သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၄) အပိုင်း သုံး

လူ၏ အပြုအမူနှင့် စပ်လျဉ်း၍ ဘုရားသခင် ချမှတ်သည့် တောင်းဆိုချက်များထဲတွင် “မိမိ၏မိဘများကို ရိုသေစွာပြုလော့”ဟူသည့် သတ်မှတ်ချက်ရှိ၏။ လူတို့သည် ပုံမှန်အားဖြင့် အခြားတောင်းဆိုချက်များနှင့် ပတ်သက်၍ မည်သည့် အတွေး၊ သို့မဟုတ် အယူအဆမျှ မရှိကြချေ။ သို့ဆိုလျှင် “မိမိ၏ မိဘများကို ရိုသေစွာပြုလော့”ဟူသည့် သတ်မှတ်ချက်နှင့်ပတ်သက်၍ သင်တို့၏ အတွေးများမှာ အဘယ်နည်း။ သင်တို့၏ အမြင်များနှင့် ဘုရားသခင် ပြောဆိုသည့် သမ္မာတရား စည်းမျဉ်းကြားတွင် ဆန့်ကျင်ကွဲလွဲမှုတစ်ခု ရှိသလော။ ဤအရာကို သင် ရှင်းလင်းစွာ မြင်နိုင်ပါက ကောင်းပေ၏။ သမ္မာတရားကို နားမလည်သူများ၊ စည်းမျဉ်းများကို မည်သို့ လိုက်လျှောက်ပြီး စကားများနှင့် အယူဝါဒများအား မည်သို့ လေပန်းရမည်ဆိုသည်ကိုသာ သိရှိသောသူတို့သည် ချင့်ချိန်နိုင်စွမ်း ကင်းမဲ့ကြသည်။ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုသည့်အခါ လူ့အယူအဆများကို ၎င်းတို့ အမြဲ သိုဝှက်ထားကြသည်။ ဆန့်ကျင်ကွဲလွဲမှု အချို့ရှိသည်ဟု ၎င်းတို့ အမြဲ ခံစားကြပြီး သူ၏ နှုတ်ကပတ်တော်များကို ရှင်းလင်းစွာ မမြင်နိုင်ကြပေ။ သမ္မာတရားကို သိနားလည်သောသူတို့မှာမူ ဘုရားနှုတ်ကပတ်တော်များ၌ မည်သည့် ဆန့်ကျင်ကွဲလွဲမှု တစ်ခုမျှ မတွေ့ကြ။ ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်ခြင်း ရှိပြီး သမ္မာတရားကို သဘောပေါက်နိုင်ကြသောကြောင့် သူ၏ နှုတ်ကပတ်တော်များသည် အလွန့်အလွန် ရှင်းလင်းသည်ဟု ၎င်းတို့ တွေးကြလေသည်။ တစ်ခါတစ်ရံ သင်တို့သည် ဘုရားနှုတ်ကပတ်တော်များကို ရှင်းလင်းစွာ မမြင်နိုင်သကဲ့သို့ မည်သည့် မေးခွန်းကိုမျှ သင်တို့ မမေးနိုင်ပေ။ သင်တို့သည် မည်သည့်မေးခွန်းမျှ မမေးပါက သင်တို့ထံတွင် မည်သည့် ပြဿနာမျှ မရှိသည့်အလား ထင်ရသော်လည်း စင်စစ်အားဖြင့် သင်တို့တွင် ပြဿနာများစွာနှင့် အခက်အခဲများစွာ ရှိသည်၊ ဤအရာကို သင်တို့ မသိခြင်းသာ ဖြစ်၏။ ဤအရာက သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန် သေးငယ်ကြောင်း ပြ၏။ ပထမဦးစွာ လူတို့သည် မိမိတို့၏ မိဘများကို ရိုသေစွာပြုရမည်ဟူသည့် ဘုရားသခင်၏ သတ်မှတ်ချက်ကို ကြည့်ကြစို့။ ဤသတ်မှတ်ချက်သည် မှန်သလော၊ မှားသလော။ လူတို့သည် ထိုအရာကို လိုက်နာစောင့်ထိန်းသင့်သလော၊ မစောင့်ထိန်းသင့်သလော။ (စောင့်ထိန်းသင့်ပါသည်။) ဤသည်မှာ သေချာ၏၊ ပြီးလျှင် ငြင်း၍ မရနိုင်ပေ။ ဤအရာနှင့်ပတ်သက်၍ ချီတုံချတုံဖြစ်ရန်၊ သို့မဟုတ် တွေးဆရန် မလိုပေ။ ဤသတ်မှတ်ချက်သည် မှန်ကန်၏။ ထိုအရာနှင့်ပတ်သက်၍ မည်သည့်အရာ မှန်ကန်သနည်း။ ဘုရားသခင်သည် အဘယ်ကြောင့် ဤသတ်မှတ်ချက်ကို ချမှတ်သနည်း။ ဘုရားသခင်ပြောသည့် “မိမိ၏ မိဘများကို ရိုသေစွာပြုခြင်း”သည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ သင်တို့ သိကြသလော။ သင်တို့ မသိကြချေ။ သင်တို့ အဘယ်ကြောင့် အမြဲ မသိကြသနည်း။ တစ်စုံတစ်ရာတွင် သမ္မာတရား ပါဝင်သရွေ့ ထိုအရာကို သင်တို့ မသိကြ။ သို့တိုင် သင်တို့သည် စကားများနှင့် အယူဝါဒများအကြောင်းကို မပြီးနိုင်မဆုံးနိုင် ပြောဆိုနိုင်ကြသည်။ ဤတွင် ပြဿနာမှာ အဘယ်နည်း။ သို့ဆိုလျှင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို သင်တို့ မည်သို့ လက်တွေ့လုပ်ဆောင်ကြသနည်း။ ဤအရာတွင် သမ္မာတရား မပါဝင်သလော။ (ပါဝင်ပါသည်။) “သင်၏ မိဘများကို သင် ရိုသေစွာပြုရမည်” ဟုဆိုသည့် ဘုရားနှုတ်ကပတ်တော် စကားရပ်တစ်ခုရှိသည်ကို သင်မြင်သည့်အခါ သင်က “ဘုရားသခင်သည် ငါ၏ မိဘများကို ရိုသေစွာပြုရန် ငါ့ကို စေခိုင်းနေသည်။ ထို့ကြောင့် သူတို့ကို ငါရိုသေစွာပြုရမည်”ဟု မိမိကိုယ်ကို သင် စဉ်းစားပြီး ဤအရာကို သင်စတင်လုပ်ဆောင်သည်။ သင်၏ မိဘများက သင့်ကို စေခိုင်းသည့် မည်သည့်အရာကိုမဆို သင် လုပ်ဆောင်သည်။ သင်၏ မိဘများ နာမကျန်းဖြစ်ကြသည့်အခါ ၎င်းတို့အတွက် သောက်စရာကို ငှဲ့ပေးရင်း၊ စားကောင်းမည့်အရာ တစ်ခုခုကို ချက်ပြုတ်ပေးရင်း ၎င်းတို့၏ အိပ်ရာဘေးတွင် ၎င်းတို့ကို သင် အလုပ်အကျွေးပြုပြီး အခါကြီးရက်ကြီးများတွင် သင်သည် သင်၏ မိဘများ နှစ်သက်သည့်အရာများကို လက်ဆောင်များအဖြစ် ဝယ်ပေးသည်။ ၎င်းတို့ မောပန်းနွမ်းနယ်သည်ကို မြင်သည့်အခါ ၎င်းတို့၏ ပခုံးကို ပွတ်ပေးပြီး၊ ၎င်းတို့၏ နောက်ကျောကို နှိပ်နယ်ပေးကာ ၎င်းတို့ ပြဿနာတစ်ခု ရှိသည့်အခါတိုင်းတွင် သင်သည် ထိုပြဿနာကို ဖြေရှင်းရန် ဖြေရှင်းချက်တစ်ခု စဉ်းစားပေးနိုင်သည်။ ဤအရာအားလုံးကြောင့် သင်၏ မိဘများသည် သင်နှင့်ပတ်သက်၍ အလွန် စိတ်ကျေနပ်ကြလေသည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ရင်းနှင့် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ရင်း သင်၏ မိဘများကို ရိုသေစွာ ပြုနေခြင်း ဖြစ်သည်။ သို့ဖြစ်၍ သင်သည် စိတ်နှလုံးတွင် တည်ငြိမ်နေပြီး “ကြည့်ပါ၊ ငါ ဘုရားသခင်ကို စတင် ယုံကြည်ကတည်းက ပြောင်းလဲပြီးဖြစ်သည်ဟု ငါ့မိဘများက ပြောကြသည်။ ယခုတွင် သူတို့ကို ငါ ရိုသေစွာ ပြုနိုင်ပြီဖြစ်သလို ပိုပြီး ချင့်ချိန်စဉ်းစားနိုင်သည်ဟု သူတို့ ပြောကြသည်။ သူတို့ တကယ်ကို ကျေနပ်အားရကြပြီး ဘုရားသခင်ကို ယုံကြည်သော သားသမီးများသည် မိမိတို့၏ မိဘများကို ရိုသေစွာပြုရုံမက ဘဝတွင် မှန်ကန်သည့် လမ်းကြောင်းကိုလည်း လျှောက်ကာ လူသား ပုံသဏ္ဌာန်ဖြင့်လည်း အသက်ရှင်နေထိုင်ကြသောကြောင့်၊ သူတို့သည် ဘာသာတရားမရှိသူများထက် များစွာ ပိုကောင်းကြသောကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမြတ်သည်ဟု ငါ့မိဘများက တွေးကြသည်။ ဘုရားသခင်ကို ယုံကြည်လာပြီးနောက်တွင် ငါသည် ဘုရားနှုတ်ကပတ်တော်များအတိုင်း စတင် လက်တွေ့လုပ်ဆောင်ပြီး သူ၏ သတ်မှတ်ချက်များအတိုင်း ပြုမူဆောင်ရွက်ပြီးဖြစ်ကာ ငါ့မိဘများသည် ငါ့၌ ဤပြောင်းလဲမှု မြင်ရသည်ကို တကယ် ဝမ်းသာကြသည်။ ငါသည် ကိုယ့်ကိုယ်ကိုယ် အလွန် ဂုဏ်ယူမိသည်။ ဘုရားသခင်ကို ငါ ဘုန်းအသရေ ယူဆောင်ပေးနေသည်။ ဘုရားသခင်သည် ငါနှင့်ပတ်သက်၍ ဧကန်မုချ စိတ်ကျေနပ်ခြင်းရှိလိမ့်မည်ဖြစ်ပြီး၊ ငါသည် မိမိ မိဘများကို ရိုသေစွာပြုပြီး သူတော်စင်ကျင့်ဝတ်ကို ပိုင်ဆိုင်သည်ဟု သူ ပြောလိမ့်မည်” ဟု တွေးလေသည်။ တစ်နေ့တွင် အခြားနေရာသို့သွား၍ ဧဝံဂေလိဖြန့်ဝေရန် သင့်အတွက် အသင်းတော်က စီစဉ်ပေးပြီး သင်သည် အချိန်အတော်ကြာ အိမ်မပြန်နိုင်မည့် အလားအလာရှိသည်။ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဘေးဖယ်ထား၍မရဟု ခံစားရသဖြင့်၊ ပြီးလျှင် သင့်အနေဖြင့် အိမ်တွင် မိဘကို ရိုသေစွာ ပြုရမည်ဖြစ်ပြီး အိမ်ပြင်ပတွင် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကိုလည်း ထိန်းသိမ်းရမည်ဟု သင် ယုံကြည်သဖြင့် သွားရန် သင် သဘောတူလေသည်။ သို့ရာတွင် ထိုကိစ္စကို သင်၏ မိဘများနှင့် သင် ဆွေးနွေးသည့်အခါ ၎င်းတို့သည် ဒေါသထွက်လာကြပြီး “မနာခံသည့် ကလေး။ သင့်ကို ကျွေးမွေးပြုစုရန် ငါတို့ အလွန် ကြိုးစားအားထုတ်ခဲ့ရပြီး ယခုတွင် သင်သည် ရုတ်တရက် ထွက်သွားတော့မည်။ သင် မရှိတော့သည့်အခါ အဘယ်သူသည် ငါတို့ကဲ့သို့ အိုမင်းသည့် လင်မယားနှစ်ဦးကို စောင့်ရှောက်မည်နည်း။ ငါတို့ မကျန်းမာလျှင်၊ သို့မဟုတ် ကပ်ဘေးတစ်မျိုးမျိုး ရှိလျှင် ငါတို့ကို ဆေးရုံသို့ အဘယ်သူ ခေါ်သွားမည်နည်း”ဟု ပြောလေသည်။ သင် ထွက်သွားမည်ကို သူတို့ သဘောမတူကြသကဲ့သို့ သင်က “ငါတို့ မိဘများကို ရိုသေစွာပြုရန် ဘုရားသခင် ပြောသော်လည်း ငါ့မိဘများက ငါ့ကို ထွက်သွားခွင့် မပေးသလို ငါ၏ တာဝန်ကို လုပ်ဆောင်ခွင့်ကိုလည်း ပေးမည် မဟုတ်ပါ။ သူတို့ကို ငါနာခံမည်ဆိုလျှင် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ငါဘေးဖယ်ရမည်ဖြစ်ပြီး ဘုရားသခင်က ထိုအရာကို နှစ်သက်မည်မဟုတ်ပါ။ သို့ရာတွင် ဘုရားသခင်ကို နာခံပြီး ငါ၏ တာဝန်ကို ငါသွားလုပ်ဆောင်မည်ဆိုလျှင် ငါ၏ မိဘများက ဝမ်းနည်းကြလိမ့်မည်။ မည်သည့်အရာကို ငါ လုပ်ဆောင်သင့်သနည်း”ဟု စိုးရိမ်မိလေသည်။ သင်က “လူတို့အနေဖြင့် ဦးစွာပထမ မိမိတို့၏ မိဘများကို ရိုသေစွာပြုရမည်ဟူသည့် သတ်မှတ်ချက်ကို ဘုရားသခင် ချမှတ်သည့်အတွက် ထိုတောင်းဆိုချက်ကို ငါ ထိန်းသိမ်းမည်။ ငါ ထွက်သွားပြီး ငါ၏ တာဝန်ကို လုပ်ဆောင်ရန် မလိုပါ”ဟု တွေးဆပြီးရင်း တွေးဆလေသည်။ သင်၏ တာဝန်ကို သင် ဘေးဖယ်လိုက်ပြီး အိမ်တွင်သာ သင်၏ မိဘများကို ရိုသေစွာပြုရန် သင် ရွေးချယ်လိုက်သော်လည်း စိတ်နှလုံးတွင် တည်ငြိမ်မှု မခံစားရပါ။ သင်၏ မိဘများကို သင် ရိုသေစွာပြုပြီးဖြစ်သော်လည်း သင်၏ တာဝန်ကို သင်ဖြည့်ဆည်းခြင်း မရှိသေးဟု သင် ခံစားရပြီး ဘုရားသခင်ကို စိတ်ပျက်စေမိပြီဟု သင် တွေးမိသည်။ ဤပြဿနာကို မည်သို့ ဖြေရှင်းနိုင်သနည်း။ တစ်နေ့တွင် သမ္မာတရားကို သင် နားလည်ပြီး သင်၏ တာဝန်ကို လုပ်ဆောင်ခြင်းသည် အရေးကြီးဆုံးသော အရာဖြစ်ကြောင်း သဘောပေါက်သည်အထိ ဘုရားသခင်ထံ သင် ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေသင့်ပေသည်။ ထို့နောက်တွင် သင်သည် အိမ်ကို အလိုအလျောက် စွန့်ခွာနိုင်လိမ့်မည်ဖြစ်ပြီး သင်၏ တာဝန်ကို လုပ်ဆောင်နိုင်လိမ့်မည်။ လူအချို့က “ဘုရားသခင်က ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်စေချင်ပြီး ကျွန်ုပ်၏ မိဘများကိုလည်း ရိုသေစွာပြုစေချင်သည်။ ဤတွင် ဆန့်ကျင်ကွဲလွဲမှုနှင့် ကွဲပြားမှုတစ်ခု ရှိသည် မဟုတ်လော။ ကျွန်ုပ် အဘယ်သို့များ လက်တွေ့လုပ်ဆောင်သင့်သနည်း”ဟု ဆိုကြသည်။ “မိမိ၏ မိဘများကို ရိုသေစွာပြုခြင်း”သည် လူ၏ အပြုအမူနှင့် စပ်လျဉ်း၍ ဘုရားသခင် ချမှတ်သည့် သတ်မှတ်ချက်တစ်ခု ဖြစ်သော်လည်း ဘုရားသခင်နောက်လိုက်ရန် အရာရာကို