Myanmar Gospel - ဘေးအန္တရာယ်အတွင်းမှ ချီဆောင်ခြင်း
05.02.2024
ကျောက်ကျီကန်းသည် တရုတ်နိုင်ငံရှိ ဒေသန္တရအသင်းတော်မှ အကြီးအကဲတစ်ဦးဖြစ်သည်။ ခရစ်ယာန်များစွာကဲ့သို့ပင်၊ သခင့်ထံ ယုံကြည်သူတစ်ဦးအဖြစ် သူ၏ အကြီးမားဆုံး မျှော်လင့်ချက်မှာ အသက်ရှင်လျက် ချီဆောင်ခံရရန်၊ သခင့်ကို ဆုံတွေ့ပြီး သူနှင့်အတူ အုပ်စိုးရန်တို့ဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် အသင်းတော်ခေါင်းဆောင်က “၂၀၀၀ ခုနှစ်၌ သခင် ပြန်လာမည်ဖြစ်ပြီး၊ သူ့ကို ယုံကြည်သူတွေ အသက်ရှင်လျက် ချီဆောင်ခံရမည်” ဆိုသည့် သတင်းစကားကို ထုတ်ပြန်ပြီးနောက်တွင်၊ အရင်ထက် သူသည် ပိုမိုစိတ်လှုပ်ရှားကာ စိတ်အားထက်သန်ခဲ့သည်။ ယုံကြည်ခြင်းနှင့် စိတ်ချမှုတို့ ပြည့်လျှံနေသော သူသည် အနာဂတ်ကို မျှော်လင့်ချက်၊ မျှော်မှန်းချက်တို့ဖြင့် စောင့်မျှော်ခဲ့၏။ သို့သော် ၂၀၀၀ ခုနှစ် ရောက်ရှိလာခဲ့ကာ ကျော်လွန်ပြီးနောက်တွင်၊ သူ၏ မျှော်လင့်ချက်မှာ အားလုံးအရာမထင်ဖြစ်ရချေပြီ။ သူ၏ ဂိုဏ်းခွဲထဲတွင် မကြုံစဖူး ယုံကြည်ခြင်း ကပ်ဆိုက်သောကာလတစ်ခု ဖြစ်ပေါ်ခဲ့ကာ၊ သူ့အနေဖြင့် မှန်သောလမ်းကြောင်းကို ရွေးချယ်ခဲ့မိသလား မရွေးချယ်ခဲ့မိသလားဆိုသည်ကို မတွေးဘဲ မနေနိုင်တော့ချေ။ လမ်းပျောက်ကာ စိတ်ရှုပ်ထွေးနေသော ကျောက်ကျီကန်းနှင့် လုပ်ဖော်ဆောင်ဖက် အဖွဲ့တစ်ဖွဲ့သည် ညီအစ်ကိုကူ ဖိတ်ခေါ်လာသော တရားဟောဆရာနှစ်ယောက်နှင့်အတူ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးငြင်းခုံမိကြသည်။ ဤဆွေးနွေးချက်များသည် ၎င်းတို့၏ ဂိုဏ်းခွဲအတွင်း နှစ်ပေါင်းများစွာ ၎င်းတို့ ထိန်းသိမ်းခဲ့ကြသည့် ယုံကြည်ချက်များကို ဗဟိုပြုခဲ့၏။ နောက်ဆုံးတွင်မူ “အောင်မြင်သောသူတစ်ယောက်ဟူသည် အဘယ်နည်း” “ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခံရခြင်းဟူသည် အဘယ်နည်း” ဆိုသည်တို့ကို ကျောက်ကျီကန်း နားလည်လာခဲ့လေသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