2021 Gospel Testimony in Burmese | မနာလိုစိတ်ကို သဘောထားကြီးမှုဖြင့် အစားထိုးခြင်း

02.08.2021

အဓိကဇာတ်ကောင် လျူရီသည် အသင်းတော် ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ အခြား အသင်းတော် ခေါင်းဆောင်ဖြစ်သည့် အစ်မရှောက်ကျီဖြင့် သူမ၏အလုပ်ဖြစ်စဉ်၌၊ အစ်မရှောက်ကျီသည် အရည်အချင်းမြင့်မားပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် အာရုံစိုက်ကြောင်း သတိပြုမိပြီးသည့်နောက် သူမတို့၏ခေါင်းဆောင်အား အစ်မရှောက်ကျီ၏ ကောင်းကြောင်းပြောလေသည်။ သို့ရာတွင် သူမတို့၏ခေါင်းဆောင်သည် ရှောက်ကျီကို လေ့ကျင့်မှုပေးနေကြောင်းနှင့် သူမသည် ညီအစ်ကိုမောင်နှမများ၏ ပြဿနာများနှင့် အခက်အခဲများကို ဖြေရှင်းနိုင်ခြင်းအတွက် အခြားသူများက သူမကို ကြည်ညိုကြောင်း သတိပြုမိသည့်အခါတွင်၊ လျူရီသည် မနာလိုစဖြစ်လာပြီး ရှောက်ကျီကို ဖယ်ကြဉ်လိုလာသည်။ သူမ၏နောက်ကွယ်တွင် ဝေဖန်ပြီး သိက္ခာပင်ချလေသည်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် လျူရီသည် သူမမှာ သဘာဝအားဖြင့် မည်မျှ မာနထောင်လွှားပြီး ရက်စက်ကြမ်းကြုတ်ကြောင်းနှင့် သူမသည် ဂုဏ်အဆင့်အတန်းအတွက် အခြားသူများကို ငြင်းပယ်နိုင်စွမ်းရှိကြောင်းတို့ကို တွေ့မြင်လေသည်။ သူမသည် မည်မျှ လူမဆန်ဘဲ ဆင်ခြင်တုံတရား မဲ့သည်ကို မြင်လျက်၊ သူမသည် နောင်တဖြင့် ပြည့်နှက်ကာ သူမကိုယ်သူမ စက်ဆုပ်သွားသည်။ နောက်ပိုင်းတွင် သူမသည် ဂုဏ်အဆင့်အတန်းအတွက် သူမ၏ လိုအင်ဆန္ဒကို ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ စွန့်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်လေသည်။ သူမ၏ တာဝန်၌ သူမ၏ကိုယ်ပိုင် အားနည်ချက်ကို ထေမိစေဖို့ရာ အစ်မရှောက်ကျီ၏ အားသာချက်များကို အသုံးပြုခြင်းနှင့်ပတ်သက်၍ စတင် အာရုံစိုက်သည်နှင့်အမျှ၊ သူမသည် စိတ်သက်သာရာရခြင်း ခံစားမှုတစ်ခုကို ဖြည်းဖြည်းချင်း ရရှိပြီး သူမ၏ မနာလိုစိတ်ကို ချန်ရစ်လိုက်သည်။ သူမသည် ထိုနည်းလမ်းအားဖြင့် အသက်ရှင်သန်သည်မှာ မည်မျှ အေးဆေးသက်သာရှိပြီး တော်ဖြောင့်သည်ကို တွေ့ကြုံရလေသည်။

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။