သမ္မာတရားကို ရှာဖွေလိုက်စားခြင်းအားဖြင့် ပြဿနာအားလုံးကို ဖြေရှင်းနိုင်သည်

14.06.2020

ယခုတွင် စစ်မှန်မှုဆိုသည်မှာ သမ္မာတရားကို ရှာဖွေ လိုက်စားခြင်း၊

သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော သဘာဝကို သိကျွမ်းခြင်း၊

သင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ လွတ်မြောက်ဖို့ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းနှင့်

ဘုရားသခင်၏ စိတ်ကျေနပ်ခြင်းအဖို့ သင့်တာဝန်ကို ထမ်းဆောင် နိုင်ခြင်း တို့ဖြစ်သည်။

သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းနှင့် စစ်မှန်သော

လူတစ်ယောက်၏ ပုံသဏ္ဌာန်ကို အသက်ရှင်နေခြင်း- ဤသည်မှာ စစ်မှန်မှုဖြစ်သည်။

စစ်မှန်မှုသည် ဘုရားသခင်ကို ချစ်ခြင်း၊

ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်းတို့ ဖြစ်သည်။

ဤသည်တို့မှာ ဘုရားသခင် အလိုတော်ရှိသော ရလဒ်များ ဖြစ်သည်။

မထိတွေ့နိုင်သလို မမြင်ရသည့် အရာများကို စုံစမ်းလေ့လာ ခြင်းမှာ အသုံးမဝင်ပေ။

၎င်းတို့သည် စစ်မှန်မှုနှင့် မည်သို့မျှ မပတ်သက်ပေ၊

ထို့အပြင် ဘုရားသခင်၏အမှုတော်၏ အကျိုးသက်ရောက်မှုများနှင့်လည်း မည်သို့မျှ မပတ်သက်ပေ။

အမှန်တကယ် ဉာဏ်ရည်ဉာဏ်စွမ်းရှိသော လူများတွင် အောက်ပါ စိတ်နေသဘောထားရှိကြသည်-

“ဘုရားသခင်က ဘာပဲလုပ်ပါစေ၊ ဒါမှမဟုတ် သူက ငါ့ကို ဘယ်လိုပဲ ဆက်ဆံပါစေ၊

ငါဘယ်လောက်ပဲ အကြီးအကျယ် ဖောက်ပြန်ပျက်စီးပါစေ၊ ငါ့လူ့သဘာဝက ဘယ်လိုပဲ ဖြစ်ပါစေ၊

ငါက သမ္မာတရားကို ရှာဖွေလိုက်စားဖို့နဲ့ ဘုရားသခင်ကို သိကျွမ်းအောင်

ကြိုးစားဖို့ ငါ့သန္နိဌာန်ကနေ လမ်းလွဲမှာ မဟုတ်ဘူး။”

ဘုရားသခင်ကို သိကျွမ်းခြင်းဖြင့်သာလျှင် မိမိ၏ ဖောက်ပြန် ပျက်စီးသည့် စိတ်သဘောထားကို ဖြေရှင်းနိုင်ပြီး၊

ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ မိမိတာဝန်ကို ဆောင်ရွက်နိုင်သည်။

ဤသည်မှာ လူ့အသက်တာအတွက် ဦးတည်ချက် ဖြစ်သည်၊

ယင်းမှာ လူသားများ ရရှိဖို့ ကြိုးစားရှာဖွေသင့်သည့်အရာဖြစ်ပြီး၊

ယင်းမှာ ကယ်တင်ခြင်း ဆီသို့ တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။

ယင်းမှာ ကယ်တင်ခြင်း ဆီသို့ တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။