ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၇၂

14.05.2021

ဘုရားသခင်က သင့်အား မိုးသက်မုန်တိုင်းများ၊ ဆင်းရဲဒုက္ခများ၊ အခက်အခဲများ အမျိုးအစားအားလုံးနှင့် ကျရှုံးမှုများနှင့် ဆုတ်ဆိုင်းမှုများ အတော်များများကို တွေ့ကြုံစေသည်၊ ယင်းမှာ သင်သည် နောက်ဆုံးတွင် ဤအရာများကို တွေ့ကြုံခြင်းဖြစ်စဉ်တွင်၊ ဘုရားသခင် ပြောဆိုသမျှတိုင်းက မှန်ကန်ကြောင်းနှင့် သင်၏ ယုံကြည်မှုများ၊ အယူအဆများ၊ စိတ်ကူးစိတ်သန်းများ၊ အသိပညာ၊ အတွေးအခေါ်ဆိုင်ရာ သဘောတရားများ၊ အတွေးအမြင်များ၊ လောကတွင် သင် သင်ယူပြီးသည့်အရာနှင့် သင်၏ မိဘများက သင်ကြားပေးပြီးသည့်အရာအားလုံး မှားယွင်းကြောင်းကို သင် ရှာဖွေတွေ့ရှိလာစေရန်ဖြစ်သည်။ ယင်းတို့သည် သင့်ကို ဘဝ၌ မှန်သော လမ်းကြောင်းပေါ်သို့ မပို့ဆောင်နိုင်ပေ၊ ယင်းတို့သည် သင့်ကို သမ္မာတရား နားလည်ဖို့နှင့် ဘုရားသခင်၏ ရှေ့မှောက်သို့ လာဖို့ မဦးဆောင်နိုင်ဘဲ၊ သင် လျှောက်သော လမ်းကြောင်းသည် ကျရှုံးခြင်း လမ်းကြောင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က နောက်ဆုံးတွင် သင့်ကို သဘောပေါက်စေမည့် အရာ ဖြစ်သည်။ သင့်အတွက်၊ ဤသည်မှာ လိုအပ်သော ဖြစ်စဉ်တစ်ခုဖြစ်ပြီး၊ ကယ်တင်ခြင်းကို တွေ့ကြုံခြင်း ဖြစ်စဉ်အတောအတွင်း သင် ရရှိသင့်သည့်အရာ ဖြစ်သည်။ သို့သော် ယင်းက ဘုရားသခင်ကို ဝမ်းနည်းစေသည်- လူတို့သည် ပုန်ကန်တတ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပိုင်ဆိုင်ကြသောကြောင့်၊ ဤဖြစ်စဉ်ကို ၎င်းတို့ ကြုံရမည်ဖြစ်ပြီး ဤဆုတ်ဆိုင်းမှုများကို တွေ့ကြုံရမည်ဖြစ်သည်။ သို့သော် တစ်စုံတစ်ဦးသည် သမ္မာတရားကို အမှန်တကယ် ချစ်ပါက၊ ထိုသူသည် ဘုရားသခင်၏ ကယ်တင်ခံရခြင်းကို အမှန်တကယ် လိုလားနေပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်း နည်းစနစ်အမျိုးမျိုးကို- ဥပမာအားဖြင့် စမ်းသပ်မှုများ၊ ပဲ့ပြင်ဆုံးမမှု၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို- လက်ခံရန် လိုလားနေပါက၊ ထိုသို့ ဆင်းရဲဒုက္ခခံရန် ၎င်းက စိတ်ပိုင်းဖြတ်ထားပါက၊ ၎င်းသည် ဤအဖိုးအခ ပေးရန် လိုလားနေပါက၊ ဘုရားသခင်သည် အမှန်တွင် ၎င်းအား ဤမျှအခက်အခဲကို ခံစားစေရန် ဆန္ဒမရှိသကဲ့သို့၊ ဤမျှ ဆုတ်ဆိုင်းမှုများနှင့် ကျရှုံးမှုများ ကြုံစေဖို့လည်း ဆန္ဒမရှိပေ။ သို့သော် လူတို့သည် ပုန်ကန်လိုလွန်းကြသည်။ ၎င်းတို့သည် ကောက်ကွေ့သော လမ်းကြောင်းကို လျှောက်လိုကြသည်၊ ဤအခက်အခဲများကို ၎င်းတို့ ခံစားရန် လိုလားနေကြသည်။ ယင်းမှာ လူသားက