ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၇၄

25.02.2021

အမှုအရာတစ်ခုခုကို သင် လုပ်ဆောင်ခဲ့ချိန်တွင်၊ ဘုရားသခင်သည် အလွန် ကျေနပ်မှုမရှိခဲ့ချေ။ ထိုအရာကို သင် လုပ်ဆောင်တော့မည့်အချိန်တွင်၊ သူ့ထံ သင် ဆုတောင်းခဲ့ပါသလော။ “ဤကိစ္စရပ်ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ယူဆောင်ခဲ့ပါက၊ ယင်းကို သူ မည်သို့ ရှုမြင်မည်နည်း။ ယင်းနှင့်ပတ်သက်၍ သူ သိခဲ့ပါက၊ သူ ပျော်ရွှင်မည်လော သို့မဟုတ် ဒေါသထွက်မည်လော။ ယင်းကို သူ စက်ဆုပ်ရွံရှာမည်လော။” ဟု သင် တွေးဆဖူးပါသလော။ ယင်းကို သင် အဖြေမရှာခဲ့ပေ၊ ဟုတ်ပါသလော။ အခြားသူများက သင့်ကို အသိပေးခဲ့လျှင်ပင်၊ ကိစ္စရပ်သည် အရေးမကြီး၊ ပြီးလျှင် ယင်းသည် မည်သည့် အခြေခံသဘောတရားများနှင့်မျှ မဆန့်ကျင်သကဲ့သို့ အပြစ်မဟုတ်ဟု သင် တွေးထင်ဦးမည် ဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ သင်လုပ်ဆောင်ခဲ့သည့် ဤအရာသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီး ကြီးမားသည့် အမျက်ဒေါသထွက်စေဖို့ သူ့ကို ဆွပေးခဲ့သည်မှာ သင့်ကို သူ စက်ဆုပ်ရွံရှာသည့်အဆင့်အထိပင် ဖြစ်ပေသည်။ သင်သည် ဆောင်ရွက်ခြင်း မရှိမီ ရှာဖွေကာ ဆန်းစစ်ခဲ့ပြီးဖြစ်ကာ ကိစ္စရပ်ကို ရှင်းလင်းစွာ မြင်ခဲ့ပြီးဖြစ်ပါက၊ ယင်းကို သင် ရှင်းလင်းစွာ နားလည်ပြီးဖြစ်မည် မဟုတ်လော။ တစ်ခါတစ်ရံ လူတို့သည် ကောင်းမွန်သော အခြေအနေတစ်ခုတွင် မရှိသော်လည်း၊ ၎င်းတို့သည် မိမိတို့ လုပ်ဆောင်ခြင်းငှာ စီစဉ်နေကြသည့် အရာရာတိုင်းကို စုံစမ်းစစ်ဆေးခြင်းနှင့် ရှာဖွေခြင်းအတွက် ဘုရားသခင်၏ ရှေ့မှောက်သို့ တည်ကြည်စွာ ယူဆောင်ပါက၊ မည်သည့် ကြီးမားသော အမှားများကိုမျှ ၎င်းတို့ ပြုလုပ်မိလိမ့်မည် မဟုတ်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေချိန်တွင်၊ အမှားများ ပြုလုပ်မိခြင်းကို ရှောင်ရှားဖို့ လူတို့အတွက် ခက်ခဲ၏၊ သို့သော် အမှုအရာများကို သင် လုပ်ဆောင်ချိန်တွင် ယင်းတို့ကို သမ္မာတရားနှင့်အညီ မည်သို့ လုပ်ဆောင်ရမည်ကို သင် သိရှိသော်လည်း၊ သမ္မာတရားနှင့်အညီ ယင်းတို့ကို ဆောင်ရွက်ခြင်းမရှိပါက၊ ပြဿနာမှာ သင်သည် သမ္မာတရားကို မချစ်ခြင်း ဖြစ်ပေသည်။ သမ္မာတရားကို ချစ်ခြင်းမရှိဘဲ၊ လူတစ်ဦး၏ စိတ်သဘောထားသည် ပြောင်းလဲလိမ့်မည်မဟုတ်။ သင်သည် ဘုရားသခင်၏ အလိုကို တိကျမှန်ကန်စွာ သဘောမပေါက်နိုင်သကဲ့သို့၊ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိရှိပါက၊ အခြားသူများနှင့် သင် မိတ်သဟာယပြုသင့်ပေသည်။ ကိစ္စရပ်ကို မည်သူမျှ ရှင်းရှင်းလင်းလင်း မြင်နိုင်သကဲ့သို့ မခံစားရပါက၊ သင်သည် အထိုက်သင့်ဆုံးသော ဖြေရှင်းချက်ကို ဆောင်ရွက်သင့်ပေသည်။ သို့သော်၊ နောက်ဆုံးတွင် သင်သည် ယင်းကို ဤနည်းဖြင့် ဆောင်ရွက်ရာတွင် အမှားအနည်းငယ် ပြုလုပ်မိပြီဟု သိရပါက၊ ယင်းကို အလျင်အမြန် အမှန်ပြင်သင့်ပြီး၊ ထို့နောက် ဘုရားသခင်သည် ဤအမှားကို အပြစ်တစ်ခုအဖြစ် မှတ်ယူမည် မဟုတ်ပေ။ သင်သည် ဤကိစ္စရပ်ကို လက်တွေ့လုပ်ဆောင်နေချိန်တွင် မှန်ကန်သော ရည်ရွယ်ချက်များ ရှိခဲ့ပြီး၊ ယင်းကို သမ္မာတရားနှင့်အညီ သင် လက်တွေ့လုပ်ဆောင်နေခဲ့ကာ တကယ်ကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့မိဘဲ၊ သင်၏ လုပ်ဆောင်ချက်များက အမှားအချို့ကို အကျိုးဆက်ဖြစ်ပေါ်စေခဲ့ပါက၊ ဤသည်မှာ အပြစ်ဒဏ်လျော့ပေါ့ သက်သာစေသော အခြေအနေတစ်ခု ဖြစ်ခဲ့ပေသည်။ သို့သော်၊ ယနေ့ခေတ်တွင် လူများစွာတို့သည် အလုပ်လုပ်ဖို့ ၎င်းတို့၏ ကိုယ်ပိုင် လက်နှစ်ဖက်ကို အားကိုးရုံမျှအားကိုးကြပြီး ဟိုဒင်း ဒီဒင်းကို လုပ်ဆောင်ဖို့ ၎င်းတို့၏ ကိုယ်ပိုင်ဉာဏ်များအပေါ် မှီခိုကြကာ ဤမေးခွန်းများကို သုံးသပ်ဆင်ခြင်ခြင်း တစ်ခုတစ်လေ ပေးခဲလှပေသည်။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ အလိုနှင့် ကိုက်ညီပါသလော။ ယင်းကို ဤနည်းဖြင့် ငါ လုပ်ဆောင်ပါက ဘုရားသခင် ပျော်ရွှင်မည်လော။ ယင်းကို ဤနည်းဖြင့် လုပ်ဆောင်ပါက၊ ငါ့ကို ဘုရားသခင် ယုံကြည်မည်လော။ ယင်းကို ဤနည်းဖြင့် လုပ်ဆောင်ပါက၊ သမ္မာတရားကို ငါ လက်တွေ့လုပ်ဆောင်နေမည်လော။ ဤကိစ္စရပ်ကို ဘုရားသခင် ကြားသိပါက၊ သူက “ဤအရာကို သင် မှန်ကန်စွာနှင့် အလိုက်အထိုက်အားဖြင့် လုပ်ဆောင်လေပြီ။ ထိန်းထားလော့။” ဟု ပြောနိုင်မည်လော။ သင် ကြုံရသည့် ကိစ္စရပ်တိုင်းကို သေချာစွာ သင် ဆန်းစစ်နိုင်သလော။ ၎င်းတို့အသီးသီးနှင့်ပတ်သက်၍ သင်သည် တည်ကြည်လေးနက်ပြီး စေ့စပ်နိုင်သလော။ သို့မဟုတ် ယင်းကို သင် လုပ်ဆောင်သည့် နည်းလမ်းအား ဘုရားသခင် စက်ဆုပ်သည် မစက်ဆုပ်သည်၊ အခြားအယောက်တိုင်းက သင်၏ နည်းစနစ်များနှင့် ပတ်သက်၍ မည်သို့ ခံစားရသည်၊ ပြီးလျှင် ယင်းကို သင်၏ ကိုယ်ပိုင် အလိုဆန္ဒပေါ် အခြေခံ၍ သင် လုပ်ဆောင်နေခြင်း ရှိ မရှိ သို့မဟုတ် သင်၏ ကိုယ်ပိုင် စိတ်ဆန္ဒများကို ဖြည့်ဆည်းဖို့ သင် လုပ်ဆောင်နေခြင်း ရှိ မရှိဆိုသည်ကို သင် တွေးဆနိုင်ပါသလော။ သင်သည် ထိုအရာကို