စွန့်လွှတ်ခြင်းနှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးပြည့်စုံစေခြင်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက် မဟုတ်သလော။ ဤသည်မှာ ဘုရားသခင် တောင်းဆိုသည့်အရာ သာ၍ပင် မဟုတ်လော။ သာ၍ပင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသတ်မှတ်ချက်နှစ်ခု တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေပါက သင်မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ လူအချို့က “ဤသို့ဆိုလျှင် ကျွန်ုပ်၏ မိဘများကို ကျွန်ုပ် ရိုသေစွာပြုပြီး ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ပြီးပြည့်စုံစေရမည်ဖြစ်ကာ ဘုရားနှုတ်ကပတ်တော်များကို လိုက်နာစောင့်ထိန်းပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်ဖြစ်သည်။ ကောင်းပြီ၊ ယင်းမှာ လွယ်ကူပါသည်။ အိမ်တွင် အရာရာကို ကျွန်ုပ် ပြီးပြတ်စေမည်၊ ကျွန်ုပ် မိဘများ၏ နေထိုင်ရေး လိုအပ်ချက်များအားလုံးကို ပြင်ဆင်ပေးမည်၊ သူနာပြုတစ်ဦးကို ငှားပြီးနောက် ကျွန်ုပ်၏ တာဝန်ကို သွားထမ်းဆောင်ပါမည်။ တစ်ပတ်လျှင် တစ်ကြိမ် ကျွန်ုပ် ပြန်ဖြစ်အောင် ပြန်လာမည်။ ကျွန်ုပ်၏ မိဘများ အဆင်ပြေမပြေကို ကျွန်ုပ် စစ်ဆေးမည်ဖြစ်ပြီး ထို့နောက်တွင် ပြန်မည်ဖြစ်သည်။ တစ်စုံတစ်ရာ လွဲချော်လျှင် နှစ်ရက်ကြာ ကျွန်ုပ် နေလိုက်မည်။ သူတို့နှင့် ကျွန်ုပ် အမြဲ ဝေးနေပြီး လုံးဝ ပြန်မလာဘဲ နေ၍မရသကဲ့သို့ အိမ်တွင် အစဉ်အမြဲ နေကာ ကျွန်ုပ်တာဝန်ကို လုံးဝ သွားမလုပ်ဘဲ နေ၍မရပါ။ ဤသည်မှာ နယ်ပယ်နှစ်ခုလုံးအတွက် အကောင်းဆုံးသောအရာ ဖြစ်သည် မဟုတ်ပါလား”ဟု ဆိုကြသည်။ ဤဖြေရှင်းချက်ကို သင် အဘယ်သို့ ထင်သနည်း။ (အလုပ်ဖြစ်မည်မဟုတ်ပါ။) ယင်းသည် စိတ်ကူးတစ်ခု ဖြစ်သည်။ လက်တွေ့ကျခြင်း မရှိပေ။ ထို့ကြောင့် ဤအခြေအနေမျိုးကို သင် ကြုံရသည့်အခါ သမ္မာတရားနှင့်အညီ သင် မည်သို့ အတိအကျ ပြုမူဆောင်ရွက်သင့်သနည်း။ (သစ္စာစောင့်သိခြင်း၊ သားသမီးဝတ်တို့နှင့် ပတ်သက်လာသည့်အခါ နယ်ပယ်နှစ်ခုလုံးတွင် တာဝန်ကျေပွန်ရန် အစွမ်းကုန် ကြိုးစားဖို့ဟူသည်မှာ မဖြစ်နိုင်ပါ။ ကျွန်ုပ်၏ တာဝန်ကို ဦးစားပေးရမည်ဖြစ်သည်။) ဘုရားသခင်သည် လူတို့အား မိမိတို့၏ မိဘများကို ဦးစွာပထမ ရိုသေစွာပြုရန် ပြောဆိုခဲ့ပြီး ထို့နောက်တွင် သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ခြင်း၊ မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်းတို့နှင့် စပ်လျဉ်း၍ သာ၍ မြင့်မားသော သတ်မှတ်ချက်များကို လူတို့အတွက် ဘုရားသခင် ချမှတ်လေသည်။ ဤအရာများထဲမှ မည်သည့်အရာကို သင် လိုက်နာစောင့်ထိန်းသင့်သနည်း။ (သာ၍ မြင့်မားသော သတ်မှတ်ချက်များ ဖြစ်သည်။) သာ၍ မြင့်မားသော သတ်မှတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းသည် သင့်တင့်လျောက်ပတ်သလော။ သမ္မာတရားကို သာ၍ မြင့်မားပြီး သာ၍ နိမ့်ကျသော သမ္မာတရားများအဖြစ်၊ သို့မဟုတ် သာ၍ သစ်လွင်ပြီး သာ၍ အိုဟောင်းသော သမ္မာတရားများအဖြစ် ခွဲခြား၍ရနိုင်သလော။ (မရနိုင်ပါ။) ထို့ကြောင့် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်သည့်အခါ မည်သည့်အရာအတိုင်း သင် လက်တွေ့လုပ်ဆောင်သင့်သနည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (စည်းမျဉ်းများအတိုင်း အမှုကိစ္စများကို ကိုင်တွယ်ခြင်းဖြစ်သည်။) စည်းမျဉ်းများအတိုင်း အမှုကိစ္စများကို ကိုင်တွယ်ခြင်းသည် အရေးအကြီးဆုံးသော အရာဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် မတူကွဲပြားသည့် အချိန်များ၊ နေရာများ၊ ပတ်ဝန်းကျင်များနှင့် ဆက်စပ်အကြောင်းအရာများ၌ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ အမှုအရာများအတွက် စည်းမျဉ်းများကို ခေါင်းမာမာဖြင့် ကျင့်သုံးခြင်းအကြောင်း မဟုတ်ပေ။ သမ္မာတရား စည်းမျဉ်းများကို ထိန်းသိမ်းခြင်းအကြောင်း ဖြစ်သည်။ ယင်းမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင် ချမှတ်သည့် သတ်မှတ်ချက်များကို လိုက်နာစောင့်ထိန်းခြင်းတို့ကြား တကယ်ကို ကွဲလွဲဆန့်ကျင်မှု မရှိပေ။ သာ၍ ခိုင်မာစွာပြောရလျှင် သင်၏ မိဘများကို ရိုသေစွာပြုခြင်းနှင့် သင့်ကို ဘုရားသခင် ပေးထားသည့် စေခိုင်းချက်နှင့် တာဝန်ကို ပြီးပြည့်စုံစေခြင်းတို့ကြားတွင် ကွဲလွဲဆန့်ကျင်မှု လုံးဝ မရှိပေ။ ဤအရာများထဲမှ မည်သည့်အရာသည် ဘုရားသခင်၏ လတ်တလော နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်များ ဖြစ်သနည်း။ ဤမေးခွန်းကို သင် ဦးစွာပထမ စဉ်းစားသင့်သည်။ ဘုရားသခင်သည် မတူကွဲပြားသော လူတို့ထံမှ မတူကွဲပြားသောအရာများကို တောင်းဆို၏။ ၎င်းတို့အတွက် ကွဲပြားသော သတ်မှတ်ချက်များ သူ့ထံတွင် ရှိသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံသောသူတို့သည် ဘုရားသခင်၏ ခေါ်ခြင်းခံရပြီးဖြစ်သောကြောင့် ၎င်းတို့ စွန့်လွှတ်ရမည်ဖြစ်ပြီး မိမိတို့၏ မိဘများကို ရိုသေစွာပြုလျက် အတူ နေ၍မရပေ။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို လက်ခံပြီး သူ့နောက်လိုက်ရန် အရာရာကို စွန့်လွှတ်သင့်သည်။ ဤသည်မှာ အခြေအနေတစ်မျိုး ဖြစ်သည်။ ပုံမှန်နောက်လိုက်များသည် ဘုရားသခင်၏ ခေါ်ခြင်းမခံရသေးသောကြောင့် မိမိတို့၏ မိဘများနှင့်အတူ နေပြီး ၎င်းတို့ကို ရိုသေစွာပြုနိုင်သည်။ ဤအရာကို လုပ်ဆောင်ခြင်းအတွက် ဆုလာဘ်များမရှိသကဲ့သို့ ရလဒ်တစ်ခုအနေဖြင့် မည်သည့် ကောင်းချီးမျှ ရရှိကြလိမ့်မည် မဟုတ်။ သို့သော် ၎င်းတို့သည် သားသမီးဝတ်ကို မပြပါက လူ့သဘာဝ ကင်းမဲ့ကြပေသည်။ အမှန်တွင် မိမိ၏ မိဘများကို ရိုသေစွာပြုခြင်းသည် တာဝန်ဝတ္တရားတစ်မျိုးသာ ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ စံကို မမီပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းဖြစ်သည်။ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၏ သရုပ်သကန်တစ်ခုမှာ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို လက်ခံခြင်းဖြစ်ပြီး ဘုရားသခင်၏ နောက်လိုက်များ ဖြစ်သောသူတို့မှာ မိမိတို့တာဝန်များကို လုပ်ဆောင်ရန် အရာရာကို စွန့်လွှတ်သောသူများ ဖြစ်သည်။ အနှစ်ချုပ်လျှင် သင့်ရှေ့တွင် ရှိနေသည့် အရေးအကြီးဆုံးသော အလုပ်မှာ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ဖြစ်သည်။ ယင်းမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ယခု လူတို့ အဓိကအားဖြင့် လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားမှာ အဘယ်နည်း။ (မိမိတာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်ပါသည်။) မှန်ပေ၏၊ မိမိတာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ လူတစ်ဦးသည် မိမိတာဝန်ကို ရိုးသားစစ်မှန်စွာ ထမ်းဆောင်ခြင်းမရှိပါက ၎င်းတို့သည် အလုပ်လုပ်ပေးနေခြင်းသာ ဖြစ်သည်။

မည်သည့်မေးခွန်းကို ယခု ငါတို့ ဆွေးနွေးနေခဲ့ကြသနည်း။ (ဘုရားသခင်သည် လူတို့အား မိမိတို့၏ မိဘများကို ဦးစွာပထမ ရိုသေစွာပြုရန် တောင်းဆိုပြီးနောက် သမ္မာတရားကို သူတို့ လက်တွေ့လုပ်ဆောင်ခြင်း၊ မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်းနှင့်စပ်လျဉ်း၍ သာ၍ မြင့်မားသော သတ်မှတ်ချက်များကို သူ ချမှတ်သည်။ ထို့ကြောင့် မည်သည့်အရာတစ်ခုကို လူတို့က ဦးစွာပထမ လိုက်နာစောင့်ထိန်းသင့်သနည်းဟူ၍ ဖြစ်ပါသည်။) လူတို့သည် သာ၍ မြင့်မားသော သတ်မှတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်သင့်သည်ဟုသာ သင်တို့ ဆိုခဲ့ကြသည်။ အယူအဆဆိုင်ရာ အဆင့်တစ်ခုအနေဖြင့်၊ ဤအဆိုသည် မှန်ကန်၏။ အယူအဆဆိုင်ရာ အဆင့်တစ်ခုအနေဖြင့် မှန်ကန်သည်ဟု ငါ အဘယ်ကြောင့် ဆိုသနည်း။ ဤသည်မှာ သင်သည် ဤကိစ္စရပ်အတွက် စည်းမျဉ်းများနှင့် ပုံသေနည်းများကို အသုံးပြုမည်ဆိုပါက၊ ဤမေးခွန်းသည် မှန်ကန်ပေမည်။ သို့ရာတွင် လူတို့သည် တကယ့် ဘဝနှင့် ရင်ဆိုင်ရသည့်အခါ၊ ဤအဆိုသည် မကြာခဏ အလုပ်မဖြစ်နိုင်သကဲ့သို့ ဆောင်ရွက်ရန် ခက်ခဲလေသည်။ ထို့ကြောင့်၊ ဤမေးခွန်းကို မည်သို့ တုံ့ပြန်သင့်သနည်း။ ပထမဦးစွာ၊ သင် ရင်ဆိုင်ရသည့် အခြေအနေနှင့်ရှင်သန်နေထိုင်သည့် ပတ်ဝန်းကျင်၊ ပြီးလျှင် သင် ရှိသည့် ဆက်စပ်အခြေအနေတို့ကို ကြည့်သင့်သည်။ သင်၏ အသက်ရှင်မှု ပတ်ဝန်းကျင်နှင့် သင့်ကိုယ်သင် တွေ့ရှိရသည့် ဆက်စပ်အခြေအနေပေါ် အခြေခံ၍၊ သင်၏ မိဘများကို ရိုသေစွာပြုခြင်းသည် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို သင် ပြီးပြည့်စုံစေခြင်းအပြင် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းတို့နှင့် ဆန့်ကျင်ကွဲလွဲမှုမရှိပါက၊ သို့မဟုတ် တစ်နည်းအားဖြင့်၊ သင်၏ မိဘများကို ရိုသေစွာပြုခြင်းသည် သင်၏တာဝန်အပေါ် သင်၏ သစ္စာစောင့်သိသော ဆောင်ရွက်ချက်တို့ကို သက်ရောက်မှုမရှိပါက၊ နှစ်ခုလုံးကို တစ်ချိန်တည်း သင် လက်တွေ့လုပ်ဆောင်နိုင်သည်။ သင့်အနေဖြင့် သင်၏ မိဘများနှင့် အပြင်ပန်းအားဖြင့် ကွဲကွာနေရန် မလိုအပ်သကဲ့သို့၊ ၎င်းတို့ကို အပြင်ပန်းအားဖြင့် စွန့်လွှတ် သို့မဟုတ် ငြင်းပယ်ရန် မလိုအပ်ပေ။ မည်သည့်အခြေအနေတွင် ဤအရာကို ကျင့်သုံးရသနည်း။ (မိမိ၏ မိဘများကို ရိုသေစွာပြုခြင်းသည် မိမိတာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဆန့်ကျင်ကွဲလွဲမှု မရှိသည့်အချိန်တွင် ဖြစ်ပါသည်။) မှန်ပေ၏။ တစ်နည်းအားဖြင့်၊ သင်၏ မိဘများသည် ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ဟန့်တားရန် မကြိုးစားသကဲ့သို့၊ ၎င်းတို့သည်လည်း ယုံကြည်သူများဖြစ်ပြီး၊ သင်၏ တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ရန်နှင့် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ဖြည့်ဆည်းရန် သင့်အား