ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၇၀

09.11.2020

သမ္မာတရားအကြောင်း ရှင်းလင်းသော မိတ်သဟာယ၏ ရည်ရွယ်ချက်မှာ လူတို့ကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်စေဖို့နှင့် ၎င်းတို့၏ စိတ်သဘောထားများကို ပြောင်းလဲဖို့ ဖြစ်သည်။ ယင်းမှာ ထိုသမ္မာတရားကို ၎င်းတို့အား နားလည်ရုံမျှနားလည်စေဖို့ မဟုတ်ပေ။ သင်သည် သမ္မာတရားကို သိသော်လည်း လက်တွေ့မလုပ်ဆောင်ပါက၊ ထိုသမ္မာတရားအကြောင်းကို မိတ်သဟာယပြုခြင်းနှင့် ယင်းနှင့်သက်ဆိုင်သည့် သင်၏ သိနားလည်ခြင်းသည် မည်သည့် အဓိပ္ပာယ်မျှ နောက်ထပ် ရှိလိမ့်မည်မဟုတ်ပေ။ သမ္မာတရားကို သင် သိနားလည်သော်လည်း လက်တွေ့မလုပ်ဆောင်ပါက၊ ထိုသမ္မာတရားကို ရရှိဖို့ အခွင့်အရေးအပြင် ကယ်တင်ခံရမည့် အခွင့်အရေးတစ်ခုတစ်လေကိုလည်း သင် ဆုံးရှုံးလိမ့်မည်ဖြစ်သည်။ သင်နားလည်သည့် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်ပြီးဖြစ်ပါက၊ သင်သည် သာ၍ များပြားသည့်၊ သာ၍ နက်ရှိုင်းသည့် သမ္မာတရားကို ရရှိလိမ့်မည်။ သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်းအပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း၊ အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ကိုလည်း ရရှိလိမ့်မည်။ များစွာသောသူတို့သည် သမ္မာတရားကို အခြေခံအားဖြင့် ၎င်းတို့ လက်တွေ့လုပ်ဆောင်ခြင်း မရှိသည်ကို နားမလည်ဘဲလျက်၊ သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့ကို မည်သည့်အခါတွင်မျှ အသိဉာဏ်ပွင့်လင်းစေခြင်းမရှိဟုသာ စောဒကတက်နိုင်ကြသည်။ ထို့ကြောင့်၊ ၎င်းတို့၏ အခြေအနေများသည် ပုံမှန်ဖြစ်ခြင်းကို မည်သည့်အခါတွင်မျှ ရရှိကြလိမ့်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ အလိုတော်ကို အစဉ် နားလည်ကြလိမ့်မည်မဟုတ်ပေ။