သာ၍ တွေးတောဆင်ခြင်ရမည်ဖြစ်ပြီး သာ၍ ကြိုးစားရမည်ဖြစ်ကာ သင်၏ အမှားများသည် သေးငယ်သထက် သေးငယ်လာလိမ့်မည် ဖြစ်သည်။ ဤပုံစံဖြင့် ဤအရာကို လုပ်ဆောင်ခြင်းက သင်သည် အမှုအရာများကို သမ္မာတရား တောင်းဆိုသည့် ဦးတည်ချက်နှင့်အညီ လုပ်ဆောင်နေသောကြောင့် သင်သည် သမ္မာတရားကို ရိုးသားစစ်မှန်စွာ ရှာဖွေသော လူတစ်ဦးဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော သူတစ်ဦးဖြစ်သည်ကို သက်သေပြပေသည်။

ယုံကြည်သူတစ်ဦး၏ လုပ်ဆောင်ချက်များသည် သမ္မာတရားနှင့် ပတ်သက်ခြင်းမရှိပါက၊ သူသည် မယုံကြည်သူတစ်ဦးနှင့် တူပေသည်။ ဤသည်မှာ မိမိ၏ စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိသကဲ့သို့ ဘုရားသခင်ကို စွန့်ခွာသည့် လူစားမျိုးဖြစ်ပြီး၊ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်၏ မိသားစုတွင် မိမိ၏ ဆရာသခင်အတွက် တောက်တိုမယ်ရ လုပ်ဆောင်သူ၊ ကြေးအနည်းငယ် ရရှိပြီးနောက် ထွက်ခွာသည့် ငှားရမ်းထားသော အလုပ်သမားတစ်ဦးနှင့် တူပေသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သောလူတစ်ဦး တကယ်ကို မဟုတ်ပေ။ ယခင်က၊ ဘုရားသခင်၏ လက်ခံမှုကို ရရှိဖို့ သင် လုပ်ဆောင်နိုင်သည့်အရာကို ဖော်ပြပြောဆိုခြင်း ရှိခဲ့သည်။ ဘုရားသခင်ထံမှ လက်ခံမှုသည် သင် ပထမဦးဆုံး စဉ်းစားသင့်ကာ ယင်းအတွက် အလုပ်လုပ်သင့်သည့်အရာ ဖြစ်သည်။ ယင်းသည် သင်၏ လက်တွေ့လုပ်ဆောင်မှုနှင့်ဆိုင်သော အခြေခံသဘောတရားနှင့် နယ်ပယ် ဖြစ်သင့်သည်။ သင်လုပ်ဆောင်နေသည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိ မရှိဆိုသည်ကို သင် စူးစမ်းသင့်သည့် အကြောင်းရင်းမှာ ယင်းသည် သမ္မာတရားနှင့် ကိုက်ညီပါက၊ ဘုရားသခင်၏ အလိုနှင့် သေချာပေါက် ကိုက်ညီပေသည်။ ယင်းမှာ ကိစ္စရပ်က မှန်သည်၊ မှားသည် သို့မဟုတ် ထိုအရာက အခြားအယောက်တိုင်း၏ အကြိုက်များနှင့် ကိုက်ညီခြင်း ရှိ မရှိ၊ သို့မဟုတ် ယင်းသည် သင်၏ ကိုယ်ပိုင် စိတ်ဆန္ဒများနှင့် ကိုက်ညီခြင်း ရှိ မရှိဆိုသည်ကို သင် တိုင်းတာသင့်သည်ဟူ၍ မဟုတ်ဘဲ၊ ယင်းထက်၊ ထိုအရာသည် သမ္မာတရားနှင့်အညီ ဖြစ်သည်၊ မဖြစ်သည်၊ ပြီးလျှင် ထိုအရာက အသင်းတော်၏ အလုပ်နှင့် အကျိုးစီးပွားများကို အကျိုးပြုခြင်း ရှိမရှိဟူ၍ ဖြစ်ပေသည်။ ဤအရာများကို သင် သုံးသပ်ဆင်ခြင်မှု ပြုပါက၊ အမှုအရာများကို လုပ်ဆောင်သည့်အခါ၊ သင်သည် ဘုရားသခင်၏ အလိုနှင့် သာ၍ သာ၍ ကိုက်ညီလိမ့်မည်ဖြစ်သည်။ အမှုအရာများကို