ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၇၇

23.05.2021

သမ္မာတရားသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အသက် ဖြစ်၏။ ယင်းသည် သူ၏စိတ်သဘောထား၊ သူ၏ အနှစ်သာရနှင့် သူ့အထဲက ခပ်သိမ်းသောအရာတို့ကို ကိုယ်စားပြုသည်။ အတွေ့အကြုံအနည်းငယ် ရှိခြင်းသည် သမ္မာတရား ပိုင်ဆိုင်ခြင်း ဖြစ်သည်ဟု သင်ဆိုပါက၊ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ကိုယ်စားပြုနိုင်သလော။ သင့်အနေဖြင့် သမ္မာတရား၏ ရှုထောင့်တစ်ခုခု သို့မဟုတ် တစ်ဘက်ဘက်နှင့် ဆိုင်သည့် အတွေ့အကြုံ သို့မဟုတ် အလင်းတစ်စုံတစ်ရာ ရှိကောင်း ရှိနိုင်သော်လည်း၊ အခြားသူများကို ထိုအရာဖြင့် သင် အစဉ်အမြဲ မထောက်ပံ့ပေးနိုင်ပေ၊ ထို့ကြောင့် သင် ရရှိပြီးဖြစ်သည့် ဤအလင်းသည် သမ္မာတရားမဟုတ်ပေ။ ယင်းမှာ လူတို့ လက်လှမ်းမီနိုင်သည့် အဆင့်တစ်ခုမျှသာ ဖြစ်သည်။ ယင်းသည် လူတစ်ဦး ပိုင်ဆိုင်သင့်သည့် သင့်တော်သော အတွေ့အကြုံနှင့် သင့်တော်သော သိနားလည်မှု သက်သက်ဖြစ်သည်- သမ္မာတရားနှင့်ဆိုင်သည့် တကယ့်အတွေ့အကြုံနှင့် အသိပညာတစ်ချို့ ဖြစ်သည်။ ဤအလင်း၊ ဉာဏ်အလင်းပေးခြင်းနှင့် အတွေ့အကြုံနှင့်ဆိုင်သော သိနားလည်ခြင်းတို့သည် မည်သည့်အခါမျှ သမ္မာတရားကို အစားမထိုးနိုင်ပေ။ လူအားလုံးသည် ဤသမ္မာတရားကို လုံးလုံးလျားလျား တွေ့ကြုံခဲ့ရပြီး ၎င်းတို့၏ အတွေ့အကြုံနှင့်ဆိုင်သော သိနားလည်မှုအားလုံးကို အတူတကွစုပေါင်းခဲ့လျှင်ပင်၊ ယင်းသည် ထိုသမ္မာတရားတစ်ခု၏ နေရာကို ယူနိုင်လိမ့်ဦးမည် မဟုတ်။ အတိတ်က ပြောခဲ့ပြီးသည်နှင့်အညီ၊ “ငါသည် လူ့လောကအတွက် ဤအရာကို ဆိုရိုးတစ်ခုနှင့် အကျဉ်းချုပ်မည်- လူသားတို့အကြားတွင် ငါ့ကို ချစ်သောသူ တစ်ယောက်မျှမရှိပေ။” ဤသည်မှာ သမ္မာတရား၏ထွက်ဆိုချက် ဖြစ်၏၊ ယင်းသည် အသက်၏ စစ်မှန်သောအနှစ်သာရ ဖြစ်သည်။ ဤသည်မှာ အမှုအရာများထဲမှ အလေးနက်ဆုံးအရာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုယ်တော်တိုင်၏ ဖော်ပြချက်တစ်ခု ဖြစ်သည်။ သင်သည် ထိုအရာကို ဆက်လက် တွေ့ကြုံခံစားနိုင်ပြီး သုံးနှစ်ကြာ သင် ကြုံတွေ့ခံစားပါက သင်၌ ထိုအရာနှင့် သက်ဆိုင်သော အပေါ်ယံ သိနားလည်မှုတစ်ခု ရှိလိမ့်မည်။ သင်သည် ထိုအရာကို ခုနှစ်နှစ် သို့မဟုတ် ရှစ်နှစ်ကြာ ကြုံတွေ့ပါက ထိုအရာနှင့် သက်ဆိုင်သည့် သိနားလည်မှု သင် သာ၍ရရှိလိမ့်မည်၊ သို့သော် သင်ရရှိသည့် မည်သည့် သိနားလည်မှုမဆိုသည် သမ္မာတရား၏ထွက်ဆိုချက်တစ်ခုကို