ဘုရားသခင်၏ အသက်စွမ်းအား ပြယုဂ်
07.07.2020
ဤကမ္ဘာမြေကြီးထဲသို့ ရောက်ရှိလာသူ အားလုံးသည် အသက်ရှင်ခြင်းနှင့် သေခြင်းကို ကြုံတွေ့ရမည်ဖြစ်ပြီး၊
၎င်းတို့အထဲမှ အများစုသည် သေဆုံးခြင်းနှင့် ပြန်လည်မွေးဖွားခြင်း သံသရာကို
ကြုံတွေ့ခဲ့ကြပြီးဖြစ်သည်။
အသက်ရှင်နေသူများသည် မကြာမီတွင် သေဆုံးရမည်ဖြစ်ပြီး၊ သေဆုံးသူများသည် မကြာမီ ပြန်လာရလိမ့်မည်။
ဤအရာအားလုံးသည် သက်ရှိတစ်ဦးစီအတွက် ဘုရားသခင် စီစဉ် ပေးထားသော ဘဝလမ်းကြောင်းဖြစ်သည်။
ဤလမ်းကြောင်းနှင့် သံသရာသည်
လူသားကို ဘုရားသခင်မှ မြင်တွေ့စေလိုသည့် အမှန်တရားအတိအကျပင် ဖြစ်သည်၊
ဘုရားသခင်မှ လူသားအပေါ် အပ်နှင်းထားသော အသက်သည် အဆုံးမရှိကြောင်း၊ အသွေးအသား၊ အချိန်၊
သို့မဟုတ် နေရာတို့၏ နှောင်ဖွဲ့ထားခြင်းကို မခံရကြောင်းပင် ဖြစ်သည်။
ယင်းမှာ လူသားအပေါ် ဘုရားသခင် အပ်နှင်းပေးထားသော
အသက်၏နက်နဲရာဖြစ်ပြီး အသက်သည် သူ့ထံမှလာကြောင်း သက်သေလည်းဖြစ်သည်။
အသက်သည် ဘုရားသခင်ထံမှ လာသည်ကို လူအတော်များများက မယုံကြည်ကြသော်ငြားလည်း၊
ဘုရားသခင်၏ တည်ရှိမှုကို ၎င်းတို့ယုံကြည်သည်ဖြစ်စေ၊
ငြင်းဆိုသည်ဖြစ်စေ လူသားတို့သည် ဘုရားသခင်ထံမှ လာသောအရာအားလုံးကို မလွဲဧကန် မွေ့လျော်နေကြပေသည်။
အကယ်၍ ဘုရားသခင်သည်တစ်နေ့၌ ရုတ်တရတ် စိတ်ပြောင်းကာ
ကမ္ဘာကြီးပေါ်တွင် တည်ရှိသော အရာအားလုံးနှင့်
သူပေးခဲ့သောအသက်ကို ပြန်သိမ်းလိုပါက
အရာအားလုံးသည် တည်ရှိတော့မည်မဟုတ်ပေ။
ဘုရားသခင်သည် သူ၏စွမ်းအားနှင့် သြဇာအာဏာတို့ကို အရင်းခံ၍ အရာအားလုံးကို စည်းစနစ်ကျနစေခြင်းဖြင့်
သက်ရှိသက်မဲ့ အရာအားလုံးကို သူ၏အသက်ကိုအသုံးပြု၍ ထောက်ပံ့သည်။
ယင်းမှာ မည်သူမျှ စိတ်ကူး၍မရနိုင်သည့် သို့မဟုတ် နားမလည်နိုင်သည့် အမှန်တရားဖြစ်ပြီး၊
ဤနားမလည်နိုင်သော အမှန်တရားများသည်
ဘုရားသခင်၏ အသက်စွမ်းအားအတွက် သက်သေခံချက်နှင့် ၎င်း၏ သရုပ်သကန်ပင်ဖြစ်သည်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