ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၈၄

12.05.2021

ဘုရားသခင်ကို လူတို့ နာခံနိုင်သည် မနာခံနိုင်သည်ကို တိုင်းတာရာတွင်၊ ကြည့်ရှုရမည့် အဓိကအရာမှာ ဘုရားသခင်ထံမှ တစ်ခုခုကို ၎င်းတို့ အလွန်အကျွံ လိုချင်၊ မလိုချင် ဆိုသည်နှင့် ၎င်းတို့တွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ ရှိ၊ မရှိဆိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်ကို လူတို့ အမြဲ တောင်းဆိုမှုများ ပြုလျှင်၊ ယင်းက သူ့ကို ၎င်းတို့ မနာခံသည်ကို သက်သေပြ၏။ သင့်အပေါ် မည်သည့်အရာ ဖြစ်ပျက်သည်မဆို၊ သင်သည် ထိုအရာကို ဘုရားသခင်ထံမှ လက်မခံနိုင်လျှင်၊ သမ္မာတရားကို သင် မရှာဖွေနိုင်လျှင်၊ သင်၏ ကိုယ်ပိုင် ဓမ္မဓိဋ္ဌာန် မကျသော တွေးခေါ်မြော်မြင်ချက်မှ အမြဲပြောဆိုပြီး သင်သာ မှန်ကန်သည်ဟု အမြဲခံစားနေလျှင်၊ ဘုရားသခင်ကို သံသယပင် ထားနိုင်စွမ်းရှိနိုင်သေးလျှင်၊ သင်သည် ဒုက္ခရောက်လိမ့်မည် ဖြစ်သည်။ ထိုသို့သော လူတို့သည် မာနအထောင်လွှားဆုံးနှင့် ဘုရားသခင်ကို အပုန်ကန်ဆုံးသော သူများ ဖြစ်ကြ၏။ ဘုရားသခင် အပေါ် အမြဲတောင်းဆိုမှုများ ပြုကြသည့် လူများသည် ဘုရားသခင်ကို မည်သည့်အခါမျှ အမှန်တကယ် မနာခံနိုင်ကြပေ။ သင်သည် ဘုရားသခင်အပေါ် တောင်းဆိုမှုများပြုလျှင်၊ ဤအရာက သင်သည် ဘုရားသခင်နှင့် အပေးအယူလုပ်သည်၊ သင်၏ ကိုယ်ပိုင် အတွေးများကို သင်ရွေးချယ်နေပြီး သင်၏ ကိုယ်ပိုင် အတွေးအများအတိုင်း သင် ပြုမူသည်ကို သက်သေပြ၏။ ဤတွင်၊ ဘုရားသခင်ကို သင် သစ္စာဖောက်ပြီး နာခံမှုမရှိပေ။ ဘုရားသခင်ကို တောင်းဆိုမှုများပြုခြင်းသည် ဆင်ခြင်တုံတရားမရှိချေ၊ သူက ဘုရားသခင် ဖြစ်သည်ကို သင် အမှန်တကယ် ယုံကြည်လျှင်၊ သူ့အပေါ် တောင်းဆိုမှုများကို သင် လုပ်ဝံ့လိမ့်မည်မဟုတ်သကဲ့သို့၊ ထိုတောင်းဆိုမှုများက ကျိုးကြောင်းဆီလျော်သည်ဖြစ်စေ မဆီလျော်သည်ဖြစ်စေ၊ သူ့အပေါ် တောင်းဆိုမှုများပြုဖို့ သင် အရည်အချင်းရှိလိမ့်မည်လည်း မဟုတ်ပေ။ သင်သည် စစ်မှန်သော ယုံကြည်ခြင်းရှိပြီး သူက ဘုရားသခင်ဖြစ်သည်ကို ယုံကြည်လျှင်၊ သူ့ကို ကိုးကွယ်ပြီး နာခံဖို့မှတစ်ပါး ရွေးချယ်စရာ ရှိလိမ့်မည်မဟုတ်။ ယနေ့ လူတို့သည် ရွေးချယ်မှုတစ်ခု ရှိသည်သာမက၊ ၎င်းတို့၏ ကိုယ်ပိုင် အတွေးများနှင့်အညီ ပြုမူရန် ဘုရားသခင်ကို တောင်းဆိုခြင်းပင်ပြုကြပြီး၊ ၎င်းတို့၏ ကိုယ်ပိုင်အတွေးများကို ရွေးချယ်လျက် ဘုရားသခင်အနေဖြင့် ၎င်းတို့အဆိုအရ ပြုမူရန် တောင်းဆိုကြကာ၊ မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ အကြံအစည်များအတိုင်း ပြုမူရန် တာဝန်ရှိသည်ဟု မသတ်မှတ်ချေ။ ထို့ကြောင့်၊ လူတွင် စစ်မှန်သော ယုံကြည်ခြင်း မရှိသကဲ့သို့၊ ခြေခြေမြစ်မြစ်ရှိသော ယုံကြည်မှုလည်း မရှိပေ၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ချီးမွမ်းခြင်းကို မည်သည့်အခါမျှ မရရှိနိုင်ပေ။ ဘုရားသခင်ကို သင် သာ၍နည်းပါးသော