ဖြစ်နေသည့် အရာမျိုးသာ ဖြစ်ပြီး၊ ၎င်းတို့သည် အတွေ့အကြုံ မျိုးစုံကို ရရှိပြီး ဤအခြေအနေများမှ အမျိုးမျိုးသော သင်ခန်းစာများ သင်ယူကာ၊ ဆိုးယုတ်သော အရာမျိုးစုံ၏ အနှစ်သာရကို သတိပြုမိကြဖို့အလို့ငှာ၊ ၎င်းတို့ကို စဉ်ဆက်မပြတ် ဖေးမဖို့ ဘုရားသခင်သည် လူတို့ကို စာတန်ထံ လွှဲအပ်ပြီး၊ အမျိုးမျိုးသော အခြေအနေများတွင် ထားရှိဖို့မှလွဲ၍ ရွေးချယ်စရာ မရှိချေ။ နောက်ပိုင်းတွင်၊ ၎င်းတို့ ပြန်တွေးတောကြည့်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို တွေ့ရှိကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း၊ ဘုရားသခင်သည်သာ အပြုသဘောဆောင်သော အရာအားလုံး၏ လက်တွေ့အရှိတရား ဖြစ်ကြောင်းနှင့် ဘုရားသခင်သည်သာ လူသားကို အမှန်တကယ် ချစ်သောသူဖြစ်ကာ လူသားအပေါ် ဘုရားသခင်ထက် မည်သူမျှ သာ၍ မကောင်းကြောင်း သို့မဟုတ် သာ၍ မပြုစုမစောင့်ရှောက်ကြောင်းကို ၎င်းတို့ အသိအမှတ်ပြုကြလေသည်။ လူတို့သည် နောက်ဆုံးတွင် မည်သည့်အတိုင်းအတာထိ ဖေးမခံရကြသနည်း။ သင်က “ကျွန်ုပ်သည် အခြေအနေမျိုးတိုင်းကို တွေ့ကြုံပြီးဖြစ်ကာ ကျွန်ုပ်အား သမ္မာတရားကို သိနားလည်စေသည့်၊ ကျွန်ုပ်အား သမ္မာတရားကို မွေ့လျော်စေနိုင်သည့်၊ သမ္မာတရား စစ်မှန်မှုထဲသို့ ကျွန်ုပ်ကို ဝင်ရောက်စေနိုင်သည့် အခြေအနေတစ်ခု၊ လူတစ်ဦး၊ ကိစ္စရပ် သို့မဟုတ် အရာဝတ္ထုတစ်ခုမျှ မရှိပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်းသာ နာခံစွာ ကျွန်ုပ် လက်တွေ့လုပ်ဆောင်နိုင်သည်၊ နာခံစွာ လူသား၏ နေရာတွင် နေထိုင်နိုင်သည်၊ အဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ အဆင့်အတန်းနှင့် တာဝန်တို့ကို လိုက်နာစောင့်ထိန်းနိုင်သည်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုတို့ကို နာခံစွာ လက်ခံနိုင်ပြီး၊ ညည်းညူခြင်းတစ်ခုမျှမရှိဘဲ သို့မဟုတ် ရွေးချယ်မှု တစ်ခုမျှမရှိဘဲ၊ ပြီးလျှင် ကျွန်ုပ်ကိုယ်တိုင်၏ တောင်းဆိုချက်များ သို့မဟုတ် စိတ်ဆန္ဒများမရှိဘဲ ဖန်ဆင်းရှင်၏ ရှေ့မှောက်သို့ လာနိုင်သည်” ဟု ပြောသည့် အတိုင်းအတာအထိ ဖြစ်သည်။ ၎င်းတို့ ဤအဆင့်ကို ရောက်ရှိပြီးချိန်တွင်၊ လူတို့သည် ဘုရားသခင်၏ ရှေ့မှောက်တွင် အမှန်တကယ် ဦးညွှတ်ကြပြီး ဘုရားသခင်သည် ၎င်းတို့အတွက် တွေ့ကြုံဖို့ နောက်ထပ် အခြေအနေများ တစ်ခုတလေမျှ ဖန်တီးရန် မလိုအပ်ပေ။ ထို့ကြောင့် မည်သည့်လမ်းကြောင်းကို သင် လျှောက်ရန် ဆန္ဒရှိသနည်း။ ၎င်းတို့၏ ခံစားချက်အရဖြစ်သော စိတ်ဆန္ဒများတွင် မည်သူမျှ အခက်အခဲကို ခံစားရန် ဆန္ဒမရှိကြသကဲ့သို့၊ ဆုတ်ဆိုင်းမှုများ၊ ကျရှုံးခြင်း၊ အခက်အခဲ၊ စိတ်ပျက်မှုများနှင့် မိုးသက်မုန်တိုင်းများကို မည်သူမျှ မတွေ့ကြုံချင်ပေ။ သို့သော် အခြားနည်းလမ်း မရှိပေ။ လူသားထဲက အမှုအရာများသည်- သူ၏ သဘာဝ အနှစ်သာရ၊ သူ၏ ပုန်ကန်လိုခြင်း၊ သူ၏ အတွေးများနှင့် ရှုထောင့်အမြင်များသည်- အလွန် ခက်ခဲရှုပ်ထွေးလှ၏။ နေ့တိုင်း၊ ယင်းတို့သည် သင့်အထဲတွင် ရောထွေးပြီး ရစ်ပတ်လာကြကာ၊ သင်၏အတွင်းတွင် ဒေါသထွက်စေနေကြသည်။ သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ အနည်းငယ်သာ ဝင်ရောက်သည်၊ သမ္မာတရား အနည်းငယ်ကို သင် နားလည်ပြီး၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရ၊ သင်၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို အောင်မြင်ကျော်လွှားဖို့ အစွမ်း ကင်းမဲ့လေသည်။ ထို့ကြောင့်၊ သင်သည် အခြားသော နည်းလမ်းကို လက်ခံရုံ- ကျရှုံးမှုနှင့် စိတ်ပျက်ခြင်းတို့ကို စဉ်ဆက်မပြတ် တွေ့ကြုံခံစားဖို့နှင့် “ကျွန်ုပ် ပင်ပန်းပြီ၊ စိတ်ကုန်ပြီ၊ ဤကဲ့သို့ ကျွန်ုပ် အသက်မရှင်ချင်ပါ။ ဤကျရှုံးမှုများကို ကျွန်ုပ် မကြုံချင်ပါ၊ ဖန်ဆင်းရှင်ရှေ့သို့ နာခံမှုဖြင့် ကျွန်ုပ် လာချင်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် နားထောင်မည်၊ သူ ပြောသည့်အရာကို ကျွန်ုပ် လုပ်မည်။ ဤအရာသည်သာ ဘဝတွင် မှန်ကန်သော လမ်းကြောင်းဖြစ်သည်”ဟု သင် ပြောသည့်နေ့တစ်နေ့ထိ၊ အညစ်အကြေးတွင် လှုပ်ရှားရင်း၊ အခက်အခဲကြောင့် လူးလှိမ့်လျက် စဉ်ဆက်မပြတ် လဲကျရုံ မှလွဲ၍ ရွေးချယ်စရာ မရှိပေ။ ကျရှုံးမှုကို သင် အပြည့်အဝ ဝန်ခံသည့်နေ့တွင်သာ သင်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာလိမ့်မည်။ ဤအရာမှ ဘုရားသခင်၏ စိတ်သဘောထားနှင့်ဆိုင်သည့် တစ်စုံတစ်ရာကို သင် သိလာသလော။ လူသားအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သူသည် လူသားအတွက် အကောင်းဆုံး ဖြစ်စေချင်သည်။ မည်သည့် ပတ်ဝန်းကျင်ကို သူ စီစဉ်ပါစေ၊ သို့မဟုတ် သင်လုပ်ဆောင်ဖို့ မည်သည့်အရာ သူ စေခိုင်းပါစေ၊ အကောင်းဆုံးရလဒ်ကို မြင်ရန် သူ အမြဲ ဆန္ဒရှိပေသည်။ တစ်စုံတစ်ရာကို သင် ဖြတ်သန်းရပြီး ဆုတ်ဆိုင်းမှုများနှင့် ကျရှုံးမှုကို သင် ကြုံရသည်ဆိုပါစို့။ သင် ကျရှုံးပြီး၊ ထို့နောက် သင့်ကိုယ်သင် အဆုံးသတ်လေပြီဟုထင်ခြင်း၊ စာတန်၏ ဆွဲယူသွားခြင်းကို သင်ခံရလေပြီ၊ ယင်းအခြေအနေမှ သင်သည် မိမိ၏ ခြေထောက်များကို တစ်ဖန် လုံးဝ မမြင်ရသကဲ့သို့ စိတ်ပျက်လက်ပျက်ဖြစ်ခြင်းထဲသို့ ကျဆင်းသွားပြီဟု ထင်ခြင်းကို