Christian Dance (ခရစ်တော်၏နိုင်ငံတော် တည်လေပြီ)
09.06.2024
၁
နောက်ဆုံးသောကာလ၏ ခရစ်တော်သည် သူ၏နှုတ်ကပတ်တော်များ မြွက်ဆို
ကောင်းကင်နိုင်ငံတော်၏ နက်နဲမှုများကို ထုတ်ဖော်ပြ။
ဘုရား၏ အသံတော်ကို ကျွန်ုပ်တို့ ကြားကာ သူ၏ ပလ္လင်တော်ရှေ့ ချီဆောင်ခံရ။
ဘုရားနှုတ်ကပတ်တော်၏ ရေလောင်းခံရခြင်း၊ ပျိုးထောင်ခံရခြင်းကို ကျွန်ုပ်တို့ မွေ့လျော်သည်။
ခရစ်တော်၏ မင်္ဂလာဆောင်ပွဲကို ကျွန်ုပ်တို့ တက်ရောက်သည်။
ဘုရား၏လူအားလုံး ဝမ်းမြောက်မှုနှင့်အတူ အားပါးတရ ပြုံးကြသည်။
ဘုရား၏လူအားလုံး ဝမ်းမြောက်မှုနှင့်အတူ အားပါးတရ ပြုံးကြသည်။
ဤနေရာတွင် ပေါများသော မန္နမုန့်ရှိသည်။ ဤနေရာတွင် သက်စမ်းရေတွင်းရှိသည်။
ဘုရားသခင်၏ အသက်နှုတ်ကပတ်တော်အားဖြင့် ရေလောင်းခြင်းခံရပြီး ယင်းတို့ကို
ကျွန်ုပ်တို့ ပျော်မွေ့ရသည်မှာ မည်သည့်အခါမျှ မလုံလောက်နိုင်ပါ။
ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်သည် လူသားမျိုးနွယ်၏ နှစ်နှစ်ထောင်အိပ်မက်ကို ပြည့်စုံစေခဲ့ပြီ။
ခရစ်တော်၏နိုင်ငံတော် ကမ္ဘာမြေတွင် တည်သည်။
ဤသည်မှာ အမှန်ပင် နှိုင်းယှဉ်၍မရသော ဝမ်းမြောက်မှု ဖြစ်သည်။
၂
အနန္တတန်ခိုးရှင်ဘုရားသခင် သမ္မာတရားကို ဖော်ပြ၊
နိုင်ငံတော်ခေတ်သို့ ကျွန်ုပ်တို့ ဦးဆောင်လမ်းပြ။
ဘုရားသခင်၏ အသင်းတော်သည် ခရစ်တော်၏ နိုင်ငံတော်ဖြစ်ပေ။
ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် ရှင်ဘုရင်အဖြစ် အုပ်စိုးသည်။
သမ္မာတရားကို ချစ်သူများ အားလုံး ဘုရား၏ အသံတော်ကို ကြားရပြီး သူ၏ မျက်နှာတော်ကို သူတို့မြင်ရ။
ဘုရားသခင်၏လူများ တစ်ယောက်ချင်းစီတိုင်း ပျော်ရွှင်ကြပေ။
ဘုရားသခင်၏လူများ တစ်ယောက်ချင်းစီတိုင်း ပျော်ရွှင်ကြပေ။
ခေတ်ကာလအားလုံးရှိ သန့်ရှင်းသူများသည် နောက်ဆုံးသောကာလ၌
အသက်ပြန်ရှင်ပြီး ခိုင်မာစွာ ရပ်တည်မည်ဟု ဘုရားသခင် ကြိုတင်စီမံသည်။
နောက်ဆုံးသောကာလ၌ မွေးဖွားပြီး ဘုရားသခင်အား တွေ့ဆုံခြင်းသည် အကြီးမြတ်ဆုံးသော ကောင်းချီးဖြစ်သည်။
ကောင်းကင်နိုင်ငံတော်အသက်တာကို ပျော်မွေ့လျက်၊
ဘုရားသခင်၏ လူအားလုံး ချီးမွမ်းပြီး သီဆိုကြသည်။
ခရစ်တော်၏နိုင်ငံတော်၊ ဘုရားသခင်၏ တဲတော် ကမ္ဘာပေါ်၌ရှိပေ။
သူ၏ ကတိတော်တို့ ပြည့်စုံလာ။
၃
ဘုရား၏ နှုတ်ကပတ်တော်များသည် စစ်မှန်သောအလင်း ဖြစ်၏၊
အားလုံးသော မှောင်မိုက်စွမ်းအားတို့ ပပျောက်ပြီ။
ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များဖြင့် လူသားမျိုးနွယ်ကို တရားစီရင်၏။
လူမျိုးအပေါင်းနှင့် လူတို့သည် သူ့ကို အရှုံးပေးအပ်နှံကြ။
ဘုရား၏လူတို့ သန့်စင်ပေးခြင်းခံရသည်။
ဘုရားသခင်၏ သန့်ရှင်းသောအမည်နာမကို ချီးကျူးထောမနာပြုရန် ဝမ်းမြောက်စွာ စုဝေးကြသည်။
စကြဝဠာတစ်ခွင် ဝမ်းမြောက်သည်။
စကြဝဠာတစ်ခွင် ဝမ်းမြောက်သည်။
ဘုရားသခင်၏ လူတို့သည် စာတန်၏ စွမ်းအားကို ဖယ်ရှားပြီး ဘုရားရှေ့မှောက်၌ အသက်ရှင်ကြ။
ဘုရားသခင်နှင့်အတူရှိခြင်းက ကျွန်ုပ်တို့ကို ဝမ်းမြောက်၍ပျော်ရွှင်စေ။
ကပ်ဘေးကြီးများက စာတန်၏ နိုင်ငံကို ဖျက်ဆီးသည်။
ဖြောင့်မတ်သည့်နိုင်ငံတော် ကမ္ဘာမြေတွင် ပေါ်ထွန်းပြီ။
သူ၏နိုင်ငံတော်ကို ရရှိပြီး ကမ္ဘာမြေသို့ ကြွလာသူ အနန္တတန်ခိုးရှင် ဘုရားသခင်အား ချီးမွမ်းလော့။
ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်သည်။
ကမ္ဘာမြေတွင် တည်သော ဘုရားသခင်၏ နိုင်ငံတော်ကို ချီးမွမ်းပါ။
ကမ္ဘာမြေတွင် တည်သော။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