ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၇၇

လာဇရု၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက ဘုရားသခင်ကို ဘုန်းထင်ရှားစေ၏

ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၁:၄၃-၄၄ လာဇရုထွက်၍လာလော့ဟု ကြီးစွာသောအသံနှင့် ဟစ်ခေါ်တော်မူ၏။ ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ပုဆိုးနံငယ်နှင့်ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပုဝါနှင့် စည်းလျက်ထွက်လာ၏။ ယေရှုကလည်း၊ သူ့ကိုဖြည်၍ လွှတ်ကြလော့ဟု မိန့်တော်မူ၏။

ဤစာပိုဒ်ကိုဖတ်ပြီး သင်တို့၏ အမြင်က အဘယ်နည်း။ သခင်ယေရှုပြသခဲ့သော ဤတန်ခိုး၏ အဓိပ္ပာယ်က ယခင်က တစ်ခုထက် ပိုပြီး ကြီးမားသည်။ အကြောင်းမှာ သေသောသူကို အုတ်ဂူမှ ပြန်ပြီး ရှင်စေခြင်းထက် မည်သည့်အံ့သြဖွယ်ကမျှ ပိုပြီး အံ့သြစရာမကောင်းပေ။ သခင်ယေရှုက ဤကဲ့သို့ အရာမျိုးကိုလုပ်ခြင်းသည် ထိုခေတ်မှာ အတော်ပင် အရေးပါ၏။ ဘုရားသခင်က လူ့ဇာတိဖြစ်လာသောအတွက်ကြောင့် လူတို့က သူ၏ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်၊ သူ၏ လက်တွေ့ကျသောအပိုင်း၊ သူ၏ မထင်ရှားသောအပိုင်းကို မြင်နိုင်သည်။ တချို့လူတို့က သူ့ထံ၌ ရှိပုံရသော အားအင်တချို့၊ သို့မဟုတ် သူ၏ စရိုက်လက္ခဏာတချို့ကို မြင်ပြီး နားလည်လျှင်ပင် သခင်ယေရှုက မည်သည့်နေရာကလာသည်၊ သူ၏တကယ့်အနှစ်သာရက မည်သည်နည်း၊ နောက်ထပ် တကယ်တမ်း မည်သည်တို့ကို သူထပ်လုပ်နိုင်သည်ဆိုသည်ကို မည်သူမျှ မသိပေ။ ဤအရာအားလုံးကို လူသားမျိုးနွယ်က မသိရှိပေ။ လူတို့တော်တော်များများက ဤအရာ၏ သက်သေကို လိုချင်ကြပြီး အမှန်တရားကို သိလိုကြသည်။ ဘုရားသခင်က သူကိုယ်တိုင်၏ ဝိသေသလက္ခဏာကို သက်သေပြရန် တစ်ခုခုလုပ်ပြနိုင်သလော။ ဘုရားသခင်အတွက် ၎င်းက အလွန်လွယ်လွန်း၏။ အလွန်လွယ်ကူသောအရာဖြစ်သည်။ သူ၏ ဝိသေသလက္ခဏာနှင့် အနှစ်သာရကို သက်သေပြရန် မည်သည့်နေရာ၌မဆို၊ မည်သည့်အချိန်၌မဆို သူတစ်ခုခုလုပ်ပြနိုင်သည်။ သို့သော်လည်း ဘုရားသခင်က အမှုအရာတို့ကို အစီအစဉ်နှင့် အဆင့်တို့နှင့် လုပ်ဆောင်ခြင်းဖြစ်သည်။ သူသည် အကြောင်းအရာတို့ကို လက်လွတ်စပယ်မလုပ်ပေ။ လူသားမျိုးနွယ်မှ မြင်ရရန်အတွက် အဓိပ္ပာယ်အရှိဆုံးအရာတစ်ခုကိုလုပ်ရန် သင့်တော်သောအချိန်နှင့် သင့်တော်သော