ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း | ကောက်နုတ်ချက် ၂၂၅

19.12.2020

နိုင်ငံတော်အား ဆောက်လုပ်ခြင်းသည် တရားဝင်စတင်ပြီး ဖြစ်သော်ငြားလည်း နိုင်ငံတော်အား ဂုဏ်ပြုခြင်းသည် ယခုတိုင် တရားဝင် ထွက်ပေါ်လာရန် လိုသေးသည်၊ ယခုတွင်မူ ယင်းသည် ဖြစ်လာမည့် အရာအတွက် ပရောဖက်ပြုချက် တစ်ခုသာ ဖြစ်သည်။ လူသားများ အားလုံးသည်စုံလင်ခြင်း ခံရပြီး ကမ္ဘာကြီး၏ တိုင်းနိုင်ငံများ အားလုံးသည် ခရစ်တော်၏ နိုင်ငံတော် ဖြစ်လာသောအခါ ယင်းသည် မိုးချုန်းသံ ခုနှစ်ချက် မြည်ဟီးချိန် ဖြစ်လိမ့်မည်။ လက်ရှိနေ့ရက်သည် ယင်းအဆင့်၏ လားရာဘက်သို့ ဦးတည်နေသော ခြေလှမ်းကျဲ တစ်ခု ဖြစ်သည်၊ လာမည့်အချိန်၌ ညွှန်ကြားချက်ကို စေလွှတ်လိုက်ပြီး ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်― မဝေးတော့သည့် အနာဂတ်တွင် ယင်းသည် အကောင်အထည်ဖော်ခြင်း ခံရလိမ့်မည်။ သို့ရာတွင် ဘုရားသခင်သည် သူပြောကြားခဲ့ပြီးသော အရာအားလုံးကို လုပ်ဆောင် ပြီးမြောက်ပြီး ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာကြီး၏ တိုင်းနိုင်ငံများသည် မြင့်မားသော ဒီရေ နီးလာသည် နှင့် အညီ ဖိမ့်ဖိမ့်တုန်နေသော သဲပေါ်မှ ရဲတိုက်များသာ ဖြစ်ကြသည်မှာ ရှင်းလင်းသည်။ နောက်ဆုံးသော ကာလသည် ကျရောက်အံ့ဆဲဆဲရှိပြီး အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အောက်တွင် လဲပြိုကျလိမ့်မည်။ ဘုရားသခင်၏ အစီအစဉ် သည် အောင်မြင်စွာ ဆောင်ရွက်ခြင်း ခံရကြောင်း သေချာစေရန် ကောင်းကင်ဘုံ၏ ကောင်းကင်တမန်များသည် ကမ္ဘာပေါ်သို့ ကြွဆင်းလာပြီး ဘုရားသခင် စိတ်ကျေနပ်စေရန် ၎င်းတို့၏ အစွမ်းကုန် လုပ်ဆောင်လျက်ရှိသည်။ လူ့ဇာတိခံယူသော ဘုရားသခင် ကိုယ်တော်တိုင်သည် ရန်သူနှင့် စစ်ဆင်နွှဲရန် စစ်မြေပြင်သို့ တပ်ဖြန့်ထား၏။ လူ့ဇာတိခံယူခြင်း ပေါ်လာသည့် နေရာတိုင်းတွင် ရန်သူသည် ယင်းနေရာမှ ဖျက်ဆီးခံရသည်။ တရုတ်ပြည်သည် ဦးစွာ သုတ်သင်ချေမှုန်းခြင်း ခံရမည် ဖြစ်ပြီး၊ ဘုရားသခင်၏ လက်တော်အားဖြင့် မွှေနှောက်ဖျက်ဆီးခြင်းကို ခံရမည်။ ဘုရားသခင်သည် တရုတ် ပြည်အား လုံးဝ သက်ညှာပေးမည်မဟုတ်။ အဆင်းနီသော နဂါးကြီး၏ အဆင့်ဆင့် ပြိုလဲမှုသက်သေကို လူတို့၏ ဆက်လက်ရင့်ကျက်လာမှု၌ တွေ့မြင်နိုင်သည်။ ဤသည်ကို မည်သူမဆို သိသာစွာပင် မြင်တွေ့ နိုင်သည်။ လူတို့၏ ရင့်ကျက်မှုသည် ရန်သူ၏ ကျရှုံးခြင်း လက္ခဏာဖြစ်သည်။ ဤသည်က “စစ်ဆင်နွှဲသည်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုကြောင်း ရှင်းပြချက် အရိပ်အမြွက်မျှ ဖြစ်သည်။ ဤအကြောင်းကြောင့်၊ ဘုရားသခင်သည် ဖြစ်ရပ်အတော်များများတွင် အယူအဆများ၏ အခြေအနေကို ပြုပြင်ရန်၊ လူသားများ၏ စိတ်နှလုံးများအထဲ၌ ရှိသော အဆင်းနီသည့် နဂါးကြီး၏ အကျည်းတန်မှုကို ဖြေဖျောက်ရန် ဘုရားသခင်အတွက် လှပသော သက်သေများ ခံကြရန် လူတို့ကို သတိပေးခဲ့သည်။ ဘုရားသခင်သည် လူသား၏ ယုံကြည်ခြင်းကို သက်ဝင်လှုပ်ရှားလာစေရန် ထိုကဲ့သို့သော သတိပေးချက်များကို အသုံးပြုသည်၊ ယင်းသို့ လုပ်ဆောင်ခြင်းဖြင့် သူ၏ အမှု ၌ အောင်မြင်မှုများကို ရရှိသည်။ ဤအတွက်ကြောင့်ပင် ဘုရားသခင်မှ “လူသားသည် အဘယ်အရာကို တတ်စွမ်းနိုင်သနည်း။ ငါကိုယ်တိုင်ပင် ယင်းအရာကို လုပ်ဆောင်သည် မဟုတ်လော” ဟု ပြောခဲ့ခြင်း ဖြစ်သည်။ လူသားမျိုးနွယ် အားလုံးသည် ထိုနည်းနှင်နှင်ပင် ဖြစ်ကြသည်။ သူတို့သည် မတတ်စွမ်းနိုင်ရုံသာမက လွယ်ကူစွာနှင့် အားလျော့တတ်ပြီး စိတ်လည်းပျက်တတ်ကြသည်။ ဤအကြောင်းကြောင့်ပင် သူတို့သည် ဘုရားသခင်အား သိခြင်းငှာ မတတ်စွမ်းနိုင်ကြ။ ဘုရားသခင်သည် လူသား၏ ယုံကြည်ခြင်းကို ရှင်သန်စေရုံသာမက၊ သူသည် လူသားအား လျှို့ဝှက်စွာ ခွန်အားနှင့်လည်း အစဉ်တစိုက် ပြည့်ဝစေသည်။

