ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၇၁

25.02.2021

ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ဘုရားသခင်၏ အလိုတော်နှင့် သူ့မိန့်မြွက်ချက်များနောက်ကွယ်ရှိ ရည်ရွယ်ချက်များကို သင်နားမလည်ပါက၊ သူ၏ နှုတ်ကပတ်တော်များက ရရှိဖို့ ရည်ရွယ်ထားသည့် ရည်မှန်းချက်များနှင့် ရလဒ်များကို သင်နားမလည်ပါက၊ သူ့နှုတ်ကပတ်တော်များသည် လူတို့၌ မည်သည့်အရာကို ဖြစ်မြောက်စေဖို့နှင့် စုံလင်စေဖို့ ကြိုးစားသည်ကို သင်နားမလည်ပါက၊ ဤအရာများကို သင်နားမလည်ပါက၊ သင်သည် သမ္မာတရားကို နားမလည်သေးသည်ကို ယင်းက သက်သေပြပေသည်။ ဘုရားသခင်က သူပြောကြားသည့်အရာများကို အဘယ့်ကြောင့် ပြောကြားသနည်း။ သူသည် ထိုလေသံဖြင့် အဘယ်ကြောင့် ပြောကြားသနည်း။ သူပြောကြားသည့် စကားလုံးတိုင်းတွင် သူသည် အဘယ့်ကြောင့် အလွန် စိတ်ထက်သန်ပြီး၊ စစ်မှန်သနည်း။ သူသည် အချို့သော စကားလုံးများကို သုံးဖို့ အဘယ့်ကြောင့် ရွေးချယ်သနည်း။ သင်သိသလော။ သင် အသေအချာ မပြောနိုင်ပါက၊ သင်သည် ဘုရားသခင်၏ အလိုတော် သို့မဟုတ် သူ၏ ရည်ရွယ်ချက်များကို နားမလည်၊ သင်သည် သူ၏နှုတ်ကပတ်တော်များ နောက်ကွယ်မှ အကြောင်းအရာကို နားမလည်ဟု ယင်းက ဆိုလိုသည်။ ဤအရာကို သင်နားမလည်ပါက၊ သမ္မာတရားကို သင်မည်သို့ ရရှိနိုင်မည်နည်း။ သမ္မာတရားကို ရရှိခြင်းဆိုသည်မှာ သူပြောကြားသည့် နှုတ်ကပတ်တော်တိုင်းမှတစ်ဆင့် သူ၏အလိုတော်ကို နားလည်ခြင်းဖြစ်သည်။ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားလည် ပြီးသည်နှင့်တစ်ပြိုင်နက် ထိုနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်မှ အသက်ရှင်နေထိုင်ရန် အခွင့်ပေးခြင်းနှင့် သင်၏ လက်တွေ့အရှိတရား ဖြစ်လာရန် ခွင့်ပေးခြင်းတို့ကို ဆိုလိုခြင်းဖြစ်ပေသည်။ သင်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကုန်အစင်နားလည်ခြင်းတစ်ခု ရှိသည့်အခါမှသာလျှင် သမ္မာတရားကို သင် အမှန်တကယ် နားလည်သဘောပေါက်နိုင်မည်။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒအနည်းငယ်ကို နားလည်ရုံမျှ နားလည်လာပြီးသည့်နောက်၊ သင်သည် သမ္မာတရားကို နားလည်ပြီး လက်တွေ့အရှိတရားကို ပိုင်ဆိုင်သည်ဟု သင်ထင်သည်။ သင်က “ဘုရားသခင်သည် ကျွန်ုပ်တို့ကို ရိုးသားစေလိုပြီး ကျွန်ုပ်တို့က ယင်းကို လက်တွေ့လုပ်ဆောင်ပြီးပါပြီ။” ဟုပင် ပြောပေသည်။ သို့သော် ဘုရားသခင်က လူများကို ရိုးသားစေလိုသည့် အကြောင်းအရင်းကို သင်နားမလည်နိုင်သကဲ့သို့၊ အဘယ့်ကြောင့် လူများအား သူ့ကို ချစ်စေလိုသည်ကိုလည်း သင်နားမလည်နိုင်ပေ။ အမှန်မှာမူ လူများအပေါ် ထိုကဲ့သို့သော သတ်မှတ်ချက်များ ထားရှိရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ သူတို့၏ ကယ်တင်ခြင်းနှင့် စုံလင်ခြင်းတို့ကို ဖြစ်ပေါ်စေဖို့ပင်တည်း။

