောင်ရွက်ဖို့ တိုက်ရိုက်ထွက်ပေါ်သည့် အချိန်ကာလလည်း ဖြစ်သည်။ လူအားလုံးသည် လက်တွေ့ကျသော ဘုရားသခင်ကို တဖြည်းဖြည်း သိလာကြပြီး၊ ထိုသို့ဖြင့် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ သာ၍ နက်ရှိုင်းသော နေရာတစ်ခုကို ဘုရားသခင်အား ပေးလျက်၊ ၎င်းတို့၏ စိတ်နှလုံးများထဲက စာတန်၏နေရာကို လုံးဝ ဖျောက်ပစ် လိုက်ကြလေသည်။ အတိတ်ကာလတွင်၊ လူတို့သည် ၎င်းတို့၏ စိတ်များထဲက ဘုရားသခင်ကို မြင်၍ မရနိုင်သကဲ့သို့ လက်ဆုပ်လက်ကိုင် ပြ၍မရသည့် ဘုရားသခင် တစ်ပါးအဖြစ်၊ စာတန်၏ ပုံရိပ်ဖြင့် မြင်ခဲ့ကြသော်လည်း၊ ဤဘုရားသခင်သည် တည်ရှိသည်သာမက၊ နိမိတ်လက္ခဏာနှင့် အံ့သြဖွယ်ရာမျိုးစုံကို ဆောင်ရွက်နိုင်စွမ်း ရှိပြီး နတ်ဆိုးစွဲသောသူများ၏ အကျည်းတန်သော မျက်နှာများကဲ့သို့သော နက်နဲမှုများစွာကို ထုတ်ဖော်ပြနိုင်စွမ်းလည်း ရှိသည်ဟု ၎င်းတို့ ယုံကြည်ခဲ့ကြသည်။ ဤအရာက လူတို့၏ စိတ်များထဲက ဘုရားသခင်သည် ဘုရားသခင်၏ ပုံရိပ် မဟုတ်ဘဲ၊ ဘုရားသခင်မှလွဲ၍ အခြားတစ်စုံတစ်ခု၏ ပုံရိပ်ဖြစ်သည်ကို လုံလောက်စွာ သက်သေပြပေသည်။ ဘုရားသခင်က သူသည် လူတို့၏ စိတ်နှလုံး ၀.၁ ရာခိုင်နှုန်းကို နေရာယူရန် ဆန္ဒရှိသည်ဟု ပြောဆိုပြီးဖြစ်သည်။ ဤသည်မှာ လူသားကို သူတောင်းဆိုသော တကယ့် အမြင့်ဆုံးစံနှုန်းဖြစ်သည်။ ယင်းတို့၏ အပေါ်ယံ၌ ရှိသည့်အရာကို ကျော်လွန်၍၊ ဤနှုတ်ကပတ်တော်များအဖို့ လက်တွေ့ကျသည့်ဖက် တစ်ခုလည်း ရှိလေသည်။ အကယ်၍ ယင်းကို ထိုသို့ မရှင်းပြခဲ့ပါက၊ လူတို့က ဘုရားသခင်က ၎င်းတို့ကို သိနားလည်မှု အလွန် နည်းပါးသည့်အလား၊ ၎င်းတို့နှင့်ဆိုင်သည့် ဘုရားသခင်၏ တောင်းဆိုချက်များက အလွန် နိမ့်ကျသည်ဟု တွေးထင်ကြပေမည်။ ဤသည်မှာ လူ၏ စိတ်နေစိတ်ထား ဖြစ်သည် မဟုတ်လော။

ယခင် ဖော်ပြထားခဲ့သည့်အရာနှင့် အောက်ပါ ပေတရု၏ ဥပမာတို့ကို ပေါင်းစပ်ခြင်းအားဖြင့်၊ ပေတရုသည် မရေရာသော ဘုရားသခင်ကို ကျောခိုင်းနိုင်ခဲ့ပြီး လက်တွေ့ကျသော ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာကို လိုက်စားနိုင်ခဲ့သည့်အတွက်၊ သူသည် အခြား မည်သူမဆိုထက် ဘုရားသခင်ကို အမှန်တကယ် သာ၍ ကောင်းစွာ သိရှိခဲ့သည်ကို တွေ့ရလိမ့်မည်။ သူ၏မိဘများသည် ဘုရားသခင်ကို ဆန့်ကျင်ခဲ့သော နတ်ဆိုးများ ဖြစ်ကြောင်းကို အဘယ်ကြောင့် အထူးဖော်ပြချက် ပြုလုပ်ရသနည်း။ ယင်းက ပေတရုသည် ဘုရားသခင်ကို သူ၏စိတ်နှလုံးထဲ၌ လိုက်စားနေခဲ့ခြင်း မရှိသည်ကို သက်သေပြပေသည်။ သူ၏မိဘများသည် မရေရာသော ဘုရားသခင်၏ ကိုယ်စားပြုချက် ဖြစ်ခဲ့သည်။ ဤသည်မှာ ၎င်းတို့ကို ဘုရားသခင် ဖော်ပြရခြင်း၏ အဓိကအချက် ဖြစ်သည်။ ဤအချက်ကို လူအများစုက များစွာ အာရုံမစိုက်ကြချေ။ ထို့အစား ၎င်းတို့သည် ပေတရု၏ ဆုတောင်းချက်များအပေါ် အာရုံစိုက်ကြသည်။ လူအချို့တွင်၊ ပေတရု၏ ဆုတောင်းချက်များသည် ၎င်းတို့၏ နှုတ်ခမ်းများပေါ် အစဉ်ရှိကြသည်၊ ၎င်းတို့၏ စိတ်များတွင် စဉ်ဆက်မပြတ် ရှိကြသော်လည်း၊ မရေရာသော ဘုရားသခင်ကို ပေတရု၏ အသိပညာနှင့် မည်သည့်အခါမျှ ၎င်းတို့ မနှိုင်းယှဉ်ကြည့်ကြပေ။ ပေတရုသည် အဘယ်ကြောင့် သူ၏ မိဘများကို ကျောခိုင်းပြီး ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာကို ရှာဖွေခဲ့ပါသနည်း။ ပေတရူသည် အဘယ်ကြောင့် ကျရှုံးခဲ့ကြပြီးဖြစ်သူတို့၏ သင်ခန်းစာများဖြင့် မိမိကိုယ်ကိုယ် စေ့ဆော်ခဲ့ပါသနည်း။ အဘယ်ကြောင့် သူသည် ခေတ်ကာလများ တစ်လျှောက် ဘုရားသခင်ကို ချစ်ခဲ့ပြီးသူအားလုံး၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ကို လက်သင့်ခံခဲ့သနည်း။ ပေတရုက အပြုသဘောဆောင်သော အရာခပ်သိမ်းမှာ စာတန်၏ စီမံခြင်း မပါဘဲ၊ ဘုရားသခင်ထံမှလာပြီး ကိုယ်တော်ကပင် တိုက်ရိုက် ထုတ်ပေးသည်ကို သိရှိလာခဲ့သည်။ ဤအရာက သူသိခဲ့သော ဘုရားသခင်သည် သဘာဝလွန် ဘုရားသခင် မဟုတ်ဘဲ၊ လက်တွေ့ကျသော ဘုရားသခင် ဖြစ်သည်ကို ပြသပေသည်။ ပေတရုက ခေတ်ကာလများတစ်လျှောက် ဘုရားသခင်ကို ချစ်ခဲ့ပြီးသူ အားလုံး၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ကို လက်သင့်ခံခြင်း အပေါ် အာရုံစိုက်ခဲ့သည်ဟု အဘယ်ကြောင့် ဆိုထားသနည်း။ ဤအရာမှ ခေတ်ကာလများတစ်လျှောက် လူတို့၏ ကျရှုံးခြင်းသည် ၎င်းတို့သည် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကိုသာ ရှိခဲ့ကြသော်လည်း၊ လက်တွေ့ကျသော ဘုရားသခင်ကို သိနိုင်စွမ်းမရှိခဲ့ကြသောကြောင့်၊ အဓိက ဖြစ်သည်ကို တွေ့နိုင်ပေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့၏ယုံကြည်ခြင်းသည် မရေမရာ ဖြစ်မြဲဖြစ်လေသည်။ ဘုရားသခင်က ယောဘသည် ဘုရားသခင်ကို သိခဲ့သည်ဟု ပြောဆိုခြင်းမရှိဘဲ၊ ယောဘ၏ ယုံကြည်ခြင်းကို တစ်သီတစ်တန်း ဖော်ပြသနည်း၊ ပြီးလျှင် အဘယ်ကြောင့် ဘုရားသခင်က ယောဘသည် ပေတရုနှင့် တန်းတူ မဟုတ်ခဲ့ဟု ဆိုပါသနည်း။ ယောဘ၏ စကားများက- “သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဖူးပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။”- ဆိုသည်တို့က