ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “လူသား၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” | ကောက်နုတ်ချက် ၁၂၈

ဘုရားသခင်သည် လူသားတို့အကြား သူ၏အမှုကိုဆောင်ရွက်ရန်၊ လူသားကို သူကိုယ်တိုင် သူ့ကိုယ်သူ ဖော်ပြရန်နှင့် လူသားအား သူ့ကိုကြည့်ခွင့်ပြုရန် ကမ္ဘာမြေကြီးကို လာခြင်းဖြစ်၏။ ဤသည်မှာ သေးငယ်သည့် ကိစ္စတစ်ရပ်လော။ ဤသည်မှာ အမှန်စင်စစ် လွန်စွာထူးခြား၏။ လူသားမှ စိတ်ကူးယဉ်သကဲ့သို့ ဘုရားသခင်သည် သူ့အပေါ် လူသားက ကြည့်ရန် လာခဲ့သည်မဟုတ်။ ဘုရားသခင်သည် စစ်မှန်၍ မရေမရာ၊ အနှစ်သာရကင်းမဲ့သူ မဟုတ်ကြောင်း နားလည်စေရန်နှင့် ဘုရားသခင်သည် မြင့်မားသည်သာမက စိတ်နှလုံးနှိမ့်ချခြင်းလည်းရှိကြောင်း နားလည်စေရန် ကြွရောက်လာခဲ့ခြင်း မဟုတ်ပေ။ ဤသည်မှာ ဤမျှလွယ်ကူနိုင်မည်လော။ အတိအကျအားဖြင့် စာတန်သည် လူသား၏ဇာတိပကတိအား ဖျက်ဆီးခဲ့ကာ၊ လူသားသည် ဘုရားသခင်က ကယ်တင်ရန်ရည်ရွယ်သူ ဖြစ်သဖြင့်၊ ဘုရားသခင်က ဇာတိပကတိခံယူ၍ စာတန်နှင့် တိုက်ပွဲဝင်ကာ လူသားကို ကိုယ်တိုင်လမ်းပြရမည် ဖြစ်သည်။ ဤသည်သာလျှင် သူ၏အမှုအတွက် အကျိုးရှိ၏။ ဘုရားသခင်၏ လူ့ဇာတိခံယူသော ဇာတိပကတိ နှစ်ရပ်သည် စာတန်ကို ရှုံးနိမ့်စေရန် တည်ရှိခဲ့၍ လူသားကို ပိုမိုကောင်းမွန်စွာ ကယ်တင်နိုင်ရေးအတွက်လည်း တည်ရှိခဲ့၏။ ဤသည်မှာ စာတန်နှင့်တိုက်ပွဲဝင်သူမှာ- ဘုရားသခင်၏ ဝိညာဉ်ဖြစ်စေ၊ ဘုရားသခင်၏ လူ့ဇာတိခံယူသော ဇာတိပကတိဖြစ်စေ- ဘုရားသခင်သာ ဖြစ်နိုင်သောကြောင့်ဖြစ်သည်။ အတိုအားဖြင့်ဆိုလျှင်၊ စာတန်နှင့် တိုက်ပွဲဝင်နေသူသည် စာတန်၏ ဖျက်ဆီးခြင်းခံရသည့် လူသားမဆိုထားနှင့် ကောင်းကင်တမန်များပင် မဟုတ်နိုင်ပေ။ ကောင်းကင်တမန်များသည် ဤအမှုကိုပြုရန် တန်ခိုးမရှိပေ။ ထို့အပြင် လူသားသည် သာ၍ပင် စွမ်းဆောင်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် ဘုရားသခင်သည် လူသားတို့၏အသက်တာအပေါ် အမှုဆောင်လိုပါက၊ လူသားအပေါ် ဆောင်ရွက်ရန် သူကိုယ်တိုင် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာလိုပါက၊ သူကိုယ်တိုင် ဇာတိပကတိ ခံယူရမည်ဖြစ်သည်။ ဆိုလိုသည်မှာ သူကိုယ်တိုင် ဇာတိပကတိ ယူတင်ဝတ်ဆောင်၍ သူ၏ကိုယ်ပိုင်ဝိသေသ လက္ခဏာနှင့် သူဆောင်ရွက်ရမည့် အမှုအားဖြင့်၊ လူသားအကြားကြွလာ၍ သူကိုယ်တိုင် လူသားကို ကယ်တင်ရမည် ဖြစ်၏။ သို့မဟုတ်ပါက ဤအမှုကို ဆောင်ရွက်သူမှာ ဘုရားသခင်၏ဝိညာဉ် သို့မဟုတ် လူသားဖြစ်ပါက၊ ဤတိုက်ပွဲသည် ထိရောက်မှုရှိရန် အစဉ်ပျက်ကွက်မည်ဖြစ်၍ မည်သည့်အခါမျှ ပြီးဆုံးမည် မဟုတ်ပေ။ လူသားတို့အကြား စာတန်ကို ဆန့်ကျင်တိုက်ပွဲဝင်ရန် ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိခံယူမှသာလျှင် လူသားသည် ကယ်တင်ခြင်းရရှိရန် အခွင့်အလမ်း ရှိမည်ဖြစ်သည်။ ထို့အပြင်၊ ထိုအခါမှသာလျှင် စာတန်သည် အရှက်ရ၍ ခေါင်းပုံဖြတ်ရန် အခွင့်အလမ်းများ သို့မဟုတ် အကောင်အထည်ဖော်ရန် အစီအစဉ်များ မရှိဘဲ ကျန်ရစ်လိမ့်မည်။ ဘုရားသခင်၏ ဝိညာဉ်သည် လူ့ဇာတိခံယူသော ဘုရားသခင်မှ ဆောင်ရွက်သည့်အမှုကို ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသည့်အပြင် ဇာတိပကတိဆန်သူ မည်သည့်လူသားမျှ ဘုရားသခင်၏ ကိုယ်စား ဆောင်ရွက်နိုင်စွမ်း သာ၍ပင် မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူဆောင်ရွက်သည့်အမှုသည် လူသား၏ အသက်တာအတွက်ဖြစ်၍ လူသား၏ ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲရန်ဖြစ်သောကြောင့် ဖြစ်၏။ လူသားသည်သာ ဤတိုက်ပွဲတွင် ပါဝင်ရမည်ဆိုပါက သူသည် အလွန်ဝမ်းနည်းဖွယ်ကောင်းစွာ ကစဉ့်ကလျား ထွက်ပြေးမည်သာဖြစ်၍ လူသား၏ ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲနိုင်စွမ်း လုံးဝရှိမည်မဟုတ်ပေ။ လူသားကို လက်ဝါးကပ်တိုင်မှ ကယ်တင်နိုင်စွမ်း သို့မဟုတ် ပုန်ကန်စိတ်ရှိသည့် လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ သို့ရာတွင် အခြေခံသဘောတရားအရ သာမန်အမှုအနည်းငယ်သာ သို့မဟုတ် စာတန်ရှုံးနိမ့်ခြင်းနှင့် မသက်ဆိုင်သည့် အမှုကိုသာ လုပ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် အဘယ်ကြောင့် စိတ်အနှောင့်အယှက်ခံမည်နည်း။ စာတန်ရှုံးနိမ့်စေရန်မဆိုနှင့် လူသားကို မရရှိနိုင်သည့်အမှုမှာ မည်သည့်အဓိပ္ပာယ် ရှိမည်နည်း။ ထို့ကြောင့် စာတန်နှင့်တိုက်ပွဲမှာ ဘုရားသခင်ကိုယ်တိုင်သာလျှင် အကောင်အထည်ဖော်နိုင်မည် ဖြစ်ကာ လူသားက လုပ်ဆောင်ရန် စွမ်းဆောင်ရည် လုံးဝမရှိပေ။ လူသား၏တာဝန်မှာ နာခံရန်နှင့် လိုက်နာရန်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လူသားသည် ခေတ်ကာလအသစ်တစ်ရပ် ဖွင့်လှစ်သည့်အမှုကို မပြုနိုင်သကဲ့သို့ စာတန်နှင့် တိုက်ပွဲဝင်သည့်အမှုကိုလည်း အကောင်အထည်ဖော်နိုင်ခြင်း မရှိပေ။ စာတန်ကိုရှုံးနိမ့်စေသော ဘုရားသခင်ကိုယ်တိုင်၏ ဦးဆောင်မှုဖြင့်သာ လူသားသည် ဖန်ဆင်းရှင်ကျေနပ်အောင် ပြုလုပ်နိုင်မည် ဖြစ်သည်။ ဤတစ်ခုတည်းကိုသာ လူသားသည် ပြုလုပ်နိုင်၏။ ထို့ကြောင့် တိုက်ပွဲအသစ်တစ်ခု စတင်တိုင်း၊ ဆိုလိုသည်မှာ ခေတ်သစ်တစ်ခု၏ အမှုစတင်တိုင်း၊ ဤအမှုကို ဘုရားသခင်ကိုယ်တိုင် ဆောင်ရွက်ခြင်းဖြစ်၏။ ဤနည်းအားဖြင့် သူသည် ခေတ်တစ်ခေတ်လုံးကို ဦးဆောင်လမ်းပြကာ လူသားမျိုးနွယ်တစ်ရပ်လုံးအတွက် လမ်းကြောင်းသစ်တစ်ရပ်ကို ဖွင့်ပေးခြင်းဖြစ်၏။ ခေတ်သစ်တစ်ခုစီ၏အရုဏ်သည် စာတန်နှင့်တိုက်ပွဲအသစ် စတင်ခြင်းဖြစ်၏။ ဤနည်းအားဖြင့် လူသားသည် ပို၍သစ်လွင်လှပသော လောကနှင့် ဘုရားသခင်ကိုယ်တိုင်က လမ်းပြဦးဆောင်သည့် ခေတ်သစ်သို့ ဝင်ရောက်ခြင်းဖြစ်၏။ လူသားသည် အရာခပ်သိမ်း၏ အရှင်သခင် ဖြစ်သော်လည်း ရရှိခဲ့ပြီးသူများသည် စာတန်နှင့်တိုက်ပွဲအားလုံး၏ အသီးများဖြစ်လာကြလိမ့်မည်။ စာတန်သည် အရာခပ်သိမ်းကို ဖျက်ဆီးသူဖြစ်၏။ ၎င်းသည် တိုက်ပွဲအားလုံးအဆုံးတွင် ဆုံးရှုံးသူဖြစ်၍ ဤတိုက်ပွဲများနောက်တွင် အပြစ်ပေးခံရမည့်သူလည်း ဖြစ်၏။ ဘုရားသခင်၊ လူသားနှင့် စာတန်တို့အကြားတွင် စာတန်သည်သာ မုန်းတီးရွံရှာခြင်းနှင့် ငြင်းပယ်ခံရမည့်သူဖြစ်၏။ စာတန်ကရရှိလိုက်သော်လည်း ဘုရားသခင်က ပြန်လည်ရယူလိုက်ခြင်း မရှိသူများသည် ထိုအတောအတွင်း စာတန်၏ကိုယ်စား အပြစ်ပေးခံရမည့်သူများ ဖြစ်သွား၏။ ဤသုံးဦးတွင် အရာခပ်သိမ်းသည် ဘုရားသခင်ကိုသာလျှင် ဝတ်ပြုသင့်သည်။ စာတန်၏ဖျက်ဆီးခြင်း ခံရသော်လည်း ဘုရားသခင်က ပြန်လည်ရယူလိုက်၍ ဘုရားသခင်၏လမ်းခရီးနောက်လိုက်လျှောက်သူများသည် ထိုအတောအတွင်း ဘုရားသခင်၏ကတိကိုရရှိ၍ ဘုရားသခင်အတွက် ဆိုးယုတ်သူများကို တရားစီရင်မည့်သူများ ဖြစ်သွားကြ၏။ ဘုရားသခင်အောင်နိုင်မည်မှာ သေချာ၍ စာတန်သည် ရှုံးနိမ့်လိမ့်မည်မှာ သေချာ၏။ သို့ရာတွင် လူသားတို့အကြားတွင် အောင်မြင်မည့်သူများနှင့် ရှုံးနိမ့်မည့်သူများ ရှိ၏။ အောင်မြင်မည့်သူများသည် အောင်နိုင်သူနှင့် သက်ဆိုင်၍ ရှုံးနိမ့်မည့်သူများမှာ ရှုံးနိမ့်သူနှင့် သက်ဆိုင်လိမ့်မည်။ ဤသည်မှာ အမျိုးအစားကိုလိုက်၍ တစ်ခုစီကို အတန်းစားခွဲခြားခြင်းဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏အမှုအားလုံး၏ နောက်ဆုံးရလဒ်ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ အမှုအားလုံး၏ ရည်ရွယ်ချက်လည်းဖြစ်၍ မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ ဘုရားသခင် စီမံခန့်ခွဲမှုအစီအစဉ်၏ အဓိကအမှု၏အချက်အချာမှာ လူသားအား ကယ်တင်ခြင်းအပေါ်တွင် အလေးထား၍ ဤအချက်အချာအတွက်၊ ဤအလုပ်အတွက်နှင့် စာတန် ရှုံးနိမ့်ရေးအတွက် ဘုရားသခင်သည် အဓိကအားဖြင့် ဇာတိပကတိ ခံယူခြင်းဖြစ်၏။ ဘုရားသခင်မှ ပထမအကြိမ် ဇာတိပကတိခံယူချိန်သည်လည်း စာတန်ရှုံးနိမ့်စေရန်ဖြစ်၏၊ ပထမတိုက်ပွဲအမှုပြီးပြည့်စုံစေရန်၊ သူကိုယ်တိုင် ဇာတိပကတိခံယူ၍ ကိုယ်တိုင် လက်ဝါးကပ်တိုင်တွင် အရိုက်ခံရ၏။ ဤသည်မှာ လူသားမျိုးနွယ်၏ ရွေးနုတ်ခြင်းအမှုဖြစ်၏။ အလားတူပင်၊ အမှု၏ဤအဆင့်သည်လည်း လူသားတို့အကြား