ဘုရားသခင်သည် သမ္မာတရားကို ဆာငတ်သည့်၊ သမ္မာတရားကို ရှာဖွေသည့်၊ ပြီးလျှင် သမ္မာတရားကို ချစ်မြတ်နိုးသည့် လူများအတွက် သမ္မာတရားကို ဖော်ပြပေသည်။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများတို့ကိုသာ စိတ်ဝင်စားသည့်သူများနှင့် ရှည်လျားပြီး ခမ်းကြီးနားကြီးနိုင်သော မိန့်ခွန်းများကို ဟောကြားလိုသည့် သူများအတွက်မူ၊ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အရူးလုပ်နေကြသည်။ ထိုကဲ့သို့သော လူများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် သက်ဆိုင်သည့် မမှန်ကန်သော အမြင်ရှုထောင့်တစ်ခု ရှိသည်။ ၎င်းတို့သည် ဖြောင့်မတ်သောအရာကို ဖတ်ဖို့ ၎င်းတို့၏ဇက်များကို လိမ်ကြသည်- ၎င်းတို့၏ အမြင်ရှုထောင့်အားလုံးသည် မှားယွင်းလေသည်။ လူအချို့သည် ကောင်းချီး မင်္ဂလာခံစားရခြင်းနှင့် လူသား၏ ခရီးပန်းတိုင်တို့အကြောင်း သူပြောသည့်အရာကို လေ့လာလျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သုတေသန လုပ်ဖို့သာ သိကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီပါက၊ ၎င်းတို့သည် အပျက်သဘောဆောင်လာပြီး၊ ၎င်းတို့၏ ရှာဖွေလိုက်စားခြင်းကို ရပ်တန့်လိုက်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို စိတ်မဝင်စားကြောင်းကို ဤအရာက ပြနေသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် သမ္မာတရားကို အလေးအနက် မထားကြချေ။ ၎င်းတို့သည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးတို့နှင့် သက်ဆိုင်သည့် သမ္မာတရားကို လက်ခံခြင်းသာ တတ်နိုင်စွမ်း ကြသည်။ ထိုကဲ့သို့သော လူများသည် ဘုရားသခင်ကို ၎င်းတို့၏ယုံကြည်ရာ၌ စိတ်ထက်သန်ကြပြီး၊ ကောင်းမှုအချို့ကို လုပ်ဆောင်ဖို့ နည်းလမ်းမျိုးစုံ ကြိုးစားကာ၊ အခြားသူများအား မိမိတို့ကိုယ်ကိုယ် ကောင်းမွန်စွာ ဟန်ရေးပြကြ သော်လည်း၊ ၎င်းတို့သည် အနာဂတ်တွင် ခရီးပန်းတိုင်ကောင်းတစ်ခု ရှိဖို့အလို့ငှာသာ လုပ်ဆောင်နေကြခြင်း ဖြစ်ပေသည်။ ၎င်းတို့သည် အသင်းတော်အသက်တာတွင်လည်း ပါဝင်ပြီး၊ အခြားလူတိုင်းနှင့်အတူ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေကြသော်လည်း၊ ၎င်းတို့သည် သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းနှင့် သမ္မာတရားကို ရရှိခြင်းတို့တွင် အခက်အခဲ ရှိနေပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည့် အခြားသူများရှိသေးသော်လည်း၊ ဟန်ဆောင်လုပ်ပြရုံမျှသာ လုပ်ပြကြသည့်သူများ ဖြစ်သည်။ ၎င်းတို့သည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒအနည်းငယ်တို့ကို နားလည်လာခြင်းသက်သက်ဖြင့် သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ၎င်းတို့သည် မိုက်မဲလိုက်လေတကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက် သမ္မာတရားကို