သူသည် ယုံကြည်ခြင်းကိုသာ ပိုင်ဆိုင်ခဲ့ပြီး၊ အသိပညာ မရှိခဲ့သည်ကို ပြသပေသည်။ “ပေတရု၏ မိဘများ၏ ဆန့်ကျင် ကွဲပြားခြားနားချက်က သူ့အား ငါ၏ မေတ္တာကျေးဇူးတော်နှင့် သနားကရုဏာတို့နှင့် သက်ဆိုင်သည့် ပို၍ ကြီးမားသော အသိကို ပေးခဲ့သည်၊” ဟူသော စကားများက လူအများစု၏ မေးခွန်း တစ်လှေကြီးကို မကြာခဏ လှုံ့ဆော်လေသည်- ပေတရုသည် ဘုရားသခင်ကို သိရှိဖို့ အဘယ်ကြောင့် ခြားနားသိသာစေခြင်း တစ်ခု လိုအပ်ခဲ့ပါသနည်း။ သူသည် ဘုရားသခင်ကို အဘယ်ကြောင့် တိုက်ရိုက် သိရှိနိုင်စွမ်း မရှိခဲ့သနည်း။ သူသည် ဘုရားသခင်၏ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ကိုသာ သိပြီး၊ အခြားမည်သည့်အရာကိုမျှ အဘယ်ကြောင့် ဘုရားသခင် မပြောဆိုခဲ့သနည်း။ မရေရာသောဘုရားသခင်၏ မစစ်မှန်မှုကို သတိပြုပြီးသည့်နောက်တွင်သာ လက်တွေ့ကျသောဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာကို ရှာဖွေရန်သာ ဖြစ်နိုင်ပေသည်။ ဤနှုတ်ကပတ်တော်များ၏ ရည်မှန်းချက်မှာ လူတို့အား ၎င်းတို့၏စိတ်နှလုံးထဲက မရေရာသော ဘုရားသခင်ကို ထုတ်ပစ်စေဖို့ ဖြစ်သည်။ အကယ်၍ ဖန်ဆင်းခြင်း အချိန်ကာလမှသည် ယနေ့ထိ၊ လူတို့သည် ဘုရားသခင်၏ စစ်မှန်သောမျက်နှာကို အမြဲသိရှိခဲ့ပြီး ဖြစ်ပါက၊ လူသား၏ ဘုံစကားပုံ- “လူတစ်ဦးသည် တောင်တစ်တောင်ကို မဖြတ်ကျော်သေးသရွေ့၊ ညီညာသော မြေပြင်ကို သတိပြုမိမည် မဟုတ်။”- ဟူသည့်အရာက ဤနှုတ်ကပတ်တော်များကို ဆိုရာ၌ ဘုရားသခင်၏ဆိုလိုရင်းကို ဖော်ပြသည့်အတွက်၊ ၎င်းတို့သည် စာတန်၏ လုပ်ဆောင်ချက်များကို ထိုးထွင်းသိမြင်နိုင်စွမ်း ရှိကြမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူတို့အား သူပေးခဲ့သည့် ဥပမာ၏ မှန်ကန်ခြင်းနှင့်သက်ဆိုင်သည့် ပို၍နက်ရှိုင်းသော သိနားလည်မှု တစ်ခုကို ပေးရန် ဆန္ဒရှိသောကြောင့်၊ ပေတရု အသက်ရှင်ခဲ့သော ခေတ်သည် ကျေးဇူးတော်ခေတ် ဖြစ်သည်ကို သက်သေပြရင်း၊ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ကို ဘုရားသခင်က တမင်တကာ အလေးပေးခြင်း ဖြစ်သည်။ အခြားရှုထောင့်မှ၊ ဤအရာက ဘုရားသခင်၏ သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ကို ပို၍ပင် သိသိသာသာ ဆန့်ကျင် ကွဲလဲစေလျက်၊ လူသားကို အန္တရာယ်ပြုပြီး ဖောက်ပြန်ပျက်စီးစေသည်ကလွဲ၍ မည်သည့်အရာကိုမျှ မလုပ်ဆောင်သည့် နတ်ဆိုး၏ အကျည်းတန်သော မျက်နှာထားကို ပို၍ပင် ထုတ်ဖော်ပြလေသည်။

