အရာရာ ဘုရားနိယာမနဲ့အုပ်စိုးမှုအတိုင်း ရှင်သန်
26.04.2020
၁
နှစ်ထောင်ချီ ကုန်လွန်
ဘုရားပေးသော အလင်းနဲ့လေထုကိုလူသားများ ရရှိခံစားဆဲ
ဘုရားကိုယ်တိုင် မှုတ်သွင်းသော ဇီဝအသက်နဲ့
လူသားတို့ အသက်ရှင်နေဆဲ
ဘုရားဖန်ဆင်းသော လက်ရာ ပင်လယ်ငါးများ၊
ကျေးငှက် နှင့် ပန်းမန်များ၊
ပိုး မွှားများနဲ့ လူသားများ သာယာနေဆဲ
ဘုရားပေးသော အရာအားလုံးတို့၌ လူသားများ ပျော်မွေ့
နေ့နဲ့ည ရယ် အလှည့်ကျပြောင်းလဲလျက်ရှိ
ရာသီဥတုတွေ ပုံမှန် လှည့် ပတ် ဆဲ
မိုးပေါ်ပျံသော ဘဲငန်းများ ဆောင်းခါ ထွက်ခွာ၍
နွေမှာ ရောက်လာကြ
ရေမှာ ကူးခပ်နေသော ငါးများ သူတို့နေထိုင်ရာ
မြစ်နဲ့အင်းအိုင်တွေက လုံးဝ မခွာ
နွေအချိန်များတွင် မြေ ပြင် ပေါ်ရှိ ပုစဉ်းရင်ကွဲလေးများ
ရွှင်မြူးစွာ ဟစ်အော်ကြ
ဆောင်းရာသီ မြက်ခင်းတွေကြားက
ပုရစ်တွေ လေညင်းနဲ့အတူ တေးဆို ကြ
ဘဲငန်းများ က အုပ်စုဖွဲ့ကာ သိမ်းငှက်များ က တစ်ကိုယ်တည်းနေ
သမင်တွေ မြက်ပင်၊ ပန်း ပင် နဲ့ မကွဲမကွာရှိစဉ်
ခြင်္သေ့တွေ က အစာရှာ
ခပ်သိမ်းသောအရာများ၌ သက်ရှိသတ္တဝါတိုင်း
ထပ်ခါခါ ရောက်လာလိုက်၊ ထွက်သွားလိုက်
၂
ခဏလေးအတွင်း ပြောင်းလဲမှုသန်းပေါင်းများစွာ
မပြောင်းလဲတာ သူတို့ပင်ကိုဗီဇနဲ့အသက်ရှင်ခြင်းနိယာမတွေ
ဘုရားရဲ့အစာအာဟာရကျွေးမွေးမှုအောက်တွင်
သူတို့အသက်ရှင် နေ ကြ
သူတို့ပင်ကိုဗီဇ ဘယ်သူမှ မပြောင်းလဲနိုင်
သူတို့အသက်ရှင်ခြင်းနိယာမတွေ ဘယ်သူမှ မဖျက် ဆီး နိုင်
သူတို့အသက်ရှင်ခြင်းနိယာမတွေ ဘယ်သူမှ မဖျက် ဆီး နိုင်
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