အခွင့်အရေးကို သူကြည့်သည်။ ဤအချက်က သူ၏အာဏာနှင့် သူ၏ဝိသေသလက္ခဏာကို သက်သေပြသည်။ သို့ဆိုလျှင် လာဇရု၏ ရှင်ပြန်ထမြောက်ခြင်းက သခင်ယေရှု၏ ဝိသေသလက္ခဏာကို သက်သေပြသလော။ ကျမ်းစာ၏ ဤစာပိုဒ်ကို ကြည့်ကြစို့။ “လာဇရုထွက်၍လာလော့ဟု ကြီးစွာသောအသံနှင့် ဟစ်ခေါ်တော်မူ၏။ ထိုအခါ သေလွန်သောသူသည် ထွက်လာ၏” သခင်ယေရှုက ဤကဲ့သို့လုပ်ဆောင်လိုက်သောအခါ သူတစ်ခုသာ ပြောခဲ့သည်။ “လာဇရုထွက်၍လာလော့” ထိုအချိန်တွင် လာဇရုက သူ့အုတ်ဂူမှ ထွက်လာသည်။ သခင်ယေရှု မြွက်ကြားခဲ့သော စကားတစ်ခွန်းကြောင့် ၎င်းသည် ပြီးမြောက်ခဲ့သည်။ ဤအချိန်ကာလမှာ သခင်ယေရှုက ယဇ်ပလ္လင်တစ်ခု မပြင်ဆင်ခဲ့ပေ။ အခြား အပြုအမူတို့ကို မလုပ်ခဲ့ပေ။ တစ်ခုသာ သူပြောခဲ့သည်။ ဤသည်ကို အံ့သြဖွယ်ဟု ခေါ်မည်လော၊ အမိန့်ဟု ခေါ်မည်လော။ သို့မှမဟုတ် မှော်အစွမ်းတစ်ခုလော။ အပေါ်ယံကိုကြည့်လျှင် အံ့သြဖွယ်ရာတစ်ခုဟု ခေါ်နိုင်သည်။ ယခုခေတ် ရှုထောင့်မှကြည့်လျှင် ဤသည်ကို သင်တို့ အံ့သြဖွယ်ရာဟုပင် ခေါ်ဆိုနိုင်သေးသည်။ သို့သော်လည်း သေချာသည်မှာ ဝိညာဉ်တစ်ခုကို သေခြင်းမှ ပြန်ရှင်သန်စေသော မှော်ဂါထာတစ်ခုဟု မခေါ်နိုင်ပေ။ မှော်အစွမ်းတစ်ခု လုံးဝ မဟုတ်ပေ။ ဤအံ့သြဖွယ်ရာက အလွန်ပင် သာမန်ဖြစ်သော ဖန်ဆင်းရှင်၏ အာဏာထုတ်ဖော်ပြသခြင်း အသေးစားတစ်ခုပင်ဖြစ်သည်ဟု ပြောမည်ဆိုလျှင် မှန်ကန်၏။ ၎င်းသည် ဘုရားသခင်၏ အာဏာနှင့် အရည်အချင်းဖြစ်သည်။ လူတစ်ယောက်ကို သေစေရန်၊ သူ့ဝိညာဉ်က သူ့ကိုယ်ခန္ဓာမှ ထွက်ပြီး မရဏနိုင်ငံကိုပြန်သွားရန်၊ သို့မဟုတ် အဘယ်အရပ်ကိုပင် သွားရန်ဖြစ်ပါစေ ဘုရားသခင်၌ အာဏာရှိသည်။ လူတစ်ယောက်သေသောအခါ သေပြီးနောက် သူတို့ ဘယ်ကိုသွားမည်၊ စသည်တို့ကို ဘုရားသခင်က သတ်မှတ်သည်။ ဤသည်ကို သူမည်သည့်အချိန်နှင့် မည်သည့်နေရာ၌မဆို လုပ်နိုင်သည်။ သူသည် လူသား၊ အဖြစ်အပျက်တို့၊ အရာဝတ္ထုတို့၊ စကြဝဠာ၊ သို့မဟုတ် တည်နေရာတို့၏ ကန့်သတ်ထားခြင်းကို မခံရပေ။ သူလုပ်ချင်သည်ဆိုလျှင် သူလုပ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် အရာအားလုံးနှင့် သက်ရှိအားလုံးသည် သူ့အုပ်စိုးမှုအောက်၌ရှိပြီး အရာအားလုံးသည် သူ၏ စကားလုံး၊ သူ၏ အာဏာအားဖြင့် အသက်ရှိသည်၊ သေသည်၊ သူသည် သေသူတစ်ယောက်ကို ပြန်ရှင်စေနိုင်သည်။ ဤသည်မှာလည်း သူဘယ်အချိန်၊ ဘယ်နေရာ၌မဆို ပြုလုပ်နိုင်သော အရာဖြစ်သည်။ ၎င်းသည် ဖန်ဆင်းရှင်သာလျှင် ပိုင်ဆိုင်သော အာဏာဖြစ်သည်။

