
Christian Dance (ဘုရားနှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့၏စိတ်နှလုံးများကို သိမ်းပိုက်ခဲ့ပြီ)
07.02.2025
၁
ဘုရား၏အသံတော်ကို ကျွန်ုပ်တို့ ကြားရပြီး သူ့ပလ္လင်တော်ရှေ့မှောက် ချီဆောင်ခံရသည်။
ဘုရားနှုတ်ကပတ်တော်များသည် ဩဇာအာဏာနှင့် တန်ခိုးတို့ဖြင့် ပြည့်ဝပြီး
ကျွန်ုပ်တို့၏စိတ်နှလုံးများကို သိမ်းပိုက်ခဲ့ပြီ။
ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ ဖတ်ရှုပြီး သူနှင့် တေ့တေ့ဆိုင်ဆိုင် တွေ့ဆုံသည်။
သမ္မာတရားကို ကျွန်ုပ်တို့ နားလည်သောအခါ ကျွန်ုပ်တို့၏စိတ်နှလုံးများသည် ချိုမြိန်မှုဖြင့် ပြည့်ဝ။
နောက်ဆုံးသောကာလ၏ ခရစ်တော်နောက်သို့ ကျွန်ုပ်တို့ လိုက်လျှောက်နိုင်ခြင်းသည်
ကျွန်ုပ်တို့ စိတ်ကူး၍ရနိုင်သောအရာများထက် ကျော်လွန်။
ညီအစ်ကိုမောင်နှမတို့၊ မြူးကြွသွက်လက်ပေါ့ပါးခြင်းဖြင့် ကကြလော့။
ချီးမွမ်းခြင်းတေးတို့ကို ဝမ်းမြောက်စွာ သီဆိုကြပါ။
ထိုသို့သော ဝမ်းမြောက်ခြင်းဖြင့် ကျွန်ုပ် ကခုန်းသနည်း။
အကြောင်းမှာ ကျွန်ုပ်၏ စိတ်နှလုံးက ဘုရားသခင်ကို ချစ်သောကြောင့်တည်း။
၂
ဘုရားရှေ့ကို ကျွန်ုပ်တို့လာပြီး ဘုရားနှုတ်ကပတ်တော်ကို စားသောက်ကာ မွေ့လျော်ကြသည်။
သူ့ တရားစီရင်မှုကို လက်ခံရာတွင် ကျွန်ုပ်တို့ သန့်စင်စေခြင်း ခံရပြီး
လူသားပုံသဏ္ဌာန်ဖြင့် အသက်ရှင်နေထိုင်ရသည်ကို ကျွန်ုပ်တို့ အမှန်ပင် ပျော်ရွှင်ကြသည်။
တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည် ဘုရား၏ ချစ်ခြင်းဖြစ်ပြီး
စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းသည် သူ၏ ကောင်းချီးများဖြစ်သည်။
ဘုရားက ကျွန်ုပ်ကို အသစ်သောအသက်တာ ပေးခဲ့ပြီး
ဘုရားကို ထာဝရ ချီးမွမ်းမည်။
ညီအစ်ကိုမောင်နှမတို့၊ မြူးကြွသွက်လက်ပေါ့ပါးခြင်းဖြင့် ကကြလော့။
ချီးမွမ်းခြင်းတေးတို့ကို ဝမ်းမြောက်စွာ သီဆိုကြပါ။
ထိုသို့သော ဝမ်းမြောက်ခြင်းဖြင့် ကျွန်ုပ် ကခုန်းသနည်း။
အကြောင်းမှာ ကျွန်ုပ်၏ စိတ်နှလုံးက ဘုရားသခင်ကို ချစ်သောကြောင့်တည်း။
၃
ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ကြီးမားသော ဩဇာအာဏာရှိသည်။
ယင်းတို့က အခက်အခဲကို အောင်မြင်ကျော်လွှားရာတွင် ကျွန်ုပ်တို့ကို ဦးဆောင်ပေးပြီး
အချိန်တိုင်းတွင် ကျွန်ုပ်တို့ကို လမ်းပြကာ ကွယ်ကာသည်၊
ကျွန်ုပ်တို့ကို ဘုရားသခင်၏ ကြင်နာခြင်းနှင့်
ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းအား ပို၍ပင် ခိုင်မာစွာ ခံစားရစေသည်။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် အခက်အခဲထဲတွင် စုံလင်အောင်ပြုလုပ်ပေးခြင်းခံရသည်။
ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ကျွန်ုပ်တို့ တွေ့မြင်လာရ။
ကျွန်ုပ်တို့အပေါ် မည်သည့်စမ်းသပ်မှုများ ကျရောက်ပါစေ
ကျွန်ုပ်တို့၏ ဘုရားသခင်ကို ချစ်သောစိတ်နှလုံးသည် လုံးဝ ပြောင်းလဲမည်မဟုတ်။
ညီအစ်ကိုမောင်နှမတို့၊ မြူးကြွသွက်လက်ပေါ့ပါးခြင်းဖြင့် ကကြလော့။
ချီးမွမ်းခြင်းတေးတို့ကို ဝမ်းမြောက်စွာ သီဆိုကြပါ။
ထိုသို့သော ဝမ်းမြောက်ခြင်းဖြင့် ကျွန်ုပ် ကခုန်းသနည်း။
အကြောင်းမှာ ကျွန်ုပ်၏ စိတ်နှလုံးက ဘုရားသခင်ကို ချစ်သောကြောင့်တည်း။
၄
အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်ပေး၊
ပြီးလျှင် သူ၏ ချစ်ခြင်းကို မည်သည့်အခါမျှ စကားဖြင့် အပြည့်အဝ မဖော်ပြနိုင်။
ဘုရားသခင်၏ ချစ်ခြင်းကို ပြန်လည်ပေးဆပ်ရန်
ကျွန်ုပ်တို့၏ တာဝန်များကို သစ္စာစောင့်သိစွာဖြင့် ကောင်းမွန်စွာ ဖြည့်ဆည်းကြ။
ဘုရားသခင်ကို ကျွန်ုပ်တို့ တစ်စိတ်တည်းတစ်ဝမ်းတည်း သက်သေခံသည်၊
ပြီးလျှင် နိုင်ငံတော် ဧဝံဂေလိသည် ကမ္ဘာအနှံ့ပျံ့ပေသည်။
ဘုရားသခင်သည် စာတန်ကို အနိုင်ရကာ ဘုန်းအသရေ ရရှိပြီး
ကျွန်ုပ်တို့၏ စိတ်နှလုံးများသည် ဝမ်းမြောက်ခြင်းဖြင့် ပြည့်လျှံ။
ညီအစ်ကိုမောင်နှမတို့၊ မြူးကြွသွက်လက်ပေါ့ပါးခြင်းဖြင့် ကကြလော့။
ချီးမွမ်းခြင်းတေးတို့ကို ဝမ်းမြောက်စွာ သီဆိုကြပါ။
ထိုသို့သော ဝမ်းမြောက်ခြင်းဖြင့် ကျွန်ုပ် ကခုန်းသနည်း။
အကြောင်းမှာ ကျွန်ုပ်၏ စိတ်နှလုံးက ဘုရားသခင်ကို ချစ်သောကြောင့်တည်း။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