ဘုရားသည် လူတို့အား မှန်သောအသက်လမ်းကြောင်းပေါ်သို့ ဦးဆောင်လမ်းပြ၏
06.06.2020
၁
ဘုရားသခင်သည် လူတို့အား
မှန်သောအသက်လမ်းကြောင်းပေါ်သို့
လမ်းပြကြောင်း ယနေ့ သင်တို့တစ်ဦးချင်း သိကြ၏။
လူသည် ဤအမှောင်ခေတ်ဟောင်းကို ချန်ကာ
အခြားသောခေတ်ထဲသို့ နောက်တစ်ဆင့်လှမ်းဖို့
သူလမ်းပြလျက်နေ၏။
သူသည် လူတို့အား ဇာတိပကတိမှထွက်ကာ
အမှောင်စွမ်းအား နှင့် စာတန်လွှမ်းမိုးမှု
ထမ်းပိုးမှလွတ်ရန် လမ်းပြသောကြောင့်
လူတစ်ဦးတိုင်း၊ အယောက်တိုင်း
လွတ်လပ်သော ကမ္ဘာတစ်ခုထဲ၌ အသက်ရှင်ကြ၏။
လှပသောမနက်ဖြန်အဖို့အလို့ ငှာ
လူတို့သည် သူတို့၏ ခြေလှမ်းများတွင် ပို၍ရဲရင့်ခြင်း ရှိဖို့
ဘုရား၏ဝိညာဉ်တော်သည်
လူသားအတွက် အရာခပ်သိမ်းကို စီမံ၏။
ထို့အပြင် လူ၌ ကြီးမားသောဝမ်းမြောက်ခြင်း ရှိရန်
ဘုရားသည် သူ၏အစွမ်းရှိသမျှတို့အား
အသွေးခန္ဓာ၌ မြှုပ်နှံကာ
လူတို့၏ အနာဂတ်လမ်းကြောင်းကို ပြင်ဆင်ပြီး
လူတို့ တောင့်တနေသည့်
ကြွလာမည့်နေရက်အတွက်စိုင်းပြင်းလျက်ရှိ၏
၂
ထိုမျှလောက် လှပသောအခိုက်အတန့်ကို
သင်တို့ မြတ်နိုးထားမည်လော။
ဘုရားနှင့်ကြုံဆုံရန် ခက်ခဲပေ။
သင်သည် သူ့ကို မသိခဲ့ဖူးသော်လည်း
သူနှင့်အတူ အချိန်ကြာရှည်စွာ သင် ရှိနေခဲ့ပြီးဖြစ်သည်။
အကယ်၍ အယောက်တိုင်းသည်
ဤလှပသည့် တစ်ခဏတာ နေ့များကိုသာ မှတ်မိလျှင်
ထိုနေ့ရက်များကို ဘယ်တော့မှ သူတို့
မေ့တော့မည်မဟုတ်ဘဲ မြေကြီးပေါ်၌
သူတို့၏ရတနာအဖြစ် သတ်မှတ်ကြပေမည်။
လှပသောမနက်ဖြန်အဖို့အလို့ ငှာ
လူတို့သည် သူတို့၏ ခြေလှမ်းများတွင် ပို၍ရဲရင့်ခြင်း ရှိဖို့
ဘုရား၏ဝိညာဉ်တော်သည်
လူသားအတွက် အရာခပ်သိမ်းကို စီမံ၏။
ထို့အပြင် လူ၌ ကြီးမားသောဝမ်းမြောက်ခြင်း ရှိရန်
ဘုရားသည် သူ၏အစွမ်းရှိသမျှတို့အား
အသွေးခန္ဓာ၌ မြှုပ်နှံကာ
လူတို့၏ အနာဂတ်လမ်းကြောင်းကို ပြင်ဆင်ပြီး
လူတို့ တောင့်တနေသည့်
ကြွလာမည့်နေရက်အတွက်စိုင်းပြင်းလျက်ရှိ၏
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