ဘုရားသခင်သည် ပေတရု၏ စမ်းသပ်မှုများနှင့်ပတ်သက်သည့် ဖြစ်ရပ်မှန်များကိုလည်း အကြမ်းဖျင်း ဖော်ပြသကဲ့သို့၊ ဘုရားသခင်သည် သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်တို့ကို ပိုင်ဆိုင်သည်သာမက၊ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ကိုလည်း ပိုင်ဆိုင်ပြီး၊ ငြိမ်သက်ခြင်းဖြင့် အသက်ရှင်သူများသည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများ အလယ် သေချာပေါက် အသက်မရှင်ကြသည်ကို နောက်ထပ် ညွှန်ပြရင်း၊ ၎င်းတို့၏ တကယ့် အခြေအနေများကို ဖော်ပြလေသည်။ ပေတရု၏ စမ်းသပ်မှုများနောက် သူ၏အတွေ့အကြုံများ အကြောင်းကို လူများအား ပြောပြခြင်းသည် “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” ဟူသည့် ယောဘ၏ စကားများ၏မှန်ကန်ခြင်းနှင့်ဆိုင်သည့် သာ၍ပင် ကြီးမားသော သက်သေ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်နှင့် ပတ်သက်သည့် ပေတရု၏ အသိပညာသည် အတိတ်ခေတ်ကာလများ၏ လူတို့ စွမ်းဆောင်မရရှိဖူးသည့် နယ်ပယ်များ၊ မကြုံစဖူးသော နယ်ပယ်များကို ဧကန်အမှန် ကြိုးပမ်းရရှိခဲ့ပြီးဖြစ်သည်ကို ဖော်ပြထားပေသည်။ ယင်းမှာ ခေတ်ကာလများတစ်လျှောက် ဘုရားသခင်ကို ချစ်ခဲ့ကြပြီးသူများအားလုံး၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့ကို သူ၏ လက်သင့်ခံခြင်းနှင့် အတိတ်က ကျရှုံးခဲ့ပြီးဖြစ်သည့် လူများ၏ သင်ခန်းစာများကို အသုံးပြုလျက် မိမိကိုယ်ကိုယ် သူ၏ ခွန်အားပေးခြင်းတို့၏ အသီးအပွင့်လည်း ဖြစ်ခဲ့ပေသည်။ ဤအကြောင်းရင်းကြောင့်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ကြိုးပမ်းရရှိသူ အားလုံးကို “အသီးအပွင့်” ဟု ခေါ်ဆိုပြီး၊ ယင်းတွင် ပေတရု ပါဝင်လေသည်။ ဘုရားသခင်ထံ ပေတရု၏ ဆုတောင်းချက်များသည် သူ၏စမ်းသပ်မှုများ အတွင်း ဘုရားသခင်နှင့်ပတ်သက်သည့် သူ၏ စစ်မှန်သော အသိပညာကို ပြသပေသည်။ သို့သော် ပွဲဖျက်သည်မှာ သူသည် ဘုရားသခင်၏အလိုကို အပြည့်အဝ သဘောပေါက်နိုင်စွမ်း မရှိခဲ့ခြင်း ဖြစ်သည်၊ ယင်းမှာ သူနှင့်ပတ်သက်သည့် ပေတရု၏ အသိပညာအပေါ် အခြေခံ၍ ဘုရားသခင်က “လူ့စိတ်နှလုံး၏ ၀.