လူသားသည် ဘုန်းတော်နှင့် ပေါ်ထွန်းခဲ့ပြီ

1439 |07.07.2020

ဘုရားရှင်၏အသွင်သဏ္ဌာန် ပေါ်ထွက်ခဲ့ပြီ၊

အသင်းတော်များ၌ ပေါ်ထွက်လာခဲ့လေပြီ။

ဝိညာဉ်တော်မိန့်မြွတ်ထားတာ သူသည် ပြင်းထန်သော မီးနှင့်

ဘုန်းအာနုဘော်ကြီးပြီး သူသည်တရားစီရင်လျက် နေသည်။

သူသည် လူသားဖြစ်သည်မှာ အမှန်ဖြစ်၏၊

ခြေထောက်အထိ ဝတ်ရုံတော်ဖုံးအုပ် ထားပြီး

ရွှေခါးစည်းကြိုးဖြင့် ရင်ကို ပတ်ရစ်ထား။

သူ၏ဦးခေါင်းတော်နှင့်ဆံတော်များသည်

သိုးမွေးပမာ ဖြူစင်လို့နေသည်။

သူ့၏မျက်လုံးများသည် မီးလျှံအလား တောက်လောင်လျက်

သူ့ခြေများသည် မီးဖိုထဲက ကြေးဝါနှင့်တူ၏။

သူ၏အသံသည် သမုဒ္ဒရာအသံကဲ့သို့ မြည်၏။

သူ၏လက်တော်၌ ကြယ်ခုနစ်လုံးရှိပြီး

နှုတ်တော်၌လည်း အသွားနှစ်ဖက်ပါသော ဓားရှိ၏

သူ၏မျက်နှာသည် အစွမ်းကုန်တောက်ပသောနေမင်းကြီးအတိုင်း

အနန္တတန်ခိုးရှင် ဘုရားရှင်သည် ဝိညာဉ်ကိုယ်ဖြင့် ထင်ရှားခဲ့ပြီ၊

အသွေးအသားမပါ၊

ဦးခေါင်းထက်မှ ခြေဖျားထိ သွေးစက်လုံးဝမရှိဘူး။

သူသည် စကြဝဠာအထက်တွင် ရှိကာ၊

ဘုန်းပလ္လင်တော်ပေါ် ထိုင်ကာ တတိယမြောက်ကောင်းကင်@အထက်ပလ္လင်တော်မှ အရာခပ်သိမ်းကို အုပ်စိုး၏

လူသားသည် သက်သေထူခဲ့ပြီး

အရာအားလုံး၌ ဘုရားသည် ထင်ရှားခဲ့လေပြီ။

နေမင်းသည် အားအပြည့်ဖြင့် လင်း သလို

ဘုရား၏ ဘုန်းတော်နှင့် ဂုဏ်တော်သည် ထွက်ပေါ်ခဲ့လေပြီ

ဘုရား၏ဘုန်းကြီးသောမျက်နှာတော် အလွန်တောက်ပ၊

လူတိုင်း လူတိုင်း၏မျက်လုံးအား ပြာသွားစေလေ၏

ဘယ်သူမှ မျက်နှာတော်ကို အာ မခံရဲကြ။

ဆန့်ကျင်သောသူတိုင်းသည် ဧကန်မုချ သေရမည်။

အတွေးဖြင့် သို့မဟုတ် အပြောဆိုဖြင့် ဆန့်ကျင် ဆန့်ကျင်၊

လူ့အပြုအမူ၌ တွေ့ရတွေ့ရ၊

သနားခြင်း အလျှင်း မရှိ၊

ဘယ်လို သနားခြင်းကိုမှ သင်တို့သည် မြင်ရကြလိမ့်မည်မဟုတ်

အပြစ်စီရင်ခြင်းကိုသာ၊

အပြစ်စီရင်ခြင်းသာ သင်တို့သည် ခံရလိမ့်မည်။

စကြဝဠာရှိ ခပ်သိမ်းသောအရာများ

ဘုရားသခင်၏လက်တော်ထဲမှာ တည်ရှိ၏။

ဘုရား စီမံထားလျှင်

ဘုရားစီမံထားသည့်အတိုင်း ဖြစ်လာလိမ့်မည်။

စာတန်သည် ဘုရားရှင် ၏ခြေအောက်၊

အဆုံးမဲ့သည့် ချောက်ထဲသို့ ရောက်လေ၏။

ဆိုးယုတ်မှုအားလုံးကို ဘုရားရှင် အောင်နိုင်ခဲ့ပြီ။

ဘုရား၏ အသံတော် ထွက်လျှင်

ကမ္ဘာတစ်ခုလုံး နတ္တိဖြစ်လိမ့်မည်။

ကောင်းကင်နှင့်မြေကြီး သည် ကွယ်ပျောက်၍၊

ခပ်သိမ်းသောအရာများသည် အသစ်ဖြစ်လာလိမ့်မည်။

ထိုအရာကို ပြောင်းလဲ၍မရပါ။

ဘုရားရှင်သည် လောကကို အောင်နိုင်ခဲ့ပြီ။

ယခု သူ ဤနေရာ၌ ထိုင်ကာ သင်တို့အား စကားပြောသည်။

နားရှိသူအားလုံး နားထောင်ကြ။

ယခု ဘုရားစကားပြောသည်၊

အသက်ရှင်သောသူများ

ဘုရား၏နှုတ်ကပတ်တော်ကို လက်ခံသင့်သည်။

အနန္တတန်ခိုးရှင် ဘုရားရှင်သည်

ဝိညာဉ်ကိုယ်ဖြင့် ထင်ရှားခဲ့ပြီ၊

အသွေးအသားမပါ၊

ဦးခေါင်းထက်မှ ခြေဖျားထိ သွေးစက်လုံးဝမရှိဘူး။

သူသည် စကြဝဠာအထက်တွင် ရှိကာ၊

ဘုန်းပလ္လင်တော်ပေါ် ထိုင်ကာ တတိယမြောက်ကောင်းကင် အထက်ပလ္လင်တော်မှ အရာခပ်သိမ်းကို အုပ်စိုး၏

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်