Myanmar Testimony Video - ဖွင့်ထားသော စာစောင်ကို ကျွန်ုပ် တွေ့ခဲ့ရပြီ

31.10.2020

အဓိက ဇာတ်ကောင်သည် သမ္မာကျမ်းစာကို ကျွမ်းကျင်သော ဘာသာရေးလိုက်စားသည့် ခရစ်ယာန်တစ်ယောက်ဖြစ်သည်။ သူ၏ သင်းအုပ်ဆရာက ဘုရားနှုတ်ကပတ်တော်အားလုံးသည် သမ္မာကျမ်းစာတွင်ရှိပြီး သမ္မာကျမ်းစာပြင်ပတွင် မည်သည့် ဘုရားနှုတ်ကပတ်တော်မျှမရှိဟု မကြာခဏပြောသည်ကို သူ ကြားရသည်။ သခင် ပြန်ကြွလာပြီဖြစ်ပြီး နှုတ်ကပတ်တော်အသစ်တို့ကို မိန့်မြွက်ပြီးဖြစ်သည်ကို သူ ကြားရသည့်အခါ သူ့၏ အယူအဆများကို ဖက်တွယ်ထားပြီး မရှာဖွေချင်၊ မစူးစမ်းချင်ခဲ့ပေ။ သို့သော် မကြာခင်တွင် သူ၏ မိတ်ဆွေနဲ့ မိသားစုဝင်တို့သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို စူးစမ်းလေ့လာခြင်းနှင့် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို ဖတ်ခြင်းမှ တစ်ဆင့် သမ္မာတရားများစွာကို နားလည်လာခဲ့သည်ကို သူ သိရှိလိုက်ရသည်။ ဤအခြင်းအရာကို အားကျပြီး သူသည် သူကိုယ်တိုင် စူးစမ်းလေ့လာဖို့ ဆုံးဖြတ်ခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို ဖတ်ပြီးနောက်တွင် ၎င်းတို့သည် အမှန်တကယ်ပင် ဗျာဒိတ်ကျမ်း၌ ပရောဖက်ပြုထားခဲ့သော စာစောင်ဖြစ်သည်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်မှ အသင်းတော်တို့အား မိန့်ကြားသည့် အရာများဖြစ်သည်ဆိုသည်ကို သူ သေချာသွားခဲ့သည်။ သမ္မာကျမ်းစာတွင် ဘုရားနှုတ်ကပတ်တော်၏ အစိတ်အပိုင်း အနည်းငယ်သာပါဝင်ပြီး လူတို့သည် ဘုရားသခင်၏ လုပ်ဆောင်မှုနှင့် နှုတ်ကပတ်တော်တို့ကို ကျမ်းစာအတွင်းပါဝင်သောအရာများဖြင့် ကန့်သတ်ခြင်းမပြုသင့်သည်ကိုလည်း သူ နားလည်သဘောပေါက်သွားသည်။ ထို့နောက်တွင် သူသည် အနန္တတန်ခိုးရှင်ဘုရားသခင်သည် ပြန်လည်ကြွရောက်လာသည့် သခင်ယေရှုဖြစ်သည်ဆိုသည်ကို သံသယမရှိတော့ဘဲ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံသွားသည်။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။