Myanmar Christian Song - လူသည် မိမိ၏ကံကြမ္မာကို ချုပ်ကိုင်ထားသလောကျူး

26.09.2022

ဘုရားသည် သင်တို့အား ဤအဆင့်အထိ ပို့ဆောင်ခဲ့ခြင်းကြောင့်

သင့်တော်တဲ့ အစီအမံများ သူ လုပ်ဆောင်ခဲ့ပြီ။

သူ့အစီအစဉ်နဲ့ ရည်ရွယ်ချက်တို့ကို သူ ပြောပြခဲ့ရင် ဒီအရာများ သင်တို့ မှန်ကန်စွာ သိမှာလား။

လူ့အကြံအစည်များ၊ စိတ်ဆန္ဒများ ဘုရား ကောင်းစွာ သိတယ်။

လွတ်လမ်း မရှာဖွေခဲ့ဖူးသူ ဘယ်သူရှိမလဲ။

မိမိရှေ့ရေး မစဉ်းစားခဲ့ဖူးသူ ဘယ်သူရှိမလဲ။

လူဟာ ကြွယ်ဝ ထူးချွန်သော အသိဉာဏ်ရှိပေမဲ့

ခေတ်ကာလများအပြီး၊ ပစ္စုပ္ပန် ဒီလိုဖြစ်လာမယ် ဘယ်သူခန့်မှန်းနိုင်ခဲ့လို့လဲ။

ဒါ သင့်ကြိုးပမ်းမှု အသီးအပွင့်လား။

သင့်အားထုတ်မှုအတွက် အဖိုးအခလား။

ဒါ သင့်စိတ်နဲ့ ပုံဖော်ထားသော လှပတဲ့ ပြကွက်လား။

လူသားမျိုးနွယ်တစ်ခုလုံးအနက် ဘယ်သူက အနန္တတန်ခိုးရှင်ရဲ့မျက်စိမှာ ဂရုစိုက်မခံရသလဲ။

အနန္တတန်ခိုးရှင် စီမံထားတဲ့အရာများအလယ်မှာ ဘယ်သူ မရှိလဲ။

မိမိရွေးချယ်မှုကြောင့် ဘယ်သူ မွေးဖွား၊ သေဆုံး ကြလို့လဲ။

လူဟာ မိမိကံကြမ္မာကို ချုပ်ကိုင်သလား။

ဘုရားဦးဆောင်မှုမပါဘဲ သူစီမံထားတဲ့ အရာများရဲ့

အပြင်ဘက်မှာ ဘယ်သူ ဦးတည်ရာလမ်း ရှိမလဲ။

လူ့စိတ်ကူးစိတ်သန်းတွေနဲ့ စိတ်ဆန္ဒတွေက ယနေ့ထိ လူကို ပို့ဆောင်ခဲ့တာလား။

မျှော်လင့်ချက်တွေ မပြည့်စုံဘဲ လူအများ ဘဝကို ရှင်သန်ကြတယ်၊

ဒါ အတွေးမှားယွင်းမှုတွေကြောင့်လား။

ကြိုမမြင်ရတဲ့ ဝမ်းမြောက်ခြင်းနဲ့ လူများစွာ အသက်ရှင်တယ်။

များစွာ မလိုအပ်လို့လား။

လူအများ သေခြင်းတရားကို အော်ခေါ်ပေမဲ့ သေခြင်းတရား သူတို့နဲ့ ဝေးကွာ။

သေခြင်းတရားကို ကြောက်လို့ လူအများ သန်မာချင်ကြတယ်

သို့သော် သေခြင်းတရား သူတို့ကို ချဉ်းကပ်ဝါးမျို။

လူသားမျိုးနွယ်တစ်ခုလုံးအနက် ဘယ်သူက အနန္တတန်ခိုးရှင်ရဲ့မျက်စိမှာ ဂရုစိုက်မခံရသလဲ။

အနန္တတန်ခိုးရှင် စီမံထားတဲ့အရာများအလယ်မှာ ဘယ်သူ မရှိလဲ။

မိမိရွေးချယ်မှုကြောင့် ဘယ်သူ မွေးဖွား၊ သေဆုံး ကြလို့လဲ။

လူဟာ မိမိကံကြမ္မာကို ချုပ်ကိုင်သလား။

လူအများ ငိုရှိုက်ရင်း ကောင်းကင်ကို မျှော်ကြည့်။

လူအများ စုံစမ်းခံရ၍ စမ်းသပ်မှုများ၌ ကျရှုံး။

ဘုရားသခင် လူတို့ရှေ့ မပေါ်လာပေမဲ့ ကိုယ်တော်ကို မြင်ရမှာ၊

ကိုယ်တော် သူတို့အား ထိုးနှက်မှာ ကြောက်ကြ၏။

လူတို့ ကိုယ်တော်ကို တကယ် သိသလား၊ မသိသလား။

လူတို့ တကယ် သိသလား။

လူသားမျိုးနွယ်တစ်ခုလုံးအနက် ဘယ်သူက အနန္တတန်ခိုးရှင်ရဲ့မျက်စိမှာ ဂရုစိုက်မခံရသလဲ။

အနန္တတန်ခိုးရှင် စီမံထားတဲ့အရာများအလယ်မှာ ဘယ်သူ မရှိလဲ။

မိမိရွေးချယ်မှုကြောင့် ဘယ်သူ မွေးဖွား၊ သေဆုံး ကြလို့လဲ။

လူဟာ မိမိကံကြမ္မာကို ချုပ်ကိုင်သလား။

ဘယ်သူ မွေးဖွား၊ သေဆုံး ကြလို့လဲ။

လူဟာ မိမိကံကြမ္မာကို ချုပ်ကိုင်သလား။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။