Myanmar Praise Song - ဘုရားသခင်သည် ကျွန်ုပ်တို့အလယ်၌ ရှိသည်
17.07.2021
ကျွန်ုပ်တို့ ကမ္ဘာမြေအနှံ့မှ လာကြသည်။
ဘုရားသခင်၏အိမ်တော်၌ ကျွန်ုပ်တို့ အတူတကွ ဆုံတွေ့ကြ။
ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ထောက်ပံ့ခြင်းကို ကျွန်ုပ်တို့ခံရပြီး
သိုးသငယ်၏ မင်္ဂလာစားသောက်ပွဲကို ကျွန်ုပ်တို့ တက်ရောက်။
နောက်ဆုံးသောကာလ၏ ခရစ်တော်သည်
စာတန်နှင့် တိုက်ပွဲတွင် ကျွန်ုပ်တို့ကို ဦးဆောင်သည်။
လမ်းခရီးက အတက်အကျများဖြင့် ပြည့်နှက်ပြီး
ဆင်းရဲဒုက္ခများကို ကျွန်ုပ်တို့ သည်းခံသည်။
ကျွန်ုပ်တို့ကို လမ်းပြဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရှိခြင်းအားဖြင့်၊
ကျွန်ုပ်တို့အနားမှာ သူ၏ ချစ်ခြင်းနှင့်အတူ၊
အမှောင်စွမ်းအားတို့ကို ကျွန်ုတို့ ထိုးဖောက်ကာ
ကျွန်ုပ်တို့၏ တိုက်ပွဲကို ရှေ့တက်တိုက်ခိုက်ကြပေ။
ဘုရားသခင်၏ ဘုန်းတန်ခိုးနှင့် ဉာဏ်ပညာကို မြင်ကာ
ကျွန်ုပ်တို့၏ ယုံကြည်မှု အားကောင်းလာ။
ဘုရားသခင်ကို ကျွန်ုပ်တို့ သက်သေခံနေကြပေ။
သူ၏ အပြုံးကို မြင်ရခြင်းက ကျွန်ုပ်တို့ စိတ်နှလုံးကို ဝမ်းမြောက်စေ။
ကျွန်ုပ်တို့ဘေးတွင် ဘုရားသခင်နှင့်အတူ နိုင်ငံတော်တွင်းရှိ အသက်တာသည် ဝမ်းမြောက်မှုပင်။
ဘုရား၏ချစ်ခြင်းကို ပြန်လည်ပေးဆပ်ဖို့ လေးလံသောဝန်ကို ကျွန်ုပ်တို့ ထမ်းဆောင်မည်။
ဘုရားနှုတ်ကပတ်တော် ကမ္ဘာမြေတစ်လျှောက် ပျံ့နှံ့ဖို့ရန်၊
ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများ ကျွန်ုပ်တို့၏ခပ်သိမ်းကို ပေးဆပ်သည်။
ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန် ဖြစ်ပေ။ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန် ဖြစ်ပေ။
သမ္မာတရားကို လိုက်လျှောက်ကာ သန့်စင်ပေးခြင်းခံရဖို့နှင့်
ဘုရားသခင်၏ စုံလင်ခြင်းကို ရရှိဖို့၊
တရားစီရင်ခြင်း၊ စမ်းသပ်မှုများကို ကျွန်ုပ်တို့ လက်ခံကာ
ဘုရားနှုတ်ကပတ်တော်၏ စစ်ဆေးခြင်းများကို ကျွန်ုပ်တို့ လက်ခံသည်။
အားနည်းသောအခါ ကျွန်ုပ်တို့ အချင်းချင်း ကူညီပြီး
တစ်ယောက်နှင့်တစ်ယောက် တွန်းအားပေးသည်။
ဘုရားသခင့်နှုတ်ကပတ်တော်များအား စားသောက်ခြင်း၏
ချိုမြိန်မှုနှင့် ဝမ်းမြောက်မှုတို့ကို ကျွန်ုပ်တို့ မျှဝေသည်။
နားလည်ခြင်းက ကျွန်ုပ်တို့ ဝိညာဉ်များကို နှောင်ဖွဲ့သည်။
နောက်ထပ်စကားများ ကျွန်ုပ်တို့ မလိုတော့။
ဘုရားသခင်၏ ချစ်ခြင်းက ကျွန်ုပ်တို့ကို တင်းကြပ်စွာ ရစ်ပတ်သည်။
သူ၏ နှုတ်ကပတ်တော်တို့သည် ကျွန်ုပ်တို့ စိတ်နှလုံးများအား ပေါင်းစပ်ပေးသည်။
ကျွန်ုပ်တို့ဘေးတွင် ဘုရားသခင်နှင့်အတူ နိုင်ငံတော်တွင်းရှိ အသက်တာသည် ဝမ်းမြောက်မှုပင်။
ဘုရား၏ချစ်ခြင်းကို ပြန်လည်ပေးဆပ်ဖို့ လေးလံသောဝန်ကို ကျွန်ုပ်တို့ ထမ်းဆောင်မည်။
ဘုရားနှုတ်ကပတ်တော် ကမ္ဘာမြေတစ်လျှောက် ပျံ့နှံ့ဖို့ရန်၊
ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများ ကျွန်ုပ်တို့၏ခပ်သိမ်းကို ပေးဆပ်သည်။
ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန် ဖြစ်ပေ။ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန် ဖြစ်ပေ။
လက်တွဲလုပ်ဆောင်လျက် ကျွန်ုပ်တို့ ဆက်လက်၍ ဆုတောင်းပြီး
အချင်းချင်း တိုက်တွန်းကြသည်။
လှပသောမနက်ဖြန်ဆီသို့ ဘုရားသခင်ခေါ်ဆောင်သည်။
ဘုရားသခင်ကို ချစ်ရန် သူ၏အလိုတော်ကို လုပ်ဆောင်ရန်
အစဉ်ထာဝရ ကျွန်ုပ်တို့ ကြိုးပမ်းသည်။
ဘုရားသခင်၏ တိုက်တွန်းအားပေးမှုတို့ကို ကျွန်ုပ်တို့ စိတ်ထဲတွင် ထိန်းသိမ်းကာ
ကိုယ်တော်ကို သက်သေခံရာ၌ သစ္စာရှိပါမည်။
ကျွန်ုပ်တို့ဘေးတွင် ဘုရားသခင်နှင့်အတူ နိုင်ငံတော်တွင်းရှိ အသက်တာသည် ဝမ်းမြောက်မှုပင်။
ဘုရား၏ချစ်ခြင်းကို ပြန်လည်ပေးဆပ်ဖို့ လေးလံသောဝန်ကို ကျွန်ုပ်တို့ ထမ်းဆောင်မည်။
ဘုရားနှုတ်ကပတ်တော် ကမ္ဘာမြေတစ်လျှောက် ပျံ့နှံ့ဖို့ရန်၊
ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများ ကျွန်ုပ်တို့၏ခပ်သိမ်းကို ပေးဆပ်သည်။
ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန် ဖြစ်ပေ။ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန် ဖြစ်ပေ။
ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန် ဖြစ်ပေ။ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန် ဖြစ်ပေ။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