Christian Dance (ကျွန်ုပ်၏စိတ်နှလုံးသည် ဘုရားသခင်ကို အမြဲချစ်မည်ဖြစ်)

08.02.2025

အို ဘုရားသခင်။ ယနေ့တွင် ကောင်းကင်နိုင်ငံတော်၏ စားတော်ပွဲကို ကျွန်ုပ်တက်ရောက်ပြီး

နိုင်ငံတော်၏ လေ့ကျင့်သင်ကြားပေးခြင်းတွင် နေ့ရော၊ ညရော ကုန်ဆုံး။

ကျွန်ုပ်သည် နေ့စဉ်နေ့တိုင်း ဘုရားနှုတ်ကပတ်တော်များကို စားသောက်၊

သမ္မာတရားကို နားလည်ပြီး မိမိ၏တာဝန်ကို ထမ်းဆောင်။

ကျွန်ုပ်သည် နေ့တိုင်း အသက်တွင် ကြီးထွားတိုးတက်ပြီး ဤသည်မှာ ဘုရားသခင်၏ အချစ်ဖြစ်။

အနန္တတန်ခိုးရှင် ဘုရားသခင်၊ အခြားသူများ မည်သည့်အရာကိုလုပ်ပါစေ ကိုယ်တော့်ကို ကျွန်ုပ်ချစ်မည်။

ကျွန်ုပ် ဧကန်အမှန် ပြောင်းလဲစေရန်အတွက် ကိုယ်တော်တောင့်တကြောင်း ကျွန်ုပ်သိ၊

ကျွန်ုပ်သည် အားနည်း၍၊ အပျက်သဘောဆောင်၍ သို့မဟုတ် ပျင်းရိ၍ မရနိုင်တော့။

ကျွန်ုပ်သည် မိမိ၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ပြီး ကိုယ်တော့်ကို စိတ်ကျေနပ်စေရန်သာ လိုလား။

အို ဘုရားသခင်။ ယနေ့တွင် ကျွန်ုပ်သည် နိုင်ငံတော်သို့သွားသည့် လမ်းကြောင်းကို လျှောက်လှမ်းနေ။

အတားအဆီးများစွာနှင့် ကျွန်ုပ်ကြုံတွေ့ရသော်လည်း ကိုယ်တော်က ကျွန်ုပ်ကို အမြဲလမ်းပြပေး။

ကျွန်ုပ်၏ ဒုက္ခခံရမှုနှင့် ကြီးစွာသော ဆင်းရဲဒုက္ခများကို ကိုယ်တော်က ခွင့်ပြုထားခြင်းဖြစ်ပြီး

ကိုယ်တော်သည် ကျွန်ုပ်အနားတွင် ရှိ။

ကျွန်ုပ်သည် စိတ်ဆင်းရဲမှု၊ အားနည်းမှု၊ ဝမ်းနည်းမှုနှင့် ရင်ကွဲနာကျမှုတို့ကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီး

စာတန်၏ ထောင်ချောက်များသို့ အကြိမ်ပေါင်းများစွာ ကျခဲ့သော်လည်း

ကိုယ်တော့်နှုတ်ကပတ်တော်သည် ကျွန်ုပ်ကို အမြဲ ယုံကြည်မှု ပေးပြီး အားပေး။

ကျွန်ုပ်သည် ကျေးဇူးမတင်ဘဲ သို့မဟုတ် မျက်ရည်မကျဘဲ အဘယ်သို့နေနိုင်မည်နည်း။

ကျွန်ုပ်သည် သေးငယ်ပြီး အားနည်းသော်လည်း ကိုယ်တော့်ကို မချစ်ဘဲ အဘယ်သို့နေနိုင်မည်နည်း။

ကျွန်ုပ်သည် ကိုယ်တော့်ကို စစ်မှန်ပြီး သန့်စင်သော အချစ်ကို ပေးလို။

စမ်းသပ်မှုများ သို့မဟုတ် ကြီးစွာသော ဆင်းရဲဒုက္ခများ မည်သို့ပင်ရှိပါစေ

ကျွန်ုပ်တွင် ကိုယ်တော့်နှုတ်ကပတ်တော် ရှိနေသရွေ့ ကျွန်ုပ်စိတ်ကျေနပ်မည်ဖြစ်။

အန္တရာယ်များ သို့မဟုတ် ကြီးစွာသော ဆင်းရဲဒုက္ခများက မည်မျှဆိုးရွားပါစေ

ရှေ့ဆက်လျှောက်ရန် ကိုယ်တော့်ကို ကျွန်ုပ်အားကိုးမည်ဖြစ်။

ကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော့်ကို အချိန်မရွေး၊ နေရာမရွေး အမြဲချစ်မည်ဖြစ်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။