ဘယ်သောအခါမျှ အစားထိုးနိုင်လိမ့်မည် မဟုတ်ပေ။ ထိုအရာကို နှစ်အနည်းငယ် တွေ့ကြုံပြီးနောက်၊ အခြားလူတစ်ဦးသည် သိနားလည်မှုအနည်းငယ်မျှ ရရှိကောင်း ရရှိလိမ့်မည်၊ ထို့နောက် ထိုအရာကို ဆယ်နှစ်ကြာ ကြုံတွေ့ပြီးနောက် အနည်းငယ် သာ၍ နက်နဲသော သိနားလည်မှု ရရှိလိမ့်မည်ဖြစ်ပြီး၊ ထို့နောက် တစ်သက်တာ တွေ့ကြုံပြီးနောက်တွင် နောက်ထပ် သိနားလည်မှုအချို့ကို ရရှိကြလိမ့်မည်၊ သို့သော် သင်တို့ ရရှိသည့် သိနားလည်မှုကို သင်တို့နှစ်ဦးလုံးက ပေါင်းစပ်ပါက၊ ထိုအခါတွင်ပင် သင်တို့နှစ်ဦးစလုံး၌ နားလည်မှုမည်မျှ၊ အတွေ့အကြုံမည်မျှ၊ ထိုးထွင်းသိမြင်မှုမည်မျှ၊ အလင်းမည်မျှ၊ သို့မဟုတ် ပုံသက်သေမည်မျှ ပိုင်ဆိုင်ပါစေ- ထိုအရာအားလုံးသည် သမ္မာတရား၏ ယင်းထွက်ဆိုချက်တစ်ခုကို အစားမထိုးနိုင်သေးပေ။ တစ်နည်းဆိုရလျှင်၊ လူသား၏ဘဝသည် အစဉ်အမြဲပင် လူသား၏ဘဝသာ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ သင်၏ နားလည်သဘောပေါက်ခြင်းသည် သမ္မာတရား၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သူ၏ သတ်မှတ်ချက်များနှင့် မည်မျှပင် ကိုက်ညီနိုင်ပါစေ၊ ယင်းသည် မည်သည့်အခါမျှ သမ္မာတရားအတွက် အစားထိုးနိုင်မည် မဟုတ်ဟု ငါဆိုလို၏။ သမ္မာတရားကို လူတို့ ရရှိပြီဟုဆိုခြင်းမှာ လက်တွေ့အရှိတရားအချို့ကို ၎င်းတို့ ပိုင်ဆိုင်သည်၊ သမ္မာတရားနှင့်သက်ဆိုင်သော သိနားလည်မှုအချို့ ၎င်းတို့ ရရှိပြီ၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ စစ်မှန်သော ဝင်ရောက်မှုအချို့ ရရှိပြီ၊ ၎င်းတို့နှင့်ပတ်သက်၍ စစ်မှန်သောအတွေ့အကြုံအချို့ ၎င်းတို့ ရှိကြပြီး၊ ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်ခြင်းသည် လမ်းမှန်ပေါ်၌ ရှိသည်ကို ဆိုလိုသည်။ ဘုရားသခင်ထံမှ ထွက်ဆိုချက်တစ်ခုမျှသည် လူတစ်ဦးအတွက် တစ်သက်တာလုံး ကြုံတွေ့ရန် လုံလောက်ပေသည်၊ လူတို့သည် ထိုအရာကို အသက်တာများစွာ သို့မဟုတ် ထောင်စုနှစ်ပေါင်း များစွာပင် အတွေ့အကြုံရမည် ဆိုလျှင်ပင်၊ ၎င်းတို့သည် သမ္မာတရားတစ်ခုကို လုံးဝနှင့် စေ့စေ့စပ်စပ် ကြုံတွေ့နိုင်လိမ့်ဦးမည် မဟုတ်ပေ။ လူတို့သည် အပေါ်ယံ နှုတ်ကပတ်တော်အနည်းငယ်ကို နားလည်ရုံမျှ နားလည်ကြသော်လည်း၊ သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု ၎င်းတို့ အခိုင်အမာဆိုကြပါက၊ ယင်းသည် လုံးဝ အကြွင်းမဲ့ အဓိပ္ပာယ်မရှိသောစကား ဖြစ်မည်မဟုတ်လော။...

