Myanmar Testimony Video - သခင်ပြန်ကြွလာခြင်းနှင့်ပတ်သက်၍ မည်သူ၏ စကားကို နားထောင်သင့်သနည်း

28.11.2020

အဓိကဇာတ်ကောင်သည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အစ်ကိုအစ်မ နှစ်ယောက်နှင့် ဖေ့စ်ဘွတ်ခ်တွင် သိကျွမ်းမိပြီး၊ သူတို့၏ မိတ်သဟာယမှာ အသစ်ဖြစ်၍ အသိဉာဏ်ပွင့်စေသည်ကို တွေ့ရသည်။ သူမအနေဖြင့် ဝိညာဉ်ရေးရာ အထောက်အပံ့ကို ရသည်။ သို့သော် သူတို့က အနန္တတန်ခိုးရှင်ဘုရားသခင်သည် ပြန်ကြွလာသော သခင်ယေရှုဖြစ်ကြောင်း သက်သေခံသည်ကို ကြားရသည့်အခါ၊ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အပေါ် သူမတို့သင်းအုပ်၏ ဝေဖန်မှုများကို သူမ စဉ်းစားမိသည်။ သူမက ချက်ချင်း သတိရှိလိုက်ကာ၊ မစူးစမ်းရဲတော့ပေ။ သို့သော် ဆုတောင်း ရှာဖွေခြင်းမှတစ်ဆင့် သူမ သဘောပေါက်မိပြန်သည်။ ယုံကြည်ခြင်းတွင် အရာအားလုံးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့နှင့်အညီ လုပ်ဆောင်ရမည်၊ အထူးသဖြင့် လမ်းမှန်ကို စူးစမ်းခြင်းကိစ္စမျိုးအတွက် ပို၍ အရေးကြီးသည်ဟူသော အချက်ဖြစ်သည်။ တခြားလူသားတစ်ယောက်၏ စကားများကို လိုက်နာခြင်းမှာ လူတစ်ယောက်ကို ယုံကြည်နာခံနေခြင်းသာ ဖြစ်သည်။ သူမလည်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို စူးစမ်းရန် ဆုံးဖြတ်လိုက်သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ကြည့်ရင်း သူမ၏သံသယတို့ လွင့်ပြယ်ကုန်သည်။ ကိုယ်တော်သည် ပြန်ကြွလာသော သခင်ယေရှု ဖြစ်ကြောင်း သေချာလာကာ၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို သူမ လက်ခံမိတော့သည်။ တစ်ချိန်တည်းမှာပင် သင်းအုပ်များ အကြီးအကဲများ၏ မရိုးသားသော ဘုရားကို ခုခံတတ်သော ပင်ကိုသဘာဝကို သူမ သိလာသည်။ ဆရာတော်များကို နာခံ၍ ၎င်းတို့၏စကားများကို ယုံကြည်ခြင်းမှာ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် အခွင့်အရေးများကို ပျက်စီးစေလိမ့်မည်ဆိုသည်ကိုလည်း နားလည်မိလေသည်။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။