ဘုရားသခင်သည် မြင်ရန် ဆန္ဒမရှိပေ၊ ဤရလဒ်ကို ဘုရားသခင် မြင်လိုစိတ်မရှိပေ။ မည်သည့်အရာကို မြင်ရန် ဘုရားသခင် ဆန္ဒရှိသနည်း။ ဤကိစ္စရပ်တွင် သင် ကျရှုံးပြီး ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ သင်သည် သမ္မာတရားကို ရှာဖွေနိုင်သည်၊ သင်၏ ကျရှုံးခြင်းအတွက် အကြောင်းရင်းကို ရှာတွေ့နိုင်သည်။ သင်သည် ဤကျရှုံးမှုနှင့်ဆိုင်သည့် အမှန်တရားကို လက်ခံပြီး ယင်းမှာ တစ်စုံတစ်ရာကို ရယူသည်၊ သင်ခန်းစာတစ်ခုကို သင် သင်ယူသည်၊ ထိုနည်းဖြင့် ဆောင်ရွက်ဖို့မှာ မှားယွင်းသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ဆောင်ရွက်ခြင်းသည်သာ မှန်ကန်သည်ဆိုသည်ကို သင် သဘောပေါက်သည်။ သင်က “ကျွန်ုပ်သည် ဆိုးသကဲ့သို့ ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားများ ရှိပါသည်။ ကျွန်ုပ်အထဲတွင် ပုန်ကန်လိုမှုရှိသည်၊ ကျွန်ုပ်သည် ဘုရားသခင် ပြောဆိုသည့် ဖြောင့်မတ်သော လူများမှ အနည်းငယ် အလှမ်းဝေးပြီး ဘုရားသခင်ကို ကြောက်ရွံ့သည့် နှလုံးသားတစ်ခု ကျွန်ုပ်၌ မရှိပါ” ဟု သဘောပေါက်လေသည်။ သင်သည် ဖြစ်ရပ်တစ်ခု၊ ကိစ္စရပ်၏ မှန်ကန်သော အချက်တစ်ခုကို သဘောပေါက်ပြီး အမှုအရာများကို သင် နားလည်ကာ ဤဆုတ်ဆိုင်းမှုနှင့် ကျရှုံးမှုမှတစ်ဆင့် ကြီးထွားသည်။ ဤသည်မှာ ဘုရားသခင် မြင်လိုသည့်အရာ ဖြစ်သည်။ “ကြီးထွား” ဖို့ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်က သင့်ကို ရယူနိုင်ပြီး သင်သည် ကယ်တင်ခြင်းကို ရရှိနိုင်သည်ဟု ဆိုလိုပေသည်။ ယင်းက သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်း လမ်းကြောင်းပေါ် ခြေချခြင်းဆီသို့ သင်သည် ခြေတစ်လှမ်း သာ၍ နီးကပ်လာသည်ဟု ဆိုလိုပေသည်။ ဤသည်မှာ ဘုရားသခင် မြင်ရန် ဆန္ဒရှိသည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပြီး၊ သူ၏ လုပ်ဆောင်ချက်အားလုံး၌ လူတို့ မကြာခဏ အသိအမှတ်မပြုနိုင်သည့် သူ၏ ကွယ်ဝှက်ထားသော ချစ်ခြင်းမေတ္တာ ပါရှိသည်။ လူသားသည် သဘောထားကျဉ်းမြောင်းပြီး သိမ်ဖျင်းကာ၊ သူ၏ စိတ်နှလုံးသည် အပ်ပေါက်လောက် ကျဉ်းမြောင်းလေသည်။ ဘုရားသခင်က သူ့ကို အသိအမှတ်မပြုသည့်အခါ သို့မဟုတ် သူ့အတွက် ကျေးဇူးတော် သို့မဟုတ် ကောင်းချီးမင်္ဂလာ မရှိသည့်အခါ၊ သူသည် ဘုရားသခင်ကို အပြစ်တင်သည်။ သို့သော် ဘုရားသခင်သည် လူသားနှင့် ဘာမဟုတ်တာလေးကို မငြင်းခုံပေ။ သူသည် ကျေးဇူးတော်နှင့် အကျိုးကျေးဇူးတို့အား မည်သို့ ရရှိသည်၊ လူသားအဖို့ ကျေးဇူးတော်က မည်သည့်အရာကို ဆိုလိုသည်ဆိုသည်နှင့် ယင်းမှ လူသားက