Myanmar Testimony Video - ဝေဖန်မှုမှ သင်ယူခြင်း
27.02.2022
အဓိကဇာတ်ဆောင်သည် ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ ခေါင်းဆောင်အချို့သည် လက်တွေ့အလုပ်ကိုမလုပ်ကြဘဲ အယောင်ဆောင်ခေါင်းဆောင်များ ဖြစ်သည်ဟု အစ်မလုက ညီအစ်ကိုမောင်နှမများရှေ့တွင် ပြောနေသည်ဟု လူတစ်ယောက်က သူမအား တိုင်ကြားသည်။ ဤသည်ကို ကြားပြီးနောက်တွင် သူမသည် အစ်မလုက ခေါင်းဆောင်များထံသို့ လုပ်ရုံးလုပ်စဉ်အတိုင်း မတင်ပြခဲ့ဘဲ ခေါင်းဆောင်များနောက်ကွယ်တွင် ညီအစ်ကိုမောင်နှမများအား ပြောပြခဲ့သောကြောင့် အစ်မလုသည် ခေါင်းဆောင်များကို ဝေဖန်နေခြင်းဖြစ်ပြီး မာနထောင်လွှားသော စိတ်သဘောထားတစ်ခုရှိသည်ဟု သူမက ခံစားရသည်။ ထို့ကြောင့် သူမသည် အစ်မလုအား စတင်၍ လေ့လာစုံစမ်းခဲ့ပြီး သူမကို သတိပေးလိုက်သည်။ ဤသို့ဖြင့် အစ်မလုသည် လူစားလဲခံရသည်။ အဓိကဇာတ်ဆောင်၏ ခေါင်းဆောင်သည် အခြေအနေကို သိရသောအခါ အစ်မလုကို သူမ ဖိနှိပ်သည်ဟု ပြောသောကြောင့် သူမသည် အစ်မလုအား ဤသို့ဆက်ဆံသည့်အတွက် ကိုင်တွယ်ဖြေရှင်းခံရသည်။ ထို့ကြောင့် သူမသည် သမ္မာတရားကို ရှာဖွေပြီး မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရန်အတွက် ဘုရားရှေ့သို့ သွားခဲ့သည်။ ဤပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းမှတစ်ဆင့် မည်သည့် သင်ခန်းစာကို သူမ သင်ယူရသနည်း။ သူမကိုယ်သူမအကြောင်း မည်သည့် အသိပညာကို သူမရရှိသနည်း။ သိရှိရန်အတွက် ဤဗီဒီယိုကို ကြည့်ရှုပါ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