လာဇရုကို သေခြင်းမှ ပြန်ရှင်စေခြင်းကဲ့သို့ အရာတစ်ခုကို သခင်ယေရှုက လုပ်ဆောင်သောအခါ သူ၏ ရည်မှန်းချက်က လူသားတို့အတွက် သက်သေပြရန်နှင့် စာတန်မြင်ရန်အတွက်ဖြစ်ပြီး လူသားမျိုးနွယ်၏ အရာရာတိုင်း၊ လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းသည် ဘုရားသခင်က သတ်မှတ်သည်ဆိုသည်ကို လူသားတို့နှင့် စာတန်ကို သိစေရန်ဖြစ်ပြီး သူသည် လူ့ဇာတိဖြစ်လာသော်လည်း မြင်နိုင်သော ရုပ်ဝတ္ထုလောကနှင့် လူတို့ မမြင်နိုင်သော ဝိညာဉ်လောကမှာပါ အုပ်စိုးလျက်ရှိနေသည်ဆိုသည်ကို စာတန်ကို သိစေရန်ဖြစ်သည်။ ၎င်းသည် လူသား၏ အရာရာတိုင်းက စာတန်၏ အုပ်ချုပ်မှုအောက်မှာ မရှိဘူးဆိုသည်ကို လူသားတို့နှင့် စာတန်ကို သိစေရန်ဖြစ်သည်။ ၎င်းသည် ဘုရားသခင်၏ အာဏာကို ဖွင့်ပြခြင်းနှင့် ထုတ်ဖော်ပြသခြင်းဖြစ်သည်။ ၎င်းသည် လူသားမျိုးနွယ်၏ ရှင်ခြင်းနှင့် သေခြင်းသည် ဘုရားသခင်၏ လက်ထဲ၌ရှိ၏ဆိုသည်ကို အရာအားလုံးဆီသို့ သတင်းစကားပေးပို့ရန်အတွက် ဘုရားသခင်၏ နည်းတစ်ခုလည်းဖြစ်သည်။ သခင်ယေရှု၏ လာဇရုကို သေခြင်းမှ ပြန်လည်ရှင်ပြန်ထမြောက်စေခြင်းဆိုသော ဤချဉ်းကပ်ပုံမျိုးက လူသားမျိုးနွယ်ကို သင်ကြား၊ ညွှန်ကြားရန် ဖန်ဆင်းရှင်အတွက် နည်းလမ်းတစ်ခု ဖြစ်သည်။ ၎င်းသည် လူသားမျိုးနွယ်ကို ညွှန်ကြားရန်၊ လူသားမျိုးနွယ်ကို ထောက်ပံ့ရန်သူ၏ အရည်အချင်းနှင့် အာဏာကို သူအသုံးပြုသော၊ ခိုင်မာသော အပြုအမူတစ်ခုဖြစ်သည်။ ၎င်းသည် အရာအားလုံးကို အုပ်ချုပ်သော သူ၏ အမှန်တရားကို လူသားမျိုးနွယ်ကို မြင်စေရန် ဖန်ဆင်းရှင်အတွက် စကားလုံးတို့မပါသော နည်းလမ်းတစ်ခုဖြစ်သည်။ ၎င်းသည် သူမှလွဲပြီး တခြားကယ်တင်ခြင်းမရှိဆိုသည်ကို လက်တွေ့ အပြုအမူတို့မှတစ်ဆင့် လူသားမျိုးနွယ်ကို ပြောပြရန် နည်းလမ်းတစ်ခုဖြစ်သည်။ ဤကဲ့သို့ လူသားမျိုးနွယ်ကို သူ့ညွှန်ကြားခြင်း၏ ငြိမ်သက်သောနည်းနာမျိုးသည် ထာဝရတည်သည်။ ၎င်းသည် ပယ်ဖျက်၍မရသောအရာဖြစ်သည်။ ၎င်းသည် လူသား၏နှလုံးသားကို အံ့သြထိတ်လန့်သွားစေပြီး မည်သည့်အခါမျှ ပျောက်ကွယ်မသွားမည့် ဉာဏ်အလင်းပွင့်ခြင်းကို ရရှိစေသည်။ လာဇရု၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းက