Christian Dance (အသက်တာတွင် အကြီးမြတ်ဆုံးသော ကောင်းချီးမင်္ဂလာ)

28.09.2024

အနန္တတန်ခိုးရှင် ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြပြီး အမှု ဆောင်ရွက်ရန် ပေါ်ထွန်း။

သူ့အသံတော်ကို ကျွန်ုပ်တို့ ကြားပြီး စားတော်ပွဲကို တက်ရောက်။

သူ့နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ စားသောက်မွေ့လျော်ပြီး အသက်တာ၏ နက်နဲဆန်းကြယ်မှုများကို နားလည်။

နောက်ဆုံးသော ကာလ၏ ခရစ်တော်နောက် လိုက်လျှောက်ရခြင်းအတွက် ကျွန်ုပ်တို့

ကောင်းချီးမင်္ဂလာ ရှိလိုက်လေခြင်း။

အို ချစ်မြတ်နိုးရပါသော အနန္တတန်ခိုးရှင် ဘုရားသခင်၊

ကျွန်ုပ်တို့ကို ဤကမ္ဘာမှ ခွဲထုတ်ပေး၍ စာတန်၏ စွမ်းအားမှ လွတ်မြောက်စေသောအရာမှာ

ကိုယ်တော်၏ ကြိုတင်ပြဋ္ဌာန်းမှုနှင့် ရွေးချယ်မှုဖြစ်သည်။

ဘုရားနှုတ်ကပတ်တော်၏ ရေလောင်းပေးခြင်းနှင့် ပေးအပ်ပံ့ပိုးခြင်းဖြင့်

ကျွန်ုပ်တို့ ဘုရားရှေ့မှောက် အသက်ရှင်နေထိုင်၊

အသင်းတော် အသက်တာကို နေထိုင်ပြီး ဘဝတွင် မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်း။

အနန္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်းရာတွင် ကျွန်ုပ်တို့ သီဆိုကခုန်။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို သမ္မာတရားနှင့် အသက်ကို ပေးကမ်း။

ကျွန်ုပ်တို့၏ စိတ်နှလုံးများတွင် ဘုရားသခင်ကို ချစ်မြတ်နိုးပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကိုးကွယ်။

ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန် ကျွန်ုပ်တို့ ခိုင်လုံစွာ သက်သေခံ။

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ စားသောက်သောအခါ သမ္မာတရားကို နားလည်ပြီး

ယုံကြည်ခြင်းနှင့် ပြည့်လာ။

ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန်နှင့် ကျွန်ုပ်တို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန်

အရာခပ်သိမ်းကို ကျွန်ုပ်တို့ စွန့်လွှတ်

အန္တရာယ် သို့မဟုတ် အခက်အခဲများကို ကြောက်ရွံ့ခြင်းမရှိဘဲ နိုင်ငံတော် ဧဝံဂေလိတရားကို ကျွန်ုပ်တို့ ဖြန့်ဝေ။

ကျွန်ုပ်တို့၏ တာဝန်များကို သစ္စာစောင့်သိခြင်းဖြင့် ကောင်းမွန်စွာ ထမ်းဆောင်ကာ

ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်စေမည်။

အို ချစ်မြတ်နိုးရပါသော အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကြား အသက်ရှင်နေထိုင်ပါသည်။

ကိုယ်တော်သည် သမ္မာတရားများစွာကို ဖော်ပြ၍ ကျွန်ုပ်တို့၏ စိတ်နှလုံးများကို သိမ်းပိုက်ပါသည်။

ကိုယ်တော်သည် ကျွန်ုပ်တို့ကို တရားစီရင်၍ ပြစ်တင်ဆုံးမကာ ဒုက္ခခံစားမှုမှတစ်ဆင့် ကျွန်ုပ်တို့ကို စစ်ဆေးပြီး

သန့်စင်၍ ပြောင်းလဲပေးပါသည်။

ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းသည် လူ၏ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်ပါသည်။

ဘုရားသခင်၏ ကြောက်ရွံ့ရိုသေဖွယ်ကောင်းခြင်း၊

ကြင်နာခြင်းနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းတို့ကို ကျွန်ုပ်တို့ သိရှိရန် လာရောက်ပြီး

ဘုရားသခင်ရှေ့မှောက် ထာဝရ ကျိုးနွံနာခံကြသည်။

ကျွန်ုပ်တို့ကိုယ်ကိုယ် ဘုရားသခင်၏ လက်ထဲ လုံးဝထားရှိပြီး

ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် ပြင်ဆင်ထား​ရှိမှုများကို ကျိုးနွံနာခံ။

ဘုရားသခင်၏ အလိုတော် ပြည့်စုံပါစေ။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။