Myanmar Christian Song With Lyrics - ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် တစ်မူထူးခြား၏
11.04.2021
၁
ဘုရားသည် သူ၏ဖြောင့်မတ်သော စိတ်သဘောထား ကို
တစ်မူထူးခြားသော နည်းလမ်းနှင့် သူ့နည်းလမ်း၊
သူ့နိယာမများအတိုင်း ထုတ်ဖော်ပြသ ခဲ့သည်
လူသားများ၏ ထိန်းကွပ်မှုအောက် တွင်ရှိသည့် ဘုရားမဟုတ်ပါ။
ဖြစ်ရပ်များနှင့် ရုပ်ဝတ္ထုတို့၏
ထိန်းကွပ်မှုအောက်တွင် လည်း ရှိသည့် ဘုရား ရှင် မဟုတ်ပါ။
ဘုရားရှင်၏ အတွေး ခေါ် စိတ် ကူးများ၊
အကြံအစည်များကို မည်သူကမှ မပြောင်းလဲနိုင်
တစ်ခြားသော အကြံစည် အစီစဉ် ရွေးချယ်ဖို့ရန်
မည်သူကမျှ သူ့ကို သိမ်းသွင်း၍ မရနိုင်ပါ
ဒီအရာသည် ဖန်ဆင်းရှင်
ဘုရား၏ ဖြောင့်မတ်သော စိတ်သဘောထား၏
တစ် မူထူးခြားသော သဘောသဘာဝ ဖြစ်သည်။
၂
ဘုရားသည် သူ၏ ဖြောင့်မတ်သော
စိတ်သဘောထား အားဖြင့် ဖန်ဆင်းခြင်း
လုပ် ဆောင်မှုအားလုံးနှင့် အကြံအစည်တော် အားလုံးကိုစီရင်သည်။
သူ့အမျက် ဒေါသ ထွက်ခြင်း သို့မဟုတ် သနားခြင်း
ကရုဏာတော်ကို ပေးခြင်းသည်
ဘုရား၏ ဖြောင့်မတ်သော စိတ်သဘောထား အပေါ်တွင်
မူတည် နေခြင်း ပင်ဖြစ်သည်
ဘုရားရှင်၏ ဒေါသသို့မဟုတ်
ကရုဏာတော်ကို မည်သူကမှမပြောင်း လဲနိုင်
သူ့၏ ပင်ကို သဘောသဘာဝသည်သာလျှင်
ထိုအရာ ကို ရွေးချယ် ဆုံးဖြတ် စီရင်ချက်ချနိုင်သည်။
ဒီအရာသည် ဖန်ဆင်းရှင်
ဘုရား၏ ဖြောင့်မတ် သော စိတ် သဘောထား၏
တစ်မူထူးခြားသော သဘောသဘာဝ ဖြစ်သည်။
၃
ဘုရား၏ ဖြောင့်မတ်သော စိတ်သဘောထားသည်
သန့်ရှင်းပြီး တစ်မူထူးခြားပါ၏
မည်သူကမျှ မေးခွန်း မထုတ်နိုင် သို့မဟုတ် မဖျက်ဆီးနိုင်
ဖန်ဆင်းခံ သက်ရှိသတ္တဝါ များဖြစ်စေ၊
ဖန်ဆင်းခံမဟုတ်သည့် အရာများဖြစ်စေ
ဘယ်သူကမျှ ဘုရား၏ ဖြောင့်မတ်၊
သန့်ရှင်းသော စိတ်သဘောထားကို မပိုင်ဆိုင်နိုင်ကြပေ။
ဘုရားရှင်၏ဒေါသ အမျက်သည်
သန့်ရှင်း ပြီးပြစ်မှား မှုတွေကို မခံနိုင်သကဲ့သို့
ဘုရားရှင်၏ ကရုဏာတော် သည်လည်း
သန့်ရှင်းပြီး ပြစ် မှားမှုတွေကို မခံနိုင်ပေ
ဒီအရာသည် ဖန်ဆင်းရှင်
ဘုရား၏ ဖြောင့်မတ်သောစိတ် သဘောထား၏
တစ်မူထူးခြားသော သဘောသဘာဝ ဖြစ်သည်။
၄
ဘုရားရှင်ကို မည်သူကမှ သူ့လုပ်ဆောင် ချက်များ၌ အစားမထိုးနိုင်
ဖန်ဆင်းခံ သက်ရှိသတ္တဝါများဖြစ်စေ၊
ဖန်ဆင်းခံ မဟုတ်သည့် အရာများဖြစ်စေ
ဘုရားရှင်သည် သောဒုံမြို့ကို ပြုခဲ့သည့်အတိုင်း
ဖျက်ဆီးခြင်းငှါ မည်သူကမှမတတ် နိုင်
နိနဝေမြို့ ကို ဘုရားရှင် ကယ်ခဲ့သည့်အတိုင်း
ကယ်တင်ဘို့ငှါ မည်သူကမှ သူကဲ့သို့မတတ်နိုင်
ဒီအရာသည် ဖန်ဆင်းရှင်
ဘုရား၏ ဖြောင့်မတ်သောစိတ် သဘောထား၏
တစ်မူထူးခြားသော သဘောသဘာဝ ဖြစ်သည်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