ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုအတွင်း ဝင်ရောက်နည်းကျူး

18.08.2020

ဘုရားသခင်အတွက် မိမိကိုယ်ကိုယ်အမှန်တကယ် အသုံးပြုသောသူများသည်

ဘုရားသခင်ရှေ့တွင် ၎င်းတို့၏ဖြစ်တည်ခြင်း တစ်ခုလုံးကို ထားသည်။

ထိုသူတို့သည် ဘုရားသခင်၏မိန့်မြွက်စကားများအားလုံးကို စစ်မှန်စွာ နာခံပြီး

ထိုသူတို့သည် ဘုရားသခင်၏ စကားများကိုလက်တွေ့ကျင့်သုံးနိုင်ကြသည်။

ထိုသူတို့သည် ဘုရားသခင်၏နှုတ်ကပတ်များကို၎င်းတို့၏ ဖြစ်တည်ခြင်းအုတ်မြစ် ဖြစ်စေပြီး

ထိုသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲတွင်

လက်တွေ့ လုပ်ဆောင်ခြင်း အပိုင်းများကိုစစ်မှန်စွာ ရှာဖွေနိုင်ကြသည်။

ဤကဲ့သို့သောသူသည် ဘုရားသခင်ရှေ့တွင်အမှန်တကယ် နေထိုင်သောသူ ဖြစ်သည်။

သင်လုပ်ဆောင်သောအရာသည် သင့်ဘဝအတွက် အကျိုးရှိပြီး၊

သင့်ဘ၀ စိတ်သဘောထားကို ပြောင်းလဲရန်

သင့်စိတ်အတွင်း၌ဖြစ်သောလိုအပ်ချက်များနှင့် အားနည်းချက်များကို

နှုတ်ကပတ်တော်များအား စားသောက်ခြင်းအားဖြင့်သင်ဖြည့်ဆည်းနိုင်လျှင်

ဤအရာသည် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းနိုင်သည်။

သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း လုပ်ဆောင်ပြီး

ဇာတိပကတိကို ကျေနပ်စေခြင်းမရှိဘဲ

ဘုရားသခင်၏အလိုတော်ကို ကျေနပ်စေလျှင်

ဤအရာသည် သူ၏နှုတ်ကပတ်တော်များ၏လက်တွေ့ကျခြင်းထဲသို့ ဝင်ရောက်ခြင်း ဖြစ်သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏လက်တွေ့ကျခြင်းထဲသို့ ပို၍ လက်တွေ့ကျကျ

ဝင်ရောက်ခြင်းအကြောင်းကို ပြောသောအခါ

ယင်းမှာ သင်သည် သင့်တာဝန်ကို စွမ်းဆောင်နိုင်ပြီး

ဘုရားသခင်၏သတ်မှတ်ချက်များကိုဖြည့်ဆည်းနိုင်ခြင်းကို ဆိုလိုသည်။

ဤကဲ့သို့သော လက်တွေ့ကျသော လုပ်ဆောင်မှုများကိုသာလျှင်

ဘုရားသခင်၏နှုတ်ကပတ်တော်များ၏လက်တွေ့ကျခြင်းထဲသို့ ဝင်ရောက်ခြင်းဟု ခေါ်နိုင်သည်။

ဤလက်တွေ့ကျခြင်းထဲသို့ သင်ဝင်ရောက်နိုင်လျှင်

သင်၌ သမ္မာတရားရှိသည်။

ဤအရာသည် လက်တွေ့ကျခြင်းထဲသို့ဝင်ရောက်ခြင်း အစဖြစ်၏၊

ဤလေ့ကျင့်ခြင်းကို သင်ပထမဦးစွာ လုပ်ဆောင်ရမည်ဖြစ်ပြီး

ထို့နောက်မှ သင်သည် ပို၍ နက်နဲသောလက်တွေ့ကျခြင်းထဲသို့ ဝင်‌ရောက်နိုင်လိမ့်မည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။