၁ ရာခိုင်နှုန်းကို နေရာယူရန်”သာ တောင်းဆိုခဲ့သည့် အကြောင်းရင်း ဖြစ်သည်။ ဘုရားသခင်ကို အသိဆုံးသောလူ၊ ပေတရုပင်လျှင် ဘုရားသခင်၏အလိုကို မှန်ကန်စွာ သဘောပေါက်နိုင်စွမ်း မရှိခြင်းက ၎င်းတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း အလွန် ခံရပြီးဖြစ်သည့်အတွက် လူသားသည် ဘုရားသခင်ကို သိကျွမ်းရန် စွမ်းရည်ကင်းမဲ့သည်ကို ပြသပေသည်။ ဤအရာက လူအားလုံးအား လူသား၏အနှစ်သာရကို သိရှိခွင့်ပေးလေသည်။ ဤကြိုတင်သတ်မှတ်ချက် နှစ်ခုသည်- ဘုရားသခင်ကို သိကျွမ်းခြင်းအတွက် လူတို့၏ စွမ်းရည် ကင်းမဲ့ခြင်းနှင့် စာတန်အားဖြင့် ၎င်းတို့၏ လုံးလုံး စိမ့်ဝင်ပျံ့နှံ့ ခံရခြင်းတို့သည်- ဘုရားသခင်၏ ကြီးမားသော တန်ခိုးအတွက် အဖြည့်ခံတစ်ခု ဖြစ်လေသည်၊ ဘုရားသခင်သည် နှုတ်ကပတ်တော်များဖြင့်သာ အမှုပြုသည့်အတွက်၊ သူသည် မည်သည့်လုပ်ငန်းကိုမျှ လက်ခံဆောင်ရွက်ခြင်း မရှိသောကြောင့်၊ လူတို့၏ စိတ်နှလုံးများထဲ၌ တိကျသော နေရာတစ်ခုကို ယူရခြင်းဖြစ်သည်။ သို့သော် လူတို့သည် အဘယ်ကြောင့် ဘုရားသခင်၏ အလိုကို ကျေနပ်စေဖို့ ထို ၀.၁ ရာခိုင်နှုန်းအား စွမ်းဆောင်ရရှိရန်သာ လိုအပ်ပါသနည်း။ ဤအရာကို ဘုရားသခင်က လူသားထဲတွင် ဤစွမ်းရည်ကို မဖန်ဆင်းခဲ့ခြင်းအားဖြင့် ရှင်းပြ၍ ရနိုင်ပေသည်။ အကယ်၍ ဤစွမ်းရည် ကင်းမဲ့လျက်ဖြင့်၊ လူသားသည် ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာ ၁၀၀ ရာခိုင်နှုန်း ရောက်ရှိခဲ့မည်ဆိုပါက၊ ဘုရားသခင်၏လှုပ်ရှားမှုတိုင်းသည် ၎င်းတို့အဖို့ ရှင်းရှင်းကြီး သွားပေမည်- ပြီးလျှင် လူသား၏ရှိရင်းစွဲသဘာဝကို ထည့်သွင်းစဉ်းစားပါက၊ လူတို့သည် ဘုရားသခင်ကို ချက်ချင်းပင် ပုန်ကန်ပေမည်၊ ၎င်းတို့သည် ထရပ်ကာ ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ကြပေမည်၊ ယင်းမှာ စာတန် ကျဆုံးခဲ့ပုံ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ၎င်းတို့ကို လုံးလုံးလျားလျား စိတ်ဖြာလေ့လာနှင့်ပြီးဖြစ်ကာ ၎င်းတို့၏ သွေးထဲ၌ ရေ အတိအကျ မည်မျှရှိသည်အထိပင်၊ ၎င်းတို့နှင့် ပတ်သက်သည့် အရာတိုင်းကို ရှင်းလင်းပြတ်သားမှုဖြင့် သိရှိသည်ဆိုသည့် တကယ့် အကြောင်းရင်းကြောင့်၊ လူတို့ကို ဘုရားသခင် လုံးဝ အထင်မသေးပေ။ သို့ဆိုလျှင် သူ့အဖို့ လူသားမျိုးနွယ်၏ သဘာဝသည် မည်မျှသာ၍ပင် သိသာထင်ရှားသနည်း။ ဘုရားသခင်သည် မည်သည့်အခါမျှ အမှားများ မပြုလုပ်သကဲ့သို့၊ သူသည် သူ၏မိန့်မြွက်ချက်များနှင့်ဆိုင်သည့် နှုတ်ကပတ်တော်များကို အဆုံးစွန် တိကျမှုဖြင့် ရွေးချယ်လေသည်။ ဤအကြောင်းကြောင့် ပေတရုက ဘုရားသခင်၏အလိုနှင့်ပတ်သက်သည့် မှန်ကန်သော သဘောပေါက်မှု မရှိခြင်းနှင့် သူ၏ ဘုရားသခင်နှင့်ပတ်သက်သည့် အကြီးမားဆုံးသော အသိပညာ ရှိခြင်းတို့ကြားတွင် ဆန့်ကျင် ကွဲလွဲခြင်း မရှိပေ။ ထို့အပြင် ထိုအရာနှစ်ခုသည် လုံးဝ ဆက်စပ်မှု မရှိပေ။ ယင်းမှာ ဘုရားသခင်က သူ့ကို ဥပမာတစ်ခု အဖြစ် ဖော်ပြရသည်မှာ ပေတရုအပေါ် လူတို့၏အာရုံကို စိုက်စေရန်အလို့ငှာ မဟုတ်ခဲ့ပေ။ ယောဘကဲ့သို့သော သူတစ်ဦးသည် ဘုရားသခင်ကို မသိနိုင်ဘဲ၊ ပေတရုက သိနိုင်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ လူသားသည် ဤအရာကို ကြိုးပမ်းရရှိနိုင်စွမ်းရှိသည်ဟု ဘုရားသခင်က ပြောသော်လည်း ယင်းမှာ သူ၏ ကြီးမြတ်သော တန်ခိုးကြောင့် ဖြစ်သည်ဟု အဘယ်ကြောင့် ပြောရသေးသနည်း။ လူတို့သည် ပင်ကိုအားဖြင့် တကယ် တော်ကြသည်လော။ ဤသည်မှာ လူတို့အတွက် သိရှိရန် မလွယ်ကူပေ။ အကယ်၍ ငါသည် ယင်းကို မပြောဆိုပါက၊ မည်သူမျှ ဤအရာ၏ အတွင်းပိုင်း အရေးပါမှုကို နားလည်မည် မဟုတ်။ ဤနှုတ်ကပတ်တော်များ၏ ရည်မှန်းချက်မှာ ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ရန် ယုံကြည်ခြင်း ရှိနိုင်ကြဖို့အလို့ငှာ၊ ထိုးထွင်းသိမြင်မှု တစ်ခုကို လူတို့အား ပေးရန် ဖြစ်သည်။ ထိုအခါမှသာ ဘုရားသခင်သည် လူနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အမှုပြုနိုင်ပေသည်။ ယင်းမှာ ဝိညာဉ်လောကထဲ တကယ့် အခြေအနေဖြစ်ပြီး၊ ယင်းသည် လူသားအဖို့ လုံးဝ နားလည်သဘောပေါက်နိုင်စရာ မဟုတ်ပေ။ လူတို့၏ စိတ်နှလုံးများထဲက စာတန်၏ နေရာကို ဖယ်ရှားခြင်းနှင့် ယင်းနေရာကို ဘုရားသခင်အား ပေးခြင်း-ဤသည်မှာ စာတန်၏ အပြင်းအထန် တိုက်ခိုက်ခြင်းကို တွန်းလှန်ရန် ဆိုလိုသည့်အရာ ဖြစ်ပြီး၊ ထိုသို့ဖြင့်သာ ခရစ်တော်သည် ကမ္ဘာမြေပေါ်သို့ ဆင်းသက်ပြီးဖြစ်သည်ဟု ဆိုနိုင်သည်၊ ထိုသို့ဖြင့်သာ ကမ္ဘာမြေပေါ်ရှိ တိုင်းပြည်များသည် ခရစ်တော်၏နိုင်ငံတော် ဖြစ်လာပြီးဖြစ်သည်ဟု ဆိုနိုင်ပေသည်။

ဤအချိန်တွင်၊ နှစ်ထောင်ပေါင်းအချို့ကြာ ပေတရု၏ စံပြနှင့် စံနမူနာတစ်ခု ဖြစ်ခြင်းကို ဖော်ပြခြင်းက သူသည် စံပြနှင့် စံနမူနာတစ်ဦး ဖြစ်ခဲ့သည်ဟု ပြောရုံမျှပြောဖို့ မဟုတ်ပေ။ ဤစကားများသည် ဝိညာဉ်လောက၌ ဆင်နွှဲသည့် တိုက်ပွဲ၏ ထင်ဟပ်မှု တစ်ခု ဖြစ်သည်။ စာတန်သည် လူသားကို မျိုခြင်းငှာ အချည်းနှီးသော မျှော်လင့်ချက်ဖြင့် ဤတစ်ချိန်လုံး လူသား၌ အလုပ် လုပ်နေခဲ့ပြီးဖြစ်ကာ၊ ထိုသို့ဖြင့် ဘုရားသခင်က ကမ္ဘာမြေကြီးကို ဖျက်ဆီးရန်နှင့် သူ၏သက်သေများကို ဆုံးရှုံးရန်အကြောင်း ဖြစ်စေခဲ့သည်။ သို့သော် ဘုရားသခင်က၊ “ငါသည် လူ့စိတ်နှလုံး အတွင်း၌ အသေးငယ်ဆုံးသော နေရာကို ရယူနိုင်ရန်အလို့ငှာ၊ စံပြတစ်ခုကို