Myanmar Christian Song - ဖာရိရှဲတို့ ယေရှုကို ဆန့်ကျင်ရခြင်းအကြောင်းရင်း
17.04.2021
၁
ဖာရိရှဲတို့ ယေရှုကို ဘာကြောင့်ဆန့်ကျင်လဲ သိချင်လား
ဖာရိရှဲတို့ သဘောသဘာဝကို သိချင်လား
သူတို့သည် မေရှိယအကြောင်း
စိတ်ကူးယဉ်မှုများနဲ့ပြည့်နှက်ခဲ့ကြ
အသက်၏သမ္မာတရားကို မရှာ၊
သူ၏ကြွလာခြင်းကိုသာ ယုံကြည်
ယနေ့ထိ မေရှိယကိုသူတို့ စောင့်မျှော်နေကြဆဲ၊
သမ္မာတရား၊ အသက်လမ်းကို မသိကြသေး
၂
ထိုသို့ မိုက်မဲ ခေါင်းမာပညာမဲ့သော လူတို့
ဘုရားကောင်းကြီး မည်သို့ ရနိုင်မလဲ
သူတို့ ကယ်တင်ရှင်ကို မြင်ဖို့ ဘယ်လို ဖြစ်နိုင်မလဲ
သူပြောခဲ့သော သမ္မာတရားလမ်းကို မသိ၍
ယေရှုကို သူတို့ ဆန့်ကျင်ကြ
မေရှိယ၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို
(သူတို့) နားမလည်
မေရှိယကို မမြင်တွေ့၊ သူနှင့်အတူမရှိဖူး၍
သူ့နာမကို အချည်းအနှီးချီးမွမ်းကြသည်
သူ့ ပင်ကိုသဘာဝကို အမျိုးမျိုးဆန့်ကျင်ခဲ့ကြ
၃
နာခံမှုမရှိ မှောက် မာသော သူတို့သည်
ဒီအယူဝါဒကို ခေါင်းမာစွာ ဆုပ်ကိုင် ကြ
သူ၏သွန်သင်ချက်နှင့် အခွင့်တန်ခိုးသည် အလွန်နက်နဲခဲ့လည်း
သူ့ကို မေရှိယဟု ခေါ်မှသာ သူတို့ ဝန်ခံလိုကြ
ထိုအရာများကို ဟိတ်ဟန်များသောစိတ်ကူးယဉ်မှုများအဖြစ်
လူတို့ ရှုတ်ချသင့်ပေ၏
၄
သင် ယေရှု ခရစ်တော်ကို မသိလို့
ဖာရီရှဲတို့အမှားမျိုး ထပ်မမှားနိုင်တော့ဘူးလား
သမ္မာတရား၊ အသက်လမ်းကို သင်သိမြင်နိုင်ပြီလား
သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို နားလည်တတ်ပြီလား
ခရစ်တော်ကို မဆန့်ကျင် တော့ ဘူးလို့ အာမခံနိုင်ပြီလား
အာမမခံနိုင်ရင် သင် သေမင်းရဲ့ချောက်ကမ်းပါး အ စွန်းမှာ
ရောက် နှင့် နေပြီ (ရောက် နှင့် နေပြီ)
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