ဝန်ထုပ်ဝန်ပိုးတစ်ခုက ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ ဖြစ်သည် Gospel Testimony in Burmese 2021

21.09.2021

ဇာတ်ကောင်သည် အသင်းတော် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရပြီး၊ သူမသည် နည်းပါးတဲ့ ဘဝအတွေ့အကြုံနှင့်အတူ ငယ်ရွယ်သည့်အတွက်၊ ထိုအခန်းကဏ္ဍအား သူမ တာဝန်ယူနိုင်စွမ်းမရှိဖြစ်ကာ ထိုသို့ဖြင့် အခြားသူများက သူမအပေါ် အထင်သေးမည်ကို စိုးရိမ်မိလေသည်။ စုဝေးပွဲတစ်ခုတွင်၊ ပြဿနာတစ်ခုနှင့်ပတ်သက်သည့် သူမ၏ ရှုထောင့်အမြင်က မှားသွားပြီး Thisအရာက သူမကို စိတ်ပျက်စေကာ အခြားအသင်းတော် ခေါင်းဆောင်များနှင့်ယှဉ်လျှင် သူမက တကယ်ချို့တဲ့နေသည်ဟု သူမ ခံစားရလေသည်။ ထို့ကြောင့် အသင်းတော် ခေါင်းဆောင်တစ်ဦးအဖြစ် သူမ၏ တာဝန်ကို ဆက်မလုပ်ချင်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့် သူမ၏ မိမိကိုယ်ကိုယ် သုံးသပ်ဆင်ခြင်မှုတွင်၊ သူမ၏ တာဝန်ကို ခေါင်းရှောင်လိုသည့် အကြောင်းရင်းမှာ သူမ၏ အားနည်းချက်ကို အခြားသူများ မြင်ပြီး သူမ အရှက်ရမည်ကို ကြောက်ရွံ့သောကြောင့် ဖြစ်ကြောင်း သူမ နားလည်သဘောပေါက်သွားသည်။ သူမအနေဖြင့် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို အလွန်တန်ဖိုးထားသည်မှာ ယင်းတို့ကို အခြားအရာအားလုံးအထက်တွင် ထားမိလေသည်ကိုလည်း သူမ မြင်ရသည်၊ ယင်းမှာ အန္တိခရစ် စိတ်သဘောထား ဖြစ်သည်။ ထိုစဉ်အတောအတွင်းတွင်၊ လူသား၏ တာဝန်မှာ ဘုရားသခင်ထံမှ စေခိုင်းချက်နှင့် အလေးအနက်ထားအပ်သော ဝတ္တရားတစ်ခုဖြစ်ပြီး၊ ယင်းကို ဖြည့်ဆည်းဖို့ သူမအနေဖြင့် တတ်နိုင်သမျှ လုပ်ဆောင်သင့်သည်ကို နားလည်သွားသည်။ သူမ၏ ရှုထောင့်အမြင်ကို သူမ ပြုပြင်ပြီး ဝန်တာစိတ်ဖြင့် သူမ၏ တာဝန်ကို လုပ်ဆောင်သည့်အခါ၊ ဘုရားသခင်၏ အသိဉာဏ်ပွင့်လင်းစေခြင်းနှင့် လမ်းပြမှုတို့ကို သူမ ရရှိလေသည်။ ဝန်ထုပ်တစ်ခုမှာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာဖြစ်သည်ကို အစစ်အမှန် သူမ တွေ့ကြုံရလေသည်။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။