ဦးစွာ ဖန်ဆင်းမည်။ ဤအဆင့်တွင် လူသားမျိုးနွယ်သည် ငါ့ကို ကျေနပ်စေခြင်း မရှိသကဲ့သို့၊ အပြည့်အဝ သိကြခြင်းလည်း မရှိပေ။ သို့သော်လည်း ငါ၏ကြီးမားသော တန်ခိုးကြောင့်၊ လူသားများသည် ငါ့ကို အပြည့်အဝ ကျိုးနွံနာခံ လာနိုင်ကြလိမ့်မည်ဖြစ်ပြီး၊ ငါ့ကို ဆန့်ကျင် ပုန်ကန်မှု ရပ်စဲကြလိမ့်မည် ဖြစ်ကာ၊ ငါသည် စာတန်ကို နှိမ်နင်းဖို့ ဤဥပမာကို အသုံးပြုမည် ဖြစ်သည်။ ဆိုလိုသည်မှာ၊ ငါသည် ငါ နေရာယူသည့် လူသား စိတ်နှလုံး၏ ၀.၁ ရာခိုင်နှုန်းကို လူသားမျိုးနွယ်အပေါ် စာတန်က စွဲကိုင်ရှိနေပြီးဖြစ်သည့် အင်အားစု အားလုံးကို ဖိနှိပ်ဖို့ အသုံးပြုမည်” ဟု ဆိုပြီးဖြစ်သည်။ ထို့ကြောင့် ယနေ့တွင် ပေတရုက လူသားမျိုးနွယ် အားလုံးအတွက် အတုယူဖို့နှင့် လက်တွေ့လုပ်ဆောင်ဖို့ ပုံစံတစ်ခု အဖြစ် အသုံးတော်ခံနိုင်ဖို့အလို့ငှာ ဘုရားသခင်သည် ပေတရုကို ဥပမာတစ်ခု အဖြစ် ဖော်ပြပေသည်။ အဖွင့်စာပုဒ်နှင့်အတူ ပေါင်းစပ်ခြင်းဖြင့်၊ ဤအရာက ဝိညာဉ်လောကထဲက အခြေအနေနှင့်ပတ်သက်၍ ဘုရားသခင် ပြောဆိုခဲ့သည့်အရာ၏ မှန်ကန်မှုကို ဖော်ပြပေသည်- “မျက်မှောက်ကာလသည် ယခင်ကကဲ့သို့ မဟုတ်ပေ။ ဖန်ဆင်းခြင်း အချိန်ကတည်းက မည်သည့်အခါမျှ မမြင်ဖူးသည့် အမှုအရာများကို ငါပြုမည်၊ ခေတ်ကာလများ တစ်လျှောက်တွင် လုံးဝမကြားဖူးသော နှုတ်ကပတ်တော်များကို ငါပြောကြားမည်၊ အဘယ်ကြောင့်ဆိုသော် လူများအားလုံးသည် ငါ့ကို ဇာတိပကတိ၌ သိကျွမ်းလာစေရန် ငါတောင်းဆိုသောကြောင့်ဖြစ်သည်။” ဤအရာမှ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များအပေါ် အရေးယူဆောင်ရွက်ဖို့ ယနေ့ စတင်ပြီးဖြစ်သည်မှာ သိသာထင်ရှားပေသည်။ လူတို့သည် အပြင်ပန်းတွင် ဖြစ်ပျက်နေသည့်အရာကိုသာ မြင်နိုင်သည်၊ ဝိညာဉ်လောကထဲ၌ မည်သည့်အရာ အမှန်တကယ် ဖြစ်ပျက်နေသည်ကို ၎င်းတို့ မမြင်နိုင်ပေ၊ ထို့ကြောင့် ဘုရားသခင်က၊ “ဤသည်တို့မှာ ငါ၏စီမံခန့်ခွဲမှု၏ အဆင့်များဖြစ်ကြသည်၊ သို့သော် လူတို့သည် ရေးရေးမျှပင် မသိကြပေ။ ငါသည် ထိုအရာများကို ထင်ထင်ရှားရှား ပြောဆိုသော်လည်း၊ လူများသည် သူ၏စိတ်ထဲတွင် ရှုပ်ထွေးလျက်ပင် ရှိသေးသည်။ ထိုအရာတို့ကို ၎င်းတို့အား ရှင်းလင်းပြောဆိုရန် ခက်ခဲလေသည်။ ဤသည်မှာ လူသား၏ နိမ့်ကျမှု မဟုတ်သလော။” ဟု တိုက်ရိုက် ပြောဆိုပေသည်။ ဤနှုတ်ကပတ်တော်များ အတွင်းတွင် နှုတ်ကပတ်တော်များ ရှိ၏- ယင်းတို့က အထက်တွင် ဖော်ပြထားသည့်အတိုင်းပင်၊ ဝိညာဉ်လောကတွင် တိုက်ပွဲတစ်ခု ဖြစ်လျက်ရှိသည်ကို ရှင်းပြလေသည်။

