Myanmar Testimony Video - ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း
07.11.2020
အဓိကဇာတ်ကောင်သည် သူမနှင့်အတူတာဝန်ထမ်းဆောင်သည့် တွဲဘက်ဖြစ်သူ အစ်မရှားသည် သမ္မာတရားကို မိတ်သဟာယဖွဲ့ရာတွင် သူမထက်ပိုထူးချွန်နေသည်ကိုမြင်တွေ့ပြီး မနာလိုဖြစ်လာသည်။ သူမသည် တောက်လျှောက် အစ်မရှားနဲ့လိုက်ယှဉ်နေမိပြီး အစ်မရှားကို မကျော်နိုင်သည့်အခါ သူမသည် အဆိုးမြင်လာသည်။ စိတ်ဆင်းရဲပြီး မပျော်မရွှင်ဖြစ်လာသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်မှု၊ ဖော်ထုတ်ပြသမှုတို့ကနေတစ်ဆင့် နောက်ပိုင်းတွင် ဂုဏ်သတင်း ကိုယ်ကျိုးနဲ့ အဆင့်အတန်းများနောက်ကိုလိုက်နေခြင်းသည် မှားမှန်း သူမ သဘောပေါက်လာသည်။ ဂုဏ်နဲ့ ကိုယ်ကျိုးသည် လူသားတွေကိုပျက်စီးစေဖို့၊ ချုပ်နှောင်ထားဖို့ စာတန်အသုံးပြုသည့် ကိရိယာတစ်ခုဖြစ်သည်။ ထိုအရာများနောက်ကိုလိုက်ခြင်းသည် သူမ ကိုအမြင်ကျဉ်းမြောင်းစေသည်၊ အတ္တကြီးပြီး ဆိုးယုတ်စေသည်၊ သူသည် လူသားတယောက်နှင့်မတူတော့ပေ ဆိုသည်တို့ကို ရှင်းရှင်းလင်းလင်း သိလာသည်။ သူမသည် ကိုယ့်ကိုယ်ကိုယ် စတင် မုန်းတီးလာသည်။ ပြီးလျှင် နောင်တရမိကြောင်း ဘုရားသခင်ကိုတောင်းပန်သည်။ ဂုဏ်သတင်း ကိုယ်ကျိုးနှင့် အဆင့်အတန်းကို မက်မောမှုတို့ကိုစွန့်လွှတ်လိုက်ပြီး သူမ၏တာဝန်များကို လက်တွေ့ကျကျ ဆောင်ရွက်သည်။ ထို့နောက်တွင် သူမသည် လွတ်လပ်ပေါ့ပါးပြီး ဘုရားသခင်၏တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုသည် လူသားတို့အပေါ် သူ၏ ကယ်တင်ခြင်းပဲဆိုသည်ကို သူမ တကယ်ကြုံတွေ့လိုက်ရပါသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