လူအချို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ၎င်းတို့၏ ပြဿနာများကို မဖြေရှင်းနိုင်ဟု ဆိုကြသည်။ အခြားသူတို့က သမ္မာတရားသည် လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို လုံးဝ မဖြေရှင်းနိုင်ဟု ယုံကြည်လေသည်။ အမှန်တရားမှာ လူတို့၏ ပြဿနာများအားလုံးသည် ဖြေရှင်း၍ရနိုင်ပေသည်။ အဓိကသော့ချက်မှာ ၎င်းတို့အနေဖြင့် သမ္မာတရားနှင့်အညီ ပြုမူနိုင်ခြင်း ရှိမရှိဆိုသည့်အရာ ဖြစ်၏။ လတ်တလောတွင် သင်တို့ကို ဒုက္ခပေးသည့် အမှားများမှာ ကင်ဆာ သို့မဟုတ် ကုသမရနိုင်သည့် ရောဂါများမဟုတ်ပေ။ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်ပါက၊ သမ္မာတရားနှင့်အညီ သင် ပြုမူနိုင်ခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်လျက်၊ ထိုအမှားများအားလုံးကို ပြောင်းလဲ၍ရနိုင်ပေသည်။ သင်သည် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းအား လျှောက်လှမ်းနေပါက၊ အောင်မြင်ဖို့ သေချာပေသည်။ သို့သော်၊ သင်သည် မှားယွင်းသည့် လမ်းကြောင်းပေါ်တွင် ရှိပါက၊ သင် ကျဉ်းထဲကျပ်ထဲကျပေပြီ။ ဥပမာအားဖြင့်၊ လူအချို့သည် ဘုရားသခင်၏ အိမ်တော်အမှုကို အကျိုးပြုသည့် နည်းလမ်းဖြင့် ၎င်းတို့ အမှုအရာများကို မည်သို့ လုပ်ဆောင်နိုင်သည်ကို သို့မဟုတ် အမှုအရာများကို လုပ်ဆောင်သည့် ၎င်းတို့၏နည်းစနစ်များသည် ဘုရားသခင်၏ အလိုနှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်ကို တစ်ကြိမ်တစ်ခါမျှ အရေးမထားဘဲ၊ ၎င်းတို့၏ အလုပ်ကို လုပ်ဆောင်ကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင် စက်ဆုပ်သည့်အရာများစွာကို လုပ်ဆောင်ကြလေသည်။ ၎င်းတို့သည် ၎င်းတို့ လုပ်ဆောင်ခဲ့သည့် အရာတိုင်းတွင် သမ္မာတရားနှင့်အညီ ပြုမူခဲ့မည်ဆိုပါက၊ ၎င်းတို့သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်သော သူတစ်ဦး ဖြစ်မည် မဟုတ်လော။ လူအချို့က သမ္မာတရားသည် ဤအရာတစ်ခုမျှဖြစ်ကာ နောက်ထပ် မည်သည့်အရာမျှမဟုတ်ဟု ယုံကြည်ရင်း၊ သမ္မာတရားကို သိရှိသော်လည်း လက်တွေ့မလုပ်ဆောင်ကြပေ။ ယင်းက ၎င်းတို့၏ ကိုယ်ပိုင် အလိုဆန္ဒကို မသန့်စင်စေနိုင်သကဲ့သို့၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို မဖြေရှင်းနိုင်ဟု ယုံကြည်ကြသည်။ ဤလူစားမျိုးသည် ရယ်ဖွယ်ဖြစ်သည် မဟုတ်လော။ ထိုသို့သော လူများသည် အဓိပ္ပာယ်မရှိသည် မဟုတ်လော။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် လိမ္မာပါးနပ်သည်ဟု တွေးထင်ကြသည် မဟုတ်လော။ လူတို့သည် သမ္မာတရားအတိုင်း ပြုမူကြပါက၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အသွင်ပြောင်းလဲကြလိမ့်မည်။ သို့သော်၊ ၎င်းတို့၏ ယုံကြည်ခြင်းနှင့် ဘုရားသခင်အဖို့ ၎င်းတို့၏ အစေခံခြင်းကို ၎င်းတို့၏ သဘာဝအလျောက်ဖြစ်သော ပင်ကိုစရိုက်များအပေါ်တွင် အခြေခံပါက၊ ၎င်းတို့ထဲမှ မည်သူမျှ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲစေခြင်းတွင် အောင်မြင်လိမ့်မည်မဟုတ်။ လူအချို့သည် အရန်သင့် ရနိုင်သော သမ္မာတရားကို မစုံစမ်းမစစ်ဆေးနိုင်စဉ် သို့မဟုတ် လက်တွေ့မလုပ်ဆောင်နိုင်စဉ်တွင်၊ တစ်နေ့လုံး ၎င်းတို့၏ ကိုယ်ပိုင် အလေးထားစရာကိစ္စများတွင် ပါဝင်ပတ်သက်မိကြလေသည်။ ဤလက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းသည် အလွန် အဓိပ္ပာယ်မရှိပေ။ ထိုသို့သော လူများသည် မွေးရာပါ ဆင်းရဲဒုက္ခခံစားရသူများဖြစ်သည်၊ ယင်းတွင် ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရှိကြသော်လည်း မမွေ့လျော်ကြပေ။ ထိုနေရာတွင် ရှေ့ဆက်ရမည့်လမ်းကြောင်း ရှိ၏။ လိုသမျှအားလုံးမှာ သင့်အနေဖြင့် ယင်းကို လက်တွေ့လုပ်ဆောင်ဖို့သာ ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ စိတ်ဆုံးဖြတ်ထားပါက၊ သင်၏ အားနည်းချက်များနှင့် သေစေနိုင်သော အပြစ်အနာအဆာများကို ပြောင်းလဲ၍ရနိုင်ပေသည်။ သို့သော်၊ သင်သည် အမြဲ သတိရှိသင့်ပြီး နှိုင်းချင့်မျှော်ခေါ်ကာ အခက်အခဲများကို သာ၍ခံစားသင့်သည်။ ယုံကြည်ချက်ရှိခြင်းသည် ဆင်ခြင်မျှော်တွေးမှု လိုအပ်ပေသည်။ ထိုသို့သော သာမန်ကာလျှံကာဖြစ်သော ပုံစံတစ်ခုကို ခံယူပါက၊ ဘုရားသခင်ကို သင် သင့်တင့်လျောက်ပတ်စွာ ယုံကြည်နိုင်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။