2021 Myanmar Praise Song - သူ့အား ချစ်သောသူတို့ကို ဘုရားသခင် ကောင်းချီးပေး၏

98 |26.06.2021

ဘုရားသခင်ကို ချစ်သောသူတို့သည် သူ့ကို နာခံကြ၏

ထိုသူတို့ ကိုယ်တော့်ရှေ့မှာ အမြဲတမ်း အသက်ရှင်ကြသည်။

နှုတ်ကပတ်တော်၏လမ်းပြမှုဖြင့် ငြိမ်သက် ဝမ်းမြောက်ခြင်း ရရှိကြသည်။

ဘုရားသခင်ကို ချစ်သောသူတို့ စစ်မှန်ဖြောင့်မတ်ကာ

သူတို့သိသော သမ္မာတရားကို လက်တွေ့ကျင့်သုံးကြ၏။

အလိုတော်ကို အမြဲ နှလုံးသွင်းကြသည်

သူတို့တာဝန်ထမ်းရွက်ကာ ကိုယ်တော်ကို ကျေနပ်မှုပေးသည်။

ဘုရားသခင်ကို သိသောသူတို့သည် ကိုယ်ကျင့်တရားကောင်းမွန်ကြ၏

သူတို့ အယူအဆနှင့်အပြုအမူတို့၌ သမ္မာတရားကို လက်ကိုင်ပြုကြသည်။

စည်းမျဉ်းများမရှိ၊ အချုပ်အနှောင်များလည်း မရှိပါ

သူတို့သည် သမ္မာတရားကို နားလည်ပြီး လွတ်မြောက်ပြီးဖြစ်သည်၊ မှန်ပေ၏။

သူ့အား ချစ်သောသူတို့ကို ဘုရားသခင် ကောင်းချီးပေး၏

သူ၏စစ်ကြောစီရင်ခြင်းနှင့်ဆုံးမသွန်သင်ခြင်းသည် သူတို့နှင့် အမြဲတူရှိသည်။

သူတို့သည် သမ္မာတရားကို ရှာဖွေ၍ အလင်းကို ရကြ၏

သူတို့၏ဆိုးညစ်မှုများသည် သန့်စင်ခြင်းခံရသည်။

သူ့အား ချစ်သောသူတို့ကို ဘုရားသခင် ကောင်းချီးပေး၏

ထိုသူတို့သည် အမှန်ပင် ပျော်ရွှင်လိမ့်မည်။

စစ်ကြောစီရင်ခြင်းဖြင့် သူတို့ ကယ်တင်ခြင်းကို ရရှိကြသည်။

နှုတ်ကပတ်တော်က သူတို့ဘဝ ဖြစ်လာ

ဘုရားမျက်နှာတော် သူတို့အပေါ် ထွန်းလင်း၏။

ဘုရားသခင်ကို ချစ်သောသူတို့သည် သူ့ကို ချစ်ကြောက်ကြ၏

ထိုသူတို့ ဘုရား၏စောင့်ကြပ်မှုကို လက်ခံကြသည်။

သက်သေခံရင်း၊ သဟဇာတဖြစ်ခြင်းဖြင့် သူတို့က ဘုရားသခင်ကို အစေခံကြပေ၊

စစ်မှန်မှု၌ အသက်ရှင်နေထိုင်။

ဘုရားသခင်ကို ချစ်သောသူတို့သည် သစ္စာစောင့်သိကြ၏

စုံစမ်းခြင်းများတွင် ယုံကြည်ခြင်း၌ ခိုင်မြဲကြ၏။

အနာဂတ်နှင့်ကံကြမ္မာကို လျစ်လျူရှုကာ

အနန္တတန်ခိုးရှင် ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ချစ်ခင်ကြသည်။

ဘုရားသခင်ကို ချစ်သောသူတို့သည် သူ့အား ကိုးကွယ်ကြ၏

သူ၏ဖြောင့်မတ်ခြင်းနှင့် သူ၏သန့်ရှင်းမြင့်မြတ်မှုကို ချီးမွမ်းကြသည်။

ဘုရားသခင်ကို ချစ်သောသူတို့၌ သမ္မာတရား ရှိ၏

သူတို့သည် အမြဲ သက်သေခံ၍ ဘုရားသခင်ကို ဘုန်းကြီးစေကြ၏။

သူ့အား ချစ်သောသူတို့ကို ဘုရားသခင် ကောင်းချီးပေး၏

သူ၏စစ်ကြောစီရင်ခြင်းနှင့်ဆုံးမသွန်သင်ခြင်းသည် သူတို့နှင့် အမြဲတူရှိသည်။

သူတို့သည် သမ္မာတရားကို ရှာဖွေ၍ အလင်းကို ရကြ၏

သူတို့၏ဆိုးညစ်မှုများသည် သန့်စင်ခြင်းခံရသည်။

သူ့အား ချစ်သောသူတို့ကို ဘုရားသခင် ကောင်းချီးပေး၏

ထိုသူတို့သည် အမှန်ပင် ပျော်ရွှင်လိမ့်မည်။

စစ်ကြောစီရင်ခြင်းဖြင့် သူတို့ ကယ်တင်ခြင်းကို ရရှိကြသည်။

နှုတ်ကပတ်တော်က သူတို့ဘဝ ဖြစ်လာ

ဘုရားမျက်နှာတော် သူတို့အပေါ် ထွန်းလင်း၏။ ဘုရားမျက်နှာတော် သူတို့အပေါ် ထွန်းလင်း၏။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်