သင် လုပ်ဆောင်သည့်အခါ ဤရှုထောင့်များကို သင် မစဉ်းစားသကဲ့သို့၊ သင်၏ ကိုယ်ပိုင် လိုအင်ဆန္ဒအပေါ်သာ မှီခိုပါက၊ လူ၏ အလိုဆန္ဒသည် သမ္မာတရားမဟုတ်သကဲ့သို့၊ အမှန်ကို ဘုရားသခင်နှင့် သဟဇာတ မဖြစ်သောကြောင့် ယင်းတို့ကို မမှန်မကန် သင် လုပ်ဆောင်မိဖို့ သေချာပေသည်။ သင်သည် ဘုရားသခင်၏ လက်ခံခြင်းကို ခံရဖို့ ဆန္ဒရှိပါက၊ သင်၏ ကိုယ်ပိုင် လိုအင်ဆန္ဒအတိုင်းထက် သမ္မာတရားအတိုင်း သင် လက်တွေ့လုပ်ဆောင်ရမည်။ လူအချို့သည် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်းအတွက်ကြောင့် အချို့သော သီးသန့် ကိစ္စရပ်များတွင် ပါဝင်လုပ်ဆောင်တတ်ကြ၏။ ထို့နောက် ၎င်းတို့၏ ညီအစ်ကို မောင်နှမများက ဤအရာကို မသင့်လျော်သကဲ့သို့ မြင်ကြပြီး ယင်းအတွက် ၎င်းတို့ကို အပြစ်တင်ကြ၏၊ သို့သော် ဤလူများသည် အပြစ်တင်ခြင်းကို လက်မခံကြချေ။ ယင်းသည် အသင်းတော်၏ အလုပ်၊ ဘဏ္ဍာရေး၊ သို့မဟုတ် လူများ မပါဝင်သည့် ပုဂ္ဂိုလ်ရေး ကိစ္စရပ်တစ်ခု ဖြစ်သောကြောင့်၊ ယင်းကို သမ္မာတရား၏ နယ်ပယ်ကို ချိုးဖောက်ခြင်းအဖြစ် မယူဆသကဲ့သို့၊ ဤကိစ္စရပ်တွင် ဘုရားသခင်က ဝင်ရောက်မစွက်ဖက်သင့်ဟု ၎င်းတို့က တွေးထင်ကြလေသည်။ အချို့သော အရာများသည် သင့်အဖို့ မည်သည့် အခြေခံသဘောတရားမျှ သို့မဟုတ် မည်သည့် သမ္မာတရားမျှ မပါဝင်သည့် သီးသန့် ကိစ္စရပ်များအဖြစ် ထင်ကောင်းထင်ရပေမည်။ သို့သော် သင် လုပ်ဆောင်ခဲ့သည့် အရာများကို ကြည့်ရာတွင်၊ သင်သည် အလွန် တစ်ကိုယ်ကောင်းဆန်လျက်ရှိခဲ့သည်မှာ သင်သည် ဘုရားသခင်၏ မိသားစု အလုပ် သို့မဟုတ် သင် လုပ်ဆောင်ခဲ့သည့်အရာက ယင်းအား မည်သို့ ထိခိုက်မည်ကို ထည့်တွက်စဉ်းစားခြင်းမရှိပေ။ သင်သည် သင်၏ ကိုယ်ပိုင် အကျိုးကျေးဇူးကိုသာ စဉ်းစားနေခဲ့သည်။ ဤသည်မှာ သန့်ရှင်းသူတို့၏ လိုက်နာရမည့်ကျင့်ဝတ်အပြင် လူတစ်ဦး၏ လူ့သဘာဝနှင့် ပတ်သက်သည့် ကိစ္စများ ပါဝင်နှင့်ပြီးဖြစ်သည်။ သင်လုပ်ဆောင်နေခဲ့သည့်အရာသည် အသင်းတော်၏ အကျိုးစီးပွားများ မပါဝင်ခဲ့သကဲ့သို့ သမ္မာတရား မပါဝင်သော်လည်း၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအဖြစ် အခိုင်အမာ ပြောဆိုနေစဉ် သီးသန့် ကိစ္စရပ်တစ်ခုတွင် ပါဝင်ပတ်သက်ခြင်းသည် သမ္မာတရားနှင့် မကိုက်ညီပေ။ သင်လုပ်ဆောင်နေသည့်အရာ မည်သည့်အရာဖြစ်သည်ကို ပဓာနမထားဘဲ ကိစ္စရပ်တစ်ခုသည် မည်မျှ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ မိသားစုထဲက သင်၏ တာဝန်ကို ဖြည့်ဆည်းဖို့ ထိုအရာကို