မည်သည့်အရာကို ရယူနိုင်သည်ဆိုသည်တို့ကို လူသားအား သိစေသည့် ပတ်ဝန်းကျင်များကို ခင်းကျင်းလေသည်။ အလွန်အကျွံစားသည့်အခါ သင်၏ ကျန်းမာရေးအတွက် မကောင်းဟု ဘုရားသခင် ပြောသည့် ကောင်းမွန်သော အရာအချို့ကို သင် စားဖို့ နှစ်သက်သည်ဟု ဆိုပါစို့။ သင်သည် နားမထောင်ဘဲ ယင်းကို မရမက စားနေပြီး ဘုရားသခင်က ထိုရွေးချယ်မှုကို လွတ်လွတ်လပ်လပ် ပြုလုပ်ဖို့ သင့်အား အခွင့်ပေး၏။ အကျိုးဆက်အနေဖြင့်၊ သင် နေမကောင်းဖြစ်လေသည်။ ဤအရာကို အကြိမ်အချို့ တွေ့ကြုံပြီးသည့်နောက်တွင်၊ မှန်ကန်သည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်၊ သူပြောသမျှအားလုံး မှန်ကန်ပြီး သူ၏ နှုတ်ကပတ်တော်များအတိုင်း သင် လက်တွေ့လုပ်ဆောင်ရမည် ဆိုသည်တို့ကို သင် နားလည်လာသည်။ ဤသည်မှာ မှန်ကန်သော လမ်းကြောင်း ဖြစ်သည်။ ထို့ကြောင့် လူတို့ ဖြတ်သန်းရသည့် ဤဆုတ်ဆိုင်းမှုများ၊ ကျရှုံးမှုများနှင့် ဝမ်းနည်းမှုများသည် မည်သည့်အရာ ဖြစ်လာကြသနည်း။ ဘုရားသခင်၏ အပတ်တကုတ် လုပ်ရသော ရည်မှန်းချက်ကို သင် အသိအမှတ်ပြုပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မှန်ကန်ကြောင်းကိုလည်း သင် ယုံကြည်ကာ သေချာသည်။ ဘုရားသခင်၌သင်၏ ယုံကြည်ခြင်း ကြီးထွားလာသည်။ အခြားတစ်စုံတစ်ရာလည်း ရှိပေ၏- ဤကျရှုံးခြင်းကာလကို တွေ့ကြုံခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ မှန်ကန်ခြင်းနှင့် တိကျခြင်းတို့ကို သင် သဘောပေါက်လာသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို သင် မြင်ပြီး၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် အခြေခံသဘောတရားကို နားလည်‌လေသည်။ ထို့ကြောင့်၊ ကျရှုံးမှုကို တွေ့ကြုံခြင်းသည် လူတို့အတွက် ကောင်းပေသည်၊ ယင်းသည် နာကျင်စရာ တစ်ခုလည်း ဖြစ်သော်လည်း၊ ၎င်းတို့ကို ဖေးမသည့် အရာတစ်ခု ဖြစ်သည်။ သို့သော် ထိုသို့ ဖေးမခံရခြင်းက နောက်ဆုံးတွင် သင့်ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ပြန်သွားစေသည်၊ သူ၏ နှုတ်ကပတ်တော်များကို လက်ခံစေပြီး၊ ယင်းတို့ကို သမ္မာတရားအဖြစ် သဘောထားစေသည်၊ ထိုအခါ ထိုသို့သော ဖေးမခြင်း၊ ဆုတ်ဆိုင်းမှုများနှင့် ကျရှုံးခြင်းတို့ကို အချည်းနှီး တွေ့ကြုံရခြင်း မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင် မြင်ရန် ဆန္ဒရှိသည့်အရာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပေါလု၏ သဘောသဘာဝနှင့် အနှစ်သာရကို ခွဲခြားသိမြင်နည်း

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။