ဘုရားသခင်ကို ဘုန်းထင်ရှားစေသည်။ ဤအချက်က ဘုရားသခင်၏ နောက်လိုက် တစ်ယောက်ချင်းစီတိုင်းအပေါ် လေးနက်သော သက်ရောက်မှုတစ်ခုရရှိစေသည်။ ဤဖြစ်ရပ်ကို လေးလေးနက်နက်နားလည်သော လူတိုင်းကို၊ ဘုရားသခင်သာလျှင် လူသားမျိုးနွယ်၏ သေခြင်းနှင့် ရှင်ခြင်းကို အမိန့်ပေးနိုင်သည်ဆိုသော အမြင်ကို၊ နားလည်မှုကို ခိုင်မြဲစေသည်။ ဘုရားသခင်က ဤကဲ့သို့ အာဏာမျိုးရှိသော်လည်း၊ လာဇရု၏ ရှင်ပြန်ထမြောက်ခြင်းမှတစ်ဆင့် လူသားမျိုးနွယ်၏ သေခြင်းနှင့် ရှင်ခြင်းအပေါ် သူ၏ ပိုင်စိုးမှုအကြောင်းကို အသိပေးပို့လိုက်သော်လည်း ၎င်းက သူ၏ အဓိက အလုပ်မဟုတ်ပေ။ ဘုရားသခင်က တစ်စုံတစ်ခုကို အဓိပ္ပာယ်မရှိဘဲ လုပ်လေ့မရှိပေ။ သူလုပ်သော အရာတစ်ခုစီတိုင်း၌ ကြီးမားသော တန်ဖိုးရှိပြီး ထိုအရာတစ်ခုစီတိုင်းက ဘဏ္ဍာတိုက်ထဲရှိ သာလွန်ထူးကဲသော ရတနာများဖြစ်ကြသည်။ “လူတစ်ယောက်အား သူ၏သင်္ချိုင်းဂူအထဲမှ ပြန်ထွက်လာစေခြင်း” ကို သူ့အလုပ်၏ အဓိက၊ သို့မဟုတ် တစ်ခုတည်းသော ပန်းတိုင်၊ သို့မဟုတ် ကိစ္စအဖြစ် လုံးဝလုပ်မည်မဟုတ်ပေ။ ဘုရားသခင်သည် အဓိပ္ပာယ်မရှိသော အရာတစ်ခုမျှ လုပ်မည်မဟုတ်ပေ။ လာဇရုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေခြင်း တစ်ခုက ဘုရားသခင်၏ အာဏာကို ထုတ်ဖော်ပြသရန် လုံလောက်သည်။ ၎င်းသည် သခင်ယေရှု၏ ဝိသေသလက္ခဏာကို သက်သေပြရန် လုံလောက်သည်။ ထို့ကြောင့် သခင်သည် ဤကဲ့သို့အံ့သြဖွယ်ရာမျိုးကို ထပ်မံမလုပ်ခဲ့ခြင်းပင်ဖြစ်သည်။ ဘုရားသခင်သည် သူ၏ ကိုယ်ပိုင် စည်းမျဉ်းတို့နှင့် အကြောင်းအရာတို့ကို လုပ်ဆောင်သည်။ လူသားဘာသာစကားတွင် ဘုရားသခင်က အလုပ်ကို လေးလေးနက်နက်လုပ်သည်ဆိုသကဲ့သို့ ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်က အမှုအရာတို့ကို လုပ်ဆောင်သောအခါ သူ့အလုပ်၏ ရည်ရွယ်ချက်မှ လမ်းလွဲမသွားပေ။ ဤအဆင့်၌ မည်သည့်အလုပ်ကို သူလုပ်ဆောင်လိုသည်ဆိုသည်နှင့်၊ သူမည်သည်ကို ပြီးမြောက်စေလိုသည်ဆိုသည်ကို သူသိပြီး သူ၏အစီအစဉ်နှင့်အညီ တင်းကြပ်စွာ အလုပ်လုပ်ပါလိမ့်မည်။ ဖောက်ပြန်ပျက်စီးသောလူတစ်ယောက်က ဤကဲ့သို့အရည်အချင်းမျိုးရှိလျှင် လူတို့က သူ့ကို ဦးညွှတ်ကြရန် သူတို့ကို သူထိန်းချုပ်နိုင်ပြီး ဝါးမျိုနိုင်ရန်အတွက် သူမည်မျှ အထင်ကြီးစရာကောင်းသည်ဆိုသည်ကို