မကျန်းမာမှုကို နောက်တစ်ဖန်ရင်ဆိုင်ခြင်း - Myanmar Gospel Testimony 2021

03.11.2021

အဓိကဇာတ်ကောင်သည် ယုံကြည်သူတစ်ယောက်ဖြစ်လာပြီးနောက်တွင် ဧဝံဂေလိကို မမောမပန်းဖြန့်ဝေခဲ့ပြီး လှူဒါန်းမှုများပြုကာ ပေးကမ်းစွန့်ကြဲခဲ့သည်။ အဖမ်းခံရပြီး နှိပ်စက်ခံရပြီးနောက်တွင် သူမသည် ဘုရားသခင်ကို အပြစ်မတင်ခဲ့၊ သစ္စာမဖောက်ခဲ့ပေ။ သူမသည် ကောင်းသည့်အလုပ်များစွာကိုလုပ်ခဲ့ပြီး ဘုရားသခင်အပေါ် သစ္စာရှိသည်၊ နာခံသည်ဟု သူမခံစားရသည်။ ထို့နောက် တစ်ရက်တွင် သူမ၏ နှလုံးရောဂါနှင့် သွေးတိုးရောဂါက ပြန်လည်ပေါ်ပေါက်လာပြီး သူမ၏ ကျောရိုးသည် ပိုမိုဆိုးရွားလာခဲ့သည်။ သူမတွင် ဆီးချိုရောဂါလည်း တွေ့ရှိရသည်။ သူမသည် လုံးဝ အိပ်ရာပေါ်တွင်လှဲနေရပြီး မိမိကိုယ်ကို ဂရုမစိုက်နိုင်ပေ။ တစ်ခါတစ်ရံတွင် သူမသည် အလွန်နေမကောင်းဖြစ်ပြီး အသက်မရှူနိုင်လောက်အောင်ဖြစ်သည်။ သူမသည် စိတ်ပျက်အားငယ်ကာ နာကျင်ခံစားရပြီး ဘုရားသခင်ကို အပြစ်တင်၍ အထင်လွဲခဲ့သည်။ ဆုတောင်းခြင်း၊ ရှာဖွေခြင်းအားဖြင့် သူမသည် ဘုရားနှုတ်ကပတ်တော်တို့၏ ရှင်းလင်းဖော်ပြခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် သူမ၏ ယုံကြည်မှုနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတွင်ရှိသော သူမ၏ မသန့်ရှင်းသောရည်ရွယ်ချက်များကို နားလည်လာခဲ့သည်။ ကောင်းသည့်အလုပ်များကိုလုပ်ပြီး မိမိတာဝန်ကိုထမ်းဆောင်ခြင်းသည် အမှန်တကယ်တွင် မည်သည့်အရာကိုဆိုလိုသည်ကိုလည်း သူမနားလည်လာခဲ့သည်။ ထို့နောက်တွင် သူမသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် စီမံမှုများကို နာခံခဲ့ပြီး မကျန်းမာမှုနှင့် သေခြင်း၏ ခြိမ်းခြောက်မှုတို့၏ ထိန်းချုပ်ခံရခြင်းကို ရပ်တန့်ခဲ့သည်။ သူမသည် တတ်နိုင်သလောက် သူမ၏တာဝန်ကို ထမ်းဆောင်ခဲ့ပြီး အသိတရားရှိကာ လွတ်လပ်သကဲ့သို့ ခံစားခဲ့ရသည်။ သူမ၏ ဝေဒနာနှင့် ဒုက္ခဆင်းရဲမှ လွတ်မြောက်အောင် မည်သည့်ဘုရားနှုတ်ကပတ်တော်က သူမအား လမ်းပြခဲ့သနည်း။ မည်သည့်တန်ဖိုးရှိသောသင်ခန်းစာတို့ကို သူမ သင်ယူခဲ့ရသနည်း။ သိရှိရန်အတွက် မကျန်းမာမှုကို နောက်တစ်ဖန်ရင်ဆိုင်ခြင်း ကို ကြည့်ရှုပါ။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။