အမှန်တကယ် ထောက်ပံ့ပြီး အားပေးပါက၊ သင်၏ မိဘများနှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန် စကားသဘောအရ ဆွေမျိုးများကြား ဇာတိ ပကတိဆက်ဆံရေးတစ်ခုမဟုတ်သကဲ့သို့၊ အသင်းတော်၏ ညီအစ်ကို မောင်နှမများကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့ကို အသင်းတော်၏ ညီအစ်ကို မောင်နှမများအဖြစ် ဆက်ဆံခြင်းအပြင်၊ ၎င်းတို့အတွက် သင်၏ သားသမီးဝတ်ဆိုင်ရာ တာဝန်အနည်းငယ်ကိုလည်း ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ သင်သည် ၎င်းတို့ကို အပိုထပ်ဆောင်း အလေးထားမှုပြရမည်။ သင်၏ တာဝန်ထမ်းဆောင်မှုကို မထိခိုက်သရွေ့၊ ဆိုလိုသည်မှာ၊ သင်၏ စိတ်နှလုံးသည် ၎င်းတို့၏ ဘောင်ခတ်ခြင်းမခံရသရွေ့၊ ၎င်းတို့ နေကောင်းကျန်းမာခြင်းရှိသလားဆိုသည်ကို မေးရန်နှင့် ၎င်းတို့အတွက် အလေးထားမှု အနည်းငယ် ပြရန် သင်၏ မိဘများကို သင် ဖုန်းခေါ်ဆိုနိုင်သည်။ ၎င်းတို့ကို အနည်းငယ်သော အခက်အခဲများအား သင် ကူညီဖြေရှင်းပေးနိုင်ပြီး၊ ၎င်းတို့၏ ဘဝ ပြဿနာအချို့ကို ကူညီကိုင်တွယ်ပေးနိုင်ကာ ၎င်းတို့၏ အသက်ဝင်ရောက်မှုအရ ၎င်းတို့တွင်ရှိသည့် အခက်အခဲအချို့ကိုပင် သင် ကူညီဖြေရှင်းပေးနိုင်သည်။ ဤအရာအားလုံးကို သင် လုပ်ဆောင်နိုင်သည်။ တစ်နည်းအားဖြင့်၊ သင်၏ မိဘများက ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ပိတ်ဆို့ခြင်းမရှိပါက၊ ၎င်းတို့နှင့် ဤဆက်ဆံရေးကို သင် ထိန်းသိမ်းသင့်ပြီး၊ ၎င်းတို့အတွက် သင်၏ တာဝန်များကို ဖြည့်ဆည်းသင့်သည်။ သင်သည် ၎င်းတို့အတွက် အဘယ်ကြောင့် အလေးထားမှု ပြသင့်သနည်း၊ ၎င်းတို့ကို စောင့်ရှောက်ကာ နေကောင်းကျန်းမာခြင်းရှိသလားဆိုသည်ကို မေးမြန်းသင့်သနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ၎င်းတို့၏ ကလေးဖြစ်ပြီး ၎င်းတို့နှင့် ဤဆက်နွှယ်မှုရှိသောကြောင့်ဖြစ်သည်။ သင့်ထံတွင် အခြားသော တာဝန်အမျိုးအစား ရှိပြီး၊ ဤတာဝန်ကြောင့်၊ ၎င်းတို့ကို အနည်းငယ် သာ၍ သာကြောင်းမာကြောင်း သတင်းမေးရမည်ဖြစ်ပြီး၊ သာ၍ ထိရောက်သော အကူအညီကို ၎င်းတို့အား ပေးရမည်ဖြစ်သည်။ ထိုအရာက သင်၏ တာဝန်ထမ်းဆောင်မှုကို မထိခိုက်သရွေ့၊ ပြီးလျှင် သင်၏ မိဘများက ဘုရားသခင်၌ သင်၏ ယုံကြည်မှုနှင့် သင်၏ တာဝန် ထမ်းဆောင်မှုတို့ကို မတားဆီး၊ မနှောင့်ယှက်သကဲ့သို့ သင့်ကို ဆွဲလည်းဆွဲမထားသရွေ့၊ ၎င်းတို့အတွက် သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်းသည် သဘာဝကျပြီး သင့်တော်ကာ၊ ဤအရာကို သင်၏ အသိစိတ်က သင့်ကို အပြစ်မတင်သည့် အတိုင်းအတာထိ သင် လုပ်ဆောင်ရမည်ဖြစ်သည်။ ဤသည်မှာ သင် ပြည့်မီရမည့် အနိမ့်ဆုံး စံနှုန်း ဖြစ်သည်။ သင့်အခြေအနေများ၏ သက်ရောက်မှုနှင့် အဟန့်အတားများကြောင့် အိမ်တွင်ရှိသော သင်၏ မိဘများကို သင် ရိုသေစွာမပြုနိုင်ပါက၊ ဤစည်းမျဉ်းကို သင် ထိန်းသိမ်းရန် မလိုအပ်ပေ။ သင်သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ဝန်ခံပြီး၊ သူ၏ အစီအစဉ်များကို ကျိုးနွံနာခံသင့်ကာ သင်၏ မိဘများကို ရိုသေစွာပြုခြင်းအား မရမကလုပ်ဆောင်ရန် မလိုအပ်ပေ။ ဘုရားသခင်က ဤအရာကို ရှုတ်ချပါသလော။ ဘုရားသခင်က ဤအရာကို မရှုတ်ချပေ။ သူသည် လူတို့အား ဤအရာကို အတင်းအဓမ္မ မလုပ်ဆောင်စေပေ။ ယခု မည်သည့်အရာကို ငါတို့ မိတ်သဟာယပြုနေကြပါသနည်း။ လူတို့အနေဖြင့် မိမိတို့၏ မိဘများကို ရိုသေစွာပြုခြင်းသည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ကွဲလွဲဆန့်ကျင်သည့်အခါ မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်ဆိုသည်နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယ ပြုနေကြခြင်း ဖြစ်သည်။ ငါတို့သည် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများနှင့် သမ္မာတရားကို မိတ်သဟာယပြုနေကြခြင်း ဖြစ်သည်။ သင့်အနေဖြင့် မိမိ၏ မိဘများကို ရိုသေစွာပြုရန် တာဝန်တစ်ခု ရှိပြီး၊ အခြေအနေများက အခွင့်ပေးပါက၊ ဤတာဝန်ကို ဖြည့်ဆည်းနိုင်သော်လည်း၊ သင်၏ ခံစားချက်များဖြင့် သင် ဘောင်ခတ်မခံသင့်ပေ။ ဥပမာအားဖြင့် သင်၏ မိဘများထဲမှ တစ်ဦးသည် နာမကျန်းဖြစ်ပြီး၊ ဆေးရုံသွားရမည်ဖြစ်ကာ သူတို့ကို စောင့်ရှောက်ရန် မည်သူမျှမရှိသကဲ့သို့ သင်သည် အိမ်ပြန်ဖို့ရန်မှာ မိမိတာဝန်နှင့် အလုပ်အလွန်များပါက၊ မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ဤကဲ့သို့သော အချိန်များတွင်၊ သင်၏ ခံစားချက်များဖြင့် သင် ဘောင်ခတ်ခံ၍ မရနိုင်ပေ။ ထိုကိစ္စနှင့်ပတ်သက်၍ သင် ဆုတောင်းသင့်သည်၊ ဘုရားသခင်ထံ အပ်နှံပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများအတိုင်း ဖြစ်စေသင့်သည်။ ဤသည်မှာ သင် ရှိသင့်သည့် သဘောထားမျိုး ဖြစ်သည်။ ဘုရားသခင်က သင့်မိဘများ၏ အသက်ကို ယူဆောင်လိုပြီး၊ သင့်ထံမှ ၎င်းတို့ကို သိမ်းယူသွားလိုပါက၊ သင် ကျိုးနွံနာခံသင့်ဆဲ ဖြစ်သည်။ လူအချို့က “ကျွန်ုပ် ကျိုးနွံနာခံပြီးဖြစ်သော်လည်း စိတ်မချမ်းမြေ့ဖြစ်နေဆဲဖြစ်ပြီး ထိုအကြောင်းကို ရက်ချီပြီး ကျွန်ုပ် ငိုကြွေးနေမိခဲ့သည်။ ဤသည်မှာ ဇာတိပကတိဆိုင်ရာ ခံစားချက် မဟုတ်လော”ဟု ဆိုကြသည်။ ဤသည်မှာ ဇာတိပကတိဆိုင်ရာ ခံစားချက် မဟုတ်၊ လူသား၏ ကြင်နာသနားခြင်း ဖြစ်သည်။ လူ့သဘာဝကို ပိုင်ဆိုင်ခြင်းဖြစ်ပြီး ဘုရားသခင်က ထိုအရာကို မရှုတ်ချပေ။ သင် ငိုကြွေးနိုင်သည်၊ သို့သော် ရက်အတော်ကြာ သင် ငိုကြွေးပြီး၊ မအိပ်နိုင် မစားနိုင်ဖြစ်ကာ သင်၏ တာဝန်ကို လုပ်ဆောင်လိုစိတ်မရှိသကဲ့သို့၊ အိမ်ကို သွားပြီး သင့်မိဘများထံ သွားကြည့်လိုစိတ်ပင်ရှိပါက၊ သင်၏ တာဝန်ကို သင် ကောင်းစွာ မလုပ်ဆောင်နိုင်သကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိပေ။ ယင်းမှာ သင်သည် မိမိ၏ မိဘများကို ရိုသေစွာပြုခြင်းအားဖြင့် မိမိတာဝန်များကို ဖြည့်ဆည်းနေခြင်း မရှိ၊ မိမိ၏ ခံစားမှုများအလယ် အသက်ရှင်နေခြင်းဖြစ်သည်ဟု ဆိုလိုပေသည်။ သင်သည် မိမိ၏ ခံစားမှုများအလယ် အသက်ရှင်နေစဉ် မိမိ၏ မိဘများကို ရိုသေစွာပြုပါက၊ သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို စွန့်ပစ်ပြီးဖြစ်ကာ ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်သည့်သူတစ်ဦး မဟုတ်သောကြောင့်၊ သင်သည် သင်၏ တာဝန်များကို ဖြည့်ဆည်းနေခြင်း မဟုတ်သကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို လိုက်နာစောင့်ထိန်းနေခြင်း မဟုတ်ပေ။ ဤအခြေအနေမျိုးကို သင် ကြုံရသည့်အခါ၊ သင်၏ တာဝန်ကို နှောင့်နှေးမှု မဖြစ်စေပါက၊ သို့မဟုတ် သင့်တာဝန်အပေါ် သစ္စာရှိစွာ ထမ်းဆောင်ခြင်းအား သက်ရောက်မှုမရှိပါက၊ သင်၏ မိဘများကို သားသမီးဝတ်ကို ပြရန်အလို့ငှာ သင် လုပ်ဆောင်နိုင်သည့် အရာအချို့ကို လုပ်ဆောင်နိုင်ပြီး၊ ဖြည့်ဆည်းနိုင်စွမ်းရှိသည့် တာဝန်များကို သင် ဖြည့်ဆည်းနိုင်ပေသည်။ အနှစ်ချုပ်လျှင် ဤသည်မှာ လူ့သဘာဝ အတိုင်းအတာအတွင်းတွင် လူတို့ လုပ်ဆောင်သင့်သည့်အရာဖြစ်ပြီး၊ လုပ်ဆောင်နိုင်စွမ်းရှိသည့် အရာဖြစ်သည်။ သင့် ခံစားမှုများဖြင့် သင် ပိတ်မိနေပြီး၊ ဤအရာက သင့်တာဝန် ထမ်းဆောင်မှုကို ကြန့်ကြာစေပါက၊ ယင်းမှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လုံးဝ ဆန့်ကျင်ပေသည်။ သင် ထိုသို့လုပ်ဆောင်ဖို့ ဘုရားသခင်က မည်သည့်အခါတွင်မျှ မလိုအပ်ခဲ့ပေ။ သင့်မိဘများအတွက် သင်၏ တာဝန်များကို ဖြည့်ဆည်းရန်သာ ဘုရားသခင် တောင်းဆိုသည်၊ ထိုမျှသာ ဖြစ်သည်။ ယင်းမှာ သားသမီးဝတ် ရှိခြင်းကို ဆိုလိုသောအရာ ဖြစ်သည်။ ဘုရားသခင်က “မိမိ၏ မိဘများကို ရိုသေစွာပြုခြင်း”အပေါ် ပြောဆိုသည့်အခါ၊ ထိုအတွက် ဆက်စပ်အခြေအနေတစ်ခု ရှိ၏။ သင်သည် အခြေအနေမျိုးစုံအောက်တွင် စွမ်းဆောင်ရရှိနိုင်သည့် တာဝန်အနည်းငယ်ကိုသာ ဖြည့်ဆည်းရန် လိုအပ်၏၊ ထိုမျှသာ ဖြစ်သည်။ သင်၏ မိဘများ စိုးရိမ်ဖွယ် နာမကျန်းဖြစ်ခြင်း သို့မဟုတ် သေဆုံးခြင်း ရှိမရှိဆိုသည်အတွက်မူ၊ ဤအရာများကို ဆုံးဖြတ်ရန်မှာ သင့်သဘောအတိုင်း ဖြစ်ပါသလော။ ၎င်းတို့၏ ဘဝများ မည်သို့ဖြစ်သည်၊ မည်သည့်အချိန်တွင် ၎င်းတို့ သေသည်၊ မည်သည့် ရောဂါကြောင့် ၎င်းတို့သေသည်၊ သို့မဟုတ် မည်သို့ သေကြသည်ဆိုသည့် ဤအရာများသည် သင်နှင့် ပတ်သက်မှု တစ်ခုတလေ ရှိပါသလော။ (မရှိပါ။) ထိုအရာများသည် သင်နှင့် မည်သို့မျှ ပတ်သက်ခြင်း မရှိပေ။ လူအချို့က၊ “ကျွန်ုပ်၏ မိဘများကို ကျွန်ုပ် ရိုသေစွာ ပြုနိုင်ရန်အလို့ငှာ ကျွန်ုပ်၏ တာဝန်များကို ကျွန်ုပ် ဖြည့်ဆည်းရမည်။ အထူးသဖြင့် ကင်ဆာ သို့မဟုတ် သေနိုင်လောက်သည့် ရောဂါတစ်မျိုးမျိုးဖြင့် သူတို့ နာမကျန်းမဖြစ်စေရန် ကျွန်ုပ် သေချာလုပ်ရမည်။ သူတို့ အသက် ၁၀၀ အထိ အသက်ရှင်ရဖို့ သေချာအောင် ကျွန်ုပ်လုပ်ဆောင်ရမည်။ ထို့နောက်တွင်မှ သူတို့အတွက် ကျွန်ုပ်၏ တာဝန်များကို ကျွန်ုပ် အမှန်တကယ် ဖြည့်ဆည်းပြီး ဖြစ်လိမ့်မည်”ဟု ဆိုကြသည်။ ဤလူများသည် အဓိပ္ပာယ်မရှိသည့် လူစားမျိုးများ ဖြစ်ကြသည် မဟုတ်လော။ ဤသည်မှာ ရှင်းလင်းစွာပင် လူ၏ စိတ်ကူးသာဖြစ်ပြီး၊ ဘုရားသခင်၏ တောင်းဆိုချက် လုံးဝ မဟုတ်ပေ။ သင့်အနေဖြင့် အသက် ၁၀၀ အထိ အသက်ရှင်နိုင်ခြင်း ရှိမရှိဆိုသည်ကိုပင် သင် မသိသကဲ့သို့၊ သို့တိုင် သင်၏ မိဘများကို ထိုအသက်အရွယ်ထိ အသက်ရှင်ရန် သင် တောင်းဆိုနေသည်။ ယင်းမှာ အရူးတစ်ယောက်၏ အိမ်မက်ဖြစ်သည်။ “မိမိ၏ မိဘများကို ရိုသေစွာပြုခြင်း”ကို ဘုရားသခင် ပြောဆိုသည့်အခါ၊ ပုံမှန် လူ့သဘာဝ နယ်ပယ်အတွင်းတွင် ကျရောက်သည့် သင်၏ တာဝန်များကို ဖြည့်ဆည်းရန်သာ သူ သင့်ကို တောင်းဆိုနေခြင်း ဖြစ်သည်။ သင်၏ မိဘများကို သင် မနှိပ်စက်သရွေ့၊ သို့မဟုတ် သင်၏ အသိစိတ်နှင့် ကိုယ်ကျင့်တရားတို့ကို ဆန့်ကျင်သည့် အရာတစ်ခုတလေကို သင် မလုပ်ဆောင်သရွေ့၊ ယင်းမှာ လုံလောက်ပေသည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များနှင့် ကိုက်ညီသည် မဟုတ်လော။ (ကိုက်ညီပါသည်။) ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို သင်၏ မိဘများက ဟန့်တားသည့် ကိစ္စ၊ ၎င်းတို့၏ သဘာဝ အနှစ်သာရသည် မယုံကြည်သူများနှင့် ဘာသာတရားမရှိသူများ သို့မဟုတ် ဆိုးယုတ်သော လူများနှင့် နတ်ဆိုးများ၏ သဘာဝ အနှစ်သာရဖြစ်ပြီး၊ ၎င်းတို့သည် သင်ကဲ့သို့ တစ်လမ်းကြောင်းတည်းတွင် မရှိသည့် ကိစ္စကိုလည်း ယခုလေးတင် ငါတို့ ဖော်ပြခဲ့ကြသည်။ တစ်နည်းအားဖြင့်၊ ၎င်းတို့သည် သင်ကဲ့သို့ လူတစ်မျိုးတစ်စားတည်း လုံးဝ မဟုတ်သကဲ့သို့၊ သင်သည် နှစ်များစွာကြာ ၎င်းတို့ကဲ့သို့ တစ်အိမ်ထောင်တည်းတွင် အသက်ရှင်နေထိုင်သော်လည်း၊ ၎င်းတို့သည် သင်ကဲ့သို့ အလားတူ လိုက်စားမှုများ သို့မဟုတ် အကျင့်စရိုက်များ တကယ်ကို မရှိကြချေ၊ ပြီးလျှင် ၎င်းတို့သည် သင်ကဲ့သို့ အလားတူ နှစ်သက်မှုများ သို့မဟုတ် ရည်သန်မျှော်မှန်းချက်များ ဧကန်မုချ မရှိကြပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး ၎င်းတို့က ဘုရားသခင်ကို လုံးဝ မယုံကြည်သကဲ့သို့ ဘုရားသခင်ကို အတိုက်အခံပင် လုပ်ကြသည်။ ဤအခြေအနေများတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (သူတို့ကို ငြင်းပယ်သင့်သည်။) ဤအခြေအနေများတွင် ၎င်းတို့ကို ငြင်းပယ်ရန် သို့မဟုတ် ကျိန်ဆဲရန် ဘုရားသခင်ကို သင့်ကို ပြောထားခြင်းမရှိပေ။ ထိုသို့ ဘုရားသခင် မပြောခဲ့ပေ။ “မိမိ၏ မိဘများကို ရိုသေစွာပြုခြင်း”ဖြစ်သည့် ဘုရားသခင်၏ သတ်မှတ်ချက်သည် တည်နေဆဲ ဖြစ်သည်။ ဤသည်မှာ သင်၏ မိဘများနှင့် သင် အသက်ရှင်နေထိုင်နေစဉ်တွင်၊ သင်၏ မိဘများကို ရိုသေစွာပြုခြင်းဖြစ်သည့် ဤသတ်မှတ်ချက်ကို သင် ထိန်းသိမ်းသင့်နေဆဲဖြစ်သည်။ ဤကိစ္စရပ်တွင် ဆန့်ကျင်ကွဲလွဲမှုမရှိပေ၊ ရှိပါသလော။ (မရှိပါ။) ဤတွင် ဆန့်ကျင်ကွဲလွဲမှု လုံးဝ မရှိပေ။ တစ်နည်းအားဖြင့်၊ သင်သည် အလည်အပတ်တစ်ခုအတွက် အိမ်ပြန်လာဖို့ အမှန်တကယ် စီမံနိုင်သည့်အချိန်တွင်၊ ၎င်းတို့ကို အစားအစာ ချက်ပြုတ်ပေးနိုင်သည် သို့မဟုတ် မုန့်ဖက်ထုပ်အချို့ ပြုလုပ်ပေးနိုင်သည်။ ဖြစ်နိုင်လျှင်၊ ကျန်းမာရေး ထုတ်ကုန်အချို့ကို ၎င်းတို့အား သင် ဝယ်ပေးနိုင်ပြီး၊ သင့်ကို ၎င်းတို့ အလွန် စိတ်ကျေနပ်ကြလိမ့်မည်။ သင်၏ ယုံကြည်ခြင်းအကြောင်း သင် ပြောဆိုပြီး၊ ထိုအရာကို ၎င်းတို့က လက်ခံခြင်း သို့မဟုတ် ယုံကြည်ခြင်း မရှိသကဲ့သို့၊ သင့်ကို ဆဲရေးတိုင်းထွာပါက၊ ၎င်းတို့ထံ သင် ဧဝံဂေလိ ဟောရန် မလိုအပ်ပေ။ ၎င်းတို့ကို သင် တွေ့မြင်နိုင်ဖွယ်ရှိပါက၊ ဤသို့ လက်တွေ့လုပ်ဆောင်လော့။ မဟုတ်ပါက၊ ယင်းမှာ ဖြစ်သင့်သည့်အတိုင်းသာ ဖြစ်ပြီး၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုဖြစ်ကာ ၎င်းတို့နှင့် သင် ကင်းအောင် အမြန်နေရမည်ဖြစ်ပြီး ၎င်းတို့ကို ရှောင်ရှားရမည်။ ဤအတွက် စည်းမျဉ်းမှာ အဘယ်နည်း။ သင်၏ မိဘများသည် ဘုရားသခင်ကို မယုံကြည်သကဲ့သို့ သင်နှင့် တူညီသောဘာသာစကား သို့မဟုတ် တူညီသောလိုက်စားမှုနှင့် ရည်မှန်းချက်များ မရှိလျှင်၊ သင်ကဲ့သို့ အလားတူ လမ်းကြောင်းကို လျှောက်လှမ်းခြင်းမရှိသကဲ့သို့၊ ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ဟန့်တားခြင်းပင်ပြုကာ ဖိနှိပ်လျှင်၊ ၎င်းတို့ကို သင် ပိုင်းခြားသိမြင်နိုင်သည်၊ ၎င်းတို့၏ အနှစ်သာရကို ရိပ်စားမိပြီး၊ ၎င်းတို့ကို ငြင်းပယ်နိုင်သည်။ ၎င်းတို့က ဘုရားသခင်ကို ဆဲရေးတိုင်းထွာလျှင် သို့မဟုတ် သင့်အား ကျိန်ဆဲလျှင်၊ သင့်စိတ်နှလုံးထဲတွင် ၎င်းတို့ကို သင် ကျိန်ဆဲနိုင်သည်မှာ အမှန်ဖြစ်၏။ ထို့ကြောင့် ဘုရားသခင် ပြောသည့် “မိမိ၏ မိဘများကို ရိုသေစွာပြုခြင်း”သည် မည်သည့်အရာကို ရည်ညွှန်းပါသနည်း။ ထိုအရာကို သင် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဆိုလိုသည်မှာ၊ သင်၏ တာဝန်များကို သင် ဖြည့်ဆည်းနိုင်ပါက၊ အနည်းငယ် ဖြည့်ဆည်းလော့။ ပြီးလျှင် သင်၌ ထိုအခွင့်အရေးမရှိပါက၊ သို့မဟုတ် ၎င်းတို့နှင့် သင်၏ ဆက်ဆံမှုများရှိ ပဋိပက္ခသည် အလွန် ကြီးမားလာနှင့်ပြီးဖြစ်ကာ သင်တို့ကြားတွင် သဘောထားကွဲလွဲမှု ရှိကာ သင်တို့ အချင်းချင်း မမြင်နိုင်သည့်အဆင့်ထိ သင်တို့ ရောက်ရှိနှင့်ပြီးဖြစ်ပါက၊ သင့်ကိုယ်သင် ၎င်းတို့နှင့် အမြန် ခွဲနေသင့်သည်။ ဤမိဘမျိုးကို ရိုသေစွာပြုခြင်းအကြောင်း ဘုရားသခင် ပြောဆိုသည့်အခါ၊ ၎င်းတို့၏ ကလေးအဖြစ် သင်၏ အနေအထားနှင့်ဆိုင်သော ရှုထောင့်အမြင်မှ သင်၏ သားသမီးဝတ်ဆိုင်ရာ တာဝန်များကို သင် ဖြည့်ဆည်းသင့်ပြီး ကလေးတစ်ဦး လုပ်ဆောင်သင့်သည့်အရာများကို လုပ်ဆောင်သင့်ကြောင်း သူ ဆိုလိုပေသည်။ သင်၏ မိဘများကို သင် မနှိပ်စက်သင့် သို့မဟုတ် ၎င်းတို့နှင့် အငြင်းမပွားသင့်ပေ။ ၎င်းတို့ကို သင် မရိုက်သင့်၊ မအော်သင့်ပေ။ ၎င်းတို့ကို သင် မစော်ကားသင့်သကဲ့သို့ ၎င်းတို့အတွက် သင်၏ တာဝန်များကို အတတ်နိုင်ဆုံး သင် ဖြည့်ဆည်းသင့်သည်။ ဤသည်တို့မှာ လူ့သဘာဝ နယ်ပယ်အတွင်း ဆောင်ရွက်သင့်သည့် အရာများ ဖြစ်သည်။ ဤသည်တို့မှာ “မိမိ၏ မိဘများကို ရိုသေစွာပြုခြင်း”နှင့် စပ်လျဉ်း၍ အကြင်သူ လက်တွေ့လုပ်ဆောင်သင့်သည့် အရာများ ဖြစ်သည်။ ထိုအရာများကို ဆောင်ရွက်ရန် လွယ်ကူသည် မဟုတ်လော။ သင်က၊ “အသင် နတ်ဆိုးများနှင့် မယုံကြည်သူများတို့၊ ဘုရားသခင်သည် သင်တို့ကို ကန့်နှင့်ရောသော မီးအိုင်နှင့် အနက်ဆုံးသော တွင်းထဲသို့ကျဖို့ ကျိန်ဆဲသည်။ သူသည် သင်တို့ကို ငရဲ၏ ဆယ့်ရှစ်ထပ်သို့ ပို့လိမ့်မည်”ဟု ဆိုလျက်၊ သင်၏ မိဘများကို တဇောက်ကန်းဆန်စွာ သင် ကိုင်တွယ်ဖြေရှင်းရန် မလိုအပ်ပေ။ ယင်းမှာ မလိုအပ်၊ ဤတစ်ဖက်စွန်းအထိ သင် လုပ်ဆောင်ရန် မလိုအပ်ပေ။ အခြေအနေများက အခွင့်ပေးပါက၊ ပြီးလျှင် အခြေအနေများက တောင်းဆိုပါက၊ သင်၏ မိဘများထံ သင်၏ သားသမီးဝတ်ဆိုင်ရာ တာဝန်များကို သင် ဖြည့်ဆည်းနိုင်သည်။ ဤအရာ မလိုအပ်ပါက၊ သို့မဟုတ် အခြေအနေများက အခွင့်မပေးသကဲ့သို့ မဖြစ်နိုင်ပါက၊ ဤဝတ္တရားကို သင် ဘေးချိတ်ထားနိုင်သည်။ သင် လုပ်ဆောင်ရန် လိုအပ်သမျှမှာ သင်၏ မိဘများနှင့် သင် ဆုံတွေ့ပြီး၊ ၎င်းတို့နှင့် ဆက်ဆံရသည့်အခါတွင် သင်၏ သားသမီးဝတ်ဆိုင်ရာ တာဝန်များကို ဖြည့်ဆည်းရန် ဖြစ်သည်။ ထိုသို့ သင် လုပ်ဆောင်ပြီးသည့်အခါ၊ သင်၏ အလုပ်ကို သင် ပြီးစီးပြီး ဖြစ်သည်။ ဤစည်းမျဉ်းကို သင် အဘယ်သို့ တွေးထင်ပါသနည်း။ (ကောင်းပါသည်။) သင်၏ မိဘများအပါအဝင် လူအားလုံးကို သင် ဆက်ဆံပုံအတွက် စည်းမျဉ်းများ ရှိရမည်ဖြစ်သည်။ သင်သည် စိတ်မြန်လက်မြန် ပြုမူ၍မရသကဲ့သို့ သင်၏ မိဘများက ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ဖိနှိပ်သောကြောင့်သက်သက် ၎င်းတို့ကို သင် ဆဲရေးတိုင်းထွာခြင်း ပြု၍မရပေ။ ကမ္ဘာလောကတွင် ဘုရားသခင်ကို မယုံကြည်သည့် လူများစွာရှိ၏။ ဘာသာတရားမရှိသူများ အလွန်များပြားပြီး ဘုရားသခင်ကို စော်ကားသည့် လူများစွာ ရှိသည်။ ၎င်းတို့အားလုံးကို သင် သွားကျိန်ဆဲပြီး အော်ဟစ်မည်လော။ မဟုတ်လျှင်၊ သင်၏ မိဘများကိုလည်း သင် မအော်ဟစ်သင့်ပေ။ သင်၏ မိဘများကို သင် အော်ဟစ်ပြီး အခြားလူများကို မအော်ဟစ်ပါက၊ သင်သည် တဇောက်ကန်းဖြစ်ခြင်းထဲတွင် အသက်ရှင်နေထိုင်နေခြင်းဖြစ်ကာ ဘုရားသခင်သည် ဤအရာကို မနှစ်သက်ပေ။ သင်က သင်၏ မိဘများအား ၎င်းတို့သည် နတ်ဆိုးများ၊ အသက်ရှင်သည့် စာတန်များနှင့် စာတန်၏ လက်ပါးစေများဖြစ်ကြောင်း ပြောဆိုလျက်နှင့် ၎င်းတို့ကို ငရဲကျစေရန် ကျိန်ဆဲလျက်၊ စကားဖြင့် သင်၏ မိဘများကို သင် ဆဲရေးတိုင်းထွာပါက၊ ဘုရားသခင်က သင့်ကို စိတ်ကျေနပ်လိမ့်မည်ဟု မထင်လေနှင့်။ ယင်းမှာ ထိုသို့မဟုတ်ပေ။ သင် လက်ခံနိုင်ဖွယ်ရှိသည်ဟု ဘုရားသခင် မြင်လိမ့်မည် မဟုတ် သို့မဟုတ် ဤမှားယွင်းသည့် အခြေအနေဖန်တီးယူခြင်းကို ပြသမှုကြောင့် သင့်ထံတွင် လူ့သဘာဝရှိသည်ဟု ပြောလိမ့်မည် မဟုတ်ပေ။ ထိုအစား ဘုရားသခင်က သင်၏ လုပ်ရပ်များသည် စိတ်ခံစားမှုများနှင့် တဇောက်ကန်းဖြစ်ခြင်းတို့ ပါဝင်နေသည်ဟု ပြောလိမ့်မည်။ သင် ဤသို့ ပြုမူဆောင်ရွက်သည်ကို ဘုရားသခင် နှစ်သက်လိမ့်မည် မဟုတ်။ ထိုအရာမှာ အလွန် အစွန်းရောက်ပြီး၊ သူ၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီပေ။ သင်၏ မိဘများအပါအဝင် လူအားလုံးကို ဆက်ဆံပုံအတွက် စည်းမျဉ်းများ ရှိရမည်။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ၎င်းတို့က ဆိုးယုတ်သည့် လူများ ဖြစ်ကြသည်ဖြစ်စေ၊ မဖြစ်ကြသည်ဖြစ်စေ၊ ၎င်းတို့ကို စည်းမျဉ်းများဖြင့် သင် ဆက်ဆံရမည်။ ဘုရားသခင်က လူအား ဤစည်းမျဉ်းကို ပြောပြပြီးဖြစ်သည်။ ထိုအရာမှာ အခြာသူများကို မျှတစွာ ဆက်ဆံခြင်းအကြောင်းဖြစ်၏။ လူတို့သည် မိမိတို့၏ မိဘများအပေါ် အပိုဆောင်း တာဝန်အတိုင်းအတာတစ်ခု ရှိကြခြင်းအကြောင်းဖြစ်သည်။ သင် လုပ်ဆောင်ရန် လိုအပ်သမျှမှာ ဤတာဝန်ကို ဖြည့်ဆည်းရန် ဖြစ်သည်။ သင်၏ မိဘများသည် ယုံကြည်သူများ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ ၎င်းတို့၏ ယုံကြည်မှုကို ၎င်းတို့ လိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ၊ ဘဝအပေါ် ၎င်းတို့၏ အမြင်နှင့် ၎င်းတို့၏ လူ့သဘာဝတို့သည် သင်နှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ ၎င်းတို့အပေါ် သင်၏ တာဝန်ကို သင် ဖြည့်ဆည်းရန်သာ လိုအပ်သည်။ ၎င်းတို့ကို သင် ရှောင်ရှားရန် မလိုအပ်။ အရာရာကို ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များအတိုင်း သူ့ဘာသာသူ ဖြစ်ခွင့်သာပေးလိုက်လော့။ ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ၎င်းတို့ ဟန့်တားပါက၊ အနည်းဆုံးအနေဖြင့် သင်၏ အသိစိတ်သည် ၎င်းတို့အပေါ် အကြွေးတင်ရှိခြင်း မခံစားရရန်အလို့ငှာ၊ သင်၏ သားသမီးဝတ်ဆိုင်ရာ တာဝန်များကို သင် အစွမ်းရှိသမျှဖြင့် အကောင်းဆုံး ဖြည့်ဆည်းသင့်နေဆဲဖြစ်သည်။ ၎င်းတို့က သင့်ကို မဟန့်တားသကဲ့သို့ ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ထောက်ပံ့ပေးပါက၊ လုပ်ဆောင်ရန် သင့်တော်နေချိန်တွင် ၎င်းတို့ကို ကောင်းမွန်စွာ ဆက်ဆံလျက်၊ စည်းမျဉ်းများအတိုင်းလည်း သင် လက်တွေ့လုပ်ဆောင်သင့်ပေသည်။ အနှစ်ချုပ်လျှင် မည်သည့်အရာဖြစ်ပါစေ၊ လူ့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များသည် မပြောင်းလဲသကဲ့သို့၊ လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရား စည်းမျဉ်းများ မပြောင်းလဲနိုင်ပေ။ ဤကိစ္စရပ်များတွင်၊ သင်သည် စည်းမျဉ်းများကို ထိန်းသိမ်းပြီး၊ သင် လုပ်ဆောင်နိုင်သည့် တာဝန်များကို ဖြည့်ဆည်းရန်သာ လိုအပ်သည်။

