Myanmar Full Movie - မျှော်လင့်တောင့်တခြင်း | သခင်ယေရှု ခရစ်တော်ပြန်ကြွလာပြီ

17.06.2020

လွန်ခဲ့သည့် အနှစ်နှစ်ထောင်တွင်၊ သခင်ယေရှုက သူ၏ နောက်လိုက်များကို ကတိပြုခဲ့သည်၊ “သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကိုပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိ စေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၂-၃) ဤအရာကြောင့်၊ ယုံကြည်သူ မျိုးဆက်များသည် သခင့်ကတိတော် ပြည့်စုံခြင်းအတွက် စွဲလမ်းစွာ မျှော်လင့်ပြီး ဆုတောင်းကြသည်။ ပြီးလျှင် သခင် ကြွလာသည့်အခါ၊ သူတို့သည် သခင့်ကို ဆုံတွေ့ရန်နှင့် ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ရန်အတွက်၊ ကောင်းကင်ဘုံသို့ ချီဆောင်ခံရကြရန်အလို့ငှာ မျှော်လင့်ပြီး၊ ဆုတောင်းကြလေသည်။

ဤအကြောင်းအရာသည် ယခု ရုပ်ရှင်၏ ဇာတ်ကောင်ဖြစ်သူ ချန်ရှန့်ကွမ်းအကြောင်းကိုလည်း ထင်ဟပ်သည်။ သူသည် စိတ်အားထက်သန်သော ရှာဖွေသူ၊ ဧဝံဂေလိဝေငှပြီး၊ သခင်၏ ကြွလာခြင်းကို ကြိုဆိုရန်အလို့ငှာ သခင့်ကို သက်သေခံသူဖြစ်သည်။ သူသည် ကျောင်းတွင် သူ၏ရာထူးမှ ဖယ်ရှားခံရပြီး၊ သူ့မိသားစုဝင်တို့ထံမှ နားလည်မှုကို မရရှိနိုင်ခဲ့သော်လည်း၊ သူ့စိတ်နှလုံးထဲရှိ မျှော်လင့်ချက်ကို သူ လုံးဝ အရှုံးမပေးခဲ့ပေ။ တစ်နေ့ စုဝေးစဉ်တွင်၊ ချန်ရှန့်ကွမ်းသည် တရုတ်ကွန်မြူနစ်အစိုးရ၏ ဖမ်းဆီး ထောင်ချခြင်းကို ခံခဲ့ရသည်။ ဘုရားသခင်၏ အံ့ဖွယ် အုပ်စိုးမှုနှင့် စီမံမှုများအောက်တွင်၊ ခရစ်ယာန်တစ်ဦးဖြစ်သည့် ကျောက်ကျိမင်နှင့် သူ ကြုံဆုံရသည်။ သခင်၏ ပြန်ကြွလာခြင်းအတွက် မျှော်လင့် ဆုတောင်းရာ၌ သူ၏ နှစ်များစွာ ကြာခဲ့ပြီဖြစ်သော အယူအဆများနှင့် စိတ်ကူးများကို ကျောက်၏ မိတ်သဟာယက ဖြေရှင်းပေးလေသည်။ ထောင်က ထွက်ပြီးနောက်တွင်၊ ချန်ရှန့်ကွမ်းသည် တရားဟောဆရာ နှစ်ဦးနှင့် တွေ့ဆုံသည်။ ဘုရားနှုတ်ကပတ်တော်တို့အပေါ် သူတို့၏ မိတ်သဟာယမှတစ်ဆင့်၊ ကောင်းကင်နိုင်ငံထဲသို့ ချီဆောင်ခံရခြင်းသည် မည်သို့ဖြစ်သည်၊ နိုင်ငံတော်သည် အမှန်တကယ် မြေကြီးပေါ်မှာလော၊ ကောင်းကင်မှာလောဆိုသည်အပြင်၊ သခင်၏ ပြန်ကြွလာခြင်းကို လူတို့ မည်သို့ ကြိုဆိုသင့်သည်တို့ကို နောက်ဆုံးတွင် ချန်ရှန့်ကွမ်း နားလည်သဘောပေါက်လေသည်။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။