Myanmar Christian Dance (အနန္တတန်ခိုးရှင်ကြွဆင်းလာခဲ့တာ ကောင်းမြတ်လှပေစွ)

04.03.2024

လူ့ဇာတိခံဘုရားနှင့် ဆုံတွေ့ရတာ မင်္ဂလာရှိ လိုက်တာ နောက်ဆုံးသောကာလ

ခရစ်တော် ပေါ်ထွန်းလာပြီး အမှုတော်ဆောင်ရွက်။

စစ်ကြောစီရင်ခြင်းကို ယူဆောင်လာပြီး သမ္မာတရားကိုဖော်ပြ။

လူကိုကယ်တင်ဖို့ သူ ကိုယ်တိုင် အမှုတော်ဆောင်ရွက်။

သူ့တွင် ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းရှိသည်။ သူသည် အလွန်သာမန်ဖြစ်လေသည်။

သူသည် စကားပြောပြီး ရယ်မောတတ်သည်။ သူသည် အလွန် လက်တွေ့ကျ၏။

လူ့ဇာတိခံယူခြင်း၏အဓိပ္ပာယ် လွန်စွာလေးနက်လှသည်မှာ

ကျွန်ုပ်တို့ကို လက်တွေ့ကျသော ဘုရားသခင်ကို တွေ့မြင်ခွင့်ပေး၏။

ကျွန်ုပ်တို့သည်လည်း အနန္တတန်ခိုးရှင်ဘုရားကို တွေမြင်ရတာ ဂုဏ်ယူဝမ်းမြောက်။

ကိုးကွယ်ခြင်းအားဖြင့် ပျော်ရွှင်ခြင်းကို ကျွန်ုပ်တို့တွေ့ရှိ။

သူ့ကိုချီးမွမ်းခြင်းသည် ကျွန်ုပ်တို့ စိတ်ကို လွန်စွာပေါ့ပါးလွတ်လပ်စေပါသည်။

သူ့ကိုကျွန်ုပ်တို့သိကျွမ်းသည့်အတွက် ကျွန်ုပ်တို့ ဘဝသည် အချည်းနှီးမဟုတ်ပါ။

နောက်ဆုံးသောကာလတွင် ဘုရားသည် လူ့ဇာတိ၌ ပေါ်ထွန်းလာ၏။

သူ့ကိုချစ်သောသူတို့အား သူကိုယ်တော်တိုင် စုံလင်အောင် ပြုလုပ်ပေးသည်။

သူ၏နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များသည် သူ၏လူများအပေါ် သမ္မာတရားနှင့် အသက်ကို

အပ်နှင်းပေးရင်း ထိန်းကျောင်းပေးသည်။

ဘုရားနှုတ်ကပတ်တော်သည် လူကို ထုတ်ဖော်သည်ဖြစ်စေ၊ တိုက်တွန်းနှိုးဆော်သည်ဖြစ်စေ။

လူတို့ကို ကယ်တင်ဖို့နှင့် သန့်စင်စေဖို့အတွက် ဖြစ်ပါသည်။

ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ကျွန်ုပ်တို့ တွေ့ကြုံခံစားရပြီး

သူ၏ သန့်စင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို တွေ့မြင်ရသည်။

ဘုရားရှင်သည် လူတို့အတွက် ဒုက္ခခံစားခဲ့ပြီး လူတို့၏ အားနည်းချက်ကို နားလည်ပေးသည်။

သူ၏နှုတ်ကပတ်တော်သည် လူကို ထောက်ပံ့ပေးကာ အလင်းပြပေး၏။

လူကိုယုံကြည်ခြင်းပေးကာ အလင်းထဲကို သူယူဆောင်ပေးခဲ့သည်။

သူတို့၏ ချို့ယွင်းမှုကို ပြုပြင်ပေးကာ သူတို့ကို တစ်လှမ်းချင်း လမ်းပြပေးသည်။

ဘုရားသခင်သည် လူတို့၏ ဆင်းရဲဒုက္ခကို

တွေ့ကြုံခံစားပြီး ၎င်းတို့ ပြစ်တင်ဆုံးမခြင်း ခံရသည့်အချိန်တွင် လူတို့အနားတွင် ရပ်တည်ပေး၏။

သူသည် လူ၏ဘဝအတွက် အစဉ်အမြဲ ဂရုစိုက်သည်။

လူသားမျိုးနွယ်ကို ဘုရားသခင်သာ အချစ်ဆုံးဖြစ်၏။

သူသည် ငြင်းပယ်ခြင်းကို သိုသိပ်စွာ ခံယူသည်။

ဆင်းရဲဒုက္ခရောက်သည့်ချိန်၌ သူသည် လူနဲ့အတူ ရှိနေပေးသည်။

ရှေ့ဆက်လမ်းခရီးကို ဦးဆောင်လမ်းပြပေးရန် သူသည် အတားအဆီးအားလုံးကို အောင်မြင်ကျော်လွှားလေသည်။

အနန္တတန်ခိုးရှင်ဘုရားသခင်၏ ပုံသဏ္ဌာန်သည် ကျွန်ုပ်ကို လှုံ့ဆော်ပေးသည်။

ရှေးအချိန်ကတည်းက လက်တွေ့ကျသော ဘုရားသခင်ကို မြင်တွေ့ရသည်မှာ ရှားလှပေသည်။

ဘုရားသခင်နှင့် ကျွန်ုပ်တို့ အတူရှိရသော အချိန်ကောင်းကို ကျွန်ုပ်တို့ မြတ်နိုးသင့်သည်။

ယခုအချိန်သည် ဘုရားသခင်၏ချစ်ဖွယ်ကောင်းခြင်းကို သိဖို့ ကျွန်ုပ်တို့၏အခွင့်အရေး ဖြစ်ပါသည်။

ကျွန်ုပ်တို့အားလုံး အနန္တတန်ခိုးရှင်ဘုရားသခင်ကို သိကျွမ်းဝင် လာကြပါစေ။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။