ယခုတွင် ဘုရားသခင်သည် လူ၏ အပြုအမူနှင့် စပ်လျဉ်း၍ “မိမိ၏ မိဘကို ရိုသေစွာပြုလော့”ဟူသကဲ့သို့သော သတ်မှတ်ချက်တစ်ခုကို အဘယ်ကြောင့် ချမှတ်သည်ဆိုသည်နှင့်ပတ်သက်၍ ငါ ပြောဆိုဆွေးနွေးမည်ဖြစ်သည်။ ဘုရားသခင်၏ အခြားသော သတ်မှတ်ချက်များသည် လူတစ်ဦးစီ၏ ကျင့်ကြံပြုမူခြင်း တစ်ခုချင်းစီနှင့် ပတ်သက်သည့် အပြုအမူဆိုင်ရာ စည်းကမ်းများသာ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် သားသမီးဝတ်နှင့်ဆိုင်သော ကိစ္စနှင့်စပ်လျဉ်း၍ မတူကွဲပြားသော တောင်းဆိုချက်တစ်မျိုးကို အဘယ်ကြောင့် ချမှတ်ခဲ့သနည်း။ ငါ့ကို ပြောလော့။ လူတစ်ဦးသည် မိမိ၏ မိဘအရင်းများကိုပင် မရိုသေနိုင်ပါက ၎င်း၏ သဘာဝ အနှစ်သာရသည် မည်သည့်အရာနှင့် တူသနည်း။ (မကောင်းပါ။) ၎င်း၏ မိဘများသည် ၎င်းကို မွေးဖွားသန့်စင်ပြီး ကျွေးမွေးပြုစုရန် ဆင်းရဲဒုက္ခများစွာ ခံခဲ့ရကာ ၎င်းကို ပြုစုပျိုးထောင်ပေးခြင်းသည် သေချာပေါက် လွယ်ကူခဲ့မည် မဟုတ်ပေ။ အမှန်တွင် ၎င်းတို့သည် မိမိတို့၏ ကလေးက ကြီးမားသည့် ပျော်ရွှင်မှု၊ သို့မဟုတ် ရောင့်ရဲမှု ဆောင်ကြဉ်းပေးလိမ့်မည်ဟု မမျှော်လင့်ကြပေ။ မိမိတို့၏ ကလေးကြီးပြင်းလာပြီးနောက်တွင် ၎င်းအနေဖြင့် ပျော်ရွှင်ချမ်းမြေ့သည့် ဘဝတစ်ခု အသက်ရှင်နေထိုင်ရလိမ့်မည် ဖြစ်ကြောင်းနှင့် ၎င်းနှင့်ပတ်သက်၍ များစွာ စိုးရိမ်ပူပန်ရလိမ့်မည် မဟုတ်ဟုသာ ၎င်းတို့ မျှော်လင့်ကြသည်။ သို့ရာတွင် ၎င်းတို့၏ ကလေးသည် ကြိုးပမ်းခြင်းမရှိ၊ သို့မဟုတ် အလုပ်ကြိုးစားခြင်း မရှိသကဲ့သို့ ကောင်းကောင်းမွန်မွန် နေထိုင်ခြင်း မရှိချေ။ ၎င်းသည် မိမိကို စောင့်ရှောက်ပေးရန် မိမိ၏ မိဘများအပေါ် မှီခိုနေဆဲဖြစ်ပြီး မျှော့တစ်ကောင် ဖြစ်လာပြီးဖြစ်၍ မိမိ၏ မိဘများကို မရိုသေရုံမက မိမိ၏ မိဘများကို အနိုင်ကျင့်ပြီး မိဘများ၏ ပစ္စည်းဥစ္စာအတွက် ၎င်းတို့ကို ခြိမ်းခြောက်ငွေညှစ်ရန်လည်း ဆန္ဒရှိလေသည်။ ၎င်းသည် ဤဆိုးယုတ်သော အပြုအမူမျိုးကို ဆောင်ရွက်နိုင်စွမ်းရှိပါက မည်သည့် လူစားမျိုး ဖြစ်သနည်း။ (ညံ့ဖျင်းသည့် လူ့သဘာဝရှိသော လူတစ်ဦး ဖြစ်ပါသည်။) ၎င်းသည် မိမိကို မွေးဖွားသန့်စင်ပေးပြီး ကျွေးမွေးပြုစုခဲ့သည့် လူများအတွက် မိမိ၏ တာဝန်တစ်ခုကိုမျှ ဖြည့်ဆည်းခြင်း မရှိသကဲ့သို့ ထိုအရာနှင့်ပတ်သက်၍ အပြစ်ရှိသည့်စိတ် လုံးဝ မခံစားရပေ။ ဤရှုထောင့်အမြင်မှ ၎င်းကို ကြည့်ပါက ၎င်းတွင် အသိစိတ်တစ်ခု ရှိသလော။ (မရှိပါ။) ၎င်း၏ မိဘများအပါအဝင်၊ မည်သူကိုမဆို ရိုက်နှက်ကာ နှုတ်ဖြင့် ဆဲရေးတိုင်းထွာလိမ့်မည်။ ၎င်းသည် မိမိတို့၏ မိဘများကို စိတ်ရှိသည့်အတိုင်း ရိုက်နှက်ကာ နှုတ်ဖြင့် ဆဲရေးတိုင်းထွာလျက် အခြားမည်သူမဆိုကဲ့သို့ပင် ဆက်ဆံသည်။ ၎င်းစိတ်မချမ်းမြေ့သည့်အခါ အိုးခွက်ပန်းကန်များကို ရိုက်ခွဲကာ ၎င်းကို ထိတ်လန့်စေလျက် မိဘများအပေါ် မဲလေသည်။ ဤကဲ့သို့သော လူတစ်ဦးသည် ဆင်ခြင်တုံတရား ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) တစ်စုံတစ်ဦးသည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မပိုင်ဆိုင်သကဲ့သို့ ၎င်း၏ မိဘအရင်းကို သာမန်ကာလျှံကာ ဆဲရေးတိုင်းထွာနိုင်စွမ်းရှိပါက လူတစ်ဦး ဖြစ်ပါ၏လော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းသည် မည်သည့်အရာ ဖြစ်သနည်း။ (သားရဲတိရစ္ဆာန်တစ်ကောင် ဖြစ်သည်။) ၎င်းသည် သားရဲတိရစ္ဆာန်တစ်ကောင် ဖြစ်သည်။ ဤအဆိုသည် မှန်ကန်တိကျပါသလော။ (မှန်ကန်တိကျပါသည်။) အမှန်တွင် လူတစ်ဦးသည် မိမိ၏မိဘများအတွက် မိမိ၏ တာဝန်အချို့ကို ဖြည့်ဆည်းပြီး ၎င်းတို့ကို ဂရုစိုက်ကာ အလွန်ချစ်ပါက ဤသည်မှာ ထုံးစံအတိုင်း သာမန်လူ့သဘာဝရှိသည့်လူများ ပိုင်ဆိုင်သင့်သည့်အရာများ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတစ်ဦးသည် ၎င်း၏ မိဘများကို နှိပ်စက်ကာ ဆဲရေးတိုင်းထွာပါက ၎င်း၏ အသိစိတ်သည် ထိုအရာကို လက်ခံနိုင်မည်လော။ ပုံမှန်လူတစ်ဦးသည် ထိုကဲ့သို့သော တစ်စုံတစ်ရာကို လုပ်ဆောင်နိုင်မည်လော။ အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်သောလူတို့သည် ဤအရာကို မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့သည် မိမိတို့၏ မိဘများကို ဒေါသထွက်အောင် လုပ်မိပါက ရက်အတော်ကြာ စိတ်မကောင်းဖြစ်ကြမည်ဖြစ်သည်။ လူအချို့သည် ဒေါသကြီးသော စိတ်များရှိကြပြီး ကြံရာမရဖြစ်သည့်အခိုက်တွင် မိမိတို့၏ မိဘများကို ၎င်းတို့ ဒေါသထွက်ကြသည်။ သို့ရာတွင် ၎င်းတို့ ဒေါသထွက်ပြီးနောက်တွင် ၎င်းတို့သည် လိပ်ပြာမသန့်ဖြစ်ကာ မတောင်းပန်လျှင်ပင် ထိုအရာကို တစ်ဖန် လုပ်ဆောင်ကြလိမ့်မည် မဟုတ်။ ဤသည်မှာ သာမန်လူ့သဘာဝရှိသည့် လူများ ပိုင်ဆိုင်သင့်သည့် တစ်စုံတစ်ရာဖြစ်ပြီး သာမန်လူ့သဘာဝ ပွင့်အံထွက်ခြင်းတစ်ခု ဖြစ်သည်။ လူ့သဘာဝ မပိုင်ဆိုင်သောသူတို့သည် မိမိတို့၏ မိဘများကို မည်သည့်အရာမျှ မခံစားရဘဲ မည်သည့်နည်းဖြင့်မဆို စော်ကားနိုင်ကြပြီး ယင်းမှာ ၎င်းတို့ လုပ်ဆောင်သည့်အရာ ဖြစ်သည်။ ၎င်းတို့ ကလေးဘဝအချိန်က ၎င်းတို့ကို ၎င်းတို့၏ မိဘများက ရိုက်နှက်ခဲ့လျှင် ကျန်သည့် ဘဝအချိန်တစ်လျှောက်လုံး ထိုအရာကို ၎င်းတို့ သတိရကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ အရွယ်ရောက်သည့်နောက်တွင် မိမိတို့၏ မိဘများကို တိုက်ခိုက်ကာ ပြန်ရိုက်ရန် ဆန္ဒရှိနေကြဆဲ ဖြစ်လိမ့်မည်။ ကလေးအရွယ်က ၎င်းတို့ကို ၎င်းတို့၏ မိဘများက ရိုက်နှက်သည့်အခါ လူအများစုက ပြန်လည် တိုက်ခိုက်ကြလိမ့်မည် မဟုတ်။ အသက် ၃၀ ဝန်းကျင်ရှိသည့် လူအချို့သည် ၎င်းတို့၏ မိဘများက ၎င်းတို့ကို ရိုက်သည့်အခါ ပြန်တိုက်ခိုက်ကြလိမ့်မည်မဟုတ်သကဲ့သို့ နာကျင်ရလျှင်ပင် ထိုအရာနှင့်ပတ်သက်၍ စကားတစ်ခွန်းမျှ ဟမည်မဟုတ်ပေ။ ဤသည်မှာ သာမန်လူ့သဘာဝ ရှိသည့်လူတို့ ပိုင်ဆိုင်သင့်သည့် အရာဖြစ်သည်။ ၎င်းတို့သည် ထိုအရာနှင့်ပတ်သက်၍ အဘယ်ကြောင့် စကားတစ်ခွန်းမျှ မဟကြသနည်း။ အခြားတစ်စုံတစ်ဦးက ၎င်းတို့ကို ရိုက်နှက်ပါက ထိုအရာကို ၎င်းတို့ ခွင့်ပြုပြီး ထိုလူအား ၎င်းတို့ကို ရိုက်ခွင့်ပေးမည်လော။ (ပေးမည်မဟုတ်ပါ။) တစ်စုံတစ်ဦး ဖြစ်ပါက မည်သူဖြစ်စေ ထိုလူအား ၎င်းတို့ကို ရိုက်နှက်ခွင့်ပေးမည်မဟုတ်ပေ။ ၎င်းတို့ကို ဆဲရေးတိုင်းထွာသည့် စကားတစ်ခွန်းပင် ၎င်းတို့ ပြောခွင့်ပေးမည် မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ မိဘများက ၎င်းတို့ကို မည်သို့ ရိုက်နှက်သည်ဖြစ်စေ အဘယ်ကြောင့် ၎င်းတို့ ပြန်မတိုက်ခိုက်ကြသနည်း၊ သို့မဟုတ် ဒေါသမထွက်ကြသနည်း။ ထိုအရာကို ၎င်းတို့ အဘယ်ကြောင့် သည်းခံကြသနည်း။ ၎င်းတို့၏ လူ့သဘာဝအတွင်းတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောကြောင့် ဖြစ်သည် မဟုတ်လော။ ၎င်းတို့က “ငါ့မိဘများက ငါ့ကို ကျွေးမွေးပြုစုခဲ့သည်။ ၎င်းတို့အနေဖြင့် ငါ့ကို ရိုက်နှက်သည်မှာ မှန်ကန်ခြင်းမရှိသော်လည်း ငါ သည်းညည်းခံရမည်။ ထို့အပြင် သူတို့ကို ဒေါသထွက်စေသည်မှာ ငါ ဖြစ်သောကြောင့် အရိုက်ခံထိုက်သည်။ သူတို့ကို ငါ မနာခံသကဲ့သို့ ဒေါသထွက်စေခဲ့သောကြောင့်သာ သူတို့ ထိုအရာကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ငါ အရိုက်ခံ ထိုက်သည်။ ဤအရာကို ငါ တစ်ကြိမ်တစ်ခါမျှ တစ်ဖန် လုပ်မည်မဟုတ်ပါ”ဟု မိမိတို့ကိုယ်ကို တွေးကြလိမ့်မည်။ ဤသည်မှာ သာမန်လူ့သဘာဝရှိသည့် လူများ ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရားဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့၏ မိဘများက ၎င်းတို့ကို ဤသို့ဆက်ဆံခြင်းအား ၎င်းတို့ကို သည်းညည်းခံခွင့်ပေးသည်မှာ ဤသာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရား ဖြစ်သည်။ ဤသည်မှာ သာမန်လူ့သဘာဝ ဖြစ်သည်။ ထို့ကြောင့် ဤဆက်ဆံမှုမျိုးကို သည်းမခံနိုင်သည့်သူများ၊ မိမိတို့၏ မိဘများကို ပြန်တိုက်ခိုက်သည့်သူများသည် ဤလူ့သဘာဝကို ပိုင်ဆိုင်ကြသလော။ (မပိုင်ဆိုင်ကြပါ။) မှန်ပေ၏၊ မပိုင်ဆိုင်ကြပေ။ သာမန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို ပိုင်ဆိုင်ခြင်းမရှိသည့် လူများသည် မိမိတို့ မိဘအရင်းများကို ရိုက်နှက်ကာ ဆဲရေးတိုင်းထွာနိုင်စွမ်းပင် ရှိကြသဖြင့် ဘုရားသခင်နှင့် အသင်းတော်ထဲရှိ မိမိတို့၏ ညီအစ်ကို မောင်နှမများကို ၎င်းတို့သည် မည်သို့ ဆက်ဆံနိုင်စွမ်း ရှိကြလိမ့်မည်နည်း။ ၎င်းတို့သည် မိမိတို့ကို မွေးဖွားသန့်စင်ပေးပြီး ကျွေးမွေးပြုစုခဲ့ကြသည့် လူများကို ဤနည်းဖြင့် ဆက်ဆံနိုင်စွမ်းရှိကြသဖြင့် ၎င်းတို့နှင့် သွေးသား မတော်စပ်သည့် အခြားသူများကို သာ၍ပင် ဂရုစိုက်မှု လျော့နည်းကြလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့ မမြင်နိုင်၊ သို့မဟုတ် မထိတွေ့နိုင်သည့် ဘုရားသခင်ကို မည်သို့ ဆက်ဆံကြလိမ့်မည်နည်း။ ၎င်းတို့သည် မမြင်နိုင်သည့် ဘုရားသခင်ကို အသိစိတ်၊ ဆင်ခြင်တုံတရားတို့ဖြင့် ဆက်ဆံနိုင်လိမ့်မည်လော။ ဘုရားသခင် စီစဉ်ညွှန်ကြားပြီးဖြစ်သည့် ပတ်ဝန်းကျင်အားလုံးကို ၎င်းတို့ ကျိုးနွံနာခံနိုင်လိမ့်မည်လော။ (နာခံနိုင်လိမ့်မည်မဟုတ်ပါ။) ဘုရားသခင်သည် ၎င်းတို့ကို ပြုပြင်မည်ဆိုပါက၊ ၎င်းတို့ကို တရားစီရင်မည်ဆိုပါက သို့မဟုတ် ပြစ်တင်ဆုံးမမည်ဆိုပါက သူ့ကို ၎င်းတို့ အတိုက်အခံ လုပ်ကြလိမ့်မည်လော။ (လုပ်ကြမည်ဖြစ်သည်။) ဤအရာကို စဉ်းစားလော့။ လူတစ်ဦး၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် မည်သည့် လုပ်ငန်းတာဝန်ကို ထမ်းဆောင်ပါသနည်း။ အတိုင်းအတာတစ်ခုအထိ လူတစ်ဦး၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် ၎င်းတို့၏ အပြုအမူကို ချုပ်ထိန်းကာ ထိန်းညှိပေးသည်။ မှန်ကန်သည့် သဘောထားရှိနိုင်စေပြီး အမှုအရာများ ၎င်းတို့ထံ ဖြစ်ပျက်သည့်အခါ မှန်ကန်သည့် ရွေးချယ်မှုများ ပြုလုပ်နိုင်စေကာ ၎င်းတို့အပေါ် ကျရောက်သည့်အရာတိုင်းကို အသိစိတ်၊ ဆင်ခြင်တုံတရားတို့ဖြင့် ချဉ်းကပ်နိုင်စေသည်။ အချိန်အများစုတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့အရ ပြုမူဆောင်ရွက်ခြင်းက လူတို့အား ကံအကြောင်းမလှမှုများစွာကို ရှောင်ရှားခွင့်ပေးလိမ့်မည်။ သမ္မာတရား လိုက်စားသောလူတို့သည် ဤအခြေခံအုတ်မြစ်အပေါ်တွင် သမ္မာတရား လိုက်စားခြင်း၊ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်း လမ်းကြောင်းကို လျှောက်လှမ်းရန် ရွေးချယ်နိုင်ကြသည်မှာ အမှန်ဖြစ်၏။ သမ္မာတရား မလိုက်စားသောသူများသည် လူ့သဘာဝ ကင်းမဲ့ကြပြီး ဤအသိစိတ်နှင့် ဆင်ခြင်တုံတရားမျိုး မပိုင်ဆိုင်ကြချေ။ ဤအရာ၏ အကျိုးဆက်များသည် ကြောက်မက်ဖွယ် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အရာမဆို လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ ဖာရိရှဲများက သခင်ယေရှုကို ဆက်ဆံခဲ့ပုံအတိုင်းပင် ၎င်းတို့သည် ဘုရားသခင်ကို စော်ကားနိုင်စွမ်းရှိကြသည်၊ ဘုရားသခင်အပေါ် လက်စားချေနိုင်စွမ်းရှိကြပြီး ဘုရားသခင်ကို ပြစ်မှားစော်ကားနိုင်စွမ်းရှိကြသည်။ သို့မဟုတ် ထိုထက်ပို၍ ဘုရားသခင်ကို စွပ်စွဲနိုင်စွမ်းနှင့် သစ္စာဖောက်နိုင်စွမ်းပင် ရှိကြသည်။ ဤပြဿနာသည် အလွန်ဆိုးရွား၏။ ဤသည်မှာ ပြဿနာကို လက်ယပ်ခေါ်နေခြင်း သဘောမဟုတ်လော။ လူ့သဘာဝ၏ ဆင်ခြင်တုံတရား ကင်းမဲ့သောလူများသည် အခြားသူများအပေါ် မိမိတို့၏ တဇောက်ကန်းလုပ်သော နည်းလမ်းဖြင့် လက်စားချေလေ့ရှိကြသည်။ ၎င်းတို့သည် လူ့သဘာဝ၏ ဆင်ခြင်တုံတရားဖြင့် ချုပ်ထိန်းခြင်း မခံရကြပေ။ ထို့ကြောင့် အစွန်းရောက် အတွေးနှင့် အမြင်အချို့ ဖြစ်ပေါ်ရန်နှင့် ထို့နောက်တွင် အစွန်းရောက် အပြုအမူအချို့တွင် ပါဝင်ပတ်သက်ရန်၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သည့် နည်းလမ်းများစွာဖြင့် ပြုမူဆောင်ရွက်ရန် ၎င်းတို့အတွက် လွယ်ကူလေသည်။ နောက်ဆုံးတွင် ဤအရာ၏ အကျိုးဆက်များက လုံးလုံးလျားလျား ထိန်းမနိုင် သိမ်းမရ ဖြစ်သွားသည်။ “မိမိ၏ မိဘများကို ရိုသေစွာပြုခြင်း”၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့နှင့် ပတ်သက်၍ ငါ အနည်းနှင့်အများ မိတ်သဟာယပြုပြီးဖြစ်သည်။ အဆုံးတွင် လူ့သဘာဝနှင့် ဆိုင်ပေသည်။ “မိမိ၏ မိဘများကို ရိုသေစွာပြုလော့”ဟူကဲ့သို့သော တောင်းဆိုချက်တစ်ခုကို ဘုရားသခင်က အဘယ်ကြောင့် ချမှတ်ခဲ့ပါသနည်း။ လူ၏ ကျင့်ကြံပြုမူခြင်းနှင့် ဆက်နွှယ်သောကြောင့် ဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် လူ၏ အပြုအမူကို ထိန်းညှိရန် ဤတောင်းဆိုချက်ကို အသုံးပြုပြီး တစ်ချိန်တည်းတွင် ထိုအရာဖြင့် လူတို့၏ လူ့သဘာဝကို စစ်ဆေးကာ သတ်မှတ်လေသည်။ လူတစ်ဦးသည် မိမိ၏မိဘအရင်းကို အသိစိတ်၊ ဆင်ခြင်တုံတရားတို့နှင့် မဆက်ဆံပါက ၎င်းတို့တွင် ဧကန်မုချ လူ့သဘာဝ မရှိကြချေ။ လူအချို့က “သူတို့၏ မိဘများတွင် လူ့သဘာဝကောင်း မရှိကြသကဲ့သို့ မိမိတို့၏ ကလေးများအတွက် မိမိတို့၏ တာဝန်များကို လုံးဝ ဖြည့်ဆည်းခြင်းမရှိသေးလျှင်ကော အဘယ်သို့နည်း။ ထိုလူသည် ၎င်းတို့ကို သားသမီးဝတ်နှင့်ဆိုင်သည့် ကိုင်းရှိုင်းမှုကို ပြသင့်ဦးမည်လော”ဟု ပြောကြသည်။ ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်ပါက သမီးတစ်ဦး၊ သို့မဟုတ် သားတစ်ဦးအနေဖြင့် ၎င်း၏ မိဘများကို စော်ကားလိမ့်မည် မဟုတ်။ မိမိတို့၏ မိဘများကို စော်ကားသည့်လူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား လုံးဝ ပိုင်ဆိုင်ခြင်း မရှိကြချေ။ ထို့ကြောင့် ဘုရားသခင်က မည်သည့် သတ်မှတ်ချက် ချမှတ်သည်ဖြစ်စေ၊ ထိုသတ်မှတ်ချက်က မိမိတို့၏ မိဘများကို လူတို့ ဆက်ဆံသည့် သဘောထားနှင့် ဆက်နွှယ်သည်ဖြစ်စေ၊ သို့မဟုတ် လူတို့ ပုံမှန်အားဖြင့် အသက်ရှင်နေထိုင်ကာ ထုတ်ဖော်ပြကြသည့် လူ့သဘာဝနှင့် ဆက်နွှယ်သည်ဖြစ်စေ၊ မည်သို့ဆိုစေ အပြင်ပန်း အပြုအမူများနှင့် စပ်လျဉ်း၍ ဤလုပ်နည်းကိုင်နည်းများကို ဘုရားသခင် ချခင်းထားပြီးဖြစ်သည့်အတွက် သူ့ထံတွင် ထိုသို့လုပ်ဆောင်ခြင်းအတွက် သူ၏ကိုယ်ပိုင် အကြောင်းရင်းများနှင့် ရည်ရွယ်ချက်များ ရှိရပေမည်။ ဘုရားသခင် ချမှတ်သည့် ဤအပြုအမူဆိုင်ရာ သတ်မှတ်ချက်များသည် သမ္မာတရားနှင့် အတော်အတန် ကွာခြားနေဆဲဖြစ်သော်လည်း မည်သို့ပင်ဆိုစေ ထိုသတ်မှတ်ချက်များသည် လူ၏ အပြုအမူကို ထိန်းညှိရန် ဘုရားသခင် စီစဉ်တင်ပြထားသည့် စံနှုန်းများ ဖြစ်သည်။ ထိုအရာများအားလုံးသည် အရေးပါပြီး ယနေ့တွင် ခိုင်လုံနေဆဲဖြစ်သည်။

လူအတွက် ဘုရားသခင် ချမှတ်ထားသည့် အပြုအမူဆိုင်ရာ စံများနှင့် သူ တောင်းဆိုသည့် သမ္မာတရားများကြား အမျိုးမျိုးသော ဆက်နွှယ်မှုများနှင့် ခြားနားမှုများအပေါ် ငါယခုတင် မိတ်သဟာယပြုပြီး ဖြစ်သည်။ ဤအချိန်တွင် လူတို့က မိမိတို့၏ အယူအဆများတွင် မှန်ကန်ပြီး ကောင်းမွန်မည်ဟု ယုံကြည်ကြသည့် အရာများတွင် ပါဝင်သော အပြုအမူကောင်းများနှင့် ပတ်သက်၍ အနည်းနှင့် အများ ငါတို့ မိတ်သဟာယပြုပြီးပြီမဟုတ်လော။ ဤအရာနှင့် ပတ်သက်၍ ငါတို့၏ မိတ်သဟာယကို အဆုံးသတ်ပြီးနောက်တွင် လူ၏ အပြုအမူနှင့် လူက အသက်ရှင်နေထိုင်သည့်အရာကို ထိန်းညှိရန် ဘုရားသခင် ချမှတ်ထားသည့် အချို့သော စံနှုန်းများနှင့် အဆိုများအပေါ် ငါတို့ မျှဝေခဲ့ကြပြီး ဥပမာအချို့ကို ငါတို့ စာရင်းပြုစုခဲ့ကြသည်။ ဥပမာအားဖြင့် အခြားသူများကို မရိုက်နှက်ခြင်း သို့မဟုတ် နှုတ်ဖြင့် မစော်ကားခြင်း၊ ကိုယ့်မိဘကို ရိုသေစွာ ပြုခြင်း၊ ဆေးလိပ် သို့မဟုတ် အရက် မသောက်ခြင်း၊ မခိုးယူခြင်း၊ သူတစ်ပါးတို့အား အခွင့်အရေးမယူခြင်း၊ မမှန်သော သက်သေကို မခံခြင်း၊ ရုပ်တုဆင်းတုများကို မကိုးကွယ်ခြင်း အစရှိသည်တို့ ဖြစ်သည်။ ဤသည်တို့မှာ အဓိကအချက်များသာဖြစ်ပြီး ငါတို့ နှိုက်နှိုက်ချွတ်ချွတ် ဆွေးနွေးသွားမည် မဟုတ်သည့် နောက်ထပ် အသေးစိတ်အချက်အလက်များစွာ ရှိသည်မှာ အမှန်ဖြစ်၏။ ထို့ကြောင့် ဤအရာများအကြောင်း မိတ်သဟာယပြုပြီးနောက်တွင် မည်သည့် သမ္မာတရားများကို သင် ရရှိပြီးဖြစ်သင့်သနည်း။ မည်သည့် စည်းမျဉ်းများကို သင်လက်တွေ့လုပ်ဆောင်သင့်သနည်း။ မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သင်သည် အသက်ကြီးသူကို လေးစားပြီး ငယ်သူကို ဂရုစိုက်ရန် လိုအပ်သလော။ သင်သည် ရည်မွန်သော လူတစ်ဦးဖြစ်ရန် လိုအပ်သလော။ သင်သည် ဖော်ရွေတတ်ပြီး ပေါင်းသင်းရလွယ်ကူရန် လိုအပ်သလော။ အမျိုးသမီးများသည် နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးဖွယ်ရာဖြစ်ရန်၊ သို့မဟုတ် ပညာကောင်းကောင်းတတ်ပြီး စဉ်းစားချင့်ချိန်တတ်ရန် လိုအပ်ပါသလော။ အမျိုးသားများသည် ကြီးမြတ်ရန်၊ ရည်မှန်းချက်ကြီးပြီး ပြောင်မြောက်သောလူများ ဖြစ်ရန် လိုအပ်ပါသလော။ မလိုအပ်ပေ။ ငါတို့သည် မိတ်သဟာယများစွာ ပြောပြီး ဖြစ်သည်မှာ အမှန်ပင်။ ရိုးရာယဉ်ကျေးမှုက ထောက်ခံသည့် ဤအရာများကို စာတန်က လူတို့အား အထင်အမြင်မှားစေရန် သိသာထင်ရှားစွာ အသုံးပြုပေသည်။ ထိုအရာများသည် အလွန် အထင်အမြင်မှားစေသော အရာများဖြစ်ပြီး လူတို့ကို လှည့်စားသည့် အရာများ ဖြစ်သည်။ သင်တို့သည် မိမိကိုယ်ကို ဆန်းစစ်သင့်ပြီး ဤအတွေးများနှင့် အမြင်များ၊ သို့မဟုတ် အပြုအမူများနှင့် သရုပ်သကန်များကို သင် သိုထားဆဲ ဟုတ်မဟုတ်ဆိုသည်ကို ကြည့်သင့်သည်။ သင် သိုထားပါက ထိုအရာများကို ဖြေရှင်းရန် သမ္မာတရားကို အမြန်ရှာဖွေသင့်ပြီး ထို့နောက်တွင် သမ္မာတရားကို လက်ခံကာ ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်သင့်ပေသည်။ ထိုသို့ဖြင့် သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်လိမ့်မည်ဖြစ်သည်။ သင့်အနေဖြင့် ရိုးရာယဉ်ကျေးမှုဖြင့် အသက်ရှင်သည့်အခါ သင်၏ အတွင်းပိုင်း အခြေအနေက မည်သည့်အရာနှင့်တူသည်ကိုလည်းကောင်း၊ သင်၏ စိတ်နှလုံး အတွင်းနက်နက်နေရာများ၌ မည်သို့ ခံစားခဲ့ရသည်ကိုလည်းကောင်း၊ မည်သည့်အရာကို သင်ရရှိခဲ့သည်ကိုလည်းကောင်း၊ ရလဒ်က မည်သည့်အရာ ဖြစ်ခဲ့သည်ကိုလည်းကောင်း သင် သုံးသပ်ဆင်ခြင်သင့်ပြီး ထို့နောက်တွင် ချုပ်တည်းထားခြင်း၊ သူတော်စင်ကျင့်ဝတ် ပိုင်ဆိုင်ခြင်း၊ အခြားသူများကို မရိုက်နှက်ခြင်း၊ သို့မဟုတ် နှုတ်ဖြင့် ဆဲရေးတိုင်းထွာမှု မပြုခြင်း စသည်တို့ကဲ့သို့သော လူ့အပေါ် ဘုရားသခင် တောင်းဆိုထားသည့် စံနှုန်းများအတိုင်း ကျင့်ကြံပြုမူရန် မည်သို့ခံစားရသည်ဆိုသည်ကို ကြည့်သင့်သည်။ ဤဘဝနည်းလမ်းများထဲမှ မည်သည့်အရာက သင့်အား သာ၍ လွယ်ကူစွာ၊ လွတ်လပ်စွာ၊ တည်ငြိမ်စွာနှင့် အေးချမ်းစွာ အသက်ရှင်ခွင့်ပေးပြီး သာ၍ များသည့် လူ့သဘာဝဖြင့် အသက်ရှင်နိုင်ဖို့ ထောက်ကူပေးသည်၊ မည်သည့်အရာက အယောင်ဆောင် မျက်နှာဖုံးအောက်တွင် သင် အသက်ရှင်နေသည့်အလား ခံစားရစေပြီး သင့်ဘဝအား အလွန် မှားယွင်းစေကာ စိတ်မချမ်းမြေ့ဖြစ်စေသည်တို့ကို ကြည့်လော့။ ဤဘဝနည်းလမ်းများထဲမှ မည်သည့်အရာက သင့်အား ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ပိုနီးသည်ထက် နီးစွာ အသက်ရှင်ခွင့်ပေးပြီး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို ပိုပိုပြီး ပုံမှန်ဖြစ်စေသည်ဆိုသည်တို့ကို ကြည့်လော့။ ဤအရာကို သင် အမှန်တကယ် တွေ့ကြုံသည့်အခါ သင် သိရှိလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည်သာ သင့်ကို လွတ်မြောက်မှုနှင့် လွတ်လပ်မှု ဆောင်ကြဉ်းပေးနိုင်ပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိခွင့်ပေးနိုင်သည်။ ဥပမာအနေဖြင့် သင်သည် အသက်ကြီးသူများကို ရိုသေပြီး ငယ်သူများကို ဂရုစိုက်ကြောင်း၊ သင်သည် စည်းမျဉ်းများကို လိုက်နာကြောင်းနှင့် သင်သည် လူကောင်းတစ်ယောက်ဖြစ်ကြောင်း အခြားလူများအား ပြောစေရန်အလို့ငှာ သာ၍ အသက်ကြီးသည့် ညီအစ်ကို၊ သို့မဟုတ် ညီအစ်မတစ်ဦးကို သင် တွေ့ဆုံသည့်အခါတိုင်းတွင် သင်က ၎င်းတို့ကို ၎င်းတို့၏ နာမည်ဖြင့် လုံးဝ မခေါ်ဝံ့ဘဲ ၎င်းတို့၏ နာမည်ဖြင့် ခေါ်ရန် အလွန် စိတ်အနှောင့်အယှက် ဖြစ်ရကာ ထိုသို့လုပ်ဆောင်ခြင်းသည် အလွန် မလေးစားရာ ကျမည်ဟု စဉ်းစားလျက် ၎င်းတို့ကို “အစ်ကိုကြီး” သို့မဟုတ် “အစ်မကြီး”ဟု သင် ခေါ်သည်ဆိုပါစို့။ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ခြင်းနှင့်ဆိုင်သည့် ဤရိုးရာ အယူအဆသည် သင့်စိတ်နှလုံးတွင် ကွယ်ဝှက်နေသောကြောင့် အသက်ကြီးသည့်လူတစ်ဦးကို သင် မြင်သည့်အခါ အလွန် နူးညံ့ပြီး ကြင်နာစွာ သင် ပြုမူသည်။ ပြီးလျှင် သင်သည် အလွန် စည်းမျဉ်းလိုက်နာပြီး ယဉ်ကျေးသည့်အလားဖြစ်ကာ ၁၅ ဒီဂရီထောင့်မှသည် ၉၀ ဒီဂရီထောင့်အထိ ခါးမကိုင်းပေးဘဲ မနေနိုင်ပေ။ သင်သည် သက်ကြီးရွယ်အိုများကို ရိုသေလေးစားစွာ ဆက်ဆံသည်၊ သင့်ရှေ့က လူသည် သာ၍ အသက်ကြီးလေ၊ လိမ္မာရေးခြားရှိသယောင် သင် ဟန်ဆောင်လေ ဖြစ်သည်။ ဤသို့ လိမ္မာရေးခြားရှိခြင်းသည် ကောင်းမွန်သည့် အရာတစ်ခု ဖြစ်သလော။ ဤသည်မှာ အားမာန်နှင့် ဂုဏ်သိက္ခာမရှိဘဲ အသက်ရှင်ခြင်းဖြစ်သည်။ ဤကဲ့သို့သော လူများသည် ငယ်ရွယ်သည့် ကလေးတစ်ဦးကို မြင်သည့်အခါ ကလေးတစ်ဦးကဲ့သို့ပင် ချစ်စဖွယ်ဖြစ်ပြီး ပျော်စေပျက်စေ သဘောမျိုး ပြုမူကြသည်။ မိမိတို့၏ သက်တူရွယ်တူများထဲမှ တစ်ဦးကို တွေ့သည့်အခါ အခြားသူများက ၎င်းတို့အား မလေးမစား မပြုဝံ့ရန်အလို့ငှာ ၎င်းတို့ အတော်ကို မတ်မတ်ရပ်ကြပြီး အရွယ်ရောက်သူ တစ်ဦးကဲ့သို့ ပြုမူကြသည်။ ၎င်းတို့သည် မည်သည့်လူစားမျိုး ဖြစ်ပါသနည်း။ မျက်နှာများစွာရှိသည့် လူတစ်ဦး ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့ အလွန် မြန်ဆန်စွာ ပြောင်းလဲကြသည်၊ ဟုတ်သည် မဟုတ်လော။ အသက်ကြီးသည့် လူတစ်ဦးကို မြင်သည့်အခါ “သက်ကြီးဖိုးဖိုး” သို့မဟုတ် “သက်ကြီးဖွားဖွား”ဟု ခေါ်ကြသည်။ ၎င်းတို့ထက် အနည်းငယ် သာ၍ အသက်ကြီးသည့် တစ်စုံတစ်ဦးကို မြင်သည့်အခါ ၎င်းတို့က “အန်ကယ်”၊ “အန်တီ”၊ “အစ်ကိုကြီး” သို့မဟုတ် “အစ်မကြီး”ဟု ခေါ်ကြသည်။ ၎င်းတို့ထက် ငယ်ရွယ်သည့် တစ်စုံတစ်ဦးကို ဆုံသည့်အခါ ၎င်းတို့ကို “ညီလေး” သို့မဟုတ် “ညီမလေး” ဟု ခေါ်ကြသည်။ ၎င်းတို့သည် လူများကို ၎င်းတို့၏ အသက်အရွယ်များအတိုင်း မတူကွဲပြားသည့် ဂုဏ်ပုဒ်များနှင့် ချစ်စနိုးအမည်များကို ပေးကြပြီး ဤခေါ်ညွှန်းသည့် ပုံစံများကို တိကျစွာနှင့် မှန်ကန်စွာ ၎င်းတို့ အသုံးပြုကြလေသည်။ ဤအရာများသည် ၎င်းတို့၏ အရိုးများထဲ၌ အမြစ်တွယ်နေပြီးဖြစ်ကာ အလွန် အေးဆေးစွာဖြင့် ထိုအရာများကို ၎င်းတို့ သုံးနိုင်ကြလေသည်။ အထူးသဖြင့် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်လာပြီးနောက်တွင် “ယခုတွင် ငါသည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦးဖြစ်သည်။ ငါသည် စည်းမျဉ်းလိုက်နာပြီး ယဉ်ကျေးသူဖြစ်ရမည်။ ပညာကောင်းစွာ တတ်ပြီး စဉ်းစားချင့်ချိန်နိုင်ရမည်။ ဘာသာတရားမရှိသည့် ပြဿနာဖြစ်စေသော လူငယ်များကဲ့သို့ စည်းမျဉ်းများကို ငါချိုးဖောက်၍မရ၊ ပုန်ကန်၍မရပါ။ လူတို့သည် ထိုအရာကို နှစ်သက်ကြလိမ့်မည် မဟုတ်ပါ။ လူတိုင်း ငါ့ကို နှစ်သက်စေလိုလျှင် အသက်ကြီးသူကို ငါ ရိုသေပြီး ငယ်ရွယ်သူကို ဂရုစိုက်ရမည်”ဟု သာ၍ပင် ယုံကြည်လက်ခံကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် မတူကွဲပြားသည့် အသက်အရွယ် အုပ်စုများနှင့်ဆိုင်သည့် လူများကို မတူကွဲပြားသည့် အဆင့်များထဲသို့ ခွဲခြားရင်း ၎င်းတို့ကို ဂုဏ်ပုဒ်များနှင့် ချစ်စနိုးနာမည်များအားလုံး ပေးရင်းနှင့် ထို့နောက်တွင် ဤအရာကို ၎င်းတို့၏ နေ့စဉ်အသက်တာများတွင် စဉ်ဆက်မပြတ် လက်တွေ့လုပ်ဆောင်ရင်း မိမိတို့၏ အပြုအမူကို သာ၍ တင်းကျပ်စွာ ထိန်းညှိကြပြီးနောက် ၎င်းတို့က “ငါ့ကို ကြည့်ပါ၊ ငါသည် ဘုရားသခင်ကို ယုံကြည်လာပြီးနောက်တွင် အမှန်တကယ် ပြောင်းလဲပြီးဖြစ်သည်။ ငါသည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသည်၊ ရည်မွန်သည်၊ အသက်ကြီးသူကို ရိုသေပြီး ငယ်ရွယ်သူကို ဂရုစိုက်ကာ ငါသည် ဖော်ရွေတတ်သည်။ လူသား ပုံသဏ္ဌာန်ဖြင့် အမှန်တကယ် ငါအသက်ရှင်နေသည်။ ငါ တွေ့ဆုံသည့် လူတိုင်းကို ၎င်းတို့ မည်မျှ အိုမင်းသည်ဖြစ်စေ၊ ၎င်းတို့၏ သင့်တင့်လျောက်ပတ်သည့် ဂုဏ်ပုဒ်ဖြင့် မည်သို့ ခေါ်ရမည်ဆိုသည်ကို ငါ သိသည်။ ငါ့မိဘများက ငါ့ကို ဤအရာသွန်သင်ပေးရန် မလိုအပ်ခဲ့သကဲ့သို့ ငါ့အနီးဝန်းကျင်ရှိ လူများကလည်း ငါ့ကို ထိုသို့လုပ်ဆောင်ရန် ပြောဖို့ မလိုအပ်ခဲ့ပါ။ မည်သို့ လုပ်ဆောင်ရမည်ဆိုသည်ကို အလိုလို ငါသိရှိခြင်း ဖြစ်သည်”ဟု ပိုပိုပြီး တွေးထင်ကြလေသည်။ ဤအပြုအမူကောင်းများကို လက်တွေ့လုပ်ဆောင်ပြီးနောက်တွင် ၎င်းတို့တွင် အမှန်တကယ် လူ့သဘာဝရှိကြကြောင်း၊ ၎င်းတို့သည် အမှန်တကယ် စည်းမျဉ်းလိုက်နာကြကြောင်းနှင့် ဘုရားသခင်က ဤအရာကို ကြိုက်နှစ်သက်ရမည်ဖြစ်ကြောင်းတို့ကို ၎င်းတို့ တွေးထင်ကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်ရော အခြားသူများကိုပါ ထင်ယောင်ထင်မှား ဖြစ်စေခြင်း မဟုတ်လော။ ယခုအချိန်မှစ၍ ဤအရာများကို သင် စွန့်ပစ်ရမည်။ ယခင်က ဒါမင်းနှင့် ရှောင်မင်း ဇာတ်လမ်းကို ငါ ပြောပြခဲ့သည်။ ထိုဇာတ်လမ်းသည် အသက်ကြီးသူကို ရိုသေပြီး ငယ်သူကို ဂရုစိုက်ခြင်းနှင့် ဆက်နွှယ်သည်၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူအချို့သည် အသက်ကြီးသည့် လူတစ်ဦးကို မြင်သည့်အခါ ၎င်းတို့ကို “အစ်ကိုကြီး” သို့မဟုတ် “အစ်မကြီး”အဖြစ် ခေါ်ခြင်းသည် ထိုမျှ ယဉ်ကျေးသိမ်မွေ့ခြင်း မရှိကြောင်းနှင့် ထိုအရာက လူများအား ၎င်းတို့သည် ထိုမျှ ယဉ်ကျေးသည်ဟု တွေးထင်စေလိမ့်မည် မဟုတ်ကြောင်း ၎င်းတို့ စဉ်းစားကြသည်။ ထို့ကြောင့် ထိုလူများကို ၎င်းတို့က “သက်ကြီး ဖိုးဖိုး” သို့မဟုတ် “သက်ကြီး အန်တီ”ဟု ခေါ်ကြလေသည်။ သင်သည် ၎င်းတို့ကို အတော်အတန် ရိုသေလေးစားမှု ပေးသည့်ပုံရကာ ၎င်းတို့အတွက် သင် ရိုသေလေးစားမှုသည် မည်သည့်နေရာမှ လာပါသနည်း။ သင်သည် အခြားသူများကို လေးစားသည့် လူတစ်ဦး၏ အသွင်အပြင်မရှိပေ။ သင်နှင့်ပတ်သက်လျှင် ထိတ်လန့်ဖွယ်ရာဖြစ်ပြီး ကြမ်းကြုတ်ရက်စက်ကာ မထီတရီဖြင့် မာနထောင်လွှားသည့် သွင်ပြင်တစ်ခု ရှိပြီး သင်သည် အခြားမည်သူမဆိုထက် သင်၏ လုပ်ရပ်များတွင် သာ၍ မာနထောင်လွှားလေသည်။ သင်သည် သမ္မာတရား စည်းမျဉ်းများကို မရှာဖွေရုံမက အခြားမည်သူကိုမျှ သင် မတိုင်ပင်ပေ။ သင်သည် ထင်ရာစိုင်းပြီး လူ့သဘာဝ စိုးစဉ်းမျှ မရှိပေ။ မည်သူ့တွင် အဆင့်အတန်းရှိသည်ကို သင်ကြည့်ပြီးနောက် ဤအတွက် လူတို့၏ ချီးမွမ်းခြင်းကို ရရှိရန်မျှော်လင့်လျက် ၎င်းတို့ကို “သက်ကြီး အန်ကယ်” သို့မဟုတ် “သက်ကြီး အန်တီ”ဟု ခေါ်လေသည်။ ဤကဲ့သို့ ဟန်ဆောင်ခြင်းသည် အသုံးဝင်သလော။ ဤကဲ့သို့ ဟန်ဆောင်ပါက လူ့သဘာဝနှင့် ကိုယ်ကျင့်တရား သင်ရှိလိမ့်မည်လော။ ဆန့်ကျင်ဖက်အနေဖြင့် သင် ဤအရာလုပ်ဆောင်သည်ကို အခြားသူများက မြင်သည့်အခါ သင့်ကို သာ၍ပင် စက်ဆုပ်ကြလိမ့်မည် ဖြစ်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားပါဝင်သည့် ကိစ္စရပ်များ ဖြစ်ပေါ်သည့်အခါ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သင် သစ္စာဖောက်နိုင်ဖွယ် ရှိသည်။ သင်သည် မိမိ စိတ်ကျေနပ်ဖို့ကိုသာ အသက်ရှင်ပြီး ဤလူ့သဘာဝမျိုး ပိုင်ဆိုင်လင့်ကစား သင်သည် လူတို့ကို “သက်ကြီး အန်တီ”ဟု ခေါ်နေဆဲဖြစ်သည်။ ဤသည်မှာ ဟန်ဆောင်မှု မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ဟန်ဆောင်ရာတွင် အလွန်တော်၏။ ငါ့ကို ပြောလော့၊ ဤကဲ့သို့သော လူများသည် စက်ဆုပ်ဖွယ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဲ့သို့သောလူများသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အမြဲ သစ္စာဖောက်နေကြသည်။ လုံးဝ ကာကွယ်ခြင်း မရှိကြချေ။ မိမိတို့အား ကျွေးသည့်လက်ကို ကိုက်ကြပြီး ဘုရားအိမ်တော်တွင် အသက်ရှင်ရန် မထိုက်တန်ကြပေ။ မိမိကိုယ်ကို ဆန်းစစ်ပြီး လူ့သဘာဝက ကောင်းမွန်သည့် အပြုအမူများအဖြစ် အများအားဖြင့် အသိအမှတ်ပြုသည့်တိုင် စင်စစ်အားဖြင့် ဘုရားသခင်က စက်ဆုပ်သည့် အရာများ အတိအကျဖြစ်သည့် လူတို့အပေါ် ဆက်ဆံခြင်းနှင့်ဆိုင်သော မည်သည့် အတွေးများ၊ အမြင်များ၊ သဘောထားများ၊ လုပ်နည်းကိုင်နည်းများနှင့် နည်းလမ်းများကို သင် သိုထားဆဲဖြစ်သည်ကို ကြည့်လော့။ ဤအသုံးမကျသည့် အရာများကို သင် အမြန် လက်လွှတ်သင့်ပြီး ထိုအရာများကို လုံးဝ မဖက်တွယ်ရပေ။ လူအချို့က “ထိုသို့ ပြုမူခြင်းနှင့်ပတ်သက်၍ မည်သည့်အရာ မှားယွင်းပါသနည်း”ဟု ဆိုကြသည်။ သင်သည် ထိုသို့ ပြုမူပါက သင့်ကို ငါ မနှစ်မြို့ဘဲနေမည်ဖြစ်ပြီး သင့်ကို စက်ဆုပ်လိမ့်မည်။ သင်သည် ထိုသို့ လုံးဝ မပြုမူရပေ။ လူအချို့က “ကိုယ်တော် ကျွန်ုပ်တို့ကို