Christian Dance (ရိုးသားသူတစ်ဦးဖြစ်ရခြင်းသည် အလွန်ဝမ်းမြောက်ဖွယ် ဖြစ်သည်)

07.02.2025

သမ္မာတရားကို နားလည်ခြင်းက ကျွန်ုပ် ဝိညာဉ်ကို လွတ်မြောက်စေ၊ ကျွန်ုပ်ကို ဝမ်းမြောက်စေ။

ကျွန်ုပ်သည် ဘုရားနှုတ်ကပတ်တော်ကို ယုံကြည်ခြင်းဖြင့် ပြည့်ဝပြီး သံသယများ မရှိ။

ကျွန်ုပ်သည် အပျက်သဘောဆောင်ခြင်းမရှိ၊ နောက်မဆုတ်၊ လုံးဝ စိတ်ပျက်အားငယ်ခြင်းမရှိ။

ကျွန်ုပ်၏ တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ပြီး ဇာတိပကတိအားဖြင့် ဘောင်ခတ်ခြင်း မခံရ။

ကျွန်ုပ်၏ အစွမ်းအစ နိမ့်ကျသော်လည်း ရိုးသားသော စိတ်နှလုံးရှိသည်။

အရာရာ၌ စည်းမျဉ်းများနှင့်အညီ ကျွန်ုပ် ပြုမူဆောင်ရွက်ပြီး

ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် ဆောင်ရွက်။

သမ္မာတရားကို ကျွန်ုပ် လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံကာ ရိုးသားသူတစ်ဦးဖြစ်ရန် ကြိုးစားသည်။

ကျွန်ုပ်သည် အလင်း၌ အသက်ရှင်လျက် ပွင့်လင်းပြီး ဖြောင့်မှန်ကာ လှည့်စားခြင်းမရှိ။

ရိုးသားသောလူများ လာကြ၊ ရင်းနှီးပွင့်လင်းစွာ ပြောဆိုကြစို့။

ဘုရားကို ချစ်သူအားလုံး မိတ်ဆွေကောင်းများကဲ့သို့ အတူပေါင်းစည်းပြီး စုပေါင်းကြလော့။

သမ္မာတရားကို ချစ်သော လူများအားလုံးသည် ညီအစ်ကိုမောင်နှမ များသာ။

အို ပျော်ရွှင်သူများ၊ ဘုရားရဲ့ ချီးမွမ်းခြင်းမှာ လာရောက် သီဆိုကာ ကခုန်ကြလေ။

ရိုးသားသူတစ်ဦးဖြစ်ရခြင်းသည် အလွန်ဝမ်းမြောက်ဖွယ် ဖြစ်သည်။

ဘုရားရဲ့ နှုတ်ကပတ်တော်များကို စားသောက်ရင်း၊

သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းက ကျွန်ုပ်ကို ပျော်ရွှင်စေ။

ဘုရားသခင်ထံ မကြာခဏဆုတောင်းကာ ရင်းနှီးခြင်းက ကျွန်ုပ်အား တုနှိုင်းမရသော ဝမ်းမြောက်မှုကို ဆောင်ကြဉ်းပေး။

သမ္မာတရားအား နားလည်ခြင်းက ကျွန်ုပ်အတွက် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ပေးအပ်ပြီး

ကျွန်ုပ်သည် ဘောင်ခတ်ခြင်း မခံရတော့ပေ။

ဇာတိပကတိ၏ အနှောင်အဖွဲ့အားလုံးကို ခါချခြင်းမှာ ဘုရားကျေးဇူးတော်အားဖြင့် ဖြစ်သည်။

ကျွန်ုပ်သည် ဘုရားနှုတ်ကပတ်တော်အတွင်း အသက်ရှင်ရပြီး

ကျွန်ုပ်၏ နံဘေး၌ ဘုရားသခင်ရှိသည်မှာ အလွန်ပင် ကောင်းချီးခံစားရသည်။

အချင်းချင်းချစ်ဖို့က အင်မတန် ဝမ်းမြောက်စရာဖြစ်တာ စိတ်သဘောညီစွာ လုပ်ဆောင်ရန်မှာ

အင်မတန် ဝမ်းမြောက်စရာဖြစ်ပေ။

ကျွန်ုပ်သည် ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံလျက်ဖြင့်

သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို ပျော်မွေ့သည်။

ကျွန်ုပ်သည် တဖြည်းဖြည်းချင်းဖြင့် သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ပြီး

ကျွန်ုပ်၏ အသက်တာ ကြီးထွားသည်။

ရိုးသားသောလူများ လာကြ၊ ရင်းနှီးပွင့်လင်းစွာ ပြောဆိုကြစို့။

ဘုရားကို ချစ်သူအားလုံး မိတ်ဆွေကောင်းများကဲ့သို့ အတူပေါင်းစည်းပြီး စုပေါင်းကြလော့။

သမ္မာတရားကို ချစ်သော လူများအားလုံးသည် ညီအစ်ကိုမောင်နှမ များသာ။

အို ပျော်ရွှင်သူများ၊ ဘုရားရဲ့ ချီးမွမ်းခြင်းမှာ လာရောက် သီဆိုကာ ကခုန်ကြလေ။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။