တခြားလူတို့သိအောင် သူ၏အရည်အချင်းကို ဖွင့်ပြရန် နည်းလမ်းတို့ကို စဉ်းစားနေပါလိမ့်မည်။ ၎င်းသည် စာတန်ဆီမှလာသော ဆိုးယုတ်ခြင်းပင်ဖြစ်သည်။ ဤသည်ကို ဖောက်ပြန်ပျက်စီးခြင်းဟုခေါ်၏။ ဘုရားသခင်မှာ ဤကဲ့သို့ စိတ်သဘောထားမျိုး မရှိပေ။ ဤကဲ့သို့ အနှစ်သာရမျိုး မရှိပေ။ အမှုအရာတို့ကို သူလုပ်ဆောင်ရာမှာ သူ၏ ရည်ရွယ်ချက်က သူ့ကိုယ်သူထုတ်ဖော်ကြွားဝါရန်မဟုတ်ဘဲ လူသားမျိုးနွယ်ကို ဖွင့်ပြခြင်း၊ လမ်းညွှန်ခြင်းတို့ ပံ့ပိုးရန်အတွက်ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့အရာမျိုးကို သမ္မာကျမ်းစာမှာ ဥပမာ အနည်းငယ်ကိုပင် တွေ့ရသည်။ ၎င်းက သခင်ယေရှု၏ အရည်အချင်းတို့က အကန့်အသတ်ရှိသည်ဟု မဆိုလို၊ သို့မဟုတ် ဤကဲ့သို့အရာမျိုးကို မလုပ်နိုင်ဟု မဆိုလိုပေ။ ဘုရားသခင်က ဤသည်ကို မလုပ်လိုခြင်း သက်သက်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သခင်ယေရှုက လာဇရုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေခြင်းက အလွန်ပင် လက်တွေ့ကျသော အရေးပါမှုပါဝင်ပြီး ဘုရားသခင်က လူ့ဇာတိဖြစ်လာခြင်း၏ အဓိက အလုပ်သည် ထူးခြားအံ့သြဖွယ်ရာတို့ကို လုပ်ဆောင်ရန်အတွက် မဟုတ်ခြင်းကြောင့်၊ လူတို့ကို သေခြင်းမှ ပြန်လည်ရှင်သန်အောင်လုပ်ခြင်း မဟုတ်ဘဲ လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်းအလုပ်ဖြစ်၍ပင်ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှု လုပ်ဆောင်ခဲ့သော အလုပ်အများစုက လူတို့ကို သင်ကြားခြင်း၊ သူတို့အတွက် ထောက်ပံ့ပေးခြင်း၊ ကူညီခြင်းဖြစ်ပြီး လာဇရုကို သေခြင်းမှ ရှင်ပြန်ထမြောက်အောင်ပြုလုပ်ခြင်းက သခင်ယေရှုလုပ်ခဲ့ခြင်းတို့၏ သေးငယ်သော အပိုင်းသာ ဖြစ်သည်။ တဖန် “ကြွားလုံးထုတ်ခြင်း” က ဘုရားသခင်၏ အနှစ်သာရမဟုတ်ဘူးဟု သင်တို့ ဆိုနိုင်သည်။ ထို့ကြောင့် အံ့သြဖွယ်ရာတို့ထပ်ပြီး မပြခြင်းက ကန့်သတ်ချက်များကို တမင်လုပ်နေခြင်းမဟုတ်သကဲ့သို့ အခြေအနေအရ ကန့်သတ်ချက်တို့ကြောင့်လည်း မဟုတ်ပေ။ သေချာသည်မှာ အရည်အချင်းမရှိ၍ မဟုတ်ပေ။

