2021 Myanmar Praise Song - ဘုရား၏နှစ်လိုဖွယ်ကောင်းခြင်းကို သိရရန် ဘုရား၏အမှုကို တွေ့ကြုံလော့ကျူး
06.05.2021
ဘုရားသခင်၏အနှစ်သာရသည် လူသားယုံကြည်ရုံ အတွက်သာ မဟုတ်ပေ။
လူသား ချစ်ခင်ရန်အတွက်လည်း ဖြစ်၏။
သို့ရာတွင် ဘုရားသခင်ကို ယုံကြည်သော သူများစွာတို့သည်
ဤ “လျှို့ဝှက်ချက်” ကို ရှာဖွေတွေ့ရှိနိုင်စွမ်း မရှိကြပေ။
ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ် ကောင်းမှုကို
သူ၏အလုပ်တွင် ဖော်ပြထားသည်။
လူတို့သည် ဘုရားသခင်၏အလုပ်ကို ကြုံတွေ့ခံစားသည့်အခါမှသာလျှင်၊
သူ၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို သိနိုင်ကြမည် ဖြစ်သည်။
သူတို့၏ တကယ့် အတွေ့အကြုံများအားဖြင့် သာလျှင် ဘုရားသခင်၏
ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို သူတို့ သတိထားမိနိုင်မည် ဖြစ်သည်။
၎င်းကို လက်တွေ့ဘဝတွင် စောင့်ကြည့်လေ့လာခြင်း မရှိဘဲနှင့်
မည်သူမျှ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို သိနိုင်မည် မဟုတ်ပေ။
လူတို့သည် ဘုရားသခင်ကို မချစ်ရဲကြ၊
ဘုရားသခင်ကို ချစ်ရန်အတွက်လည်း မကြိုးစားကြပေ။
ဘုရားသခင်နှင့်ပတ်သက်၍ ချစ်ခင်ဖွယ်ရာများ
များစွာရှိသည်ကို သူတို့သည် တစ်ခါမျှ မသိခဲ့ပေ။
ဘုရားသခင်သည် လူသားကို ချစ်သောဘုရားဖြစ်ကြောင်း၊ ဘုရားသခင်သည်
လူသားချစ်ရန်အတွက် ဖြစ်ကြောင်းကို သူတို့တစ်ခါမျှ မသိခဲ့ပေ။
ဘုရားသခင်၌ ချစ်စရာကောင်းသော အချက်များစွာရှိ၏၊
သို့ရာတွင် သူနှင့်အမှန်တကယ် ထိတွေ့ဆက်ဆံမှုမရှိဘဲ၊
လူတို့သည် ထိုအရာကို သိနိုင်စွမ်း ရှိမည်မဟုတ်ပေ။
ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်သို့ ရောက်လာချိန်တွင်
လူတို့သည် သူ၏စစ်မှန်သော လုပ်ဆောင်ချက်များနှင့်
သူ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုတို့ကို တွေ့မြင်နိုင်ကြသည်၊
ပြီးလျှင် သူ၏လက်တွေ့ကျပြီး သာမန်ဖြစ်သည့်
စိတ်သဘောထားနှင့် သက်ဆိုင်သော အရာအားလုံးကို တွေ့နိုင်ကြသည်၊
ဤအရာများ အားလုံးသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့်
ပတ်သက်သည့် အသိထက် အဆထောင်ပေါင်းများစွာ ပို၍စစ်မှန်သည်။
ဘုရားသခင်၌ ချစ်စရာကောင်းသော အချက်များစွာရှိ၏၊
ဘုရားသခင်၌ ချစ်စရာကောင်းသော အချက်များစွာရှိ၏။
လူတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို မည်မျှပင် ချစ်စေကာမူ၊
ထိုချစ်ခြင်းမေတ္တာနှင့် ပတ်သက်၍ စစ်မှန်သောအရာ တစ်စုံတစ်ခုမျှ
မရှိဘဲ၊ ယင်းသည် လူသားတို့၏ ထင်မြင်ချက်များဖြင့်သာ ပြည့်နေသည်။
မြေကြီးပေါ်ရှိ ဘုရားသခင်ကို သူတို့၏ချစ်ခြင်းမှာ
မည်မျှပင်သေးငယ်စေကာမူ ဤချစ်ခြင်းသည် စစ်မှန်ပေသည်။
ဘုရားသခင်သည် စစ်မှန်သော အလုပ်မှတစ်ဆင့်
သူ့ကို လူများ သိလာအောင် လုပ်ဆောင်ပြီး
ဤအသိမှတစ်ဆင့် လူတို့၏ချစ်ခြင်းမေတ္တာကို သူရယူသည်။
