Christian Dance (ဇိအုန်သို့ ဘုရားသခင်ပြန်ကြွလာခြင်းကို ချီးမွမ်း)
07.06.2024
၁
အနန္တတန်ခိုးရှင် ဘုရားသခင် ဘုန်းကျက်သရေပြည့်စုံပေ။
သူသည် လူ့ဇာတိခံကာ အရှေ့အရပ်တွင် ပေါ်ထွန်းပြီးဖြစ်သည်။
သူသည် သမ္မာတရားကို ဖော်ပြပြီး လူသားမျိုးနွယ်ကို တရားစီရင်ကာ
ထာဝရ အသက်လမ်းခရီးကို ဆောင်ကြဉ်းသည်။
ဘုရားနှုတ်ကပတ်တော်သည် လျှပ်စီးပြက်သကဲ့သို့ ထိုးဖောက်ထွက်ပေါ်လေသည်မှာ
အနောက်အရပ်ဆီသို့၊ အနောက်အရပ်ဆီသို့ ထွန်းလင်း၏။
ကမ္ဘာမြေပေါ် လူသားကြွလာပြီ ဖြစ်သောကြောင့် အမှောင်ထဲတွင် လူတို့ မျှော်လင့်ခြင်းမြင်ရ။
၂
အနန္တတန်ခိုးရှင် ဘုရားသခင် ဘုန်းကျက်သရေပြည့်စုံပေ။
သူသည် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းတို့ဖြင့် ပြည့်နေသည်။
ဘုရားနှုတ်ကပတ်တော်သည် ဩဇာအာဏာနှင့် တန်ခိုးရှိ၏
သူ၏လူတို့ကို ယင်းက သန့်စင်ကာ ကယ်တင်ပေး။
စာတန်ကို ဘုရားက သူ၏နှုတ်ကပတ်တော်ဖြင့် အနိုင်ယူ၊
လူတစ်စုကို အောင်မြင်သူများအဖြစ် ဖန်တီးပေး။
ဘုရားသခင်ကို ကိုးကွယ်ရန် ကျွန်ုပ်တို့ ဒူးထောက်ပြီး ဇိအုန်သို့ ဘုရားသခင် ပြန်ကြွလာခြင်းကို ချီးမွမ်းကြသည်၊
ဇိအုန်သို့ ဘုရားသခင် ပြန်ကြွလာခြင်းကို ချီးမွမ်းကြသည်။
၃
အနန္တတန်ခိုးရှင် ဘုရားသခင် ဘုန်းကျက်သရေပြည့်စုံပေ။
သူ၏နှုတ်ကပတ်တော်က ကမ္ဘာမြေကြီးကို အုပ်စိုး။
ကြီးမားသော ကပ်ဘေးများက ဆိုးယုတ်သော လူသားမျိုးနွယ်ကို ဖျက်ဆီးပြီး
ဘုရားနှုတ်ကပတ်တော်က အရာခပ်သိမ်းကို ပြီးမြောက်အောင်မြင်ပေ။
အနန္တတန်ခိုးရှင်ဘုရားသည် သူ့နိုင်ငံတော်ကို ရရှိပြီ။ ကမ္ဘာမြေပေါ်သို့ သူကြွလာခဲ့ပြီ။
သူ၏ကြီးမားသော အမှုတော်သည် လုံးလုံး အပြီးသတ်ပေ။
ကမ္ဘာလောကတစ်ခုလုံး ဝမ်းမြောက်ကာ လူအပေါင်းတို့ သူ့ကို ချီးမွမ်း၊
စကြဝဠာအနှံ့ ကျယ်လောင်သော ချီးမွမ်းသံများ ပဲ့တင်ထပ်၊
ဘုန်းအသရေ အားလုံး ရရှိခြင်းအတွက် ဘုရားသခင်ကို ချီးမွမ်းကြလော့။
အသံများသည် ထာဝရ ကျယ်လောင်စွာ ချီးမွမ်းကြပေ။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