တောင်းဆိုမှုများ ပြုလုပ်နိုင်သည့်အခါ၊ သင်၏ စစ်မှန်သော ယုံကြည်ခြင်းနှင့် နာခံခြင်းတို့ ကြီးထွားကြလိမ့်မည်ဖြစ်ပြီး၊ သင်၏ ဆင်ခြင်တုံတရား အသိစိတ်သည်လည်း အတော်အတန် ပုံမှန်ဖြစ်လာလိမ့်မည်။ လူတို့သည် ဆင်ခြင်တုံတရားကို လိုလားလေလေဖြစ်ပြီး ကျိုးကြောင်းပြချက် ပေးလေလေ၊ ၎င်းတို့နှင့်ဆက်ဆံရန် သာ၍ ခက်လေလေဖြစ်သည်။ ၎င်းတို့၌ တောင်းဆိုချက်များစွာ ရှိကြသည်သာမက၊ အနည်းငယ် အလျော့ပေးသည့်အခါလည်း ကမ်းတက်တတ်လေသည်။ ကဏ္ဍတစ်ခုတွင် စိတ်ကျေနပ်သည့်အခါ၊ နောက်တစ်ခုတွင် တောင်းဆိုမှုများ ၎င်းတို့ ပြုကြသည်၊ ၎င်းတို့သည် ကဏ္ဍအားလုံးတွင် စိတ်ကျေနပ်ရမည်ဖြစ်ပြီး၊ ၎င်းတို့ စိတ်မကျေနပ်ပါက၊ စတင် ညည်းညူကြပြီး မျှော်လင့်ချက်မဲ့သကဲ့သို့ မိမိတို့ကိုယ်ကိုယ် သဘောထားကြလေသည်။ နောက်ပိုင်းတွင် ၎င်းတို့ ကျေးဇူးကြွေးတင်သကဲ့သို့ ခံစားရပြီး နောင်တရကြကာ၊ ခါးသီးသော မျက်ရည်များဖြင့် ငိုကြွေးကြပြီး သေချင်ကြလေသည်။ ယင်းတွင် မည်သည့် အသုံးဝင်မှု ရှိသနည်း။ ဤအရာက ပြဿနာကို ဖြေရှင်းနိုင်သလော။ ထို့ကြောင့် တစ်စုံတစ်ရာ မဖြစ်မီ၊ သင်သည် သင်ကိုယ်တိုင်၏ သဘာဝဗီဇကို စိတ်ဖြာလေ့လာရမည်- ယင်းအတွင်းတွင် မည်သည့်အရာများ ရှိသည်၊ သင် မည်သည့်အရာကို နှစ်သက်သည်ဆိုသည်နှင့် သင်၏ တောင်းဆိုချက်များတွင် မည်သည့်အရာကို သင် စွမ်းဆောင်ရရှိလိုသည်ဆိုသည်တို့ကို ဖြစ်သည်။ လူအချို့သည် ၎င်းတို့က အရည်အချင်းအချို့နှင့် အထုံပါရမီများ ပိုင်ဆိုင်သည်ဟု ယုံကြည်လျက်၊ ခေါင်းဆောင်များဖြစ်ဖို့နှင့် အခြားသူများထက် သာလွန်ဖို့ အမြဲ လိုချင်ကြသည်၊ ထို့ကြောင့် ၎င်းတို့ကို အသုံးပြုဖို့ ဘုရားသခင်ကို တောင်းဆိုကြလေသည်။ ဘုရားသခင်က ၎င်းတို့ကို အသုံးမပြုပါက၊ ၎င်းတို့က- “ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်ကို အဘယ်ကြောင့် မျက်နှာသာမပေးပါသနည်း။ ကျွန်ုပ်ကို ကြီးကြီးမားမား အသုံးပြုပါ၊ ကိုယ်တော့်အတွက် ကျွန်ုပ်ကိုယ်ကျွန်ုပ် အသုံးတော်ခံမည်ဟု အာမခံပါ၏”ဟု ဆိုကြသည်။ ထိုသို့သော အရင်းခံအကြောင်းသည် မှန်ကန်သလော။ ဘုရားသခင်အတွက် အသုံးတော်ခံဖို့မှာ ကောင်းမွန်သည့်အရာဖြစ်သည်၊ သို့သော် ဘုရားသခင်အတွက် အသုံးတော်ခံဖို့ ၎င်းတို့၏ လိုလားမှုက ဒုတိယနေရာတွင် ရှိ၏။ ၎င်းတို့၏ စိတ်နှလုံးများတွင်၊ ၎င်းတို့ နှစ်သက်သည်မှာ အဆင့်အတန်းဖြစ်သည်- ယင်းမှာ ၎င်းတို့ အာရုံစိုက်သည့်အရာ ဖြစ်သည်။ သင်သည် အမှန်တကယ် နာခံနိုင်ပါက၊ သင့်ကို သူ အသုံးပြုသည်၊ မပြုသည်ကို ပဓာနမထားဘဲ၊ သင်သည် သူ့နောက် စိတ်နှလုံးတစ်လုံးတစ်ဝတည်းဖြင့် လိုက်လျှောက်မည်ဖြစ်ပြီး၊ သင်သည် အဆင့်အတန်း တစ်ခုတစ်လေ ရှိသည်၊ မရှိသည်ကို ပဓာနမထားဘဲ သူ့အတွက် သင် အသုံးတော်ခံနိုင်လိမ့်မည်။ ထိုအခါမှသာ သင်သည် အသိစိတ် ပိုင်ဆိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို နာခံသူတစ်ဦး ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။