နိုင်ငံတော်ဘုရင်၏မျက်နှာတော် အနှိုင်းမဲ့ ဘုန်းကျက်သရေရှိတော်မူ

နိုင်ငံတော်ဘုရင်၏မျက်နှာတော် အနှိုင်းမဲ့ ဘုန်းကျက်သရေရှိတော်မူ

617 |12.09.2020

ဘုရားကမ္ဘာမြေပေါ် အသစ်သောစတင်ခြင်းပြု၊

မြေကြီးပေါ်သူ့ဘုန်းတော် ထင်ရှား။

နောက်ဆုံးလှပတဲ့ မြင်ကွင်းကြောင့်

ဘုရားရဲ့ နှလုံးသား ထဲစိတ်လှုပ်ရှားမှုဖြစ်။

"ငါ၏နှလုံးသည် ခုန်လျက်ရှိပြီး ငါ၏ နှလုံးခုန်သံ စည်းချက်များအတိုင်း

တောင်များသည် ဝမ်းမြောက်ခြင်းဖြင့် ခုန်ပေါက်ကြသည်၊ ရေတို့သည် ဝမ်းမြောက်ခြင်းဖြင့် ကခုန်ကြပြီး

ရေလှိုင်းများသည် စည်းဝါးအတိုင်း သန္တာကျောက်တန်းများပေါ်တွင် ရိုက်ခတ်ကြလေသည်။"

သူ့နှလုံးသားကိုမိန့်ကြားဘို့ သူအတွက်ခက်ခဲ

သူပြုခဲ့သောအရာသည် ဘုရားစီမံထားသောအရာဖြစ်

ထိုအရာကိုဘုရားသခင် ကြိုစီမံခဲ့တာ။

ထိုအရာဟာလူတို့ကိုဘုရားသခင် မြင်စေ၊ တွေ့ကြုံစေလိုသောအရာပါ

နိုင်ငံတော်ရဲ့မြင်ကွင်းဟာအလွန်ကိုဘဲ လှပ

နိုင်ငံတော်ဘုရင်ဟာအနိုင်ရသူပါ။

ဦးခေါင်းမှ ခြေမထိ အသွေးအသားအစအနမရှိ၊

သူ့တစ်ကိုယ်လုံးသန့်ရှင်း၊ သန့်ရှင်းမြင့်မြတ်။

သူ့ခန္ဓာဟာ မြင့်မြတ်သောဘုန်းအသရေနှင့်တောက်ပ၊ လူ့အတွေးများနှင့် မစွန်းထင်းပါ။

ဦးခေါင်းမှ ခြေမထိသူ့ခန္ဓာဟာ

ဖြောင့်မတ်ခြင်းနှင့် ပြည့်လျှံ။

နှစ်လိုဖွယ် မွှေးရနံ့ စီးဆင်းထွက်ပေါ်

ရှောလမုန်သီချင်းထဲကချစ်ရသူပမာ

သူဟာသူတော်စင် များထက်လှပတယ်

ရှေးသူတော်စင်များထက် မြင့်မြတ်

သူဟာလူသားမျိုးနွယ်ကြားစံနမူနာ၊ လူသားနှင့် နှိုင်းလို့မရသူဖြစ်။

လူဟာသူ့အားငေးမော ကြည့်ရန် မထိုက်တန်။

သူ့ မျက် နှာ တော် ကိုအထင်းသားမမြင်နိုင်၊

သူ့အဆင်းသဏ္ဍာန်၊ သူ့ရုပ်ပုံကိုလည်းမတွေ့ရ။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်