လုပ်ဆောင်နေသည်ဖြစ်စေ သို့မဟုတ် သင်၏ ကိုယ်ပိုင် သီးသန့်အကြောင်းရင်းများကြောင့် လုပ်ဆောင်နေသည်ဖြစ်စေ၊ သင်လုပ်ဆောင်နေသည့်အရာသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီခြင်း ရှိမရှိအပြင်၊ ယင်းသည် လူ့သဘာဝရှိသည့် လူတစ်ဦး လုပ်ဆောင်သင့်သည့်အရာ ဟုတ်၊ မဟုတ်ဆိုသည်တို့ကို သင် သုံးသပ်ဆင်ခြင်ရမည်။ သင်လုပ်ဆောင်သည့် အရာတိုင်းတွင် သမ္မာတရားကို ထိုသို့ သင် ရှာဖွေပါက သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောလူတစ်ဦး ဖြစ်ပေသည်။ သင်သည် ကိစ္စရပ်တိုင်းနှင့် သမ္မာတရားတိုင်းကို ဤနည်းလမ်းဖြင့် ရိုးသားဖြူစင်စွာ ဆက်ဆံပါက၊ သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများကို သင် ရရှိနိုင်လိမ့်မည်။ လူအချို့က ကိုယ်ရေးကိုယ်တာကိစ္စရပ် တစ်ခုကို ၎င်းတို့ လုပ်ဆောင်နေချိန်တွင် သမ္မာတရားကို ၎င်းတို့ လျစ်လျူရှုနိုင်သည်၊ ထိုအရာကို ၎င်းတို့ ဆန္ဒရှိသည်အတိုင်း လုပ်ဆောင်နိုင်ပြီး ၎င်းတို့ကို ပျော်ရွှင်စေသည့် မည်သည့်နည်းလမ်းဖြင့်မဆို လုပ်ဆောင်နိုင်သည်၊ ပြီးလျှင် ၎င်းတို့ကို အကျိုးကျေးဇူးပြုသော မည်သည့်ပုံစံဖြင့်မဆို လုပ်ဆောင်နိုင်သည်ဟု တွေးထင်ကြလေသည်။ ယင်းသည် ဘုရားသခင်၏ မိသားစုကို မည်သို့ အကျိုးသက်ရောက်မည်ကို ၎င်းတို့ နည်းနည်းမျှ ထည့်သွင်းစဉ်းစားခြင်းမရှိသကဲ့သို့ ၎င်းတို့ လုပ်ဆောင်နေသည့်အရာက သန့်ရှင်းသူတို့ကဲ့သို့ ကျင့်၀တ်နှင့် သင့်လျော်ခြင်း ရှိ၊ မရှိဆိုသည်ကိုလည်း မစဉ်းစားကြချေ။ အဘယ်ကြောင့်ဆိုသည်ကို ၎င်းတို့ မသိကြသော်လည်း၊ နောက်ဆုံးတွင် ၎င်းတို့သည် ထိုကိစ္စ ပြီးစီးသွားသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ စိတ်အတွင်းတွင် မှောင်မိုက်လာပြီး စိတ်မသက်မသာ ခံစားရလေသည်။ ဤပြစ်ဒဏ်ခတ်ခြင်းသည် မထိုက်တန်ပါသလော။ ဘုရားသခင် လက်မခံသည့်အရာများကို သင် လုပ်ဆောင်ပါက သင်သည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပေပြီ။ တစ်စုံတစ်ဦးသည် သမ္မာတရားကို မချစ်သကဲ့သို့၊ မိမိတို့၏ အလိုဆန္ဒပေါ် အခြေခံကာ အမှုအရာများကို မကြာခဏ လုပ်ဆောင်ပါက၊ ဘုရားသခင်ကို ၎င်းတို့ မကြာခဏ ပုန်ကန်ပြစ်မှားမိမည်ဖြစ်သည်။ ထိုသို့သော လူတို့သည် သာမန်အားဖြင့် ၎င်းတို့ လုပ်သည့်အရာ၌ ဘုရားသခင်၏လက်ခံမှုကို မရရှိကြသကဲ့သို့ ၎င်းတို့ နောင်တမရပါက အပြစ်ပေးခြင်းသည် သိပ်ဝေးတော့မည်မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။