Christian Dance (လူသားကြွလာ ကမ္ဘာမြေမှာ)

09.06.2024

အရှေ့အရပ်မှ လျှပ်ပြက်ကာ၊ အနောက်အရပ်သို့ပင် ထွန်းလင်းလာ။

လူသားကြွဆင်းလာပြီ ကမ္ဘာမြေသို့ဆီ။

လူဇာတိခံ ဘုရားသခင်၊ တရုတ်ပြည်မှာ ပေါ်ထွန်းလာ၊ အမှုပြုနေလျက်သာ။

သူဟာ နောက်ဆုံးသောကာလ ခရစ်တော်တည်းဟူသော အနန္တတန်ခိုးရှင် ဘုရားသခင်ပင်။

သမ္မာတရားများကို သူ ဖော်ပြပြီ၊ နိုင်ငံတိုင်းကို ကိုင်လှုပ်လျက်ပင်။

တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အိမ်တော်မှ စတင်။

သူ့နှုတ်ကပတ်တော်များမှာ သြဇာအာဏာပါရှိကာ၊ လူအပေါင်း၏ နှလုံးသားများကို သိမ်းပိုက်။

လုံးဝလက်ခံယုံကြည်လျက်၊ ကိုးကွယ်ခြင်းဖြင့် သူတို့ပျပ်ဝပ်။

အနန္တတန်ခိုးရှင် ဘုရားသခင် သူ၏ဂုဏ်ကျက်သရေရှိသော ရာဇပလ္လင်ပေါ် ထိုင်လေပြီ။

လူသားသည် ပေါ်ထွန်းပြီး အလုပ်လုပ်ပြီ၊ ကမ္ဘာမြေပေါ်က နိုင်ငံတိုင်းကို ကိုင်လှုပ်လျက်ပင်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကမ္ဘာမြေကို ပျံ့နှံ့သွား၊

ကမ္ဘာမြေတလွှား ကြားနေရ နိုင်ငံတော်ခေတ်၏ တံပိုးသံနှင့်တကွ။

လူသားသည် အသင်းတော်များကြား စကားပြောပြီး လမ်းလျှောက်သည်။

သူ၏ နှုတ်ကပတ်တော်များနှင့် အမှုပြုခြင်းသည် ကျွန်ုပ်တို့အလယ်တွင် ရှိနေသည်။

ကျွန်ုပ်တို့တစ်ဦးစီ ဘုရားသခင်၏ ထိန်းကျောင်းခြင်းနှင့် ရေလောင်းခြင်းကို ခံရသည်၊

သူနှင့် မျက်နှာချင်းဆိုင်လျက်၊ သူ၏နှုတ်ကပတ်တော်များကို စားသောက်ကြသည်။

ကိုယ်တော့်တရားစီရင်ခြင်း နှုတ်ကပတ်တော်များ နှစ်ဖက်ဓားသွား တစ်လက်အလား၊

လူ့ယိုယွင်းခြင်း အမှန်တရားအား ဖော်ထုတ်ပြီး စိစစ်သွား။

တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းက ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်ခြင်းကို သန့်စင်ပေးကာ၊

စာတန်၏ အင်အားစုများမှ ကျွန်ုပ်တို့ကို အပြည့်အဝ ကယ်တင်ပေးတာ။

သမ္မာတရားနှင့် အသက်ကို ကျွန်ုပ်တို့ ရရှိပြီ၊ ဘုရားသခင်အား ချီးမွမ်းခြင်းများကို ပူဇော်ဆက်ကပ်သည်။

လူသားသည် ပေါ်ထွန်းပြီး အလုပ်လုပ်ပြီ၊ ကမ္ဘာမြေပေါ်က နိုင်ငံတိုင်းကို ကိုင်လှုပ်လျက်ပင်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကမ္ဘာမြေကို ပျံ့နှံ့သွား၊

ကမ္ဘာမြေတလွှား ကြားနေရ နိုင်ငံတော်ခေတ်၏ တံပိုးသံနှင့်တကွ။

လူသားကို တရားစီရင်ရန်နှင့် သန့်စင်ပေးရန် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သမ္မာတရားများကို ဖော်ပြသည်။

တရုတ်ပြည်တွင် အောင်မြင်သောသူများအဖွဲ့ကို ဖန်တီးပြီ။

စာတန်ကို အနိုင်ယူလျက်၊ ဘုရားသခင် ဘုန်းတော်ရရှိသည်။

သူ့နှုတ်ကပတ်တော်များ တစ်ခုပြီးတစ်ခု ပြည့်စုံသည်။

လူသားသည် ပေါ်ထွန်းပြီး အလုပ်လုပ်ပြီ၊ ကမ္ဘာမြေပေါ်က နိုင်ငံတိုင်းကို ကိုင်လှုပ်လျက်ပင်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကမ္ဘာမြေကို ပျံ့နှံ့သွား၊

ကမ္ဘာမြေတလွှား ကြားနေရ နိုင်ငံတော်ခေတ်၏ တံပိုးသံနှင့်တကွ။

ကောင်းကင်တမန်များ၏ တံပိုးခရာများ၊ ကောင်းကင်တမန်များ၏ သီချင်းသံများ၊

ဘုရားသခင်ကို ဘုန်းတော်ထင်ရှားစေရန် စုပေါင်းအစေခံကြသည်။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် ထာဝရကာလတိုင်၊ ထာဝရကာလတိုင် ကမ္ဘာမြေပေါ် အုပ်စိုးမည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။