Myanmar Christian Song - ခရစ်တော်နောက်ကို လိုက်ခြင်းသည် ဘုရားသခင် စီမံခြင်းဖြစ်သည်

07.02.2021

ကျွန်ုပ်တို့ ခရစ်တော်နောက်ကို လိုက်ပြီး စမ်းသပ်မှုများနှင့် အတိဒုက္ခများကို ကျော်ဖြတ်ဖို့ ဘုရားသခင် စီမံပြီး ဖြစ်သည်။

ကျွန်ုပ်တို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်လျှင်၊

သူ၏အချုပ်အခြာအာဏာနှင့် စီစဉ်မှုများကို ကျွန်ုပ်တို့ ကျိုးနွံနာခံသင့်သည်။

စမ်းသပ်မှုများနှင့် အတိဒုက္ခများကို ခံစားခြင်းသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ခံစားခြင်း ဖြစ်သည်။

ထို့အပြင် လမ်းကြောင်းက ကြမ်းတမ်းလေလေ၊ ငါတို့၏ ချစ်သော နှလုံးသားများကို

ထုတ်ဖော်ပြနိုင်လေလေ ဖြစ်သည်ဟု ဘုရားသခင်က ပြောလေသည်။

ယနေ့ ကျွန်ုပ်တို့ လျှောက်သည့် လမ်းကြောင်းကို ဘုရားသခင် ကြိုတင်ပြဌာန်းထားခဲ့သည်။

နောက်ဆုံးသောကာလ ခရစ်တော်နောက်ကို လိုက်ခြင်းသည် အကြီးမားဆုံး ကောင်းကြီးမင်္ဂလာသာ ဖြစ်သည်။

ကျွန်ုပ်သည် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို တွေ့ကြုံပြီး

စမ်းသပ်မှုများနှင့် အတိဒုက္ခများ၏ နာကျင်မှုများကို ခံစားသည်၊

သို့ရာတွင် ဘုရားနှုတ်ကပတ်တော်များ၌ နှစ်သိမ့်မှုကို ကျွန်ုပ် မြည်းစမ်းရပြီး

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကောင်းကြီးမင်္ဂလာများကို တွေ့ဖူးပြီ ဖြစ်သည်။

သူ၏မျက်မှောက်တော်ကို ကျွန်ုပ် ပျော်မွေ့ပြီး စစ်မှန်သော ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကို ရရှိသည်။

ဘုရားနှုတ်ကပတ်တော်များ၏ အထောက်အပံ့ကြောင့်၊

ကျွန်ုပ်၏ သက်သေခံချက်တွင် ခိုင်မာစွာရပ်တည်ဖို့ ကျွန်ုပ်၌ စိတ်ချယုံကြည်မှု ရှိပေသည်။

အန္တရာယ် အခိုက်အတန့်များတွင်၊ သေခြင်းတရားကို ကျွန်ုပ် တည်ငြိမ်စွာ ရင်ဆိုင်သည့်အခါ၊

ဘုရားသခင်၏ လက်တော်ကို ကျွန်ုပ် တွေ့သည်။

ဘုရားသခင်သည် ကျွန်ုပ်နှင့်အတူ တိတ်တဆိတ် အစဉ် ရှိနေသည်။

ဘုရားသခင်၏နှုတ်ကပတ်တော်များသည် ကျွန်ုပ်၏ ခွန်အားဖြစ်သည်။

ယင်းတို့က ကျွန်ုပ်အား ယနေ့တိုင် အစဉ် လိုက်လျှောက်စေသည်။

ခရစ်တော်သည် အလွန် ချစ်ဖွယ်ကောင်းသည်၊ သူသည် ကျွန်ုပ်၏ ဘုရားသခင် ဖြစ်သည်။

ခရစ်တော်သည် အလွန် ချစ်ဖွယ်ကောင်းသည်၊ သူသည် ကျွန်ုပ်၏ ဘုရားသခင် ဖြစ်သည်။

ဘုရားသခင်သည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် များစွာ ဒုက္ခခံစားရသည်။

လူသားဖြစ်သည်နှင့်အညီ၊ ကျွန်ုပ်သည် ဘုရားသခင်အတွက် ကျွန်ုပ်၏ အသက်တာကို ရှင်သန်သင့်သည်။

လူသားဖြစ်သည်နှင့်အညီ၊ ကျွန်ုပ်သည် ဘုရားသခင်အတွက် ကျွန်ုပ်၏ အသက်တာကို ရှင်သန်သင့်သည်။

ဘုရားသခင်ကို ကျွန်ုပ်၏စိတ်နှလုံးဖြင့် ချစ်ပြီး သူ့ကို သက်သေခံဖို့-

ယင်းက ကျွန်ုပ် သွားသင့်သည့်လမ်းဖြစ်သည်။

ဘုရားသခင်ကို ချစ်ခြင်းအား လိုက်စားခြင်း၌၊

မည်သည့် အခက်အခဲမဆိုသည် သည်းခံထိုက်သည်ထက် ပိုပေသည်။

ခရစ်တော်နောက်ကို တစ်လျှောက်လုံး လိုက်ရာ၌၊ ကျွန်ုပ်သည် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင်ရသည်။

ခရစ်တော်သည် သမ္မာတရားဖြစ်ပြီး လက်တွေ့ကျသည့် ဘုရားသခင် ဖြစ်သည်။

ကျွန်ုပ်သည် ဘုရားသခင်ကို ထာဝရ ချစ်မည် ဖြစ်ပြီး သူ့ကို ရာသက်ပန် သက်သေခံမည်။

ကျွန်ုပ်သည် ဘုရားသခင်ကို ထာဝရ ချစ်မည် ဖြစ်ပြီး သူ့ကို ရာသက်ပန် သက်သေခံမည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဉ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။