ထို့နောက် ဘုရားသခင်သည် စကြဝဠာတစ်ဝှမ်းလုံးကို စတင်၍ ပြောကြားသည်။ ဘုရားသခင်သည် သူ၏အမှုကို တရုတ်ပြည်တွင် စတင်ခဲ့သည်သာမက စကြဝဠာအနှံ့အပြားတွင် သူသည် ယနေ့ကာလ၏ အသစ်သောအမှုကို စတင်၍ လုပ်ဆောင်လေသည်။ အမှု၏ ဤအဆင့်တွင် ဘုရားသခင်သည် သူ့အား သစ္စာဖောက်ခဲ့သော လူသားမျိုးနွယ်အားလုံး သူ၏ပလ္လင်ရှေ့မှောက်၌ ဆက်ကပ်အပ်နှံခြင်းဖြင့် ဦးညွှတ်ခြင်းငှာ တစ်ဖန် ပြန်လာကြရန်အတွက် စကြဝဠာအနှံ့အပြားရှိ သူ၏ လုပ်ဆောင်ချက်များ အားလုံးကို ထုတ်ဖော်လိုသည့်အတွက်ကြောင့် ဘုရားသခင်၏ တရားစီရင်မှု အတွင်းတွင် ဘုရားသခင်၏ သနားကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့ ရှိနေသေးသည်။ ဘုရားသခင်သည် လူသားများကို ထိတ်လန့်တုန်လှုပ်မှု ခံစားစေရန် ကမ္ဘာတစ်လွှားမှ လက်ရှိ အဖြစ်အပျက်များကို အခွင့်အလမ်းများအဖြစ် အသုံးပြုပြီး သူတို့အနေဖြင့် ဘုရားသခင်၏ရှေ့မှောက်၌နေဖို့ ပြန်လည်စီးဆင်းနိုင်ရန်အလို့ငှာ ဘုရားသခင်ကို ဖွေရှာရန် သူတို့အား လှုံ့ဆော်လေသည်။ ထို့ကြောင့် ဘုရားသခင်သည် “ဤသည်မှာ ငါ အလုပ်လုပ်သော နည်းလမ်းများထဲမှ တစ်ခုဖြစ်ပြီး လူသားအား ကယ်တင်ခြင်း၏ လုပ်ဆောင်မှုတစ်ခု ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိဘဲ ငါမှ သူ့အား ကမ်းလှမ်းသည့်အရာမှာ ချစ်ခြင်းမေတ္တာ တစ်မျိုးပင် ဖြစ်နေပါသေးသည်” ဟု ပြောခြင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နက်နဲမှုများ၏ အနက်ဖွင့်ဆိုချက်များ၊ အခန်း (၁၀)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။