မနှစ်မြို့လျှင် ကိစ္စမရှိပါ။ အမှန်တွင်တော့ ကိုယ်တော်နှင့်အတူ ကျွန်ုပ်တို့ အသက်ရှင်နေထိုင်ခြင်း မရှိပါ”ဟု ဆိုကြသည်။ ငါတို့ အတူတကွ နေထိုင်ခြင်းမရှိသော်လည်း ထိုသို့ သင် မပြုမူဘဲ နေဆဲဖြစ်ရမည်။ သင်သည် သမ္မာတရားကို လက်မခံနိုင်သောကြောင့်၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်နိုင်သောကြောင့် သင့်ကို ငါစက်ဆုပ်မိလိမ့်မည်။ ဆိုလိုသည်မှာ သင်သည် ကယ်တင်မခံရနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤအရာများကို မြန်နိုင်သမျှ မြန်မြန် သင် စွန့်ပစ်ပါက ပိုကောင်းမည်။ ဟန်မဆောင်နှင့်၊ ပြီးလျှင် အယောင်ဆောင် မျက်နှာဖုံး နောက်ကွယ်တွင် အသက်မရှင်နှင့်။ အနောက်တိုင်းလူများသည် ဤကိစ္စရပ်နှင့်စပ်လျဉ်း၍ အလွန် ပုံမှန်ဖြစ်ကြသည်ဟု ငါထင်သည်။ ဥပမာအားဖြင့် အမေရိကတွင် သင်သည် လူတို့ကို ၎င်းတို့၏နာမည်များဖြင့်သာ ခေါ်ဖို့လိုအပ်သည်။ ဤလူကို “ဖိုးဖိုး”၊ ထိုလူကို “ဖွားဖွား”ဟု သင် ကသိကအောက်ဖြစ်စွာ ခေါ်ရန် မလိုအပ်သကဲ့သို့ လူတို့က သင့်ကို ဝေဖန်ခြင်းနှင့်ပတ်သက်၍ စိုးရိမ်ရန် မလိုအပ်ပေ။ လူတို့ကို သိက္ခာရှိသည့်နည်းလမ်းဖြင့် ၎င်းတို့၏ အမည်များဖြင့်သာ သင် ခေါ်ဆိုနိုင်ပြီး ထိုသို့ သင် ခေါ်သည်ကို လူတို့ကြားသည့်အခါလည်း အရွယ်ရောက်သူများရော ကလေးသူငယ်များကပါ အလွန် ပျော်ရွှင်ကြလိမ့်မည်ဖြစ်ပြီး သင်သည် အလွန် ရိုသေလေးစားတတ်သည်ဟု ၎င်းတို့ တွေးထင်ကြလိမ့်မည်။ ဆန့်ကျင်ဖက်အနေဖြင့် ၎င်းတို့၏ အမည်နာမကို သင် သိပြီး ၎င်းတို့ကို “ဆရာ” သို့မဟုတ် “အန်တီ”ဟု သင် ခေါ်နေသေးပါက ၎င်းတို့ ဝမ်းသာကြလိမ့်မည်မဟုတ်သကဲ့သို့ သင့်ကို တမင်ကို အဖတ်မလုပ်ဘဲ နေကြလိမ့်မည်။ ပြီးလျှင် ဤအရာကို အလွန်ထူးဆန်းသည်ဟု သင်တွေ့မြင်ရလိမ့်မည်။ အနောက်တိုင်း ယဉ်ကျေးမှုသည် တရုတ်ရိုးရာ ယဉ်ကျေးမှုနှင့် မတူပေ။ တရုတ်လူမျိုးများသည် ရိုးရာယဉ်ကျေးမှု၏ အယူဝါဒသွတ်သွင်းခြင်းခံရကာ လွှမ်းမိုးခြင်းခံရပြီး ဖြစ်သကဲ့သို့ ၎င်းတို့ အမြဲ အဆင့်အတန်းမြင့်ချင်ကြသည်၊ အဖွဲ့တွင် အကြီးအကဲ ဖြစ်လိုကြပြီး အခြားသူများအား ၎င်းတို့ကို ရိုသေလေးစားစေလိုကြသည်။ “ဖိုးဖိုး” သို့မဟုတ် “ဖွားဖွား”ဟု အခေါ်ခံရရန်မှာ ၎င်းတို့အတွက် လုံလောက်ခြင်းမရှိ။ ၎င်းတို့က ထိုအရာရှေ့တွင် “သက်ကြီး”ဟူသည်ကို ဖြည့်စေလိုကြပြီး ၎င်းတို့ကို “သက်ကြီး ဖိုးဖိုး”၊ “သက်ကြီး ဖွားဖွား” သို့မဟုတ် “သက်ကြီး အန်ကယ်” ဟု ခေါ်စေလိုကြသည်။ ထို့နောက် “အန်တီကြီး” သို့မဟုတ် “အန်ကယ်ကြီး”လည်း ရှိသည်။ ၎င်းတို့အနေဖြင့် “သက်ကြီး”ဟု အခေါ်ခံရခြင်းမရှိပါက “ကြီး”ဟု အခေါ်ခံချင်ကြသည်။ ဤကဲ့သို့သော လူများသည် မနှစ်မြို့ဖွယ်ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ စက်ဆုပ်ဖွယ်ဖြစ်သည် မဟုတ်လော။ အလွန် မနှစ်မြို့ဖွယ်ဖြစ်သည်။ ဤလူစားမျိုးများသည် အခြားသူများ၏ လေးစားမှုကို ရရှိနိုင်စွမ်းမရှိရုံမက အခြားလူများက ၎င်းတို့ကို စက်ဆုပ်ကာ အထင်သေးကြပြီး ၎င်းတို့နှင့် ကင်းအောင်နေကြကာ ၎င်းတို့ကို ငြင်းပယ်ကြလေသည်။ ထို့ကြောင့် ဘုရားသခင်က ရိုးရာယဉ်ကျေးမှု၏ ဤသွင်ပြင်လက္ခဏာများအား ဖော်ထုတ်ပြီး ဤအရာများကို ပစ်ပစ်ခါခါငြင်းရသည့် အကြောင်းရင်းတစ်ခုရှိသည်။ အဘယ်ကြောင့်ဆိုသော် ဤအရာများတွင် စာတန်၏ လှည့်ကွက်များနှင့် ၎င်း၏ စိတ်သဘောထား ပါရှိပြီး ထိုအရာများက လူတစ်ဦး၏ ကျင့်ကြံပြုမူခြင်း နည်းစနစ်များနှင့် ဦးတည်ချက်ကို သက်ရောက်မှုရှိနိုင်သောကြောင့်တည်း။ လူများနှင့် အမှုအရာများကို လူတစ်ဦးက ရှုမြင်သည့် ရှုထောင့်အမြင်ကိုလည်း ထိုအရာများက သက်ရောက်နိုင်သကဲ့သို့ တစ်ချိန်တည်းတွင် လူများကိုလည်း ကြောင်းကျိုးမမြင် ဖြစ်စေကာ မှန်ကန်သည့် လမ်းကြောင်း ရွေးချယ်ရန်ဖြစ်သည့် ၎င်းတို့၏ အစွမ်းအစကို ထိခိုက်သည်မှာ အမှန်ဖြစ်၏။ ထို့ကြောင့် လူများသည် ဤအရာများကို စွန့်ပစ်သင့်သည် မဟုတ်လော။ (စွန့်ပစ်သင့်ပါသည်။)

တရုတ်လူမျိုးများသည် ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးမှုကို အလွန် နက်ရှိုင်းစွာ ခံကြရပြီးဖြစ်သည်။ ကမ္ဘာလောကရှိ နိုင်ငံတိုင်းသည် မိမိကိုယ်ပိုင် ရိုးရာယဉ်ကျေးမှုရှိကြပြီး ဤရိုးရာယဉ်ကျေးမှုများသည် သေးငယ်သည့် အင်္ဂါရပ်များဖြင့်သာ ကွာခြားကြသည်မှာ အမှန်ဖြစ်၏။ ယင်းတို့၏ အဆိုများထဲမှ အချို့မှာ တရုတ်ရိုးရာ ယဉ်ကျေးမှု၏ အဆိုများနှင့် ကွာခြားသော်လည်း ထိုအရာများတွင် တူညီသည့် သဘောသဘာဝရှိ၏။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြပြီး သာမန်လူ့သဘာဝ ကင်းမဲ့ကြသောကြောင့် ဤအဆိုများအားလုံး တည်ရှိခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် အပေါ်ယံတွင် ကောင်းပုံပေါ်သည့်၊ လူ၏ အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီသည့်၊ လူတို့အနေဖြင့် အလွန် မွန်မွန်ရည်ရည် ရှိပုံပေါ်ရန်အလို့ငှာ၊ မြင့်မြတ်ပြီး လေးစားဖွယ်ရှိပုံ ပေါ်ရန်အလို့ငှာနှင့် ၎င်းတို့တွင် ဂုဏ်သိက္ခာနှင့် တည်ကြည်မှုတို့ ရှိသည်ဟု ထင်ရရန်အလို့ငှာ ဆောင်ရွက်ရန်၊ မိမိတို့ကိုယ်ကို ပြရုပ်တင်ရန် လူတို့အတွက် လွယ်ကူသည့် အလွန် လှည့်ဖြားတတ်သော အပြုအမူအချို့ကို ၎င်းတို့ အသုံးပြုကြလေသည်။ သို့ရာတွင် လူတို့၏ အမြင်များကို မကြည်မလင်ဖြစ်စေပြီး ၎င်းတို့ကို လှည့်စားသည်မှာ ရိုးရာယဉ်ကျေးမှု၏ ဤသွင်ပြင်လက္ခဏာရပ်များ အတိအကျဖြစ်ပြီး လူတို့အား စစ်မှန်သည့် လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ခြင်းမှ တားဆီးသည်မှာ ဤအရာများ အတိအကျ ဖြစ်ပေသည်။ သာ၍ ဆိုးသေးသည်မှာ စာတန်သည် လူတို့၏ လူ့သဘာဝကို ဖောက်ပြန်ပျက်စီးစေရန်နှင့် ၎င်းတို့ကို မှန်ကန်သော လမ်းကြောင်းမှ ဝေးသွားစေရန် ဤအရာများကို အသုံးပြုလေသည်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်က လူတို့ကို မခိုးရန်၊ အိမ်ထောင်ရေး မဖောက်ပြန်ရန် စသည်တို့ကို ပြောသည်။ စာတန်ကမူ လူတို့အား အသိပညာ ကြွယ်ဝပြီး အသိတရားရှိနိုင်ရမည်၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးဖွယ်ရာဖြစ်ရမည်၊ ရည်မွန်ရမည်၊ စသည်တို့ကို ပြောသည်။ ဤသည်တို့မှာ ဘုရားသခင် ချမှတ်သည့် တောင်းဆိုချက်များနှင့် အတိအကျ ဆန့်ကျင်သည် မဟုတ်လော။ ထိုအရာများသည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် တမင်ရည်ရွယ်သည့် ဆန့်ကျင်ကွဲလွဲမှုများ ဖြစ်သည် မဟုတ်လော။ စာတန်သည် အခြားလူများအား လှည့်စားရန် အပြင်ပန်း နည်းစနစ်များ၊ အပြုအမူများနှင့် ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာများအား မည်သို့ အသုံးပြုရမည်ဆိုသည်ကို လူတို့အား သွန်သင်သည်။ ဘုရားသခင်က လူတို့ကို မည်သည့်အရာ သွန်သင်သနည်း။ အခြားလူများ၏ ယုံကြည်ကိုးစားမှုကို မှားယွင်းစွာ ရရှိရန် အပြင်ပန်း အပြုအမူများကို ၎င်းတို့ အသုံးမပြုသင့်ကြောင်းနှင့် ထိုအစား သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားပေါ် အခြေခံ၍ ကျင့်ကြံပြုမူသင့်ကြောင်းတို့ ဖြစ်သည်။ ထိုသို့ဖြင့် ၎င်းတို့သည် အခြားလူများ၏ ယုံကြည်ကိုးစားမှုနှင့် စိတ်ချမှုတို့နှင့် ထိုက်တန်လာကြလိမ့်မည်ဖြစ်သည်။ ဤကဲ့သို့သော လူများသာ လူ့သဘာဝရှိကြသည်။ ဤတွင် ခြားနားချက်တစ်ခု ရှိသည်မဟုတ်လော။ ဧရာမ ခြားနားချက်တစ်ခုရှိ၏။ ဘုရားသခင်က သင့်အား မည်သို့ ကျင့်ကြံပြုမူရမည်ကို ပြောသည်၊ စာတန်ကမူ သင့်အား မည်သို့ ဟန်ဆောင်ကာ အခြားလူများအား လှည့်စားရမည်ဆိုသည်ကို ပြော၏။ ယင်းမှာ ကြီးမားသည့် ခြားနားချက်တစ်ခု မဟုတ်လော။ သို့ဆိုလျှင် အဆုံးတွင် မည်သည့်အရာကို လူတို့ ရွေးချယ်သင့်သည်ဆိုသည်ကို သင်တို့ ယခု သိကြပြီလော။ ဤအရာများမှ မည်သည့်အရာသည် မှန်ကန်သည့် လမ်းကြောင်း ဖြစ်သနည်း။ (ဘုရားနှုတ်ကပတ်တော်များ ဖြစ်သည်။) မှန်ပေ၏၊ ဘုရားနှုတ်ကပတ်တော်များသည် ဘဝတွင် မှန်ကန်သည့် လမ်းကြောင်း ဖြစ်သည်။ လူ၏ အပြုအမူနှင့် စပ်လျဉ်း၍ ဘုရားသခင်က မည်သည့် သတ်မှတ်ချက်မျိုးကို ချမှတ်သည်ဖြစ်စေ ထိုအရာမှာ လူသားကို ဘုရားသခင် ပြောဆိုပြီးဖြစ်သည့် စည်းမျဉ်းတစ်ခု၊ ပညတ်ချက်တစ်ခု သို့မဟုတ် ပညတ်တရားတစ်ခု ဖြစ်လျှင်ပင် ထိုအရာများအားလုံးသည် မုချ မှန်ကန်ပြီး ထိုအရာများကို လူတို့ လိုက်နာစောင့်ထိန်းရမည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားနှုတ်ကပတ်တော်များသည် မှန်ကန်သည့် လမ်းကြောင်းနှင့် အပြုသဘောဆောင်သည့် အရာများ အမြဲ ဖြစ်လိမ့်မည်ဖြစ်ကာ၊ စာတန်၏ စကားများမှာမူ လူတို့ကို လှည့်စားကာ ဖောက်ပြန်ပျက်စီးစေသောကြောင့်ဖြစ်သည်၊ ထိုအရာများတွင် စာတန်၏ အကြံများပါရှိပြီး ထိုအရာများသည် လူတို့၏ အကြိုက်များ၊ သို့မဟုတ် အယူအဆများ၊ စိတ်ကူးများနှင့် မည်မျှကိုက်ညီသည်ဖြစ်စေ မှန်ကန်သည့် လမ်းကြောင်း မဟုတ်ပေ။ ဤအရာကို သင်တို့ နားလည်ကြသလော။ (နားလည်ပါသည်။) ယနေ့ မိတ်သဟာယ၏ ပါဝင်သည့် အကြောင်းအရာကို ကြားပြီးနောက်တွင် သင်တို့ မည်သို့ ခံစားရသနည်း။ ထိုအရာသည် သမ္မာတရားနှင့် ဆက်နွှယ်ပါသလော။ (ဆက်နွှယ်ပါသည်။) သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို ယခင်က သင်တို့ နားလည်ကြသလော။ (ရှင်းလင်းစွာ နားမလည်ခဲ့ပါ။) ယခု ရှင်းလင်းစွာ နားလည်ပြီလော။ (ယခင်ထက် သာ၍ ရှင်းလင်းစွာနားလည်ပါသည်။) ပေါင်းရုံးဖော်ပြရလျှင် ဤသမ္မာတရားများကို သိနားလည်ခြင်းသည် လူတို့အဖို့ နောက်ပိုင်းတွင် အကျိုးရှိလိမ့်မည်။ ထိုအရာသည် ၎င်းတို့၏ အနာဂတ် သမ္မာတရား လိုက်စားမှု၊ ၎င်းတို့၏ လူ့သဘာဝ အသက်ရှင်နေထိုင်မှုနှင့် ဘဝတွင် ၎င်းတို့ လိုက်စားသည့်အရာ၏ ရည်မှန်းချက်နှင့် ဦးတည်ချက်တို့အတွက် အကျိုးကျေးဇူး ပြုလိမ့်မည်ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။