2020 Myanmar Christian Testimony | ကျော်ကြားမှုနဲ့ အောင်မြင်မှုဟာ နာကျင်စရာတွေကို ယူဆောင်လာခဲ့တယ်

2020 Myanmar Christian Testimony | ကျော်ကြားမှုနဲ့ အောင်မြင်မှုဟာ နာကျင်စရာတွေကို ယူဆောင်လာခဲ့တယ်

357 |04.12.2020

အဓိကဇာတ်ကောင်မှာ လူသားတို့သည် တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိသောဘဝကို ရရှိရန်အတွက် အောင်မြင်မှုနဲ့ အသိအမှတ်ပြုခံရမှု ရှိကိုရှိရမည်ဟု ယုံကြည်သူ ဆရာဝန်တစ်ဦးဖြစ်သည်။ သူမနှင့် အရည်အချင်း အဆင့်အတန်းတူသူများထက် ပိုသာရန်အလို့ငှာ သူမသည် ဆယ်နှစ်ကျော်ကြာအောင် နေ့ရောညပါ လေ့လာပြီး အလုပ်လုပ်ခဲ့သည်။ တစ်ခါတစ်ရံ ၂၄ နာရီလုံးလုံး မရပ်မနားပင်ကြိုးစားခဲ့ပြီး အော်ပရေးရှင်းတွင် အမှားလုပ်မိပြီး သူမနာမည်ပျက်မည်ကို အချိန်ပြည့်ကြောက်ရွံ့နေခဲ့သည်။ အလုပ်အလွန်အကျွံလုပ်ခြင်းနှင့် စိတ်ဖိစီးမှုအလွန်များခြင်းကြောင့် အိပ်မပျော်ခြင်း၊ ဗိုက်အောင့်ခြင်း၊ သည်းခြေအိတ်ရောင်ရမ်းခြင်း နှင့် အခြားဖျားနာမှုအသေးစားတို့ကြောင့် မခံမရပ်နိုင်အောင် နာကျင်ခံစားခဲ့ရသည်။ သူမဘဝတစ်လျှောက်လုံး အခြားလူများထက်သာအောင်ကြိုးစားခဲ့သော်လည်း အဘယ်ကြောင့် ကြီးစွာသောဝမ်းနည်းမှုနှင့် နာကျင်မှုတို့ကိုသာ ပြန်လည်ရရှိခဲ့သနည်းဆိုသည်ကို သူမနားမလည်ခဲ့ပေ။ အဓိပ္ပာယ်ရှိတဲ့ဘဝတစ်ခုကို ဘယ်လိုရနိုင်မလဲ ဟု သူမတွေးမိသည်။ ကျော်ကြားမှုနှင့် အောင်မြင်မှုဆိုသည်မှာ လူသားများကို အကျင့်ပျက် ထိခိုက်စေရန် စာတန် အသုံးပြုသည့် ကိရိယာတစ်ခုဖြစ်သည်ဆိုသည်ကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို သူလက်ခံလိုက်သည့်အချိန်မှသာ သိမြင်လာပါသည်။ ဘုရားသခင်၏ ညွှန်ကြားမှုနှင့် အစီအမံများကိုလိုက်နာခြင်း၊ ဘုရားသခင်ကိုသိရှိရန်ကြိုးစားခြင်းနှင့် ဖန်ဆင်းခံတစ်ဦး၏ အမှုတော်ကိုကျေပွန်အောင်ထမ်းဆောင်ခြင်းတို့မှသာ အဓိပ္ပါယ်ရှိသောဘဝကိုနေထိုင်နိုင်မည်ဖြစ်ကြောင်းကို သူမနားလည်လာခဲ့ပါသည်။

နောက်ထပ်ပြပါ။
ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်