သူ၏အမှုကို ဆောင်ရွက်ရန်၊ သူ၏နှုတ်ကပတ်တော်ကို ကိုယ်တိုင်ပြောဆိုရန်နှင့် လူသားအား သူ့ကိုကြည့်ခွင့်ပြုရန် ဇာတိပကတိခံယူသော ဘုရားသခင်ကိုယ်တိုင် ဆောင်ရွက်ခြင်းဖြစ်၏။ ထိုအမှုများဆောင်ရွက်နေစဉ်တစ်လျှောက် သူသည် အခြားအမှုများကိုလည်း ဆောင်ရွက်ကြောင်းကို ရှောင်လွှဲ၍မရသည်မှာ မှန်ပေသော်လည်း သူ၏အမှုကို သူကိုယ်တိုင်ဆောင်ရွက်ခြင်း၏ အဓိကအကြောင်းရင်းမှာ စာတန်ရှုံးနိမ့်စေရေး၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို သိမ်းပိုက်ရေးနှင့် ထိုသူများကို ရရှိရေးအတွက်ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်၏ လူ့ဇာတိခံယူတော်မူခြင်းသည် အမှန်တကယ်ပင် ထူးခြားပေသည်။ သူ၏ရည်ရွယ်ချက်မှာ ဘုရားသခင်သည် စိတ်နှလုံးနှိမ့်ချ၍ ဖုံးကွယ်ပုန်းလျှိုးနေကြောင်းနှင့် ဘုရားသခင်သည် စစ်မှန်ကြောင်းပြရန်သာဖြစ်ကာ၊ ဤအမှုကိုဆောင်ရွက်ရန် အတွက်သာဖြစ်ပါက၊ ဇာတိပကတိခံယူရန် လိုအပ်ခဲ့မည်မဟုတ်ပေ။ ဘုရားသခင်သည် ဇာတိပကတိခံယူခြင်း မပြုသော်မှ သူသည် သူ၏စိတ်နှလုံးနှိမ့်ချခြင်းနှင့် ဖုံးကွယ်ပုန်းလျှိုးနေခြင်း၊ သူ၏ကြီးမြတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို လူသားအား တိုက်ရိုက် ဖော်ထုတ်ပြသနိုင်၏။ သို့ရာတွင် ထိုကဲ့သို့သောအရာများသည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှုနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိပေ။ ၎င်းတို့သည် လူသားကို ကယ်တင်နိုင်စွမ်း သို့မဟုတ် ပြည့်စုံစေနိုင်စွမ်းမရှိပေ။ စာတန်ကို ရှုံးနိမ့်စေနိုင်စွမ်း သာ၍ပင် မရှိပေ။ စာတန်ရှုံးနိမ့်စေရေးတွင် ဝိညာဉ်တော်က ဝိညာဉ်တစ်ပါးနှင့် တိုက်ပွဲဝင်ခြင်းသာပါဝင်ပါက ထိုကဲ့သို့အမှုတွင် လက်တွေ့ကျသည့်တန်ဖိုး သာ၍ပင်မရှိပေ။ ဤသည်မှာ လူသားကိုရရှိနိုင်စွမ်းမရှိဘဲ လူသား၏ကံကြမ္မာနှင့် အလားအလာများကို ဖျက်ဆီးလိမ့်မည်။ ထို့ကြောင့် ယနေ့ ဘုရားသခင်၏အမှုတွင် လေးနက်သည့်အဓိပ္ပာယ်ရှိ၏။ ဤသည်မှာ လူသားသည် သူ့အားတွေ့နိုင်စေရန်သာမဟုတ်၊ သို့မဟုတ် လူသား၏မျက်လုံးများပွင့်သွားရေး သို့မဟုတ် သူ့ကို အနည်းငယ် တွန်းပေးခြင်းနှင့် အားပေးခြင်းတို့ ပြုလုပ်ပေးရန်သာမဟုတ်ပေ။ ထိုကဲ့သို့သောအမှုသည် အဓိပ္ပာယ်မရှိပေ။ ဤကဲ့သို့ အသိဉာဏ်မျိုးအကြောင်းသာ သင်ပြောနိုင်ပါက ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ စစ်မှန်သော အဓိပ္ပာယ်အကြောင်း သင်မသိကြောင်းကို သက်သေပြ၏။

(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ)

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။