ပေတရု၏ ဖြစ်ရပ်နှင့်ဆိုင်သည့် သူ၏ အကျဉ်းဖော်ပြချက် နောက်တွင် ဘုရားသခင်၏ အလိုကို လုံးဝ စွမ်းဆောင်ရရှိလေသည်၊ ထို့ကြောင့် ဘုရားသခင်သည် ပေတရု၏ ကိစ္စရပ်နှင့် စပ်လျဉ်း၍ လူသားကို အောက်ပါ တောင်းဆိုချက် ပြုလုပ်လေသည်- “အာကာသနှင့် မိုးမျက်နှာကြက်အနှံ့အပြားတွင်၊ ကောင်းကင်နှင့် မြေကြီး၌ ရှိကြကုန်သော အရာများ အားလုံးအကြား၊ ကမ္ဘာမြေကြီးနှင့် ကောင်းကင်ဘုံမှ အရာခပ်သိမ်းတို့သည် ငါ့အမှု၏ နောက်ဆုံးသော အဆင့်အတွက် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှု အလုံးစုံကို ပေးလေသည်။ သင်တို့သည် စာတန်၏အင်အားစုများ၏ အမိန့်ပေးသည်ကို ခံရလျက်၊ ဘေးစည်းမှ ပွဲကြည့်ပရိသတ်များ အဖြစ်သာ မဖြစ်လိုသည်မှာ သေချာသည် မဟုတ်လော။” လူတို့သည် ပေတရု၏ အသိပညာအကြောင်း ဖတ်ရှုပြီးသည့်နောက်တွင် နက်နက်နဲနဲ အသိဉာဏ်ပွင့်လင်းစေခြင်း ခံရပြီး၊ ပို၍ပင် ထိရောက်စေဖို့အလို့ငှာ၊ ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏ အပျော်လွန်ကြူးခြင်း၊ အထိန်းအကွပ်မဲ့ခြင်းနှင့် ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာ ကင်းမဲ့ခြင်းတို့ကို ပြသလေသည်။ ထို့အပြင်၊ သူသည် လူသားမျိုးနွယ်ကို- နောက်တစ်ဖန်နှင့် သာ၍ ကြီးမားသော တိကျမှုဖြင့်- ဝိညာဉ်လောကထဲက တိုက်ပွဲ၌ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာနှင့်သက်ဆိုင်၍ ပြောပြလေသည်။ ထိုသို့ဖြင့်သာ လူတို့သည် စာတန်၏ ခေါ်ဆောင်သွားခြင်းခံရခြင်းကို သာ၍ သတိဝီရိယ ရှိကြလေသည်။ ထို့အပြင် ယင်းက လူတို့သည် ဤအကြိမ်လဲကျပါက၊ ဤအကြိမ် ၎င်းတို့ ဖြစ်ခဲ့သကဲ့သို့ ဘုရားသခင်၏ ကယ်တင်ခြင်းခံခဲ့ရလိမ့်မည် မဟုတ်သည်ကို ရှင်းလင်းသွားစေသည်။ အတူတကွ စဉ်းစားကြည့်ပါက၊ ဤသတိပေးချက်များက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် လူသားမျိုးနွယ်၏ ထင်မြင်ချက်ကို နက်ရှိုင်းသည်ထက် နက်ရှိုင်းစေသည်၊ လူသားမျိုးနွယ်ကို ကယ်တင်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်ကို အမှန်တကယ် ကြိုးပမ်းရရှိနိုင်ဖို့အလို့ငှာ၊ ယင်းတို့က လူတို့အား ဘုရားသခင်၏ သနားကရုဏာကို သာ၍ တန်ဖိုးထားစေပြီး၊ ဘုရားသခင်၏ သတိပေးခြင်း စကားများကို သာ၍ ချစ်မြတ်နိုးစေလေသည်။

Myanmar Bible texts are used at the acknowledgment of the Bible Society of Myanmar.

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။