သမ္မာတရားကို လူတို့ နားလည်ကြပြီး ယင်းကို ၎င်းတို့၏ အသက်ကဲ့သို့ အသက်ရှင်ကြသည့်အခါ၊ ဤအရာက မည်သည့်အသက်ကို ရည်ညွှန်းသနည်း။ ယင်းမှာ ၎င်းတို့ အသက်ရှင်ပုံကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ အခြေခံနိုင်စွမ်းကို ရည်ညွှန်းပေသည်။ ယင်းမှာ ၎င်းတို့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ စစ်မှန်သောအသိပညာနှင့် သမ္မာတရားနှင့်ပတ်သက်၍ စစ်မှန်သော သိနားလည်မှုတစ်ခု ရှိကြသည်ကို ဆိုလိုပေသည်။ လူတို့သည် ဤအသစ်သောအသက်ကို ၎င်းတို့အတွင်းတွင် ပိုင်ဆိုင်ကြသည့်အခါ၊ ၎င်းတို့ အသက်ရှင်ပုံသည် ဘုရားသခင်၏ နှုတ်ကပတ်တော်သမ္မာတရား၏ အခြေခံအုတ်မြစ်တစ်ခုအပေါ် ထူထောင်ထားကာ၊ ၎င်းတို့သည် သမ္မာတရား၏လောကအတွင်း အသက်ရှင်နေကြပေသည်။ လူတို့၏အသက်တာမှာ သမ္မာတရားကို သိလာခြင်းနှင့် တွေ့ကြုံခြင်း အကြောင်းသာဖြစ်ပြီး၊ ဤအရာအား ယင်း၏ အခြေခံအုတ်မြစ်အနေဖြင့် ထားရှိလျက် ထိုနယ်ပယ်ကို မကျော်လွန်ခြင်း ဖြစ်သည်။ ဤသည်မှာ သမ္မာတရားအသက်ကို ရရှိခြင်းအကြောင်း ပြောဆိုနေချိန်တွင် ရည်ညွှန်းနေသည့် အသက် ဖြစ်သည်။ သင့်အတွက် သမ္မာတရားကို သင်၏ အသက်အဖြစ် အသက်ရှင်ဖို့မှာ၊ သမ္မာတရား၏အသက်က သင်၏အတွင်း၌ ရှိသည် မဟုတ်သကဲ့သို့၊ သမ္မာတရားကို သင်၏ အသက်အဖြစ် သင် ပိုင်ဆိုင်ပါက၊ သင်သည် သမ္မာတရား ဖြစ်လာပြီး သင်၏ အတွင်း အသက်က သမ္မာတရား၏အသက် ဖြစ်လာခြင်း မဟုတ်ပေ။ သင်သည် သမ္မာတရား အသက်ဖြစ်သည်ဟု သာ၍ပင် မဆိုနိုင်ပေ။ နောက်ဆုံးတွင်၊ သင်၏ အသက်သည် လူသားတစ်ဦး၏ အသက် ဖြစ်နေဆဲ ဖြစ်သည်။ ယင်းမှာ လူသားတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် အသက်ရှင်နိုင်ကာ၊ သမ္မာတရားနှင့်ဆိုင်သည့် အသိပညာ ပိုင်ဆိုင်နိုင်ပြီး ယင်းကို ခြေခြေမြစ်မြစ် အတိုင်းအတာအထိ နားလည်နိုင်ခြင်းသာ ဖြစ်သည်။ ဤသိနားလည်မှုကို သင့်ထံမှ ယူဆောင်သွား၍ မရနိုင်ပေ။ သင်သည် ယင်းတို့က အလွန်ကောင်းမြတ်ပြီး တန်ဖိုးရှိသည်ဟု ခံစားလျက် ဤအရာများကို တွေ့ကြုံကာ အပြည့်အဝ နားလည်ပြီး၊ ယင်းတို့ကို သင်၏ အသက်အတွက် အခြေခံအကြောင်းရင်းအဖြစ် လက်ခံလာလေသည်။ ထို့အပြင်၊ သင်သည် ဤအရာများအပေါ် မှီခိုခြင်းဖြင့် အသက်ရှင်ပြီး၊ ယင်းကို မည်သူမျှ မပြောင်းလဲနိုင်ပေ။ ထိုအခါ ဤသည်မှာ သင်၏ အသက်တာဖြစ်ပေသည်။ ဆိုလိုသည်မှာ သင်၏ အသက်တာ၌- သိနားလည်ခြင်း၊ အတွေ့အကြုံနှင့် သမ္မာတရားနှင့်ဆိုင်သည့် ထိုးထွင်းသိမြင်မှုများဖြစ်သည့်- ဤအရာများသာ ပါရှိပြီး၊ သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သင် အသက်ရှင်သည့်ပုံကို ယင်းတို့အပေါ် သင် အခြေခံလိမ့်မည်ဖြစ်ပြီး၊ ဤနယ်ပယ် သို့မဟုတ် ဤနယ်နိမိတ်များကို သင် ကျော်လွန်လိမ့်မည် မဟုတ်။ ဤသည်မှာ သင်၌ ရှိလိမ့်မည် အသက်တာ အတိအကျ ဖြစ်သည်။ ဘုရားသခင်၏အမှု၏ အဆုံးစွန်သော ရည်မှန်းချက်မှာ လူတို့ ဤအသက်တာမျိုး ရှိဖို့အတွက် ဖြစ်သည်။ သမ္မာတရားကို မည်မျှကောင်းစွာ လူတို့ နားလည်ကြပါစေ၊ ၎င်းတို့၏ အနှစ်သာရသည် လူသားမျိုးနွယ်၏ အနှစ်သာရတစ်ခု ဖြစ်နေဆဲဖြစ်ပြီး၊ ဘုရားသခင်၏ အနှစ်သာရနှင့် လုံးဝ နှိုင်းယှဉ်မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားနှင့် ဆိုင်သော ၎င်းတို့၏ အတွေ့အကြုံသည် ဖြစ်နေဆဲ ဖြစ်သည်၊ ၎င်းတို့အတွက် သမ္မာတရားကို လုံးလုံးလျားလျား အသက်ရှင်နေထိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ ၎င်းတို့သည် လူသားတို့ ကြိုးပမ်းရရှိနိုင်သည့် အလွန်အမင်းနည်းပါးသော သမ္မာတရားအနည်းငယ်ကိုသာ အသက်ရှင်နေထိုင်နိုင်ကြသည်။ သို့ပါက ၎င်းတို့သည် ဘုရားသခင်များအဖြစ် မည်သို့များ ပြောင်းလဲနိုင်သနည်း။...သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ အတွေ့အကြုံ အနည်းငယ်ရှိပြီး၊ သမ္မာတရားနှင့်သက်ဆိုင်သော သင်၏ သိနားလည်မှုအတိုင်း အသက်ရှင်နေပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏ အသက်တာ ဖြစ်လာကြပေသည်။ သို့သော်၊ သမ္မာတရားသည် သင်၏ အသက်ဖြစ်သည် သို့မဟုတ် သင် ဖော်ပြနေသည့်အရာသည် သမ္မာတရားဖြစ်သည်ဟု သင် ပြောဆို၍ မရနိုင်သေးပေ။ ယင်းမှာ သင်၏ ထင်မြင်ချက်ဖြစ်ပါက၊ သင်သည် မှားယွင်းပေသည်။ သင်သည် သမ္မာတရား၏ ရှုထောင့်တစ်ခုနှင့်ပတ်သက်၍ အတွေ့အကြုံ တစ်ချို့ရှိပါက၊ ဤအရာကိုယ်၌က သမ္မာတရားကို ကိုယ်စားပြုနိုင်သလော။ လုံးဝကိုယ်စားမပြုနိုင်ပေ။ သင်သည် သမ္မာတရားကို အကုန်အစင် ရှင်းပြနိုင်သလော။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရတို့ကို သမ္မာတရားမှ သင် ရှာဖွေတွေ့ရှိနိုင်သလော။ သင်ရှာဖွေမတွေ့ရှိနိုင်ပေ။ အယောက်တိုင်းသည် သမ္မာတရား၏ ရှုထောင့်တစ်ခုနှင့် နယ်ပယ်တစ်ခုနှင့်သာ ပတ်သက်သည့် အတွေ့အကြုံ ရှိသည်။ သင်၏အကန့်အသတ်ရှိသော နယ်ပယ်အတွင်း ထိုအရာကို တွေ့ကြုံခြင်းအားဖြင့်၊ သင်သည် သမ္မာတရား၏ ရှုထောင့် အမြောက်အမြားကို ထည့်သွင်း မစဉ်းစားနိုင်ပေ။ လူတို့သည် သမ္မာတရား၏ မူရင်းအဓိပ္ပာယ်ကို အသက်ရှင် နေထိုင်နိုင်ကြသလော။ သင်၏ အတွေ့အကြုံ အနည်းငယ်သည် မည်မျှနှင့် ညီမျှသနည်း။ ကမ်းခြေတစ်ခုက သဲတစ်ပွင့်၊ သမုဒ္ဒရာထဲက ရေတစ်စက်တည်း ဖြစ်၏။ ထို့ကြောင့် သင်၏အတွေ့အကြုံများမှ သင် ရရှိခဲ့သည့် ထိုအသိပညာနှင့် ခံစားချက်များသည် မည်မျှအဖိုးထိုက်မည်ဖြစ်ပါစေ၊ ၎င်းတို့ကို သမ္မာတရားအဖြစ် ယူဆ၍ မရနိုင်သေးပေ။ သမ္မာတရား၏ အရင်းအမြစ်နှင့် သမ္မာတရား၏အဓိပ္ပာယ်သည် အလွန်ကျယ်ပြန့်သောအပိုင်းအခြားတစ်ခုကို လွှမ်းခြုံထား၏။ ၎င်းကို မည်သည့်အရာကမျှ ဆန့်ကျင်၍မရနိုင်ပေ။ လူအချို့က၊ “အတွေ့အကြုံနှင့်ဆိုင်သည့် ငါ၏ အသိပညာသည် မည်သည့်အခါမျှ မကွဲလွဲဘဲ ရှိလိမ့်မည်လား” ဟု ဆိုကြသည်။ အမှန်ပင် ကွဲလွဲမည် မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သည့် သင်၏ အတွေ့အကြုံမှလာသော စစ်မှန်သည့် သိနားလည်မှုသည် သမ္မာတရားနှင့် ကိုက်ညီသည်၊ ယင်းသည် အဘယ်သို့ ကွဲလွဲနိုင်မည်နည်း။ သမ္မာတရားသည် မည်သည့် ပတ်ဝန်းကျင်တွင်မဆို သင်၏ အသက် ဖြစ်နိုင်သည်။ ယင်းက သင့်ကို လမ်းကြောင်းတစ်ခု ပေးနိုင်ပြီး သင့်ကို ရှင်သန်ခွင့်ပေးနိုင်သည်။ သို့သော်၊ လူတို့ ရှိသောအရာများနှင့် ၎င်းတို့ ရပြီးသော အလင်းတို့သည် ၎င်းတို့အတွက်သာ သင့်တော်သည် သို့မဟုတ် အခြားသူအချို့အတွက် အတိုင်းအတာတစ်ခုအတွင်း သင့်လျော်သည်၊ သို့သော်လည်း မတူညီသော အတိုင်းအတာတစ်ခုအတွင်း သင့်လျော်မည်မဟုတ်ပေ။ လူတစ်ဦး၏အတွေ့အကြုံသည် မည်မျှ နက်နဲသည်ဖြစ်စေ၊ ယင်းသည် အလွန် နည်းပါးဆဲဖြစ်၏၊ ထို့ပြင် ၎င်းတို့၏ အတွေ့အကြုံသည် သမ္မာတရား၏အတိုင်းအတာသို့ မည်သည့်အခါမျှ ရောက်လိမ့်မည်မဟုတ်ပေ။ လူတစ်ဦး၏အလင်းနှင့် လူတစ်ဦး၏နားလည်မှုကို သမ္မာတရားနှင့် မည်သည့်အခါမျှ နှိုင်းယှဉ်၍ရနိုင်မည်မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။