သေချာပေါက် နားလည်ပြီး ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့် သမ္မာတရားကို ရရှိနိုင်ခြင်းမရှိပါက၊ သင်ရရှိသည့်အရာများသည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများသာ ဖြစ်လိမ့်မည်။ သမ္မာတရားကို ရရှိခြင်းသည် မည်သည့်အရာကို ဆိုလိုမှန်း သင်မသိပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ လက်ဖဝါးထဲတွင် ကိုင်ထားနိုင်သော်လည်း၊ ထိုနှုတ်ကပတ်တော်များကို ဖတ်ပြီးသည့်နောက် ဘုရားသခင်၏ အလိုတော်ကို သင်နားမလည်နိုင်သေးဘဲ၊ သင်သည် ကျမ်းဟောင်းတရားနှင့် အယူဝါဒ အချို့ကိုသာ ရရှိသည်။ ပထမဦးစွာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လွယ်ကူရှင်းလင်းခြင်း မရှိသည်ကို သင်သဘောပေါက်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လုံးလုံးလျားလျား နက်နဲပေသည်။ နှစ်များစွာ၏ အတွေ့အကြုံမရှိဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်မည်သို့ အမှန်တကယ် နားလည်ရန် ဖြစ်နိုင်မည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ဝါကျတစ်ကြောင်းသည်ပင် သင် ပြည့်ဝစွာ တွေ့ကြုံခံစားရန် သင်၏တစ်သက်တာ လိုအပ်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သော်လည်း၊ ဘုရားသခင်၏ အလိုတော်ကို နားမလည်ချေ။ ဘုရားနှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်များ၊ ၎င်းတို့၏ မူလဇာစ်မြစ်၊ ၎င်းတို့ရရှိဖို့ ကြိုးစားသည့် အကျိုးသက်ရောက်မှု သို့မဟုတ် ၎င်းတို့ ဖြစ်မြောက်ဖို့ ကြိုးစားသည့် အရာတို့ကို သင်နားမလည်ချေ။ ဤအရာများထဲမှ တစ်ခုကိုမျှ သင်နားမလည်ပါက၊ သမ္မာတရားကို သင်မည်သို့ နားလည်နိုင်မည်နည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အကြိမ်ပေါင်းများစွာ ဖတ်ပြီးနိုင်လောက်ကာ၊ ကျမ်းချက်များစွာကိုပင် အလွတ်ရွတ်ဆိုကောင်း ဆိုနိုင်လိမ့်မည် ဖြစ်သော်လည်း၊ သင်သည် လုံးဝ မပြောင်းလဲသေးသကဲ့သို့၊ မည်သည့်တိုးတက်မှု တစ်ခုမျှလည်း မပြုလုပ်ရသေးပေ။ ဘုရားသခင်နှင့် သင်၏ ပေါင်းသင်းဆက်ဆံရေးသည် ယခင်ကကဲ့သို့ပင် ဝေးကွာပြီး ခပ်တန်းတန်း ဖြစ်နေသည်။ ယခင်ကကဲ့သို့ပင်၊ သင်နှင့် ဘုရားသခင်တို့ကြားတွင် အတားအဆီးများ ရှိနေဆဲဖြစ်ပြီး၊ သူ့ကို သင် သံသယရှိနေဆဲ ဖြစ်လေသည်။ သင်သည် ဘုရားသခင်ကို နားမလည်ရုံမျှသာမက၊ သူ့ကို ဆင်ခြေများပေးကာ၊ သူနှင့် သက်ဆိုင်သည့် အယူအဆများ သင်၌ရှိနေသည်။ သင်သည် သူ့ကို အာခံပြီး၊ သူ့ကို ပြစ်မှားစော်ကားခြင်းပင် ပြုလေသည်။ ဤအရာက သင်သည် သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု မည်သို့ဆိုလိုနိုင်သနည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။