လူတို့ သူ့ကို ချစ်လာစေရန်အတွက် ဘုရားသခင်သည်
လူတို့ အလယ်သို့ ကြွဆင်းလာပြီး လူတို့နှင့်အတူ နေထိုင်၏၊
ပြီးလျှင် ဘုရားသခင်က လူတို့ကို မြင်တွေ့စေသည့် တွေ့ကြုံခံစားစေသည့်
အရာအားလုံးသည် ဘုရားသခင်၏ စစ်မှန်မှုပင် ဖြစ်သည်။
ယင်းမှာ ပေတရုကဲ့သို့ပင်ဖြစ်သည်-
အကယ်၍ ပေတရုသည် ယေရှုနှင့်အတူ အသက်မရှင်ခဲ့လျှင်၊
ယေရှုကို သူ ကြည်ညိုရန် ဖြစ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
ထို့အတူ ယေရှုအပေါ်ထားသော သူ၏ သစ္စာစောင့်သိမှုသည်လည်း
ယေရှုနှင့် သူ၏ထိတွေ့ဆက်ဆံမှုအပေါ်တွင် တည်ဆောက် ထားခဲ့သည်။
လူတို့သည် ဘုရားသခင်ကို မချစ်ရဲကြ၊
ဘုရားသခင်ကို ချစ်ရန်အတွက်လည်း မကြိုးစားကြပေ။
ဘုရားသခင်နှင့်ပတ်သက်၍ ချစ်ခင်ဖွယ်ရာများ
များစွာရှိသည်ကို သူတို့သည် တစ်ခါမျှ မသိခဲ့ပေ။
ဘုရားသခင်သည် လူသားကို ချစ်သောဘုရားဖြစ်ကြောင်း၊ ဘုရားသခင်သည်
လူသားချစ်ရန်အတွက် ဖြစ်ကြောင်းကို သူတို့တစ်ခါမျှ မသိခဲ့ပေ။
ဘုရားသခင်၌ ချစ်စရာကောင်းသော အချက်များစွာရှိ၏၊
သို့ရာတွင် သူနှင့်အမှန်တကယ် ထိတွေ့ဆက်ဆံမှုမရှိဘဲ၊
လူတို့သည် ထိုအရာကို သိနိုင်စွမ်း ရှိမည်မဟုတ်ပေ။
ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်သို့ ရောက်လာချိန်တွင်
လူတို့သည် သူ၏စစ်မှန်သော လုပ်ဆောင်ချက်များနှင့်
သူ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုတို့ကို တွေ့မြင်နိုင်ကြသည်၊
ပြီးလျှင် သူ၏လက်တွေ့ကျပြီး သာမန်ဖြစ်သည့်
စိတ်သဘောထားနှင့် သက်ဆိုင်သော အရာအားလုံးကို တွေ့နိုင်ကြသည်၊
ဤအရာများ အားလုံးသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့်
ပတ်သက်သည့် အသိထက် အဆထောင်ပေါင်းများစွာ ပို၍စစ်မှန်သည်။
ဘုရားသခင်၌ ချစ်စရာကောင်းသော အချက်များစွာရှိ၏၊
ဘုရားသခင်၌ ချစ်စရာကောင်းသော အချက်များစွာရှိ၏။
ဆိုလိုသည်မှာ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိ မခံယူခဲ့ပါက၊
လူတို့သည် ဘုရားသခင်၏ အလုပ်ကိုလည်း တွေ့ကြုံနိုင်ကြမည် မဟုတ်ချေ။
သို့ဖြစ်လျှင် ဘုရားသခင်အပေါ်ထားသော
သူတို့၏ ချစ်ခြင်းမေတ္တာ သည်လည်း မှားယွင်းမှုနှင့်
စိတ်ကူးယဉ်မှု အမြောက်အမြားဖြင့် စွန်းထင်းနေမည် ဖြစ်သည်။
ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို ချစ်ခြင်းသည်
မြေကြီးပေါ်၌ရှိသော ဘုရားသခင်ကို ချစ်ခြင်းလောက် မစစ်မှန်ပေ၊
အကြောင်းရင်းမှာ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် ပတ်သက်သော
လူတို့၏အသိဉာဏ်သည် သူတို့၏ ကိုယ်ပိုင် မျက်လုံးများဖြင့် မြင်သည့်အရာများ၊
သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့သည့် အရာများထက်၊
သူတို့၏ စိတ်ကူးယဉ်မှုများ အပေါ်တွင်သာ
တည်ဆောက် ထားသောကြောင့် ဖြစ်သည်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