သခင်ယေရှုက လာဇရုကို သေခြင်းမှ ပြန်လည်ခေါ်ဆောင်သောအခါ စကားတစ်ခွန်းကို သူအသုံးပြုခဲ့သည်။ “လာဇရုထွက်၍လာလော့” ဤသည်မှလွဲပြီး တစ်ခြားမပြောပေ။ ဤစကားလုံးတို့က ဘာကို ကိုယ်စားပြုသနည်း။ ဘုရားသခင်သည် သေသူကို ပြန်ရှင်စေခြင်းအပါအဝင် အရာအားလုံးကို စကားပြောခြင်းမှတစ်ဆင့် ပြီးမြောက်စေနိုင်သည်ဆိုသည်ကို ကိုယ်စားပြုသည်။ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းခဲ့သောအခါ၊ ကမ္ဘာကြီးကို သူဖန်ဆင်းခဲ့သောအခါ၌ စကားလုံးတို့နှင့်ပင် လုပ်ခဲ့သည်။ အမိန့်ပေးစကား၊ အာဏာပါဝင်သော စကားလုံးတို့ကို သူအသုံးပြုခဲ့ပြီး ဤကဲ့သို့ အရာအားလုံးကို ဖန်ဆင်းခဲ့သည်။ ဤကဲ့သို့ပင် ပြီးမြောက်ခဲ့သည်။ သခင်ယေရှုပြောခဲ့သော ဤစကားတစ်ခွန်းက ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာအားလုံးကို ဖန်ဆင်းခဲ့သောအခါ သူပြောခဲ့သော စကားလုံးတို့လိုပင်ဖြစ်သည်။ ဘုရားသခင်၏ အာဏာ၊ ဖန်ဆင်းရှင်၏ အရည်အချင်းတို့ ညီတူညီမျှ ပါဝင်သည်။ ဘုရားသခင်၏ နှုတ်မှလာသော စကားလုံးတို့ကြောင့် အရာအားလုံးသည် ဖြစ်ပေါ်လာပြီး ရပ်တည်လာသည်။ ဤကဲ့သို့ပင် သခင်ယေရှု၏ နှုတ်ကလာသော စကားလုံးတို့ကြောင့် လာဇရုသည် သူ့အုတ်ဂူမှ လမ်းလျှောက်ထွက်လာခဲ့သည်။ ၎င်းသည် ဘုရားသခင်၏ လူ့ဇာတိက ထုတ်ဖော်ပြသပြီး အကောင်အထည်ဖော်ခဲ့သော သူ၏ အာဏာဖြစ်သည်။ ဤအာဏာနှင့် အရည်အချင်းမျိုးသည် ဖန်ဆင်းရှင်နှင့်သက်ဆိုင်ပြီး ဖန်ဆင်းရှင်က အကောင်အထည်ဖော်ခဲ့သော လူသားနှင့် သက်ဆိုင်သည်။ ၎င်းသည် ဘုရားသခင်က လာဇရုကို သေခြင်းမှ ရှင်ခြင်းကို သယ်ဆောင်လာခြင်းအားဖြင့် လူသားမျိုးနွယ်ကို သင်ကြားပေးသော နားလည်ခြင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၁၃

စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၆၃

လူ၏သဘာဝကို သိရှိခြင်းနှင့် ပတ်သက်လာသည့်အခါ၊ အရေးကြီးဆုံးသော အရာမှာ ယင်းကို လူသား၏ လောကအမြင်၊ ဘဝအမြင်နှင့် တန်ဖိုးများ၏ ရှုထောင့်မှ ကြည့်ရန်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၃၉

ယေဟောဝါ ဘုရားသခင်နှင့် စာတန်အကြားမှ အပြန်အလှန် ပြောစကား (လက်ရွေးစင် ကျမ်းပိုဒ်များ) ယောဘ ၁:၆-၁၁ ယခုတွင် ဘုရားသခင်၏ သားတို့သည်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် | ကောက်နုတ်ချက် ၇၁

ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်က အဆုံးသို့ ရောက်လုနီးပြီ ဖြစ်သည်။ ထို့ပြင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။